အဖြူရောင်သင်္ကန်း (၁)
တေးဆို -
တေးရေး - Fr.အယ်ကော်ထူး
“..............” တေးစီးရီးမှ
ကြို့ ပင်ကောက် ကက်သလစ်သာသနာ
၁။ အဖြူရောင်သင်္ကန်းလေးနှင့် ရုတ်တရက်တွေ့ချိန်မှာ ၀မ်းနည်းခဲ့တယ်။
ပျော်စရာများစွာနဲ့ ဖြတ်သန်းခဲ့ချိန် နင်မေ့လို့သွားပြီပေါ့။
အတူတူ ထိုင်ခဲ့ဘူးတဲ့ ဘုရားကျောင်းဘေးဆိုင်လေး သတိရမိတယ်။
ဟိုချိန်တုန်းက အိပ်မက်လေးတွေ ပျောက်ပြက်သွားပြီပေါ့ အခုတော့ …
၂။ အချိန်ကြာစောင့်ဆိုင်းခဲ့ရ ဆုံးဖြတ်ချက်တွေလို့ အမှတ်ရမိတယ်
ငါတကယ်မကြားချင်သော စကားလုံးတွေ မင်းပြောသွားခဲ့ပြီပဲ။
အမှန်တကယ် ငါသိလိုက်ရ ဆုံးဖြတ်ချက်တွေအတွက် ၀မ်းသာခဲ့ရပြန်
ဖြူစင်လွန်းပါတဲ့ မင်းစိတ်ထားတွေ အဝေးကနေပဲ ဂုဏ်ယူလိုက်တော့မယ်။
သံပြိုင် အဖြူရောင်လေးနဲ့ ဆင်မြန်းချိန် အပြာရောင်နှလုံးသားလေးလဲ မင်းရရှိပါစေ။
အနီရောင်လေးလိုပဲ မင်းဘ၀မှာ ရဲရင့်ခြင်းနှင့် လျှောက်လှမ်းပါ။
အဖြူရောင်လေးနဲ့ ဆင်မြန်းချိန် အစိမ်းရောင်လေးတော့ မခြားနဲ့ကွာ
ခပ်စိမ်းစိမ်း မင်းနဲ့ငါ တို့ နှစ်ယောက်ကြား။
၃။ ငါလေဆုတောင်းမိခဲ့ လျှောက်ရမယ့်လမ်းမှာ အမြဲအန္တရာယ်ကင်းပါစေ။
အမှောင်ထုထဲက အနှောင့်အယှက်တွေ လျှော့မတွက်လိုက်ပါနဲ့။
အဖြူရောင်သင်္ကန်းလေးလိုပဲ မင်းဘ၀လေးကို အစွန်းမကွက်စေနဲ့။
တော်ဝင်ပန်းအဖြစ် ဘုရားအတွက်ဆို ဖူးပွင့်ပေးနိုင်ပါစေ အစဉ်အမြဲပေါ့။
သံပြိုင် + သံပြိုင်
No comments:
Post a Comment