အသိပေးကျေးဇူးတင်လွှာ
ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော
ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့်
အကြောင်း
ဆုမွန်ကောင်းတောင်းလျက်……..
The Lamp of the Life!
Saturday, November 28, 2020
Friday, November 27, 2020
Thursday, November 26, 2020
#ကက်သလစ်အသင်းတော်ရှုထောင့်မှသေခြင်းတရားအကြောင်း
ကျွန်ုပ်တို့သည် အမိ၀မ်းထဲတွင် (၉)လတာမျှ ရှိနေခြင်းသည် လောက ကြီးထဲ ရောက်လာရန် ပြင်ဆင်နေခြင်းဖြစ်သလို လောကကြီးထဲ ရောက်လာ ကြသည့် လူတိုင်းသည် ကောင်းကင်နိုင်ငံတော်အတွက် ပြင်ဆင်နေကြရမည်။ သို့ဖြစ်၍ကောင်းကင်နိုင်ငံသွားရန် သေခြင်းကို ခံကြရမည်။ ထိုသေခြင်းသည် ကောင်းကင်သွားရာ တံခါး၀ပင်ဖြစ်သည်။
လူတစ်ဦးတွင် ခန္ဓာနှင့်ဝိညာဉ်ကို ခွဲခြားထား၍မရပေ။ လူသားခန္ဓာ ကိုယ်သည် ဝိညာဉ်နှင့် ကွဲကွာသွားရခြင်းကို သေခြင်းဟုတစ်ချို့ကအသိမှတ်ပြုကြ သည်။ သေခြင်းပြီးနောက် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ပျက်စီး၊ပျောက်ကွယ် သွားလိမ့်မည်။ ထို့အပြင် လူတစ်ဦးသည် ခန္ဓာရှင်နေသော်လည်း သူ့ဝိညာဉ်သည် သေနေနိုင်သည်။
ဝိညာဉ်သေခြင်းဆိုသည်မှာ လူ့ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာ နေသောအခြေအနေဖြစ်သည်။ လူတစ်ဦးသည် ဝိညာဉ်ရှင်သန်ဖို့မကြိုးစားလျှင် ခန္ဓာသေပြီးသော် သူတို့သည် ဘုရားသခင်နှင့် ထာ၀ရကွဲကွာသွားရလိမ့်မည်။
ခန္ဓာကိုယ်သေဆုံးခြင်းသည် သဘာ၀တရားဖြစ်သော်လည်း ကျမ်းစာ တော်မြတ်တွင် သံပေါလူးက "အပြစ်၏ အဖိုးအခသည်ကား သေခြင်းပင်ဖြစ်၏" ဟုဆိုထားပါသည် (ရောမ ၆း၂၃)။ တနည်းအားဖြင့် သေခြင်းတရားဆိုသည်မှာ ကျွန်ုပ်တို့အားလုံး ပြန်ပေးဆပ်ရမည့် အကြွေးရှင်နှင့်တူနေသည်။ လူသည် သဘာ၀အားဖြင့် သေခြင်းနှင့်ကြုံတွေ့ရမည်ဖြစ်သော်လည်း သေပြီးလျှင်ဘာဖြစ်မည်၊ ဘယ်သွားရမည်ကို မသိကြပေ။တချို့သွန်သင်ချက်များ၌ လူသည် သေဆုံးပြီးနောက် တစ်ဘ၀မှ အခြား ဘ၀သို့ သံသရာလည်နေသေးကြောင်း၊ ခန္ဓာသေပြီးသော်လည်း သူ၏ဝိညာဉ် သည် တစ်ဦးပြီးတစ်ဦးဆီသို့ သွားရောက်နေသည်ဟု သွန်သင်ကြသည်။ သေခြင်း တရားသည် အခြေအနေတစ်ခုမှ တစ်ခုသို့ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း အသင်းတော်၏သွန်သင်ချက်တွင် အသက်ရှင်ခြင်း၊သေခြင်းသည် တစ်ကြိမ် တည်းသာကြုံတွေ့ရမည်ဖြစ်ပြီး သေခြင်းပြီးနောက် တရားစီရင်ခြင်းနှင့် နောက်ဆုံးပန်းတိုင်ရှိ၏ဟူ၍ဖြစ်သည်။ "လူသည်ကား တစ်ကြိမ်တည်းသာသေပြီးနောက် တရားစီရင်တော်မူခြင်းကို ခံရမည်"(ဟေဗြဲ ၉း၂၇)ဟု သံပေါလူးကဆိုထား ပါသည်။ ကျွန်တော်တို့၏ သေခြင်းသည် ငရဲငယ်၊ ကောင်းကင်နှင့် ငရဲကြီးသို့ ဦးတည်နေသည်။ လူတစ်ယောက်သည် အခွန်ငွေကြေးမပေးဘဲနေ၍ ရကောင်း ရမည် သေခြင်းတရားအား မည်သူမျှရှောင်လွဲ၍မရပေ။
သေခြင်းသည် အပြစ်ပြုလုပ်ခြင်းဖြင့် ဆက်နွယ်မှုရှိနေသည်ဟု သိထား ကြသည်။ ကမ္ဘာဦးကျမ်းတွင် အာဒံ၏ အပြစ်အကျိုးဆက်ကြောင့်သာမက ယခုလက်ရှိ ကိုယ်တိုင်ပြုလုပ်သောအပြစ်ကြောင့် သေခြင်းကိုခံကြရသည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။
ကမ္ဘာဦးကျမ်း ၂း၁၇ တွင် "ထိုအပင်၏ အသီးကိုကားမစားရ၊ စားသော နေ့တွင် ဧကန်အမှန်သေရမည်" အာဒံသည် မစားရဟုပညတ်ထားသောအသီးကို စားခြင်းဖြင့်ဘုရားသခင်၏ပညတ်တော်ကိုမနာခံခဲ့ပေ။ သူသည်ထာ၀ရကတည်ရှိ သောဘုရားသခင်နှင့်တူချင်သောကြောင့်ဖြစ်သည်။ အာဒံသည် အပြစ်လုပ်ပြီး သေခြင်းကိုရှောင်ရှားလိုခဲ့သည်။ ထိုအချိန်မှစ၍ပထမလူသားများသည် အသက် ၏အသီးကိုစားခြင်းဖြင့် ခန္ဓာသေခြင်းအဖြစ်အခြေအနေသို့ ရောက်ရှိသွားခဲ့ သည်။ ထို့ကြောင့် သေခြင်းတရားသည် လူသားအပြစ်နှင့် ဘုရားကိုမနာခံခြင်း ကြောင့်ဖြစ်ပေါ်လာသည်။ တနည်းအားဖြင့် အပြစ်လုပ်ခြင်းအကြောင်းနှင့် အကျိုးတရားကြောင့်ဖြစ်ပေါ်လာခဲ့သည်။ အပြစ်မတိုင်မီသေခြင်းရောက်လာ သည်မဟုတ် အပြစ်လုပ်ပြီးမှသေခြင်းသည်ရောက်လာခဲ့သည်။ (ကမ္ဘာဦး-၃း ၁-၇)။ ငှင်းအပြင် အပြစ်ထဲကျရောက်သွားခဲ့ရသော အကျိုးရလဒ်ကြောင့် လူသား များသည် ဘုရားသခင်၏စီရင်ဆုံးဖြတ်ခြင်းကို သေခြင်းအားဖြင့်ခံကြရမည်။ လူသည် သဘာ၀အားဖြင့် အပြစ်ကြောင့် သေကြေပျက်စီးနိုင်သော် လည်း ဘုရားသခင်၏ မူလဖန်ဆင်းခြင်းတွင် သေခြင်းတရား မရှိခဲ့ပေ။ "အဘယ့် ကြောင့်ဆိုသော် ဘုရားသခင်သည် သေခြင်းတရားကို ဖန်ဆင်းသည်မဟုတ်။ အသက်ရှင်သော သူတို့၏ ပျက်စီးခြင်းတွင် ကိုယ်တော်သည် ဝမ်းမြောက်ပျော်ရွှင် တော်မမူချေ" (ပညာပါရမီ ၁း၃)။
အပြစ်ရင်းကြောင့် လူသားမျိုးနွယ်အားလုံး သေခြင်းကိုခံကြရသော ကြောင့် ထိုအပြစ်ရင်းသည် လူသားအားလုံးနှင့်ဆိုင်ပြီး သေခြင်းသည် အပြစ် အတွက် အပြစ်ဒဏ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သေခြင်းသည် လူသား အားလုံးနှင့်ဆိုင်သည်။ "ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သောသူအား ဖြင့် ဤလောကအတွင်းသို့ ၀ငျရောကျလာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်း တရား၀င်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန် ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့သက်ရောက်လေ၏" (ရောမ ၅း၁၂)။
ထို့ပြင် လူသားအားလုံးနှင့် ဆိုင်သည်ဟုဆိုသော သေခြင်းနှင့်ပတ်သက် ၍ ကောင်းမြတ်သောအရှင်သခင်နှင့် သူ၏အမိတို့ ဖြစ်ရပ်များသည် ထူးခြား ဆန်းကျယ်လှပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြစ်ရင်းနှင့် ကင်းလွတ်ကြသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏သေခြင်းသည် အပြစ်၏ အကျိုးဆက်ကြောင့် မဟုတ်သလို အပြစ်အတွက် အပြစ်ဒဏ်ပေးဆပ်ရခြင်းဟု သတ်မှတ်၍မရပေ။
ထိုအရှင် ခရစ်တော်သည် အပျိုကညာမှ ဖွါးမြင်ခဲ့ပြီး သူ၏မိခင်သည် လည်း အပြစ်မဲ့သန္ဓေယူခဲ့သည်။ သူတို့သည် လူသားတစ်ဦးအနေဖြင့် သဘာ၀ တရားအရ သေခြင်းကိုခံခဲ့ကြသည်။ ကျန်သောလူသားများအတွက်မူ သေခြင်း သည် ရှောင်လွဲ၍မရသော အပြစ်ဒဏ်ဖြစ်သည်။
သေခြင်းအားဖြင့် ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ကင်းကွာသွားခဲ့ရသော် လည်း ရှင်ပြန်ထမြောက်သောနေ့တွင် ဘုရားသခငျသညျကြှနျုပျတို့ခန်ဓာကိုယျအား မပျက်စီးနိုင်သော အသက်ကိုပေးလိမ့်မည်။
ထို့ကြောင့် သေခြင်းနှင့်တွေ့ကြုံရသောလူသားတိုင်းသည် တစ်နေ့ သေခြင်းမှ ရှင်ပြန်ကြလိမ့်မည်ဖြစ်သော်လည်း ထိုသူတို့၏လုပ်ရပ်များကြောင့် စီရင်ဆုံးဖြတ်ခြင်းကိုခံကြရမည်။ "ကောင်းသောအကျင့်ကို ကျင့်ကြံသော သူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်းရောက်ကြလိမ့်မည်" (ယောဟန် ၅း၂၉)။
ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့နှင့် အမြဲရှိနေ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း နောက်ဆုံးသောနေ့တွင် ရှင်ပြန် ထမြောက်ရလိမ့်မည်။ "ယေဇူးကလည်း သူမအားမိန့်တော်မူသည်ကား ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်" (ယောဟန် ၁၁း၂၅)။
ခရစ်တော်၏ကျေးဇူးတော်နှင့် သေဆုံးသောသူသည် ခရစ်တော်၏ စစ်မှန်သော သေခြင်း၌ပါ၀င်ကြသူများဖြစ်ကြသလို ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းကိုလည်း မျှဝေခံစားကြရမည်။ "ထို့ကြောင့် ငါတို့သည် ဆေးကြော ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူ သေခြင်း၌သင်္ဂြိုဟ်ခြင်းကိုခံခဲ့ကြ၏။ ဤသို့ဖြင့် ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှထမြောက် တော်မူခဲ့သည့်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်တာ၌လျှောက် လှမ်းနိုင်ကြမည်ဖြစ်၏" (ရောမ ၆း၄)။
ကျွန်ုပ်တို့ကယ်တင်ရှင် ယေဇူးသည် သေခြင်း၏အဓိပ်ပါယ်သစ်၊ ဘ၀သစ် ကိုပေးခဲ့သည်။ ရဟန္တာဖရန်စစ်က "သေခြင်းတရားသည် ထာ၀ရ အသက်ကို မွေးဖွါးပေးခြင်းဖြစ်သည်" ဟုဆိုထားသည်။ ခရစ်ယာန်များယုံကြည်ကြသော ဘ၀ဆိုသည်မှာ ပြောင်းလဲခြင်း၊ အဆုံးသတ်ခြင်းမဟုတ်ပေ။ ဘ၀ရှိလျှင် သေခြင်းရှိနေဦးမည်။ ထိုသေခြင်း သည်ရှောင်လွဲ၍မရသော ကြောက်မက်ဖွယ်ရာ အဆုံးသတ်မဟုတ်၊ အားလုံးပြီးဆုံးသွားခြင်းလည်းမဟုတ်ပေ။ ထိုသေခြင်း၌ သာလျှင် ကိုယ်တော်ရှင် ကတိထားသည့် ထာ၀ရသုခချမ်းသာကိုရရှိနိုင်ကြမည်။ ကျွန်တော် တို့သိထားရမည်မှာ ခရစ်တော်သည် သူ၏နာခံခြင်းဖြင့် သေခြင်း၏ ဆိုးကျိုးကို ကျေးဇူးတော်တစ်ခုအနေသို့ပြောင်းလဲပေးခဲ့သည်။
ကျွန်ုပ်တို့၏ လောကဆိုင်ရာနေအိမ်ဖြစ်သော ခန္ဓာကိုယ်သည် သေခြင်း နှင့်ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့သည် ကောင်းကင်၌ ထာ၀ရအိမ်တော်မှ နေရာကိုရရှိကြလိမ့်မည်။ ထို့ကြောင့် သေခြင်းသည် လောကဆိုင်ရာ အဖြစ်အခြေအနေမှ ကောင်းကင်ဆိုင်ရာ အဖြစ်အခြေအနေသို့ ပြောင်းလဲသွား ခြင်းဖြစ်သည်။
သူငယ်တော်လေး၏သံတာထရေဇားက "သေခြင်းဆိုသည်မှာ လူသား ဝိညာဉ်သည် အသက်ရှင်သောဘုရားအား တွေ့ဖို့သွားခြင်းဖြစ်သည်" ဟု ဆိုထားပါသည်။
သေခြင်းတွင် ဘုရားသခင်သည် လူများအား သူ့ဆီသို့ ခေါ်နေခြင်း ဖြစ်ပြီး ခရစ်ယာန်များသည် ထိုအရာကိုသိ၍ သေရန်ဆန္ဒရှိလာနိုင်ကြသည်။ ဤလောကဘ၀အသက်တာ၏ ဒုက္ခများကိုကျော်လွန်၍ ပျော်ရွှင်သောပန်းတိုင် အတွက် ဘုရားသခင်သည် လူသားများကို ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် သည် ပျက်စီးခြင်းအားလုံး ကျော်လွန်၍ ဘုရားအသက်တာတွင် ထာ၀ရမျှဝြေခင်းအားဖြင့် လူသားတစ်ရပ်လုံးအား သူနှင့်ပေါင်းစပ်ရန်ဖိတ်ခေါ်နေသည်။
သေခြင်းသည် တစ်ခုတည်းသော ကောင်းကင်သွားရာ တံခါးဝြဖစ်ပြီး ထာ၀ရအိမ်တော်တွင် ကြှနျုပျတို့၏ အရှင်သခင်နှင့် အတူနေထိုင်ခြင်းဖြစ်သည်။ "ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှ စွန့်ခွါ၍ ခရစ်တော်နှင့် အတူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏" (ဖိလိ ၁း၂၃)။
အာဗီလာမြို့မှ စိန်ထရေဇားက "ကျွန်မသည် ဘုရားကိုတွေ့ချင်သည်။ ဘုရားကိုတွေ့ရန် ကျွန်မသေရဦးမည်" ဟုဆိုထားပါသည်။
သေခြင်းသည် အားလုံးနှင့်ဆိုင်ပြီး သိခွင့်မရသေးသောဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထိုအရာသည် နက်နဲဖွယ်ရာများကို ဖုံးကွယ်ထားသောကြောင့် လူအ များစုသည် သေခြင်းကို ကြောက်ကြသည်။ ထိုသေခြင်းအား စမ်းသပ်ခွင့်လည်း မရှိပေ။ ထိုသေခြင်းတွင် လူသားအားလုံး ပါ၀င်ကြရမည်။ ရှောင်ရှား၍မရသော၊ သေချာသောအရာသည် သေခြင်းပင်ဖြစ်သည်။ ထိုသေခြင်းကို မဖိတ်ခေါ်သော် လည်း၊ စောင့်မနေသော်လည်း သေခြင်းသည်သင့်ထံသို့ရောက်လာလိမ့်မည်။
မည်သူမျှမသိရှိသေးသောသေခြင်းတွင် ကောင်းကြီးတော်များ ရရှိမည် ကိုလျစ်လျူပြီး မကောင်းဆိုးကျိုးများသာ ရရှိလိမ့်မည်ဟု ထင်ထားသောကြောင့် လူများသည် သေဖို့ရန်ကြောက်နေကြသည်။
လူတစ်ယောက်သည် ဘုရားနှင့် ဆက်သွယ်ရသော အဆုံးသတ်အခွင့် အရေးသည် သေခြင်းဖြစ်သည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက် ခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း တစ်နေ့ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု မျှော်လင့်ချက်ရှိကြသည်။ ထို့အတူ ခရစ်တော်က "ငါ့ကိုယုံကြည်သောသူသည် တစ်နေ့ရှင်ပြန်လိမ့်မည်" ဟု ကတိထားခဲ့သည်။ ထို့ကြောင့် သေခြင်းမှ ရှင်ခြင်းသို့ ရောက်ရှိဖို့ရန် ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ကောင်းကင်၏တံခါးဝြဖစ်သော သေခြင်းမှ ကိုယ်တော်ကတိထားရာထာ၀ရအသက်ရှင်ခြင်း သုခချမ်းသာရရှိဖို့ အတူကြိုးစားကြပါစို့။
Refs:
=Catechism of the Catholic Church, 1006-1011
=Josehp T.Kelley,"The four last things", NY,2006,Pp.10-30
=Jose Mario B.Mazimiano, "The spiritual man", Manila,Feb 15,1996,Pp.241-255.
