အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, September 19, 2015

ပြိုင်တူထွန်းလင်း

ပြိုင်တူထွန်းလင်း
တေးဆို - G.B.K.Y
တေးရေး - Fr.အယ်ကော်ထူး
ပြိုင်တူထွန်းလင်း တေးစီးရီးမှ
ကြို့  ပင်ကောက် ကက်သလစ်သာသနာ
 

၁။ တောက်ပလို့နေတဲ့ အိုကောင်ကင်မှာ ကြယ်လေးများ ထွန်းလင်းလို့နေခဲ့
    မှောင်မိုက်သော ဒီလိုညတွေမှာ မြင်နိုင်စွမ်းလေးတော့ အလင်းပေးနေတာ

    အလင်းရဲ့သဘာဝ သေချာတွေးကြည့်တော့ မှောင်မိုက်ခြင်းကို ပျောက်ကွယ်နိုင်စွမ်းရှိ
    မှောင်မိုက်ခြင်း တည်ရှိခြင်းဆိုတာ အို အလင်းမရှိခြင်းရဲ့ သဘောသဘာဝ

သံပြိုင်                   ပြိုင်တူထွန်းလင်းဖို့တော့ လိုပြီတို့ရဲ့ဘ၀မှာ ပိုင်ဆိုင်ထားတဲ့ အလင်းရောင်လေး
                   ပြိုင်တူထွန်းလင်းထားကာမှ မြင်နိုင်စွမ်းလေးများ ကြီးမားလို့လာမယ်
                   ပြိုင်တူထွန်းလင်းကြပါစို့ အမှောင်မှာ အလင်းမဲ့နေသူတွေ
                   ပြိုင်တူထွန်းလင်းထားကာမှ မြင်နိုင်စွမ်းလေးတွေ ပိုမိုမယ်
                   အမှောင်ထုကြီးဖြစ်စေဦး အလင်းပေးခဲ့ရင်တော့
                   သေချာပြီ လမ်းကလေးတစ်လမ်း မြင်နိုင်ခွင့်ပေးမှာ.

၂။ ထွန်းလင်းတောက်ပ တစ်လှည့် အိုကောင်းကင်မှာ လမင်းကြီး အလင်းပေးနေခဲ့ချိန်
   မှောင်မိုက်သော ကမ္ဘာမြေတစ်ဝှမ်းကို လုံလောက်သော အလင်းတော့ ပေးနေခဲ့
   အလင်းလေး မှေးမှိန်လည်း အို ဖယောင်းတိုင်ငယ်လေး လမင်းကြီးလောက် မြင်နိုင်စွမ်း မပေးနိုင်ခဲ့လည်း
   အဆောင်ငယ် တစ်ခုအတွက် မြင်နိုင်ဖို့တော့ လိုအပ်သောအလင်း သူလည်းပေးနိုင်တာပဲ

သံပြိုင်         
(အမှောင်ထုကြီးဖြစ်စေဦး အလင်းပေးခဲ့ရင်တော့
                   သေချာပြီ လမ်းကလေးတစ်လမ်း မြင်နိုင်ခွင့်ပေးမှာ.)



No comments:

Post a Comment