အဖြူရောင်သင်္ကန်း (၂)
တေးဆို - အယ်ဂေး
တေးရေး - Fr.အယ်ကော်ထူး
“ပြိုင်တူထွန်းလင်း” တေးစီးရီးမှ
ကြို့ ပင်ကောက် ကက်သလစ်သာသနာ
၁။ အဖြူရောင်သင်္ကန်းလေးအား
ဆင်မြန်းဖို့ရန် ဆုံးဖြတ်ချိန်ရောက်ခဲ့တော့
ယုံကြည်တဲ့ ဆုံးဖြတ်သမျှအတွက် ခွင့်လွှတ်မှုတွေ
ပေးခဲ့ပြီ ဟိုအတိတ်မှာ
သေချာပြန်တွေးကြည့် စွန့်လွှတ်ခဲ့ဘူး သိခဲ့တာ
တစ်ခုတည်းပါ
သခင်ပြန်လည်ပေးသနားခဲ့ ဘ၀မှာ ရေတွက်လို့
မကုန်ဘူး
(ဆုတောင်းပေးခဲ့ မင်းရဲ့စကားသံ ဘုရားရှင်
နားညောင်းပေးခဲ့ပြီ။)
၂။ သေချာတဲ့ ဆုံးဖြတ်ချက်အတိုင်း
လျှောက်လှမ်းချိန် ပန်းခင်းလမ်းတော့ အမြဲမဖြစ်နိုင်ဘူး
ကြုံလာမယ့် ဒုက္ခများအတွက် မကြောက်နဲ့ကွာ အားပေးစကားအတွက် ကျေးဇူးပါ
သေချာပြန်တွေးကြည့်တော့ဘ၀မှာ
စွန့်လွှတ်ခဲ့တာ အချစ်တစ်ခုတည်းပါ
ပြန်လည်ကာ ရရှိခဲ့ တစ်သက်တာ အချစ်များစွာ
မရေတွက်နိုင်
(ဆုတောင်းပေးခဲ့
မင်းရဲ့စကားသံ ဘုရားရှင် နားညောင်းပေးခဲ့ပြီ။)
သံပြိုင် ဖြူစင်သော အဖြူရောင်သင်္ကန်းလို အမြဲပဲဘ၀မှာ ဖြူစင်
ငြိမ်းချမ်းသော အပြာရောင်လေးကို ရရှိဖို့
ငါ့နှလုံးသားထဲမှာ
ဖြူစင်သော
အဖြူရောင်သင်္ကန်းလို အမြဲပဲဘ၀မှာ ဖြူစင်
ရဲရင့်သော
အနီရောင်လေးကို ရရှိဖို့ ငါ့သွေး၊သားထဲ
အစိမ်းရောင်လေးများ
မထားသင့်တော့ပါ
ခပ်စိမ်းစိမ်း
မင်းနဲ့ငါ တို့နှစ်ယောက်ကြား….
၃။ အဖြူရောင်သင်္ကန်းလေးအတိုင်း
ဘ၀ခရီးမှာ မစွန်းမကွက်စေဖို့ရန်
အမှောင် ကမ္ဘာလောကထဲက အနှောင့်အယှက်တွေ လျှော့မတွက်တော့ပါဘူး
ပြန်လည်လို့ ဆုတောင်းပေး မင်းရဲ့ဘ၀ခရီး
လျှောက်ရမယ့်အချိန်တိုင်းမှာ
အန္တရာယ်တွေ
ကင်းဝေးလို့ အချစ်များစွာ မင်းရရှိပါစေ
(ဆုတောင်းပေးခဲ့ ငါ့ရဲ့စကားသံ
ဘုရားရှင်နားညောင်းပေးဦးမှာ...)
သံပြိုင် + သံပြိုင်
No comments:
Post a Comment