=Corey Keating,"Death: A Theological Position Statement",2002.
Crd-Luke Tushan
ကက်သလစ်ခရစ်ယာန်များသည် ရဟန္တာများကို ကိုးကွယ်ကြပါသလား?
ဘုရားရှင်တစ်ပါးတည်းကိုသာ ရှိခိုးကိုးကွယ်ရမည့်အကြောင်းကို ပညတ်တော်(၁၀)ပါး၏ပထမဆုံးပညတ်က ဆိုထားသည်။ တောလည်ရာကျမ်းတွင် ဘုရားသခင်သည် "ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်၊ ဦးမချ၊ ဝတ်မပြုနှင့်"ဟူ၍ မိန့်ကြားခဲ့သည်။ (တော ၅း ၇၊၉) လူသားဖြစ်သောသူတော်စင်ကို မဆိုထားနှင့် ကောင်းကင်တမန်တော်တို့ကိုပင် ဘုရားကဲ့သို့ ရှိခိုးကိုးကွယ်ခြင်း မပြုထိုက်ပေ။
ကက်သလစ်များအနေဖြင့်လည်း ဤအမှန်တရားကို လက်ခံကြသည်။ တစ်ချိန်တည်းမှာပင် ကျွနု်ပ်တို့သည် "ရိုသေထိုက်သူကို ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြလော့"(ရောမဩဝါဒ ၁၃း၇)ဟူသောကျမ်းစကားကိုလည်း လိုက်နာကြသည်။ ကျွနု်ပ်တို့ သည် ရဟန္တာများနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းမပြုသော်လည်း ချီးမွမ်းဂုဏ်ပြုခြင်းအမှုကိုမူ ပြုလုပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အထက်ပါကျမ်းစကားအရ သူတို့သည် ချီးမွမ်းဂုဏ်ပြုခံထိုက်၍ပင်ဖြစ်သည်။
အဘယ့်ကြောင့် ထိုသူတို့သည် ချီးမွမ်းဂုဏ်ပြုခြင်းခံထိုက်သနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏မျက်မှောက်တော် တွင် ရပ်တည်လျက်ရှိနေကြပြီး ဘုရားသခင်နှင့်အတူ ပေါင်းစပ်လျက်ရှိနေကြသောကြောင့်ဖြစ်သည် (၁ ယော ၃း၂)။ ထိုသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တော်၏ပုံသဏ္ဌာန်တော်အတိုင်း တိုးတက်ပြောင်းလဲလာကြပြီး (၂ ကော ၃း၁၈) ကိုယ်တော်၏ဘုရားသခင်အဖြစ်တော်တွင် ပါဝင်ခံစားရသူများဖြစ်လာကြ၏ (၂ ပေ ၁း၄)။ ထို့ပြင် သူတို့သည် ဘုရားသခင်၏ သန့်ရှင်း စင်ကြယ်ခြင်း၌ ပါဝင်ခံစားပြီး(ဟေဗြေဦး ၁၂း၁၀)၊ ဘုရား သခင်၏ဘုန်းစည်းစိမ်တော်ကို စံစား၍ (ရောမ ၈း ၁၁-၁၇၊ ၁ ပေ ၅း၁)၊ ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့်တို့ကိုလည်း မျှဝေခံစားကြရလေသည်။ (၁ ကော ၆း၂-၃၊ ၁၃း၁၂၊ ၂ တီ ၂း၁၂၊ ဗျာဒိတ် ၃း၂၁)
ကျွနု်ပ်တို့သည် သူတော်စင်များကို ဂုဏ်ပြုချီးမွမ်းကြသောအခါ ဘုရားသခင်နှင့်သက်ဆိုင်သောဂုဏ်ပြုချီးမွမ်းခြင်းကို ကိုယ်တော် ရှင်အား မပေးရာရောက်သလော၊ မည်သို့မျှမရောက်နိုင်ပါ။ ထိုသူတို့သည် ဘုရားသခင်၏ပြီးပြည့်စုံသောလက်ရာတော်များဖြစ်သဖြင့် (ဧဖက် ၂း၁၀) ထိုလက်ရာတော်ကို ချီးမွမ်းသောအခါ ပြောဆိုပြုမူသမျှသောဂုဏ်ပြုခြင်းတို့သည် ဖန်ဆင်းရှင် (သို့) လက်ရာတော် ပိုင်ရှင်ဆီသို့သာ ရောက်ရှိလေသည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီးသည်ပင်လျှင် ကိုယ်တော်ရှင်၏ဘုန်းဂုဏ်တော်နှင့် လက်ရာတော်ကို ချီးမွမ်းဂုဏ်ပြုကြလျှင် (ဆာလံ ၁၉း၂) ဉာဏ်ပညာနှင့် တရားမျှတခြင်းတို့၌ ပြီးပြည့်စုံပြီး ကောင်းကင်မျက် နှာကြက်၏ဂုဏ်ကျက်သရေကဲ့သို့ ထွန်းလင်းကြ၍ ကြယ်များကဲ့သို့ အစဉ်ထာဝရ ထွန်းလင်းကြသော (ဒါနီအဲလ် ၁၂း၃) ထိုရဟန္တာများကို ကျွနု်ပ်တို့လူသားများအနေဖြင့် ပို၍ပင်ချီးမွမ်းဂုဏ်ပြုသင့်ပေသည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် "ပုံတုယူလိုက်ကျင့်ခြင်းသည် အကောင်းဆုံးသောချီးမွမ်းဂုဏ်ပြုခြင်းပင်ဖြစ်သည်" ဟူသော ရှေးအဆိုအမိန့်ကို ကျွနု်ပ်တို့သတိချပ်သင့်သည်။ ရဟန္တာများကို ချီးမွမ်းဂုဏ်ပြုသည့်နည်းလမ်းများတွင် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ယုံကြည်ခြင်းကို ပုံတုယူလိုက်ကျင့်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပေတော့သည် (ဟေဗြေဦး ၆း၁၁-၁၂၊ ၁၃း၇)။
(မျိုးကြဲသူ)
Crd!Sower CBCM(မျိုးကြဲသူ ဝိညာဥ်ရေး စာစောင်)
#ဗာတီကန်နိုင်ငံ၏စစ်သည်တော်(သို့မဟုတ်)ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်တပ်သားများ အကြောင်း တစေ့တစောင်း++++
ဗာတီကန်နိုင်ငံဆိုသည်မှာ ပုပ်ရဟန်းမင်းကြီးစံမြန်းရာ နန်းတော် တည်ရှိသော နိုင်ငံဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည်ထိုနိုင်ငံ၏ နိုင်ငံ ခေါင်းဆောင် ဖြစ်သည်။ ဗာတီကန်နိုင်ငံသည်အီတလီနိုင်ငံရောမမြို့ ထဲတွင် တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် ထိုနိုင်ငံကို အုပ်ချုပ်သော ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာတစ်ဝှမ်းလုံးရှိကက်သလစ်အသင်းသားသန်းပေါင်းတစ်ထောင့်နှစ်ရာငါးဆယ်(၁.၂၅ဘီလျံ)ကိုဦးဆောင်ရသောအသင်းတော်ကြီး၏ဦးသျှောင်ဖြစ်သည်။ ထိုဗာတီကန်နိုင်ငံတော်ကြီးကို အီတလီ အစိုးရကဝိုင်း၀န်းကူညီစောင့်ကြပ်ပေးကြသည်။သို့သော်ပုပ်ရဟန်းမင်းကြီး နှင့် သူ၏ နန်းတော်အတွက် အထူး စောင့်ကြပ်ပေးရသော သက်တောင့်စောင့်တပ်သားများလည်းရှိသည်။ခေတ်အဆက်ဆက်ပြောင်းလဲလာသည်နှင့်အမျှပုပ်ရဟန်းမင်းများ၌နာမည်အမျိုးမျိုးဖြင့်စစ်သူရဲများရှိခဲ့သည်။ထိုစစ်သူရဲများမှာ-
(၁)ပုပ်ရဟန်းမင်းကြီး၏ (ကိုဆီးကာ)သက်တော်စောင့်၊
(Corsican Guard)။
ကိုဆီးကာသည်အီတလီနိုင်ငံရှိကျွန်းတစ်ကျွန်း၏အမည်ဖြစ်သည်။ ကိုးဆီးကာတပ်သည်ထိုကျွန်းပေါ်ရှိလူမျိုးများ၏အမည်ဖြစ်သည်။ပုပ်ရဟန်းမင်းကြီးအတွက်ရောမားမြို့၌(၁၆၀၃)မှ(၁၆၆၂)အထိအမှုတော်ထမ်း ခဲ့သည်။
(၂)ပုပ်ရဟန်းမင်းကြီးအတွက်ပြင်သစ်သက်တော်စောင့်။(Papal Zouaves)ထိုတပ်ဖွဲ့ကို ၁၈၇၀ တွင်ဖျက်သိမ်းခဲ့သည်။
(၃)မြင့်မြတ်သောပုပ်ရဟန်းမင်းကြီး၏မြင်းတပ်သား (Noble Guard, the horse guard)။ ထိုတပ်ဖွဲ့ကို ၁၈၀၁ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ တွင် ဖျက်သိမ်းခဲ့သည်။
(၄)ပုပ်ရဟန်းမင်းကြီး၏နန်တော်စောင့်တပ်သား (Palatine Guard,the papal militia)။ ထိုတပ်ဖွဲ့ကို ၁၈၅၀တွင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ တွင်ဖျက်သိမ်းခဲ့သည်။
(၅)ပုပ်ရဟန်းမင်းကြီး၏ပြင်သစ်ရဲတပ်ဖွဲ့။(Papal Gendarmeric Corps)။ ထိုတပ်ဖွဲ့သည် ၁၉၇၀ တွင် ဗာတီကန်နိုင်ငံ၏ ရဲတပ်ဖွဲ့အမည်ဖြင့်ပြန်လည်ဖွဲ့ စည်းခဲ့သည်။
(၆)ဆွစ်ဇလန်သက်တော်စောင့်တပ်သားပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့် တပ်သား( Swiss Guard) ထိုတပ်ဖွဲ့သည်၁၅၀၆ မှ ယနေ့တိုင်ပုပ်ရဟန်းမင်းကြီးထံတော်ပါးတွင်အမှုထမ်းနေသောသက်တော်စောင့် တပ်သားများ ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့ပုပ်ရဟန်းမင်းကြီး နန်းတော်တွင် မြင်တွေ့နေရသော ရှေးခေတ်၀တ်စုံနှင့်တပ်သားများသည် ဆွစ်သက်တော်စောင့်တပ်သားများ ဖြစ်သည်။ သူတို့၏အဓိကလုပ်ငန်းမှာ ပုပ်ရဟန်းမင်းကြီးနှင့် သူ၏နန်းတော် ရင်ပြင်များကိုအထူးစောင့်ကြပ်ပေးရသည်။ထို့ပြင်အီတလီရဲ များနှင့်ပူးပေါင်း၍ဗာတီကန်နိုင်ငံအတွင်းသို့၀င်လာသော ဧည့်သည်များကိုလည်းစောင့်ကြည့် ပေးရသည်။ ပုပ်ရဟန်းမင်းကြီးလစ်လပ်နေချိန်မှာမူ သူတို့သည် ရဟန်းအမတ်များ(ကာဒီနယ်) များကို ပုပ်ရဟန်းမင်းကြီး အကောင်းဆုံး ရွေးချယ် နိုင်ရန် လုံခြုံရေး ပေးရသည်။
ပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့်တပ်ဖွဲ့နှင်စပ်လျှင်း၍သမိုင်း ကြောင်းကို အနည်းငယ်ရှင်းပြရသော် (၁၃)ရာစုနှင့်(၁၄)ရာစုများတွင် ဆွစ်နိုင်ငံသည် အလွန်ဆင်းရဲသောနိုင်ငံဖြစ်သည်။စစ်မက်ရေးရာတွင် လည်းအလွန် ကျွမ်းကျင် ၍ထိုစစ်မှုထမ်းအလုပ်မှတစ်ပါး အခြားအလုပ် မရှိသောကြောင့် နိုင်ငံ အသီးသီးသို့ ကြေးစား စစ်သည်တော်များ အဖြစ် သွားရောက်အမှုထမ်းကြသည်။ သူတို့ နိုင်ငံ တွင်လည်းထိုစစ်သည်များကို အခြားနိုင်ငံများသို့စေလွတ် အမှုထမ်းနိုင်ရန်အတွက် အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ထားကြသည်။ ထိုကြေးစားစစ်သားများကို ခေါ်ယူ အသုံးပြု လိုပါက စာချုပ်နှင့်တကွ ခေါ်ယူ၍ ငွေကြေးအမြောက်အများ ပေးရသည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက်စိစတု(Pope Sixtus IV)သည်လည်း အနာဂါတ်တွင် ပုပ်ရဟန်းမင်းများ အတွက်လိုအပ်လာပါက ကူညီရန် ထိုဆွစ် ကြေးစား အဖွဲများနှင့်ပထမဦးစွာ ၁၄၉၇ခုနှစ်တွင် မဟာမိတ်ဖွဲ့ ခဲ့သည်။ထို့နောက် သူတို့အတွက် စစ်တန်းလျားတစ်ခုကိုလည်း ဗာတီကန်နိုင်ငံရှိ ဘုရားဖူးများ တည်းခိုရာ စိန်ပီလီဂရီအာနို ဘုရားကျောင်းငယ် အနီးတွင် တည်ဆောက်ပေး ခဲ့သည်။ ထိုစစ်တန်းလျားသည်ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ ထိုသဘောတူ စာချုပ် ကို ပုပ်ရဟန်းမင်းကြီးသတ္တမမြောက် အင်နိုးဆင်း(Pope Innocent VII) ကလည်း မီလန်မြို့စား၏ရန်မှ ကာကွယ်ရန်အတွက် ထပ်မံချုပ်ဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက် အလင်ဇန်းဒါး (Pope Alexander IV) လက်ထက်တွင်လည်း ထိုစာချုပ် ကိုထပ်မံချုပ်ဆိုခဲ့ပြန်သည်။ဆွစ်သက်တော်စောင့် တပ်သားများကို တရား၀င်ပုပ်ရဟန်းမင်းကြီး ၏ သက်တော်စောင့်အဖြစ်စတင်အမှုထမ်း သည့်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျူလီယက်(Pope Julius II) လက်ထက် တွင်ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့ကို ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျူလီယက် က ၁၅၀၆ ခုနှစ် ဇန်နဝါရီလ၂၂ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်တွင် တပ်သားဦးရေမှာ ၁၅၀ဦးရှိသည်။ ထိုကြောင့်ယခုအချိန်တွင် သူတို့သည် ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်အဖြစ် နှစ်ပေါင်း ၅၀၀ ကျော် အမှုထမ်းခဲ့ပြီးဖြစ်သည်။ ၂၀၀၆ခုနှစ်တွင်လည်းဂျူဗလီနှစ် ၅၀၀ ပြည့်ပွဲကို ကျင်းပပြီး စီးခဲ့ပြီးဖြစ်သည်။ထိုတပ်ဖွဲ့သို့၀င်ရောက်အမှုထမ်းလိုသောသူများမှာအောက်ပါ အရည် အချင်းနှင့်ပြည့်စုံသူဖြစ်ရမည်။
