နွေလယ်ခေါင်မှာ မိုးရွာကျပြီ
ဆောင်းရာသီမှာ ပူအိုက်လွန်းလို့
မိုးရာသီမှာ မြေပြင်ခြှောက်ကပ်
သစ္စာပန်းလည်း ညိုးနွမ်းလို့နေ
နာရီလက်တံ ပြောင်းပြန်လည်သည်
နှစ်တွေ၊ လတွေ ကုန်တာမြန်လို့
အော်... လောကကြီး....လောကကြီး
အချိန်မတော် မိုးတွေရွာလို့
လောလောပြီးတော့ ကနေရတဲ့ လောကကြီး
အချိန်မတော် နေပူပြင်းလို့
လူ့ဘ၀ လူ့ဘဝ
နှစ်ယောက် အတူ ထိုင်နေပါလျက်
တခဏမှာ တစ်ယောက်ထွက်ခွါ
ကျန်ရစ်သူတော့ ကြေကွဲမိမယ်။
ပရောဖက်အတု၊ မိစ္ဆာလေးတွေ
တစ်ယောက်၊ နှစ်ယောက် ထပ်ထပ်တိုးပွါး
ငါဟေ့ ခရစ်တော် ငါကွ ခရစ်တော်
ငါပဲ အမှန် ဒါပဲအမှန်
တွေးတောသင့်ပြီ စဉ်းစားသင့်ပြီ
ဖြစ်ပျက်သမျှ ဒါဟာနိမိတ်ပဲ
အသင်လူသား ဒါစဉ်းစားစရာ
သခင်ကြွမြန်းချိန် ရောက်နေပြီလော။
No comments:
Post a Comment