၁။ ဒီတစ်သက်ကိုတော့ ဘုရားရှင်ကို
ဆက်ကပ်လိုက်ပြီ။
အဖေ၊ အမေ၊ မိတ်ဆွေများ
အားလုံးကျောခိုင်းလာသည်။
လောဘ၊ ဒါန၊ ဥစ္စာ စွန့်ခွါ မမက်မောလိုပြီ။
၂။ ရန်စွယ်၊ ခလုတ်တွေပေါ
တို့ရဲ့ဘ၀ လမ်းတစ်လျှောက်မှာ
ကြုံလာတွေ့မည်မလွဲ ဘုရားမြတ်အားကိုး ယုံကြည်
တိုက်ခိုက်၊ ချေမှုန်းလို့ရယ် ပန်းတိုင်
အရောက်လှမ်းမယ်ကွယ်။
သံပြိုင် တစ်ယောက်သောလူသားအတွက်နဲ့
ငါ့ဘ၀ ငါ့အချစ်တွေကို
ပေးဆပ်ပုံအပ်တာထက်
အားလုံးသော လူသား အတွက်ရွယ်
ငါ့ဘ၀ ငါ့အချစ်တွေကို
ဘုရားမြတ်ရွှေလက်တော်မှာ
ဆက်ကပ် လှူလိုက်ပါပြီ။
၃။ စေရာသွားမယ်လေ ဘုရားသခင်ကို
အသက်ထက်ချစ်ကာ။
သေသည့်အထိတိုင်ပဲ ပြုခဲ့တဲ့ သစ္စာတရား
မြတ်နိုးစွာ စောင့်ထိန်းမယ် ဘုရားရှင်
ချစ်ပန်းဖြူလေး။
********အစမှအဆုံးထိ နှစ်ကြိမ်ဆိုရန်******
No comments:
Post a Comment