(၁)ဆွစ်ဇလန်နိုင်ငံသားဖြစ်ရမည်။
(၂)ကက်သလစ်ဘာသာ၀င်တစ်ယောက်ဖြစ်ရမည်။
(၃)လက်မထပ်ရသေးသောယောက်ျားလေးဖြစ်ရမည်။
(၄)အသက်၁၉နှင့်၃၀ကြားရှိသူဖြစ်ရမည်။
(၅)ဆွစ်ဇလန်နိုင်ငံတွင်စစ်ရေးနှင့်ပတ်သက်သောအခြေခံသင်တန်းအောင် မြင်ထားသူဖြစ်ပြီး၊ နာမည်ကောင်းဖြင့်လက်မှတ်ရထားသူဖြစ်ရမည်။
(၆)အရပ်အမြင့်ပေ ၅ပေ၉လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
(၇)အထက်တန်းကျောင်းများမှဘွဲ့တစ်ခုခုသို့မဟုတ်ဒီပလိုမာဘွဲ့ လက်မှတ် တစ်ခုခု ကိုကိုင်ဆောင်ထားသူဖြစ်ရမည်။
(၈)လိုအပ်လာပါကပုပ်ရဟန်းမင်းကြီးအတွက်အချိန်မရွေးအသက်ကို ပေးဝံ့သူဖြစ် ရမည်။
မေလ ၆ ရက်နေ့သည်ထိုတပ်သားများအားလုံး ကတိသစ္စာကျိန် ဆိုရသော နေ့ဖြစ်သည်။ သူတို့အားလုံးနီးပါးသည် ဂျာမန်ဘာသာစကားကို ပြောဆိုကြသည်။ သူတို့ရွတ်ဆိုရသော စာသားများမှာ "ကျွန်ုပ်တို့သည် ပုပ်ရဟန်းမင်းကြီး (နာမည်)၊ သူ့ကို ဆက်ခံမည့်ပုပ်ရဟန်းမင်းကြီးများကို သစ္စာရှိစွာ၊ ဖြောင့်မတ်စွာ၊ နှင့် ရိုသေ လေးမြတ်စွာဖြင့်လိုအပ်လာပါက အသက်ကိုပင်စတေးပြီး အစွမ်းရှိသမျှ ကာကွယ် စောင့်ရှောက်ပါမည် ဟုကျိန်ဆိုဂတိပြုပါသည်။ ပုပ်ရဟန်းကြီး လစ်လပ်နေသော အချိန် တွင်လည်း ရဟန်းအမတ်များကိုကာကွယ် စောင့်ရှောက်ပါမည်။ ကျွန်ုပ်ကို ဦးဆောင်နေသော ဗိုလ်ကြီးများနှင့်တကွဝိညာဉ်ရေးလမ်းညွန်ပေးသော ပုဂ္ဂိုလ်များ၏စကားများကိုလည်းသစ္စာ သိစွာနာခံပါမည်ဟုဂတိပြုပါသည်။ အပေါ်က ဆိုခဲ့သောသစ္စာအတိုင်း တည်စေရန်ဘုရားသခင်နှင့် ကျွန်ုပ်ကို မှိုင်းမသော ရဟန္တာများကူညီကြပါ"ဟုရွတ်ဆိုကြရသည်။ သူတို့၏ရာထူးအဆင့်ဆင့်များမှာ-
(၁)ဗိုလ်မှူးကြီး (Colonel)။တစ်ဦးတည်းသာရှိသည်။
(၂)ဒုတိယဗိုလ်မှူးကြီး(Lieutenant Colonel) နှစ်ဦးရှိသည်။ဒုတတိယ ဗိုလ်မှူးကြီးနှင့် တပ်သားများကို ဝိညာဉ်ရေးဆိုင်ရာညွှန်ကြားပေးသောပုဂ္ဂိုလ်။
(၃)ဗိုလ်မှူး (Major)။
(၄)ဗိုလ်ကြီး(Captain)။
သူတို့ကိုင်ဆောင်သောလက်နက်မှာ ရှေးခေတ်က ၇ ပေရှည်သောလှံ ဖြစ်သည်။ သူတို့သည် ခြေလျင်တပ်သားများဖြစ်ကြသည်။သူတို့၏ တပ်သား ယူနီဖောင်း အရောင်များမှာ အပြာ၊ အနီ နှင့် လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင်တို့ ဖြစ်သည်။လည်ပင်းကော်လံနှင့် လက်အိတ်တို့မှာ အဖြူရောင် ဖြစ်သည်။ သို့သော်ညဘက်တာ၀န် ထမ်းဆောင်ချိန် နှင့်သင်တန်းအချိန် ကာလ တွင် သူတို့၏၀တ်စုံမှာ အားလုံး အပြာရောင်ဖြစ်သည်။ထို၀တ်စုံကို (Exerzier Uniform) အက်ဆာဇီး ယူနီဖောင်း ဟုခေါ်သည်။သူတို့ဆောင်းသောဦးထုပ်မှာ သံပုရာခြမ်း အမဲရောင် ခမောက်ဖြစ်သည်။ ထိုခမောက် ပုံစံသည်ဘက်စကွီး (Basque) လူမျိုးစုများဆောင်းသော ခမောက် ပုံစံဖြစ်သည်။သူတို့၏လက်စွဲ ဆောင်ပုဒ်မှာ ပြင်းထန်ခြင်းနှင့်သစ္စာရှိခြင်း (Motto: Acriter et Fiderliter" Fiercely and Faithfully) ဟူ၍ဖြစ်သည်။
သူတို့ကိုကာကွယ်စောက်ရှောက်ရန် ရွေးချယ်ထားသောရဟန္တာများမှာ တိုအာမြို့မှ စိန်မာတင်း၊ စိန်စဗယ်စတီးယန်း နှင့်ဖလူးမြို့မှစိန်နီကောလား (Patron Saint: Martin of Tours, Saint Sebastian, Saint Nicholas of Flue) တို့ဖြစ်သည်။ယခု ၂၀၁၅ ခုနှစ်တွင်သူတို့၏တပ်သားဦးရေမှာ ၁၂၀ ဖြစ်သည်။ ကမ္ဘာပေါ် တွင်အငယ်ဆုံးနိုင်ငံတစ်နိုင်ငံ၏ တပ်သားများဖြစ် ပြီးသက်တန်း အရှည်ဆုံးတပ်ဖွဲ့ ဖြစ်သည်။
ကျမ်းကိုးစာရင်း
http://www.vatican.va/roman_curia/swiss_guard/swissguard/storia_en.htm
http://en.wikipedia.org/wiki/Swiss_Guard
http://www.guardiansvizzera.va/content/guardiansvizzera/guardian/uniformi.html
http://www.cruxnow.com/church/2015/05/06/swiss-guard-oath-takes-on-new-meaning-amid-terrorist-threats/
မှတ်ချက်။ ။ဓမ္မသုတအမွေ စာမှပြန်ဝေမျှသည်။
Crd to Luck Tushan
#ကက်သလစ်သာသနာတော်ကြီး၏ဝတ်ပြုကိုးကွယ်ခြင်းနှစ်ဆိုင်ရာကာလအပိုင်းအခြားများအကြောင်းအကျဉ်းချုပ်
မကြာမီ အာဒ်ဝင်းတူး/စောင့်မျှော်ခြင်းကာလ(Advent Season)နှစ်သစ်ပြန်စတော့မည်။
မြန်မာနိုင်ငံမှာ နွေ မိုး ဆောင်းဆိုပြီး ဥတုသုံးပါးရှိသလို---တစ်ကမ္ဘာလုံးရှိကက်သလစ်သာသနာတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ကို ဥတုငါးပါး သို့မဟုတ် ကာလ (၅)ပိုင်းခွဲခြားထားသည်။
၁။ စောင့်မျှော်ခြင်းကာလ(Advent Season)
၂။ ခရစ္စမတ်ကာလ(Christmas Season)
၃။ သာမန်ကာလရက်တို(Ordinary Time)
၄။ ဝါတွင်းကာလ(Lentern Season)
၅။ ပါးစကားကာလ(Easter Season)
--သာမန်ကာလရက်ရှည်(Ordinary Time)ပြန်
ကြော့သည်။
၁။ စောင့်ကြိုခြင်းကာလ(Advent Season)
သည်သာမန်အားဖြင့်(၄) ပတ်ရှိသည်။ဤကာလတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းက သခင်ခရစ်တော်မက်ဆီးယားကယ်တင်ရှင် လူ့အဖြစ်ယူကာဤလောကသို့ပထမအကြိမ် ကြွလာခြင်းကိုပြန်ပြောင်းသတိရစေလျှက် ထိုအချိန်ကာလကိုကြိုဆိုပြင်ဆင်ချိန်အဖြစ် ခံစားကြခြင်းဖြစ်သည်။ထို့အပြင်သခင်ခရစ်တော် ဒုတိယအကြိမ်ဘုန်းဂုဏ်တော်နှင့်တဖန်ကြွလာ
ခြင်းကို ယုံကြည်စွာစောင့်မျှော်သည့်ကာလလည်းဖြစ်သည်။ ဤအချိန်သမယ၌ယုံကြည်သူများသည် စိတ်နှလုံးကိုပြင်ဆင်ရင်းဆုတောင်းခြင်းဖြင့် သခင်ခရစ်တော်ကိုနှလုံးသားအသစ်နှင့်ကြိုဆို
ရသည့်အချိန်ကာလဖြစ်သည်။
၂။ ခရစ္စမတ်ကာလ(Christmas Season)
သည်သာမန်အားဖြင့်ရက်ပေါင်း(၂၀)ရှိသည်။ သခင်ယေဇူးဘုရားရှင်မွေးဖွါးခြင်းကိုအထူးသတိရ အောက်မေ့ကာပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ မွေးနေ့ကာလကိုကျင်းပခြင်းဖြင့် မိမိတို့၏ နှလုံးသားတိုင်း၌သခင်ယေဇူးကိုမွေးဖွါးခြင်းဖြင့် ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ကျင်းပခြင်းဖြစ်သည်။အထူးသဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းမှ သခင်ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ယခုမျက်မှောက်မှာအမှန်တကယ်တည်ရှိစေကာ
မွေးနေ့ကာလကိုပြုလုပ်ခံစားခြင်းဖြစ်သည်။ သခင်ယေဇူးဘုရား၏မွေးနေ့မင်္ဂလာ ခရစ္စမတ်
ပွဲသည် အသင်းတော်ကြီး၏ အရေးပါသည့်ပွဲနေ့ကြီး တစ်ခုပင်ဖြစ်သည်။
၃။ သာမန်ကာလရက်တို(Ordinary Time)
သည်ရက်သတ္တပတ် (၅/၆)ရှိသည်။ ဤကာလသည် သခင်ယေရှုဘုရားရှင်မွေးဖွါးပြီးညာဏ်ပညာနှင့်
ပြည့်စုံလျက်ကြီးပြင်းလာကာ တရားတော်မြတ် ဟောကြားခြင်း/ကုသခြင်း/အံ့ဖွယ်တန်ခိုးများ
ပြုလုပ်ကာဘုန်းတော်ထင်ရှားခြင်း စသည့် ခရစ်တော်၏အမှုတော်မြတ်အသက်သာကို သတိရအောက်မေ့ကာပြုလုပ်ခံစားခြင်းဖြစ်သည်။
၄။ ဝါတွင်းကာလ(Lentern Season)သည် သာမန်အားဖြင့်ရက်ပေါင်း(၄၀)ရှိသည်။ ဝါကြီးဝင်သည့်ဗုဒ္ဓဟူးနေ့ကြီးမှစတင်သည်။ ဝါတွင်းကာလသည်သခင်ခရစ်တော်၏ သေခြင်းမှပြန်ရှင်ထမြောက်ခြင်း ပါးစကားပွဲတော်မြတ်ကြီးကိုထိုက်တန်စွာကျင်းပ နိုင်ရန်ပြင်ဆင်ကြသည့်အချိန်ကာလဖြစ်သည်။ ယုံကြည်သူများသည်သခင်ခရစ်တော်၏ရှင်ပြန်
ထမြောက်ခြင်းပါစကားပွဲတော်ကြီး၌ ထိုက်တန်စွာပါဝင်နိုင်ရန်ကြိုတင်ပြင်ဆင်သည့် ကာလလည်းဖြစ်သည်။ထို့အပြင်ယုံကြည်သူ ဘာသာတူများသည်မိမိတို့ခံယူခဲ့သည့် ဆေးကြောခြင်းမင်္ဂလာကိုပြန်လည်သတိရစေပြီးချိုးခြံခြင်း/ဆုတောင်းခြင်းအားဖြင့် ပါးစကားပွဲတော်ကြီးကိုထိုက်တန်စွာကျင်းပကြသည့်အခါသမယဖြစ်သည်။
