အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, August 18, 2015

အဘယ့်ကြောင့် ကက်သလစ်ဘာသာဝင်များကို ရိုမန်ကက်သလစ်ဘာသာဝင်များဟု ခေါ်ဆိုရပါသနည်း။

(Why are Catholics called Roman Catholics?)
အတိအကျအဓိပ္ပာယ်ဖွင့်မည်ဆိုပါက 'ရိုမန်ကက်သလစ်'ဟူသည် 'ရောမသာသနာ' ( သို့မဟုတ်) 'မြို့တော်တစ်ခု၏ကက်သလစ်ဘာသာဝင်တစ်ဦး'ဟူ၍ ဆိုလိုရာရောက်ပေလိမ့်မည်။
ရောမမြို့၏ဆရာတော်ကြီးဖြစ်သူ သာသနာပိုင်ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆက်နွှယ်ပေါင်းစပ်လျက်ရှိသာ ကက်သလစ်ဘာသာဝင်အားလုံးကို ရည်ညွှန်းပြောဆိုသော ထိုအသုံးအနှုန်းသည် အင်္ဂလိပ်ဘာသာ၌ နောက်ကျမှ သန္ဓေတည်စ်ြပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ 'ရိုမန်ကက်သလစ်'ဆိုသည်မှာ (၁၉) ရာစု၌ ဗြိတိသျှတို့ အသစ်တည်ထွင်လိုက်သော အသုံးအနှုန်းတစ်ရပ်ဖြစ်ပါသည်။

'ရိုမန်'ကို 'အင်္ဂလီကန်'ဆိုသည်နှင့်ကိုက်ညီစေရန် အသုံးပြုလိုက်ခြင်းပင်ဖြစ်ပါသည်။ သို့သော်၊ 'ရိုမန်' ဟု သုံးနှုန်းလိုက်သဖြင့် 'အင်္ဂလီကန်အသင်းတော်'ကဲ့သို့ တိုင်းပြည်တစ်ခုကို ရည်ညွှန်းပြုသော ကက်သလစ်အသင်းတော်ဟူ၍တော့ဖြင့် မသတ်မှတ်စေလိုပါ။ ကက်သလစ်အသင်းတော်သည် အင်္ဂလီကန်အသင်းတော်မှာကဲ့သို့ အသင်းတော်၏ဦးခေါင်းအဖြစ် ၄င်း၏ဘုရင် 
(သို့မဟုတ်) ဘုရင်မနှင့်အုပ်ချုပ်ရသော သီးခြားနိုင်ငံတစ်ခုအဖြစ် ရပ်တည်သောအသင်းတော်တစ်ပါးမဟုတ်ပေ။ ကက်သလစ်အသင်းတော်၏ဦးခေါင်းဖြစ်သော သာသနာပိုင်ပုပ်ရဟန်း
မင်းကြီးအဖြစ် မည်သည့်နိုင်ငံသားမဆို ဖြစ်ခွင့်ရှိပါသည်။ ဤအရာသည်ပင် ၄င်း၏တစ်ကမ္ဘာလုံးနှင့်
သက်ဆိုင်ခြင်းကို ပြဆိုသောသက်သေတစ်ရပ်ဖြစ်ပါသည်။

 ရောမမြို့နှင့်တစ်ပေါင်းတစ်စည်းတည်းဖြစ်သော ခရစ်ယာန်များအတွက် ပို၍သင့်လျော်မှန်ကန်သော ထုံးတမ်းစဉ်လာအမည်နာမတစ်ခုမှာ 'ရိုမန်ကက်သလစ်' မဟုတ်ဘဲ 'ကက်သလစ်'သာဖြစ်ပါသည်။ အသင်းတော်ပြုပြင်ပြောင်းလဲရေးနှင့်အတူ မိမိတို့ကိုယ်ကိုယ် 'ကက်သလစ်ဘာသာဝင်များ'ဟု သတ်မှတ်ခံယူသော တခြားအသင်းတော်များလည်း ပေါ်ပေါက်လျက်ရှိရာ ထိုထိုသော အသင်းတော်များနှင့် ခွဲခြားသိမြင်နိုင်ရန်လိုအပ်လာသဖြင့် ၄င်းတို့သည် 'ရိုမန်ကက်သလစ်အသင်းတော်' (သို့မဟုတ်) 'ရိုမန်အသင်းတော်'ဟူ၍ စတင်ခေါ်ဆိုလာကြခြင်းဖြစ်ပါသည်။