ဒုတိယအရေးကြီးသည့်အချက်မှာ ဤဝါတွင်းကာလသည်သခင်ယေဇူးဆေးကြောခြင်း ခံပြီးနောက်တောကန္တာရ၌ ရက်ပေါင်း (၄၀) နတ်ဆိုး၏စုံစမ်းနောက်ယှက်ခြင်းအား အောင်မြင်ခဲ့ခြင်းကိုသတိရအောက်မေ့ကာ ပြုလုပ်ခံစားကြသည့်ကာလလည်းဖြစ်သည်။
ဝါတွင်းကာလများ၌ ယုံကြည်သူများသည် အစာရှောင်ခြင်း/ဝါရှောင်ခြင်း/ပေးကမ်းစွန့်ကြဲခြင်းဖြင့်ပိုမိုတရားအားထုတ်ကြသည်။ အထူးသဖြင့်ဝါကြီးဝင်သည့် သန့်ရှင်းသော ဗုဒ္ဓဟူးနေ့ကြီးနှင့် သခင်ယေဇူးအသေခံသည့်သန့်ရှင်းသော သောကြာနေ့ကြီးတွင်အထူး သတိပြုကာဝါရှောင်/အသားရှောင်ကြရသည်။ ဝါတွင်းကာလတွင် သာရေးနာရေးကိစ္စမှအပမင်္ဂလာဆောင်ပွဲများနှင့်အခြားဝမ်းမြောက်ဖွယ် ပွဲများပြုလုပ်ကျင်းပခြင်းမရှိပေ။"အာလေလုယာ"
ဧကျုးခြင်းသီချင်းမဆိုပါ။ ဝါတွင်းကာလတစ်လျှောက်လုံး သောကြာနေ့တိုင်းကားတိုင်လှည့်ဆုတောင်းခြင်း(Way of the Cross)ကို ညနေသုံးနာရီတိုင်း၌ပြုလုပ်သည်။ ဤကားတိုင်လှည့်ဆုတောင်းခြင်းသည် သခင်ယေဇူးဂါရဝါရီတောင်ပေါ်သို့ လက်ဝါးကားတိုင်ထမ်းပြီးဒုက္ခခံခြင်း/အသေခံခြင်း ဖြစ်သည့် ကယ်တင်ခြင်းနက်နဲရာကို အောက်မေ့သတိရကာခံစားပြုလုပ်ခြင်းဖြစ်သည်။-သန့်ရှင်းသောရက်သတ္တပတ်(Holy Week)တွင်
ယေရုဇလင်မြို့သို့သခင်ယေဇူးကြွဝင်ခြင်း/သန့်ရှင်းသောကြာသပသေးနေ့ကြီး၌ သခင်ယေဇူးတပည့်တော်များ၏ခြေဆေးခြင်းနှင့်နောက်ဆုံးညစာစားပွဲနှင့် သခင်ယေဇူး သက်တော်စွန့်သည့်သန့်ရှင်းသောသောကြာနေ့ကြီး (Good Friday)များကိုပြုလုပ်ကျင်းပသည်။
၅။ ပါးစကားကာလ(Easter Season)
သည် သခင်ခရစ်တော်သေခြင်းမှပြန်ရှင်ထမြောက်သည့်ပါစကားပွဲတော်နေ့ကြီးမှစတင်ကာ
(၇)ပတ်ခန့်ရှိသည်။ဤပါးစကားပွဲတော်ကြီးသည်အသင်းတော်၏ပွဲနေ့ရက်များမှအရေးပါဆုံးသောပွဲနေ့ကြီးပင်ဖြစ်သည်။ ဤပွဲနေ့ကြီး၌လောက၏အလင်းဖြစ်သည့်သခင်ခရစ်တော်ကို ကိုယ်စားပြုသည့် ပါးစကားဖယောင်းတိုင်ကြီးကောင်းကြီးပေးထွန်းညှိခြင်း/ဆေးကြောခြင်းမင်္ဂလာရေကို
ကောင်းကြီးပေးပြီးဆေးကြောခြင်းခံယူသည့် ယုံကြည်သူများကိုပက်ဖျန်းခြင် စသည့် အခမ်းအနားများပါဝင်သည်။မစ္ဆားတရားတော်မြတ်ကိုသာမတ်ထက်ပိုမိုခမ်းနားစွာပြုလုပ်သည်။"အာ
လေလုယာ"ဧကျုးခြင်းကိုပြန်လည်သီဆိုသည်။သခင်ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်း
ပါစကား ကာလမှရက်ပေါင်း (၅၀)သည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
(The Pentecost Day) ၌ကုန်ဆုံးသည်။ဤသန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
the Pentecost Sunday ပြီးသည့်နောက် သာမန်ကာလရက်ရှည်(Ordinary Time) ပြန်
လည်စတင်သည်။ဤသာမန်ကာလရက်ရှည်သည်ခရစ္စမတ်ကာလနှင့်ဝါတွင်းကာလနှစ်ခုကြားမှ
သာမန်ကာလရက်တို၏ အဆက်ပင်ဖြစ်သည်။ သာမန်ကာလသည်စုစုပေါင်းရက်သတ္တပတ်
(၃၄)ပတ်ရှိပြီး ဝတ်ပြုကိုးကွယ်ခြင်းကာလများမှအရှည်ဆုံးကာလလည်းဖြစ်သည်။ ဤသာမန်
ကာလသည် သခင်ခရစ်တော်၏ ဧဝံဂေလိဟောကြားခြင်း/ကုသခြင်း စသည့်အမှုတော်မြတ်
များကို သတိရကာလက်တွေ့ကျင့်ဆောင်ခံစားကြသည့်ကာလပင်ဖြစ်သည်။ အထူးသဖြင့်
တနင်္ဂနွေနေ့တိုင်းဟာ သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းပွဲနေ့(ပါးစကားနေ့လေး)အဖြစ်
အောက်မေ့ကျင်းပကာယုံကြည်သူများသည်ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်သည့်အသက်သာသစ်၌ပါဝင်ခံစားကြသည်။ ဓမ္မသီချင်းများကို ကာလအလိုက်ပိုင်းခြားထား
သည့် သီချင်းများ ရွေးချယ်သီဆိုချီးမွမ်းသည်။ တစ်ကမ်ဘာလုံးရှိကက်သလစ်သာသနာတော်၏
ဝတ်ပြုကိုးကွယ်ခြင်းနှစ်သည် နိုဝင်ဘာလကုန်အာဒ်ဝင်းတူးကာလ(Advent Season)မှ
စတင်ကာ နောက်တစ်နှစ် နိုဝင်ဘာလ၏ (၃၄)ကြိမ်မြောက်သာမန်တနင်္ဂနွေအပတ်ကုန်အထိ
တစ်နှစ်ဟုသတ်မှတ်သည်။ နိုဝင်ဘာလ၌ဆုံးပြီး နိုဝင်ဘာလကုန် စောင့်မျှော်ခြင်းကာလ
Advent Season ပထမအပတ်တွင် အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းနှစ်သစ်ပင်ဖြစ်သည်။အလွယ်ဆုံးပြောရရင်ဒီဇင်ဘာလဆန်းသည်ဝတ်ပြုခြင်းနှစ်သစ်ပြန်စခြင်းဖြစ်သည်။
Crd to Fr. John Htoi
#အဘယ်ကြောင့် ကက်သလစ်တို့သည် "သမ္မာကျမ်းစာတစ်ခုတည်းသာ အားကိုးရာ" (Bible Only) ဟူသောအယူဝါဒကို လက်မခံကြသနည်း။
သမ္မာကျမ်းစာသည် ခရစ်ယာန်တို့၏ယုံကြည်ခြင်းအသက်တာတွင် အရေးကြီးသော်လည်း ယုံကြည်ခြင်းနှင့်ပတ်သက်လျှင် သွန်သင်ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသောအရာဟု သတ်မှတ်ရန်ကား မလုံလောက်ပေ။ အကယ်၍ သမ္မာကျမ်းစာတစ်ခုတည်းသာ အားကိုးရာဖြစ်သည်မှန်ပါက ကမ္ဘာတစ်ဝန်းလုံး၌ အရေအတွက်အားဖြင့် (၃၀ဝဝဝ)ကျော်မျှရှိသော ကျမ်းစာအခြေပြု (Bible-based) ပရိုတက်စတင့်ဂိုဏ်းကွဲများအကြားတွင် ကျမ်းစကားများ၏ဆိုလိုရင်းအဓိပ္ပာယ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိခဲ့လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ကျမ်းစကားများကို မှန်ကန်စွာ နားလည်သဘောပေါက်လိုပါက ဆက်စပ်စဉ်းစားရမည့် ရှေးထုံးသက်သေ ((Tradition)နှင့် ၎င်းတို့၏အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြပေးမည့် အသက်ရှင်လျက်ရှိသော၊ သွန်သင်ပိုင်ခွင့်ရှိသူ (A Living, Authoritative Interpreter) တို့ကို လိုအပ်လေသည်။
ဘာရုပရောဖက်ကျမ်း (Baruch)နှင့် အချို့သောကျမ်းများကို ပရိုတက်စတင့်တို့၏ကျမ်းများတွင် မတွေ့ရသည့်အချက်က လည်း ဤပြဿနာကို ပိုမိုသိသာထင်ရှားစေသည်။ ရှေးကျမ်းများစွာတို့သည်လည်း ဘုရားသခင်၏နှုတ်ကပါတ်တော်ဖြစ်ကြောင်း အဆိုပြုထားကြသည်။ အခြားသောသွန်သင်မှုအာဏာမရှိပါလျှင် အဘယ်ကျမ်းသည် ကျမ်းစာတော်မြတ်၌ ပါဝင်သင့်ကြောင်း ကျွနု်ပ်တို့မည်သို့သိရှိနိုင်သနည်း။
ကနဦးကတည်းက ကက်သလစ်အသင်းတော်၏သွန်သင်မှုအာဏာ(Magisterium)သည် ဘုရားသခင်ပေးသနားတော်မူ သောအခွင့်အာဏာဖြင့် မည်သည့်ကျမ်းသည် သမ္မာကျမ်းစာတွင် ပါဝင်သင့်ကြောင်းကို ဆန်းစစ်ပြီး မွန်မြတ်သောရှေးထုံးသက်သေ ၏လမ်းညွှန်မှုဖြင့် ၎င်းတို့၏အဓိပ္ပာယ်ကို မှန်ကန်စွာ ရှင်းလင်းဖော်ပြခဲ့လေသည်။
ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် သမ္မာကျမ်းစာ၊ အသင်းတော်နှင့် ရှေးထုံးသက်သေတို့အား တစ်လုံးတစ်ဝ တည်ရှိနေကြသည့်အရာများအဖြစ် ရှုမြင်ကြခြင်းဖြစ်သည်။ အမှန်စင်စစ် သမ္မာကျမ်းစာကိုယ်တိုင်ကပင် ရှေးထုံးသက်သေနှင့် အသင်းတော်ကို ဩဇာအာဏာရှိသည့်အရာများအဖြစ် ညွှန်ပြထားသည်။ ၎င်းက သမ္မာကျမ်းစာသည် ခရစ်ယာန်တို့အတွက် တစ်ခုတည်းသော ဩဇာအာဏာဖြစ်သည်ဟု သွန်သင်မထားပေ။
ဥပမာဆိုရလျှင် ရှင်ပေါလုသည် ခရစ်ယာန်များအား မိမိလက်ဆင့်ကမ်းသင်ပေးခဲ့သည့် ရှေးထုံးစဉ်လာများကို စောင့်ထိန်းရန် မိန့်ကြားခဲ့သည်။ ထိုရှေးထုံးစဉ်လာများမှာ သူရေးသားခဲ့သည်လည်း ရှိသကဲ့သို့ မရေးသားဘဲ ထားသည်လည်း ရှိကြသည်။ (၂ သက် ၂း၁၅)။ သူသည် စိန်တီမောသေအား "အသင်းတော် (သမ္မာကျမ်းစာမဟုတ်) သည် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက် နောက်ခံဖြစ်" (၁ တီ ၃း၁၅)ဟု ရေးသားပေးပို့ခဲ့သည်။
ထိုမျှမက အချို့သောခရစ်ယာန်များပြောဆိုနေသကဲ့သို့ သမ္မာကျမ်းစာသည် သူ့အလိုအလျောက်နားလည်နိုင်အောင် ရှင်းလင်းလှသည်ဟူသောအချက်မှာ မှန်ကန်မှုမရှိချေ။ ဥပမာ ရှင်ပေါလု၏ဩဝါဒစာများနှင့်ပတ်သက်၍ ရှင်ပေတရုက "ငါတို့ချစ်သော ညီတော်ပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ စာရေးခဲ့သည်ဖြစ်၍....ထိုစာများတွင် အချို့သော အကြောင်းအရာတို့သည် နားလည်ရန် ခက်ခဲလှသောကြောင့် အသိပညာမဲ့၍ စိတ်မတည်ငြိမ်သောသူတို့သည် အခြားသောကျမ်းချက် များကို လွဲမှားစွာ နားလည်ကြသကဲ့သို့ ထိုအကြောင်းအရာတို့ကိုလည်း လွဲမှားစွာ နားလည်ကြသဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေကြ၏" (၂ ပေ ၃း၁၅)ဟု ရေးသားခဲ့လေသည်။
ထို့ကြောင့် ကက်သလစ်အသင်းတော်သည် ရှေးထုံးသက်သေ၏လမ်းညွှန်မှုအတိုင်း အသင်းတော်၏သွန်သင်မှုအာဏာမှ အခွင့်ဩဇာဖြင့် အဓိပ္ပာယ်ရှင်းလင်းထားသည်များကို မှီခိုအားထားခြင်းဖြင့် ထိုအန္တရာယ်မျိုးကို ရှောင်ရှားလေသည်။
(မျိုးကြဲသူ)
Crd! Sower CBCM(မျိုးကြဲသူ ဝိညာဥ်ရေး စာစောင်)
#ဘုရားသခင်သည် အဘယ်ကြောင့် မကောင်းသောအရာ (Evil) တို့ကို အခွင့်ပြုတော်မူသနည်း။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ တန်ခိုးအနန္တနှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြီး ပြည့်စုံတော်မူသည်ဆိုပါလျှင် အဘယ်ကြောင့် မကောင်းသောအရာတို့ဖြစ်ပျက်စေရန် အခွင့်ပြုတော်မူသနည်း။ ယောဘသည် မိမိကိုယ်တိုင် ဘေးဒုက္ခများကြုံတွေ့ရစဉ်က ထိုကဲ့သို့ပင်တွေးတောခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ သူသည် ထိုမေးခွန်းကို ဖြေဆိုနိုင်စွမ်းမရှိကြောင်း ဝန်ခံသွားခဲ့လေသည်။ "...အကျွနု်ပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍မကုန်နိုင်သောအရာ တို့ကိုလည်းကောင်း ပြောမိပါပြီ။" (ယောဘ ၄၂း၃)
ခရစ်ယာန်များဖြစ်ကြသော ကျွနု်ပ်တို့အတွက်လည်း ထို"မကောင်းသောအရာ"(Evil)မှာ အဖြေရှာရခက်သော ပြဿနာတစ်ခုဖြစ်လာသည်။ သို့သော် ယင်းအတွက် အထောက်အကူပြုမည့် သဲလွန်စအတော်များများကို ကျွနု်ပ်တို့၏ ယုံကြည်ခြင်းအားဖြင့် ရရှိလေသည်။
ပထမဦးစွာ ကျွနု်ပ်တို့သိရှိထားရမည်မှာ "မကောင်းသောအရာတို့သည် အပြစ်ကြောင့် ဖြစ်ပေါ်လာသည်"ဟူသောအချက်ပင် ဖြစ်သည်။ လွတ်လပ်စွာဆုံးဖြတ်ခွင့် (Free will) ရှိသော ဖန်ဆင်းခံသတ္တဝါများဖြစ်သည့် လူသားနှင့် ကောင်းကင်တမန်တော်တို့သည် အသက်၊ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်းနှင့် ဉာဏ်ပညာတို့၏အစမူလဖြစ်တော်မူသော ဘုရားသခင်ထံမှ ဖယ်ခွာသွားခဲ့ကြသည် (ရောမ ၃း၁၂၊ ဂျုဒ ၁း၆)။ ထိုသို့ဖယ်ခွာခြင်းအားဖြင့် သူတို့သည် သေခြင်းသို့ ကျရောက်ပြီး အတ္တ၊ ဒုက္ခနှင့် အသိတရားမဲ့ခြင်း တို့၏လွှမ်းမိုးမှုကို ခံရကာ ကမ္ဘာမြေကို အကြီးအကျယ်ထိခိုက်ပျက်စီးစေလေတော့သည်။
ဘုရားသခင်သည် မကောင်းသောအမှုအရာတို့ကို တစ်ပိုင်းတစ်ကဏ္ဍခွင့်ပြုတော်မူခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အပြစ်ကြောင့် ဖြစ်ပေါ်လာသည့် မကောင်းမှုများ မည်မျှပင်ဆိုးရွားနေစေကာမူ ဘုရားသခင်သည် ကြီးမြတ်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသည့်အလျောက် ထိုမကောင်းမှုထဲမှပင် ပို၍ကြီးမြတ်သောကောင်းမှုကို ဖြစ်ပေါ်စေတော်မူလေသည်။ (ကမ္ဘာ ၅၀း၂၀၊ ရောမ ၈း၂၈) ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းမှာ အံ့ဖွယ်ကြီးကျယ်သောဥပမာတစ်ခုပင်ဖြစ်ပေသည်။
သို့ဆိုလျှင် မကောင်းမှုကျူးလွန်နေကြသူအပေါင်းတို့ကို ဘုရားသခင်သည် အဘယ်ကြောင့် အဆုံးစီရင်ခြင်းမပြုသနည်း။ အဖြေကား ကိုယ်တော်၏သနားကြင်နာတော်မူခြင်းပင်တည်း။ ကိုယ်တော်သည် ဆိုးယုတ်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေမည့်အခွင့်အလမ်းမှန်သမျှကို ချပေးလိုသောကြောင့်ဖြစ်သည်။ (၂ ပေ ၃း၉- ၁၀) ထိုအချိန်ကာလမတိုင်မီအထိ ကိုယ်တော်သည် မကောင်းမှုကြောင့် ဖြစ်ပေါ်လာသောဆင်းရဲဒုက္ခများကို ကျွနု်ပ်တို့အား သန့်ရှင်းစင်ကြယ်စေရာတွင် အသုံးပြုတော်မူ သည်။ (၁ ပေ ၁း၆-၉)
နောက်ဆုံးဆိုရလျှင် ဘုရားသခင်သည် မကောင်းသောအမှုတို့ကြောင့် ဖြစ်ပေါ်လာသောဆင်းရဲဒုက္ခများကို သတိပြုလျက် ရှိတော်မူကြောင်း၊ ကျွနု်ပ်တို့နှင့်အတူတကွ ဝေဒနာခံစားပေးနေကြောင်းကိုမူ ကျွနု်ပ်တို့သိမှတ်ထားရပေလိမ့်မည်။ (ဟေရှာယ ၅၃း၁-၁၂)
(မျိုးကြဲသူ)
(Ref: The New Catholic Answer Bible)
Crd to #Sower CBCM(မျိုးကြဲသူဝိညာဉ်ရေးစာစောင်)
ဘုရင်တကာတို့၏ ဘုရင်
ယေဇူးဘုရင်ပွဲကို ခရစ်သက္ကရာဇ် ၁၉၂၅ ခုနှစ်မှာ ရဟန်းမင်းကြီး န၀မမြောက်ပီအူးက အသင်းတော်အတွင်း ကျင်းပဖို့ ပြဌာန်းခဲ့ပါတယ်။ ဒီပွဲကို ကျင်းပဖို့ သတ်မှတ်တဲ့အချိန်ဟာ ဘုရားမဲ့ ဝါဒတွေ ကြီးစိုးတဲ့အချိန် (သို့) ခရစ်တော် မပါလည်း ဖြစ်ပါတယ်ဆိုပြီး နိုင်ငံပေါင်းများစွာက တွေးထင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူတွေဟာ ထင်သလိုတွေး၊ ထင်သလိုရေး၊ သဘောရှိလုပ်နေကြပြီး၊ မာနတရားကြောင့် ဘုရားတရားရဲ့ သြဇာ အာဏာအောက်မှာ မနေလိုကြတော့ပါဘူး။ ဘုရားပညတ်တော်များနဲ့ သီလပါရမီများကို ဥပေက္ခာပြုပြီး၊ ဘုရားရဲ့ အလိုတော်ကို မိမိအလိုဆန္ဒနဲ့ အစားထိုးနေကြတဲ့အချိန်၊ မျက်မှောက်ကမ္ဘာကြီးဟာ ဗြောင်းဆန်နေပြီး တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးလည်း အရေးနိမ့်နေရတဲ့ အချိန်ဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီအချိန် မူဆိုလိုနီဆိုသူဟာ အီတလီမှာ စစ်အင်အားနဲ့ ဖက်ဆစ်ပါတီကို အစိုးရအဖွဲ့မှာ အာဏာ တည်မြဲအောင် လုပ်နေတဲ့ အချိန်၊ ဂျာမဏီ တစ်၀န်းမှာ နာဇီပါတီရဲ့ ဟစ်တလာကလည်း စစ်အင်အား သုံးပြီး သောင်းကျန်းနေတဲ့အချိန်၊ စီးပွားရေးဟာလည်း အဖတ်ဆည် မရအောင် ကျနေတဲ့အချိန်ဖြစ်ပါတယ်။ သူ့ထက်ငါ အာဏာရဖို့ ရူးနေကြတဲ့အချိန်မှာ အသင်းတော်က သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း လူတွေဟာ မိမိတို့ရဲ့ဘ၀မှာ ဘုရားတရားကို နေရာပြန်ပေးပြီး ကိုယ်တော်ရဲ့ အစိုးတရပြုခြင်းကို ခံယူမှသာ ကမ္ဘာမှာ မေတ္တာတရားနဲ့ အေးချမ်းသာယာမှုကို ရရှိမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခရစ်တော်ကသာ ဘုရင်တို့ရဲ့ ဘုရင်ဖြစ်တယ်၊ မိမိတို့ ကိုးကွယ်တဲ့ ဘုရားကသာ ဘုရင်တကာတို့ရဲ့ ဘုရင် (အရှင်) ဖြစ်တယ်၊ ခရစ်တော်ဟာ စကြ၀ဠာရဲ့ ဘုရင်ဖြစ်တယ်၊ သူ့ရဲ့ နိုင်ငံတော်ဟာ ထာ၀ရတည်မယ် ဆိုတဲ့အချက်ကို သတိပေးဖို့ ယေဇူးခရစ်တော် ဘုရင်ပွဲတော် ကို ကျင်းပဖို့ ရဟန်း မင်းကြီးက ကြေငြာခဲ့တာဖြစ်ပါတယ်။
ရဟန်းမင်းကြီးက ဒီပွဲကို သတ်မှတ်ကျင်းပ စေခြင်းရဲ့ အကြောင်းရင်းနှစ်ခုကတော့ -
(၁) ငါတို့သည် ကိုယ်တော်အားဖြင့် သက် ရှင်၊ လှုပ်ရှား၊ ရပ်တည်လျက်ရှိကြ၏ (တ မန် - ၁၇း၂၈) လို့ ဆိုထားတဲ့အတိုင်း လူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘုရားသခင်ရဲ့ လွှမ်းမိုးမှုအောက်က ဘယ် တော့မှ ထွက်ပြေးလွတ်မြောက်လို့ မရနိုင် ဘူးဆိုတဲ့အချက်နဲ့၊
(၂) လူတွေဟာ မိမိကိုးကွယ်တဲ့ ဘုရား သခင် (သို့) ယေဇူးဘုရင်အား ကျိုးနွံလက်ခံ ဖို့ မငြင်းဆန်သင့်ဘူး။ ဘာကြောင့်လဲဆို တော့ အဲဒီကျိုးနွံနာခံခြင်းအားဖြင့်သာ ကယ်တင်ခြင်း ချမ်းသာကိုရရှိမှာ ဖြစ်တာကို နားလည် လက်ခံကြစေရန်ဆိုတဲ့ ရည်ရွယ်ချက်များ ဖြစ်ပါတယ်။
တစ်နည်းပြောမယ် ဆိုရင်တော့ လူမှုရေးရာများမှာ ဘုရားတရားကို လစ်လျူရှုပြီး ဘုရားမရှိသလို နေထိုင်လှုပ်ရှားချင်တဲ့ အတွေးအခေါ်များကို တန်ပြန်ဆန့် ကျင်တဲ့ အနေနဲ့ရော၊ ခရစ်တော် ဘုရားရှင်ဟာ လူ့အဖြစ် ဇာတိကိုယူဆောင်ပြီး လောကကိုကယ်တင်ခဲ့တဲ့ ဘုရားသားတော်ဖြစ်လို့ လူ့ဘောင်တစ်ခုလုံးအပေါ်မှာ နည်းမျိုးစုံ နဲ့သြဇာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ အချက် ကိုပါ ထင်ရှားစေဖို့ဖြစ်ပါတယ်။
(ဒံလေယ အနာဂတ္တိကျမ်း- ၇း၁၄) မှာ အရပ်ရပ်တို့၌နေ၍ အသီးအသီး၊ အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက် တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင် ဆိုတဲ့ ဟောချက်က ခရစ်တော်ရဲ့ အရှင် သခင်၊ ဘုရင်ဖြစ်ခြင်းကို ရည်ညွှန်းထားပါတယ်။
ယုံကြည်ခြင်းအချုပ်မှာ ကျွန်တော်တို့က ရှင်သူ၊ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြလာတော်မူလိမ့်မည် လို့ ၀နျခံကွပါတယျ။ တစ်ချို့သော တရား ဟောသူများကြောင့်နဲ့ စီရင်စစ်ကြောခြင်း ဆိုတဲ့စကားကြောင့် ကြောက်မက်ဖွယ်ရာလိုဖြစ်နေပါတယ်။ တကယ်တမ်းခရစ်တော်ကြလာခြင်းရဲ့ အကြောင်းရင်းက သူကိုယ်တိုင် အကန့်အသတ်မရှိ ချစ်ခြင်းမေတ္တာနဲ့ ဒုက္ခစရိယာခံပြီး အစပြုခဲ့တဲ့ ကယ်တင်ခြင်းလုပ်ငန်းကို ပြီးပြည့်စုံစေဖို့သာ ဖြစ်ပါတယ်။ (ယောဟန်-၁၂း၄၇ ) မှာ လောက သားတို့ကို စီရင်အပြစ်တင်ရန်မဟုတ်၊ လောကသားတို့ကို ကယ်တင်ရန်သာ ကြ လာသတည်း လို့ ခရစ်တော်က အာမခံခဲ့ ပါတယ်။
နောက်ဆုံးသောနေ့မှာ ခရစ်တော်ဟာ ရှင်ဘုရင်အဖြစ် ထင်ရှားစွာ ကြလာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လို့ ကျမ်းစာထဲက ပုံပမာအရ ခရစ်တော်ဟာ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာ ကျွန်တော်တို့နဲ့အတူရှိနေပါတယ်။ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာဆိုတာ ခရစ်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အစာရေစာ ငတ်မွတ်နေတဲ့သူတွေ၊ ဖျားနာပြီး ဒုက္ခဝေဒနာခံစားနေရတဲ့ သူများမှာရှိနေပါတယ်။ သူတို့နဲ့ ထပ်တူပြုထားပါတယ်။ ဆိုလိုတာက စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေတဲ့ သူကို အစားအသောက်ပေးကမ်းခြင်း၊ အ၀တ်ဆင်းရဲသူကို ဆင်မြန်းခြင်း၊ မတရားခံရသူတို့ဖက်မှ ရပ်တည်ပေးခြင်း၊ ဒုက္ခရောက်သူကို နှစ်သိမ့်အားပေးခြင်း၊ ဒီလို လူ့အခြေခံလိုအပ်ချက်တွေကို စေတနာ သန့်သန့်နဲ့ လုပ်ပေးရပါလိမ့်မယ်။ ကိုယ်နာမည်ကြီးဖို့၊ လူသိများဖို့ဆိုတာထက် လူသားတစ်ယောက် အတိဒုက္ခရောက်နေ တာကို မေတ္တာကရုဏာနဲ့ ကူညီလိုက်ခြင်း ဟာ မင်္ဂလာရှိပါတယ်။