 ဂျေရုဆလင်မြို့မှ ရဟန္တာဆီရယ် ( St.Cyril of Jerusalem, c.315 - 386 )၏ ရှင်းပြချက်အရ - 'ကက်သလစ်'ဟူသောအသုံးအနှုန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ''ကမ္ဘာအရပ်ရပ်သို့ ဖြန့်ကျက်ရောက်ရှိသောအသင်းတော်''ဖြစ်သည်။ လူသားတို့၏ကယ်တင်ခြင်းအတွက် သိသင့်သိထိုက်သည့်အယူဝါဒအားလုံးကို သင်ကြားပေးသောအသင်းတော်ဖြစ်သည်။ ထို့ပြင် လူသားမျိုးနွယ်စုအားလုံးထံသို့ သွားရောက်ကာ သာသနာပြုရန် တာဝန်ရှိသောအသင်းတော်ဖြစ်သည်။ ခရစ်တော်ဘုရားရှင်က သူ၏နောက်လိုက်တပည့်တော်များကို အပ်နှင်းသောသာသနာပြုခြင်းမှာ ''လူမျိုးတကာတို့ကို ခရစ်တော်ဘုရားရှင်၏နောက်လိုက်တပည့်ဖြစ်စေဖို့''ပင်ဖြစ်သည်( ရှင်မာဿဲ ၂၈း ၁၉ )။ ရှင်ပေါလု၏စကားနှင့်ဆိုရပါမူ အသင်းတော်သည် သူ၏လက်များကို ဆန့်တန်းကာ လူသားအားလုံးကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ လက်ကမ်းကြိုဆိုနေပါသည်။ ''ယေဇူးခရစ်တော်၌ ဂျုးလူမျိုးမရှိ၊ ဂရိလူမျိုးမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောင်္ကျားမရှိ၊ မိန်းမမရှိ။ ထိုအရှင်ဘုရား၌ သင်တို့အားလုံးသည် တလုံးတဝတည်းဖြစ်ကြ၏'' 

( ဂလာတိသြဝါဒစာ ၃း၂၈၊ ကောလောသဲ ၃း၁၁ )
'ကက်သလစ်'ဟူသောအသုံးအနှုန်းသည် ကနဦးအချိန်မှစ၍ အသင်းတော်နှင့်အတူ ရှိနေခဲ့ပါ သည်။ အစောပိုင်း (၂) ရာစုလောက်က အန္တီအုတ်မြို့မှရဟန္တာအီညားဆီအုစ်(St.Ignatius of Antioch)သည် ဒေသန္တရအသင်းတော်များနှင့် နှိုင်းယှဉ်ကြည့်ရာ၌ အသင်းတော်တစ်ခုလုံးကို   ရည်ညွှန်းခေါ်ဆိုသည့်အခါ ထိုအသုံးအနှုန်းကို အသုံးပြုခဲ့ပါသည်။



(၁၁) ရာစုတွင် အရှေ့တိုင်းအသင်းတော်များ ခွဲထွက်သည့်အခါ သူတို့ကိုသူတို့ 'အော်လ်တိုဒေါ့စ်အသင်းတော်များ'ဟု ခေါ်ဆိုခဲ့ကြပါသည်။ ထို့အတူ၊ ရောမမြို့တော်ကို ၄င်း၏ဌာနချုပ်အဖြစ်
ရပ်တည်ဆဲဖြစ်သော အနောက်တိုင်းအသင်းတော်မှာမူ 'ကက်သလစ်အသင်းတော်'ဟူ၍ ဆက်လက်ခေါ်ဆိုခဲ့ပါသည်။
( ၁၆ )ရာစုကာလက အစပြုလာခဲ့သောပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသည် အခြားအသင်းတော်များ၏အရေးပေါ်ကိစ္စတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့လေသည်။ တချို့သောအသင်းတော်များသည် ၄င်းတို့၏အသင်းတော်နာမည်အဖြစ် ဌာနေနိုင်ငံ၏အမည်နာမကို ယူလိုက်ကြသည်။ ဥပမာ - အင်္ဂလီကန်အသင်းတော် (သို့မဟုတ်) အင်္ဂလန်နိုင်ငံ၏အသင်းတော်။ ထို့ပြင်၊ တခြားအသင်းတော်များသည် 'လူသာရင်အသင်းတော်'ကဲ့သို့ တည်ထောင်သူ၏အမည်နာမကိုလိုက်၍ ၄င်းတို့၏အသင်းတော်နာမည်ကို မှည့်ခေါ်လိုက်ကြပါသည်။
သာသနာပိုင်ပုပ်ရဟန်းမင်းကြီးကို ၄င်း၏ဦးခေါင်းအဖြစ် ရပ်တည်လျက်ရှိသောအသင်းတော်သည် အထူးသဖြင့် အသင်းတော်ပြင်ပ၌ 'ရိုမန်အသင်းတော်' ( သို့မဟုတ် ) 'ရိုမန်ကက်သလစ်အသင်းတော်'ဟူ၍ သုံးစွဲနေကြသည့်တိုင် 'ကက်သလစ်အသင်းတော်'ဟုသာ ဆက်လက်ခေါ်ဝေါ်ခဲ့ပါသည်။

ရိုးရာအစဉ်အလာအရ အသုံးပြုသည့် 'ကက်သလစ်'ဟူသောအမည်နာမသည် ရောမမြို့နှင့် ဆက်နွှယ်ပတ်သက်လျက်ရှိသော ခရစ်ယာန်များအတွက် ပို၍လျော်ကန်သင့်မြတ်သည့်အသုံးအနှုန်းပင်ဖြစ်လေသည်။

No comments:

Post a Comment