ဒီလို ရက်ရောမှု၊ စေတနာမျိုးကို ခရစ်တော်က သူ့ကို ပြုလုပ်ပေးတာနဲ့ အတူတူပဲလို့ လက်ခံသတ်မှတ်တယ် ဆိုတာဟာ အင်မတန် အားရစရာ ကောင်းလှပါတယ်။ လူသားအချင်းချင်း ဆင်းရဲနွမ်းပါးမှု ကို လျော့နည်းစေခြင်း၊ ပျော်ရွှင်မှုတို့ကို တိုးပွားစေခြင်းဆိုတဲ့ လူ့လောက ကိစ္စရပ်တွေအားဖြင့် ထာ၀ရ ဘုန်းဂုဏ်တော်ဆီ အရောက်ပို့ပေးနိုင်ပါတယ် ဆိုတာဟာ ဒီနေ့ကျမ်းစာရဲ့ သတင်းကောင်း တစ်ရပ်ပင်ဖြစ်ပါတယ်။ ခရစ်တော်ဟာ အမှန်ကယ်ပဲ ဆင်းရဲနွမ်းပါးသူ၊ ချို့တဲ့သူတွေအားဖြင့် ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။
လူတွေဟာ မိမိနေထိုင်တဲ့တိုင်း ပြည်ရဲ့ ဥပဒေအတိုင်း တရားစီရင်ခံရမှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာတော့ ဥပဒေသတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ (ယောဟန်-၁၃း၃၄) ကပြောပြတဲ့ သင်တို့ အချင်းချင်းချစ်ကြပါ ဆိုတဲ့ ဥပဒေပါပဲ။ လူ့လောကရဲ့ စာမေးပွဲတွေမှာတော့ ထူးချွန်တဲ့ ကျောင်းသားဟာ မထူးချွန်တဲ့ ကျောင်းသားထက် အခွင့်အလမ်း အများကြီးပိုပါတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ နောက်ဆုံး စာမေးပွဲကတော့ လူတစ်ဦး ချင်းစီတိုင်းဟာ အဆင့်အတန်း အတူတူပင်ဖြစ်ပါတယ်။ ဘယ်သူကမှ တခြားတစ်ဦးကို ချစ်ခြင်း မေတ္တာပြဖို့ ငါ့မှာ အရည်အချင်း မရှိဘူးလို့ ပြောလို့မရပါဘူး။ အယုတ် အလတ် အမြတ် မရွေး၊ အသက် ဘယ်လောက်ကြီးကြီး ငယ်ငယ် အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ ဘာပဲလုပ် ကိုင်လုပ်ကိုင် လူသားတိုင်းဟာ ခြင်းချက်မရှိ မိမိနဲ့ နီးစပ်သူတွေကို ချစ်ခြင်းမေတ္တာ ပြနိုင်ပါတယ်၊ ချစ်နိုင်ပါတယ်။
ဟန်ဂေရီနိုင်ငံမှ စိန့်ဧလိဇဘက် (အေဒီ ၁၂၀၇-၁၂၃၁)ဟာပေးကမ်းစွန့်ကြဲ တဲ့အခါတိုင်းမှာဆင်းရဲသားတွေကို သူတို့ ကိုယ်တိုင်လည်းပေး ကမ်းစွန့်ကြဲမှု ပြုဖို့ အမြဲတမ်းနှိုးဆော်တတ်ပါတယ်။ ချို့တဲ့ သူတွေက သူတို့မှာပေး စရာငွေကြေး မရှိဘူး၊ ဘယ်လိုလုပ်ပြီး ပေးရ မှာလဲလို့ ဖြေတဲ့အခါမှာ ဧလိဇဘက်က သင်တို့ရဲ့ ငွေကြေးကိုပေးဖို့တော့သင်တို့ တတ်နိုင်ချင်မှ တတ်နိုင်မယ်။ ဒါပေမဲ့ဒုက္ခ အခက် အခဲ ရောဂါဝေဒနာရှိနေတဲ့ သူတွေကို မင်းတို့ရဲ့ မျက်စိနဲ့ မြင်နိုင်တယ်၊ ဆီကို သွားလည်ဖို့ မင်းတို့မှာ ခြေနှစ်ချောင်း ရှိတယ်၊ အားပေးနှစ်သိမ့်ဖို့ မင်းတို့ မှာ ပါးစပ်ရှိတယ် လို့ အမြဲတမ်း ပြောခဲ့ ပါတယ်။
ဒီပုံပမာမှာ ကျွန်တော်တို့ အမြဲတမ်း ဂရုမစိုက်၊ လျစ်လျူရှုတတ်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို မီးမောင်း ထိုးပြ
ထားပါတယ်။ သူတို့ လုပ်ပြီးခဲ့တဲ့ အရာ အတွက် စစ်ကြောစီရင်ခံရတာမဟုတ်ဘဲ၊ မလုပ်ခဲ့လို့ ပျက်ကွက်ခဲ့မှုအတွက်သာ စီရင်ခြင်း ခံရတာဖြစ်ပါတယ်။ ဒီတော့ စဉ်းစားကြည့်ရင် ကျွန်တော်တို့ အများစုဟာ သိလျက်နဲ့ရော မသိလျက်နဲ့ပါ တွေးထင်ယုံကြည်လက်ခံ တတ်ကြတာက တစ်ပတ်တစ်ခါနဲ့ ပွဲလမ်းကလေး ရှိတဲ့အခါ ဘုရားကျောင်းကန်သွားမယ်၊ မကောင်းမှု ဒုစရိုက်ကို ရှောင်ကြဉ်မယ်၊ ကက်သလစ် ခရစ်ယာန်ဆိုရင်လည်း ကိုယ်တော်မြတ်ပင့်မယ်၊ စက္ကရမင်တူးခံမယ် ဆိုရင် ငါတို့ဟာ ဘုရားတရားရှိပြီလို့ တွေး ထင်တတ်ကြပါတယ်။ ဒီအတွေးအခေါ်လေးကို အကျဉ်းချုပ်ကြည့်ရင် ငါဘယ်သူ့ကိုမှ မတိုက်ခိုက်၊ မတရား မလုပ်ဘူး။
ဘုရားကျောင်းသွားတယ်၊ ဥပုသ်စောင့်တယ်၊ ငါ့အလုပ်ငါ့လုပ်ငန်းငါလုပ်တယ် ဆိုတဲ့ သဘောတရားမျိုးပါပဲ။ ဒီလို
ပုဂ္ဂိုလ်မျိုးက လူသတ်မှုမကျူးလွန်ဘူး၊ ခိုးလည်းမခိုးဘူး၊ သူတစ်ပါးရဲ့သားမယားလည်း မပြစ်မှားဘူး၊ မကောင်းတာရှောင် တယ်။ ကောင်းပါတယ်။ ဒါပေမဲ့လို့ တစ်ခြားတစ်ဖက်မှာ ကောင်းမှုကုသိုလ် တစ်ခုမှ မလုပ်ဘူး။ အပြုသဘော၊ အကောင်းသဘောရှိတာတွေမှာ ပါ၀င်မလုပ်ဆောင်ဘူး ဖြစ်နေတတ်ပါတယ်။ ကျမ်းစာမှာ ကောင်းမှုများကို လှည့်လည်ပြုလုပ် လျှက်ရှိ၏ (တမန်-၁၀း၃၈) ဆိုတဲ့ ခရစ်တော်ရဲ့ ပုံစံနမူနာကို ကျွန်တော်တို့က အတုယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀အသက်တာအတွင်းမှာ နေ့တိုင်းပဲ ကျွန်တော်တို့ရဲ့ အကူအညီကို တစ်နည်းတစ်ဖုံ လိုအပ်တဲ့ သူတွေ အမြဲတမ်းပဲ တွေ့ရတတ်ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးကို အသုံးချပြီး ကောင်းမှုကို ပြုလုပ်ရပါလိမ့်မယ်။ ကူညီတယ်လို့ဆိုတဲ့ နေရာမှာလည်း ခန္ဓာကိုယ်၊ ဒြပ်၀တ္ထုပစ္စည်းပစ္စယနဲ့ ဆိုင်တာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ဝိညာဉ်ရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေးရာပိုင်း တွေမှာလည်းဖြစ်နိုင်ပါတယ်။ အသက်ကြီး တဲ့သူတွေ၊ ဖျားနာတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ကြည့်ရှုမယ်။ သူတို့ကို နားထောင် ပေးမယ်။ အားနည်းချက်တွေ၊ မကောင်းအချက်တွေကို ခဏဖယ်ထားပြီး၊ အထင်လွဲခံရတဲ့သူတွေ၊ ပုံကြီးချဲ့ခံရတဲ့ သူတွေကို နားလည်မှုအားပေးမှုနဲ့ ဂရုစိုက် ပေးနိုင်ပါတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ ဖြစ်တတ်တာက သူစိမ်းတွေ အပေါ်၊ အပြင်လူတွေ အပေါ်ကျ ကောင်းတတ်ပြီး၊ ကိုယ့်မိသားစု အပေါ်မှာတော့ ကြမ်းတမ်းတဲ့ လူတွေရှိတတ်တယ်။ မိမိ အိမ်က အလုပ်သမားတွေ၊ အသိမိတ်ဆွေတွေအတွက်လည်း အသက်ကြီးတဲ့အခါ၊ အလုပ်ထွက်တဲ့ အခါမှာ လုံခြုံမှုရှိဖို့ စီစဉ်ပေးမယ် စသဖြင့် မိမိတတ်နိုင်တဲ့ လုပ်နိုင်တဲ့ ဘောင်တွင်းကနေ ကူညီ မှုပေးနိုင်ပါတယ်။
အလှူဒါနနဲ့ ပတ်သက်ပြီး (တိုးဘိယ၀တ္ထု- ၄း၇-၁၂) မှာ သင်ပိုင်ဆိုင်ရာထဲမှ အလှူဒါန ပြုလော့။ အဘယ်ဆင်းရဲသူ တစ်ဦးဦးကိုမှသင်မျက်နှာ မလွှဲလေနှင့်၊ ဤသို့ဖြင့်ဘုရားသခင်၏ မျက်နှာတော်သည်လည်း သင့်အားလွှဲရှောင် သွားမည် မဟုတ်ချေ။ ငါ့သား သင်ပိုင်ဆိုင်သည့် အရာများနှင့် အချိုးညီစွာ စွန့်ကြဲ ပေးကမ်းလော့။ သင်သည် ကြယ်၀လျှင် ဖောဖောသီသီ ပေးကမ်းလော့။ သင့် တွင် အနည်းငယ်မျှ ရှိလျှင်လည်း ထိုအထဲမှ အနည်း အကျဉ်းကိုပင်လျှင် ကျေနပ်အားရစွာ ဝေငှပေးကမ်းလော့။ လှူဒါန်းရန် မတွန့်တိုလေနှင့်။ ဤနည်းအားဖြင့်သာလျှင် သင်သည် ချို့တဲ့တောင့်တမည့် နေ့ရက်တွင် သင်အဖို့ ကြီးစွာသော ရတနာကို သိုလှောင်စုဆောင်းထားမည်ဖြစ်၏။ အကြောင်းမူကား အလှူဒါနပြုခြင်းသည် အပြစ်ဒုစရိုက်နှင့် သေခြင်းမှ ကယ်တင်၍ ဝိညာဉ်ကို ဘ၀အမှောင်၌ မထားရစေသော အကျိုးကျေးဇူးပေး၏။ လှူဒါန်းခြင်းသည် အမြတ်ဆုံးသော ဘုရားရှင် မျက်မှောက်၌ အဖိုးထိုက်သော ပူဇော်သက္ကာဖြစ်၏ ဆိုတဲ့ နှိုးဆော်ချက်ကို တွေ့ရပါတယ်။(ဖိလိပ္ပိ-၂း၆-၇) အရ မိမိရဲ့ ဘုန်းအသရေတော်စွန့်ပြီး အစေခံရဲ့ ဇာတိကို ခံယူကာ သူတစ်ပါးအတွက် ပေးဆပ် အစေခံရင်း ဦးဆောင်လမ်းညွှန်အုပ်စိုးသူဖြစ်တဲ့ ခရစ်တော်ရဲ့ အုပ်ချုပ်စိုးပိုင်ခြင်းကို လက်ခံကာ နီးစပ်သူများကို ချစ်ခြင်းမေတ္တာဖြင့် ထိုဘုရင်နဲ့အတူ အစေခံကြပါစို့။
လူ့လောက နောက်ဆုံးစာမေးပွဲရဲ့ သင်တို့အချင်းချင်း ချစ်ကြပါ ဆိုတဲ့ တစ်ခုတည်းသော မေးခွန်းကို လက်တွေ့ ဖြေကြားနိုင်အောင်ကြိုးစားရင်း ခရစ်တော်ရဲ့ စိုးပိုင်အုပ်ချုပ်လမ်းညွှန်မှုကို ခံယူရင်း ထိုဘုရင်နဲ့အတူ ကောင်းကင်ဘုံမှာ စံမြန်းနိုင်အောင် ကြိုးစားကြပါစို့။
ခွန်အား
Crd to ခွန်အား
အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ
ကက်သလစ်ဘုရားကျောင်းများနှင့် မိသားစုအချို့သည် ခရစ်တော်၏မွေးဖွားခြင်းကို စောင့်မျှော်ရာတွင် ဖယောင်းတိုင် (၅)တိုင် ပါဝင်သောပန်းခွေကို အသုံးပြုကြသည်။ ယင်းတို့ထဲမှ (၄)တိုင်မှာ ခရစ္စမတ်မတိုင်မီ တနင်္ဂနွေနေ့များတွင် ထွန်းညှိရန်ဖြစ်ပြီး ကျန်တစ်တိုင်မှာ ခရစ္စမတ်နေ့တွင် ထွန်းညှိရန်ဖြစ်သည်။ အာဒ်ဝင်တူးကာလအတွင်း ထွန်းညှိသော ဖယောင်းတိုင်များကို အရောင်အမျိုးမျိုးခြယ်သကြသော်လည်း များသောအားဖြင့် ပထမသုံးတိုင်ကို ခရမ်းရောင်ခြယ်သကြပြီး စတုတ္ထတိုင်ကို ပန်းရောင်ခြယ်သကြသည်။ ရံဖန်ရံခါ ဆိုသကဲ့သို့ ဖယောင်းတိုင်လေးတိုင်းစလုံးကို ခရမ်းရောင်ခြယ်သကြသည်လည်းရှိသည်။ ခရစ္စမတ်ဖယောင်းတိုင်ကြီးမှာမူ အဖြူရောင်ဖြစ် သည်။
အာဒ်ဝင်တူးဖယောင်းတိုင်များ၏အရောင်နှင့်ပတ်သက်၍ ဆိုရလျှင် ခရမ်းရောင်သည် နောင်တစွဲယူခြင်းကို ကိုယ်စားပြုသည်။ ပန်းရောင်သည် ဝမ်းမြောက်ခြင်းကို ကိုယ်စားပြုသည်။ အလယ်တွင် ရှိသောဖယောင်းတိုင်ကို ခရစ္စမတ်ဖယောင်းတိုင်ဟု ခေါ်ဆိုကြပြီး ခရစ္စမတ်နေ့မတိုင်မီအထိ ၎င်းကို ထွန်းညှိပူဇော်ခြင်းမပြုကြချေ။
ပထမဖယောင်းတိုင် (ဗျာဒိတ်တော်/မျှော်လင့်ခြင်း ဖယောင်းတိုင်)
တစ်ခါတရံ ပထမဖယောင်းတိုင်ကို ဗျာဒိတ်တော်ဖယောင်းတိုင်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရား သခင်ထံမှ သတင်းစကားအဖြစ် ပရောဖက်များဟောကြားခဲ့သည့်ကတိတော်များကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်မွေးဖွားမည့်အကြောင်း ဟောကြားထားသည့်ကတိတော်များဖြစ်သည်။ တချို့ကလည်း ထိုဖယောင်းတိုင်ကို ခရစ်တော်သခင်၌ ထားရှိသော ကျွနု်ပ်တို့၏မျှော်လင့်ခြင်းသင်္ကေတအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ၎င်းကို မျှော်လင့်ခြင်းဖယောင်းတိုင်ဟူ၍ လည်း ခေါ်ဆိုကြခြင်းဖြစ်သည်။
ဒုတိယဖယောင်းတိုင် (လမ်းခရီးဖယောင်းတိုင်)
ခရစ်တော်သည် လမ်းခရီးဖြစ်သည့်အကြောင်း(ယော ၁၄း၆)ကို ဒုတိယဖယောင်းတိုင်က ဖော်ပြသည်။ ကျွနု်ပ်တို့လူသားများ သည် အပြစ်မှောင်မိုက်ထဲတွင် လမ်းပျောက်နေကြသူများဖြစ်သည်။ ခရစ်တော်သည် ကျွနု်ပ်တို့အား အမှောင်ထဲမှ ထွက်ရမည့်လမ်းကို ပြသရန် စေလွှတ်တော်မူခြင်းခံရသည့် အလင်းဖြစ်လေသည်။
တတိယဖယောင်းတိုင် (ဝမ်းမြောက်ခြင်းဖယောင်းတိုင်)
တတိယဖယောင်းတိုင်သည် ဤလောကအသက်တာ၌ ခရစ်တော်အားဖြင့်သာလျှင် ထာဝရတည်မြဲသည့် တစ်ခုတည်းသော ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်မည့်အကြောင်း ဖော်ညွှန်းလေသည်။ အခြားသောဝမ်းမြောက်ခြင်းတို့မှာ တဒင်္ဂမျှသာဖြစ်ပြီး မတည်မြဲ ကြချေ။
စတုတ္ထဖယောင်းတိုင် (ငြိမ်းချမ်းသာယာခြင်းဖယောင်းတိုင်)
စတုတ္ထဖယောင်းတိုင်သည် လောကကမ္ဘာနှင့် လူသားတို့၏နှလုံးသားများထဲသို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာရန် ယေဇူးသခင်ကြွလာတော်မူသည့်အကြောင်းကို ပြန်လည်အမှတ်ရစေသည်။ ခရစ်တော်သခင်သာမရှိပါက ဤကမ္ဘာလောကတွင် ငြိမ်း ချမ်းသာယာခြင်းရှိမည်မဟုတ်ပေ။
ပဉ္စမဖယောင်းတိုင် (ခရစ်တော်၏ဖယောင်းတိုင်၊ သို့မဟုတ် ခရစ္စမတ်ဖယောင်းတိုင်)
ပဉ္စမဖယောင်းတိုင်သည် လူသားအပေါင်းတို့အား ၎င်းတို့၏အပြစ်မှကယ်ချွတ်ရန် မွေးဖွားလာသော ခရစ်တော်သခင်ကိုယ်တော် တိုင်ကို ကိုယ်စားပြုလေသည်။ ၎င်းသည် ခရစ်တော်၏မွေးဖွားခြင်း၌ ပြည့်စုံခြင်းသို့ရောက်သော ပရောဖက်တို့၏ဟောထားချက်များ အတွက် အောင်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်သကဲ့သို့ ခရစ်တော်နောက်တစ်ဖန်ကြွလာချိန်တွင် ကျွနု်ပ်တို့လူသားများ ကိုယ်တော်နှင့် အတူ ဘုန်းတော်ဝင်စားရမည့် နောက်ဆုံးသောပြည့်စုံခြင်းကို ဆက်လက်စောင့်မျှော်ခြင်းလည်းဖြစ်ပေသည်။
(မျိုးကြဲသူ)
Crd to Sower CBCM
မျိုးကြဲသူဝိညာဉ်ရေးစာစောင်
#အဘယ်ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ဒူးတစ်ဖက်ထောက်၍ ဦးညွှတ်ကြသနည်း?
ဆော်လမွန်မင်းကြီးသည် အစ္စရာအဲလ်တိုင်းပြည်တွင် ဂုဏ်သရေအကျော်စောဆုံးနှင့် ဘုန်းတန်ခိုးအကြီးဆုံးမင်းတစ်ပါးဖြစ်သည်။ သူ၏ငယ်သားများသာမက တိုင်းတစ်ပါးမှ လာရောက်သူများပင် သူ၏ရှေ့မှောက်ရောက်ပါက ဒူးထောက်အရိုအသေပေးကြလေသည်။ ရှေးယခင်က ထိုပုံစံမျိုးသည် ရိုသေလေးစားခြင်းနှင့် နာခံခြင်းကို ဖော်ဆောင်သောပုံစံဖြစ်သည်။
သို့သော် ရာဇဝင်ချုပ်ဒုတိယစောင်၌ လွန်စွာကြီးမြတ်လှပါသည်ဆိုသော ဆော်လမွန်မင်းကြီးပင်လျှင် မိမိတည်ဆောက်ထားသောဗိမာန်တော်ထဲသို့ဝင်ရောက်၍ ဘုရားသခင်၏ယဇ်ပလ္လင်ရှေ့တော်သို့ရောက်သောအခါ ဒူးထောက်ဦးညွှတ်လေသည်။ (၆း ၁၂-၁၃ ရှု) သူသည် ဘုရင်တကာတို့၏ဘုရင်၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ စကြဝဠာတစ်ခုလုံးကို အုပ်စိုးတော်မူသောအရှင်သခင်၏မျက်မှောက်တော်၌ ရောက်ရှိနေကြောင်းကို သိရှိသောကြောင့်ဖြစ်သည်။
မျက်မှောက်ခေတ်ယဉ်ကျေးမှုတွင် "ဒူးထောက်ရသည်"ဟူသောအယူအဆကို ကျွနု်ပ်တို့သရော်လိုကြသည်။ အများစုက ထိုအပြုအမူမျိုးကို အလယ်ခေတ်ယဉ်ကျေးမှု၏အကြွင်းအကျန်အဖြစ် ရှုမြင်ကြသည်။ ယခုခေတ်၌ "သိက္ခာကျစရာ"ဟု ခံယူသည့် သဘောပင်။ သို့သော် ကက်သလစ်ခရစ်ယာန်တို့ကမူ ဘုရားသခင်သည် မပြောင်းလဲဘဲ ဘုရားသခင်ပင်ဖြစ်တော်မူကြောင်းနှင့် "ကောင်းကင်၊ မြေကြီးနှင့် မြေကြီးအောက်၌ ရှိကြသော သတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ်ဝပ်ကြလျက် ယေဇူးခရစ်တော်သည် အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့်..." (ဖိလိပိ ၂း၁၀-၁၁) ဟူသောကျမ်းချက် ကို သိမှတ်ဝန်ခံကြလေသည်။ ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ကိုယ်တော်၏မျက်မှောက်တော်၌ ဒူးထောက်ရသည်ကို အခွင့်ထူးအဖြစ် ခံယူကြလေသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်ရှင်သည် ကျွနု်ပ်တို့၏ရိုသေလေးစားခြင်းနှင့် နာခံခြင်းကို အထူးခံထိုက်သူဖြစ်တော်မူသောကြောင့် ပင်ဖြစ်သည်။
ယေဇူးသခင်သည် ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတူး၌ အသားတော်နှင့် အသွေးတော်အဖြစ်လည်းကောင်း၊ ဝိညာဉ်တော်နှင့် ဘုရားအဖြစ်တော်အဖြစ်လည်းကောင်း တည်ရှိနေတော်မူလေသည်။ ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ဘုရားကျောင်းအတွင်း၌ ကိုယ်တော်မြတ်စက္ကရမင်တူးကို ထည့်သွင်းပူဇော်ထားသည့် ဗိမာန်တော်ရှေ့သို့ရောက်သောအခါ ညာဘက်ဒူးထောက်၍ ဦးညွှတ်အရိုအသေပေးကြခြင်း ဖြစ်လေသည်။ (မျိုးကြဲသူ) (Ref: The New Catholic Answer Bible)
Crd to Sower CBCM မျိုးကြဲသူဝိညာဉ်ရေးစာစောင်
#ပါစကားဖယောင်းတိုင်အကြောင်း
ပါစကားဖယောင်းတိုင် Paschal candle ကို Easter candle (သို့) Christ's candle ဟုလည်းခေါ်သည်။ သေခြင်းကို အနိုင်ယူလျက် ရှင်ပြန်ထမြောက် တော်မူသော ခရစ်တော်ယေဇူးကို ကိုယ်စားပြုသည်။
ဖယောင်းတိုင်ပေါ်တွင်ရေးဆွဲထားသည့် ခရစ္စတူးတိုင်အားဖြင့် ထိုဖယောင်းတိုင်သည် ပါစကားဖယောင်းတိုင်ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
Greek စာလုံးနှစ်လုံးဖြစ်သော အာဖာနှင့် အိုမီကာ တို့အားဖြင့် ခရစ်တော်သခင်သာလျင် အရာခပ်သိမ်းတို့၏ အစ၊ အဆုံးဖြစ်ကြောင်းကို ဖော်ပြလျက်ရှိသည်။
ဖယောင်းတိုင်ပေါ်တွင် လက်ရှိသက္ကရာဇ် ခုနှစ်(current year) ကို ရေးထိုးထားရခြင်း အားဖြင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့နှင့် အတူ အမြဲတည်ရှိတော်မူကြောင်းကို ဖော်ပြပေးလျက် ရှိပေသည်။
Five grains of incense အားဖြင့် ခရစ်တော် သခင်၏ ဒဏ်ရာတော်ငါးချက်ကို သဏ္ဌာန် ဆောင်လျက်ရှိပါသည်။
ပါစကားအဖိတ်ည ပါစကားဖယောင်းတိုင် ဖန်ဆင်းသည့်အချိန်၌ အခြားမီးများအားလုံးကို ငြိမ်းထားရပြီး ထိုမှောင်မိုက်ခြင်းအားဖြင့် ခရစ်တော်နှင့် ကင်းကွာနေသော အမှောင်ကမ္ဘာ လောကကို ကိုယ်စားပြုလျက်ရှိသည်။ ခရစ် တော်၏ ကြွလာခြင်းအားဖြင့် လောကသားများ အားလုံး အလင်းပြန်မြင်ရသည့် အကြောင်းကို ပါစကားဖယောင်းတိုင်၏ အလင်းအားဖြင့် ညွှန်းဆို သက်သေပြုလျက်ရှိပေသည်။
ပါစကားဖယောင်းတိုင်ကို ပါစကားအဖိတ်ညမှ ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွ တော်မူသည့်ပွဲနေ့ (Ascension day) ဧဝံဂေလိ ကျမ်း ဖတ်ရှုပြီးသည့် တိုင်အောင် ထွန်းညှိထား နိုင်သည်။ Ascension နေ့တွင် ပါစကား ဖယောင်းတိုင်ကိုသိမ်းဆည်းထားရခြင်းမှာ ခရစ်တော်သခင်သည် ကောင်းကင်ဘုံသို့ ပြန်လည် တက်ကြွတော်မူသည့် အကြောင်းကို ဖော်ပြရန်အတွက်ဖြစ်ပြီး၊ ထိုပါစကား ဖယောင်း တိုင်မှ ကူးယူ ထွန်းညှိထားသော ဖယောင်းတိုင် ငယ်လေးများအား ဆက်လက် ထွန်းညှိထားခြင်း အားဖြင့် ခရစ်တော်ရှင်သည် ကျွန်ုပ်တို့ နှင့်အတူ အမြဲ တည်ရှိတော်မူကြောင်းကို ဖော်ပြပါသည်။
Paschal ကာလတစ်လျှောက်လုံးတွင် ထိုပါစကားဖယောင်းတိုင်ကို မစ္ဆားတရား တော်မြတ်ပူဇော်ရာ ယဇ်ပလ္လင်ဘေးတွင် ထားရှိရမည်ဖြစ်ပြီး Paschal ကာလပြီးဆုံးပြီး နောက်ပိုင်းတွင် ထိုဖယောင်းတိုင်ကို ဆေးကြော ခြင်း စက္ကရမင်းတူးပေးရာ နေရာ(Baptismal font) အနီးတွင်လည်းကောင်း၊ အခြားလုံခြုံသည့် နေရာများတွင် လည်းကောင်း သိမ်းဆည်းထား နိုင်ပါသည်။
Paschal ဖယောင်းတိုင်ကို ဆေးကြောခြင်း စက္ကရမင်းတူးပေးအပ်ခြင်း အခမ်းအနားများနှင့် စျာပန မစ္ဆားတရားတော်မြတ်တိုင်းတွင် ပြန်လည် ထွန်းညှိအသုံးပြုရသည်။ ခရစ်တော်သခင် သာလျင် ကျွန်ုပ်တို့၏အစ ကျွန်ုပ်တို့၏အဆုံး ဖြစ်ကြောင်းကို ဖော်ပြသည်။ ကျွန်ုပ်တို့ သည် ခရစ်တော်၌ လောကအသက် ကုန်ဆုံးခဲ့ကြသည့် နည်းတူ ထာဝရအသက်ရှင်ခြင်းအတွက်လည်း ကိုယ်တော်ရှင် နှင့်အတူ ရှင်ပြန်ထမြောက်ကြ မည်ဖြစ်ကြောင်းမီးမောင်းထိုးပြပေးလျက်ရှိသည်။
ဆေးကြောခြင်းစက္ကရမင်းတူးပေးခြင်းအခမ်းအနားများတွင် ထွန်းညှိထားသော ပါစကား ဖယောင်းတိုင်သည် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကိုလည်း ကိုယ်စားပြုသည်။ ခရစ်တော်၌ ယုံကြည် သူများအားလုံး သန့်ရှင်းသောဝိညာဉ် တော်မြတ်အားဖြင့် ဆေးကြောခြင်း စက္ကရမင်း တူးကို ခံယူကြရခြင်းကြောင့်ဖြစ်သည်။
ပါးစကားဖယောင်းတိုင်မီးမှ ကူးယူထွန်းညှိထား သော ဖယောင်းတိုင်ငယ်အား ဆေးကြောခြင်း စက္ကရမင်းတူး ခံယူသူ(သို့) ခေါင်းကိုင်မိဘတို့အား ကိုင်စေခြင်းမှာ ထိုသူတို့အနေဖြင့် လောက အလင်းရှင်ဖြစ်တော်မူသော သခင်ယေဇူး၏ ကယ်တင်ခြင်းအလင်း၊ သတင်းကောင်းကို မိမိနှင့် နီးစပ်သူတို့အား ပြန်လည်သက်သေခံ ကြရန် တာဝန်ပေးအပ်သည့် သဘောပင်ဖြစ် သည်။
ရဟန်းသိက်ခါခံယူမည့် ဦးပဉ္ဇင်းကြီးများ၊ တစ်သက်သစ္စာ ပြုကြမည့် ရဟန်း၊ ကိုရင်၊ သီလရှင်များ၊ လက်ထပ်ထိမ်းမြားခြင်း စက္ကရမင်းတူး ခံယူကြမည့် စုံတွဲများ၊ ခရစ္စမား အားပေးခြင်း စက္ကရမင်းတူး ခံယူမည့်သူများ၊ ပထမကိုယ်တော်မြတ် လက်ခံရရှိကြမည့်သူများ အား စက္ကရမင်းတူး မခံယူမှီ ထွန်းညှိထားသည့် ဖယောင်းတိုင်များကိုင်စေခြင်းမှာလည်း အထက်ပါ သဘောတရား အတိုင်းပင်ဖြစ်သည်။
စက္ကရမင်းတူးခံယူကြမည့်သူများအနေဖြင့် အလင်းသခင် ခရစ်တော်ရှင်ကို သက်သေခံရန် အဆင့်သင့်ရှိနေကြပြီဖြစ်ကြောင်း ဝန်ခံသက် သေခံနေကြခြင်းသဘောလည်း သက်ရောက် ပေသည်။
စျာပန မစ္ဆားတရားတော်မြတ် အခမ်းအနားများ၌ ကွယ်လွန်သူ၏ ရုပ်ကလပ်အနီးတွင် ပါစကား ဖယောင်းတိုင်ကို ထွန်းညှိထားခြင်းအားဖြင့် ဆေးကြောခြင်း စက္ကရမင်းတူး ခံယူချိန်၌ ကျွန်ုပ်တို့ ပြုခဲ့သည့် ကတိသစ္စာများကို ပြန်လည် သတိပေးနေခြင်းဖြစ်ပြီး၊ ခရစ်တော်သခင်၏ ဒုက္ခခံတော်မူခြင်း၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းတို့ဖြင့် ရွေးယူ ခဲ့သော ထာဝရအသက်ရှင်ခြင်းကို အမြဲသတိရ ယုံကြည်လာစေရန် ပြန်လည်သတိပေးနေခြင်း ပင်ဖြစ်သည်။
ဖယောင်းတိုင်ဖြင့်ညန်းပြသောသင်္ကေတများ
ဖယောင်းတိုင်မှ ဖြာထွက်လာသော အလင်း ရောင်သည် သန့်ရှင်းမြင့်မြတ်ခြင်း၊ ဖြူစင်ခြင်းကို ကိုယ်စားပြုပါသည်။ အလင်းရောင်၌ အမှောင်ထု ကို ဖြိုခွင်းနိုင်စွမ်းရှိခြင်း၊ ဇီဝအသက်ကို တိုးပွား စေနိုင်စွမ်းရှိခြင်းတို့ကြောင့် ထာဝအသက်သခင် ဖြစ်တော်မူလျက် လောကသားတို့၏ ကယ်တင် ရှင်ဖြစ်တော် မူသော အလင်းသခင်၊ ခရစ်တော် ယေဇူးကို အလင်းနှင့်ပုံပြ ခိုင်းနှိုင်းကြခြင်း ဖြစ်သည်။ ခရစ်တော်သခင် ကိုယ်တော်တိုင်ပင် မိမိကိုယ်ကို လောကအလင်းရှင်ဖြစ်ကြောင်း သက်သေခံ ခဲ့ပေသည်။ ( John 8: 12) ထို့ကြောင့် ခရစ်တော်သခင်နှင့်အတူ သူ၏ ကယ်တင်ခြင်း လုပ်ငန်များကိုလည်း အလင်းဖြင့် ကိုယ်စားပြု ဖော်ပြလေ့ရှိကြခြင်းဖြစ်သည်။ ကိုယ်တော်ရှင်သည် အပြစ်၏ အမှောင်ထု လွှမ်းမိုးမှုအောက်၌ ရှိနေကြသော အပြစ်သား များကို ကယ်တင်ခြင်း အလင်းသို့ လမ်းပြပို့ ဆောင်ပေးခဲ့သည်။ Lk.1:79 / Mt.4: 16.
ဖယောင်းသားသည် အပြစ်၏ အစွန်းအကွက် များနှင့် ကင်းသော ခရစ်တော်သခင်၏ ခန္ဓာတော် ကို ကိုယ်စားပြုသည်။
ဖယောင်းတိုင် မီးစာသည် ကိုယ်တော်ရှင်၏ ဝိညာဉ်ကို ကိုယ်စားပြုသည်။
ဖယောင်းမီးတောက်အားဖြင့် ယေဇူးသခင်၏ ဘုရားဇာတိအဖြစ်ကို ကိုယ်စားပြုလျက်ရှိပေ သည်။
ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားများတွင် ထွန်းညှိပူဇော်ရန်အတွက် ဖယောင်းတိုင်များကို ပြုလုပ်ရာတွင် ပျားဖယောင်းကိုသာ အဓိက အသုံးပြုရန် အသင်းတော်မှ သတ်မှတ်ပေး ထားပါသည်။ အထူးသဖြင့် ပါစကားဖယောင်း တိုင်များ ပြုလုပ်ရာတွင် ပျားဖယောင်းကို အနည်း ဆုံး ၁၅% ထည့်သွင်း အသုံးပြုရန် သတ်မှတ်ထား သည်။ ( Decree of the congregation of Rites.14 Dec, 1904).
ထို့ကြောင့် ကျွန်ုပ်တို့၏ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားများတွင် အသုံးပြုရသော ဖယောင်း တိုင်တို့သည် ကယ်တင်ရှင် ခရစ်တော်သခင် ကိုယ်တိုင် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူကြောင်း ကိုယ်စားပြုလျက်ရှိပြီး ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းအလင်းသည် ကျွန်ုပ်တို့တစ်ဦးစီ အား လမ်းပြဦးဆောင်ပေးလျက်ရှိကြောင်း ဖော်ပြလျက်ရှိပေသည်။
ဖယောင်းတိုင်ကိုအရည်အတွက်အားဖြင့်အသုံးပြုခြင်း
ယေဘူယျအားဖြင့်
- သာသနာပိုင်ဆရာတော်ကြီးမှ သိုးထိန်းတစ်ပါး အနေဖြင့် ဦးဆောင်ပူဇော်သည့် မစ္ဆားတရား တော်မြတ်တွင် = (7) တိုင်။
- ပွဲနေ့ကြီးများ၌ တင်ပူဇော်ရသည့် မစ္ဆားတရား တော်မြတ်များတွင်= (6)တိုင်။
- ရိုးရိုးသာမန်တနင်္ဂနွေနေ့များတွင် =(4/6) တိုင်။
- ရိုးရိုးနေ့ မစ္ဆားတရားတော်မြတ်များတွင်= 2 တိုင်
မှတ်ချက်။ ။ မစ္ဆားတရားတော်မြတ်ပူဇော်တိုင်း အနည်းဆုံး ဖယောင်းတိုင် နှစ်တိုင် ထွန်းညှိ ပူဇော်ရမည်။ ဖယောင်းတိုင်ထွန်းညှိခြင်းမရှိဘဲ မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းမပြုသင့်ပေ။ (Roman Missal. XX) မစ္ဆားတရားတော်မြတ် ပူဇော်စဉ်တွင် ဖယောင်းတိုင်မီးများ ငြိမ်းသွားပါက ချက်ချင်းပြန်လည်ထွန်းညှိသင့်သည်။
ယုံကြည်သူဘာသာဝင်များနှင့်အတူ ပြုလုပ်သော ကိုယ်တော်မြတ်ဖူးမြော်ခြင်း အခမ်းအနားများ တွင် ဖယောင်းတိုင် (၁၂) တိုင် ထွန်းညှိ ရမည်။ သို့သော် ဘုရားကျောင်းငယ်များနှင့် တစ်ဦးစီသာ ပြုလုပ်သော ကိုယ်တော်မြတ်ဖူးမြော်ခြင်းများတွင် ဖယောင်းတိုင် (6) ကိုတိုင်သာ ထွန်းညှိနိုင်ပါ သည်။(Cog.Sac.Rit.14 Dec., 1904)
ဧဝံဂေလိကျမ်းစာ ဖတ်ရှုသည့်အချိန်တွင်လည်း ခရစ်တော်ဘုရားရှင်နှင့် ကိုယ်တော်ရှင်၏ ဝမ်းမြောက်ခြင်း သတင်းကောင်းကို ကိုယ်စားပြု သည့်အနေဖြင့် ဖယောင်းတိုင်နှစ်တိုင်ကို ကျမ်းစာဖတ်စင် ဘေးနှစ်ဖက်၌ ထွန်းညှိထား ရမည်။
မှတ်ချက်။ ။ သိုးထိန်းအသံစာစောင်မှပြန်ဝေမျှသည်။
#Crd-Luke Tushan
လွယ်လွယ်သုံးနေကြသော RIP စကားစု၏သမိုင်း
သမိုင်းဟူသည် အနေမှန်သူ၊ အမှန်တရားကိုမြတ်နိူးသူတို့အတွက် ဖုံးဖိစရာမဟုတ်ပေ။ သမိုင်းဟုဆိုရာ၌အကောင်းကြီးလည်းမရှိ နိုင်ရာ။ အ မှား၊ ချွတ်ချောမူများလည်းရှိနေမည်မှာသေချာပါသည်။ အကောင်းကို ပို ကောင်းအောင်၊ အမှားကိုမှန်အောင်၊ ချွတ်ချောမူကိတည့် မတ်အောင်ပြုပြင် ယူရမည်ဟုစာရေးသူခံယူပါသည်။ အချို့ကားသမိုင်းကိုပြည်ဖုံး ကားချထား ချင်သည်။ ရပါသလားမရ။ သမိုင်းအမှန်ကိုလည်း ကောင်း၊ အမှားကို လည်း ကောင်း မှတ်တမ်းတင်သူဖြစ်သည်။ သမိုင်းကိုလက်မခံ၊ သမိုင်းလိမ်ရန်၊ သ မိုင်းကိုပြင်ရန်ကြိုးစားလေ အမှားဆင့်ကဲ လာလေဖြစ်သည်။ သမိုင်း လိမ်ချင် သူ၊ သမိုင်းကိုဖျောက်ချင်သူ၊ အဖွဲ့အစည်းများသည် မရိုးသား၍၊ အမှားကို လက်မခံဝံ့သောကြောင့်သာဖြစ်ပါ သည်။
လူသာသမိုင်းရှိသည်မဟုတ်။ သတ္တဝါများ၊ အပင်များ၌လည်း သမိုင်း ကိုယ်စီရှိကြပါသည်။ ထို့အတူလူတို့၏လက်သုံးစကားများ၌ လည်း ဘယ် သူကစတင်ထွင်ခဲ့၊ မည်သည့်ခေတ်ကာလ၌စတင်သုံးစွဲခဲ့ သည့်သမိုင်း များရှိ ပါသည်။
နိုဝင်ဘာလသည်မကြာမီကုန်ဆုံးသွားတော့်မည်။ ရေးလိုသောအ ကြောင်းအရာကိုလည်း လမကုန်မီရေးမှဖြစ်တော့မည်ဖြစ်၍ ယနေ့ ရေးဖြစ် အောင်ရေးလိုက်ပါသည်။ နိုဝင်ဘာလတစ်လုံးသည် ကွယ်လွန် သွားသော ဝိညာဉ်များအားလုံးအတွက် အထူး သတိရဆုတောင်းပေး ရမည့်လအဖြစ် အ မိကက်သလစ်သာသနာတော်ကသင်ကြားထားပါသည်။ နိုဝင်ဘာလ၌ သာမဟုတ်၊ နာရေးသတင်း တင်သောလူမူကွန်ရက် များ၌လည်း စိတ်ကြိုက် ရေးသားသုံးစွဲနေသောစကားလုံးတစ်လုံး၏သမိုင်းနှင့်ပတ်သက်၍ ဆောင်း ပါးတစ်ပုဒ်ကို စာရေး သူရေးသားရန် က လောင်တံပြင်နေခဲ့သည်မှာယနေ့ ထိတိုင်ဖြစ်ပါသည်။ ယခုမှအမှန်တကယ်ရေးဖြစ်ပါတော့သည်။
RIP စကားစုကိုကျမ်းစာ၌ပါပါသလော။
ထိုစကားလုံးကား ‘RIP’ ဖြစ်ပါသည်။ အရှည်ကောက်မှာ Rest in Peace ဖြစ်ပါသည်။ အရာရာကိုကျမ်းစာထဲဖော်မပြထားဟု အ တတ် ကျူးကြသော်လည်း ၎င်းတို့ကိုယ်တိုင်လည်းသုံးနှုန်းနေကြသောသူတို့၏ရန်ကိုကာကွယ်ရန် ကျမ်းစာထဲတွင် စကားစုအပြည့်ဖော်ပြ ထားခြင်း ကိုမတွေ့ရ။ Rest ဆိုသော်စကားလုံး၊ Peace ဆိုသော်စကားလုံးကို အခြားသောအကြောင်းအရာများ၌ သီးခြားစီသုံးနှုန်းထားသည် များကို သာတွေ့ပါသည်။ ထို့ကြောင့် ဤအဓိပါယ်မျိုးဖြင့် တိုက်ရိုက်သုံးနှုန်း ထား သည်ကို ကျမ်းစာ၌မတွေ့ရပါ။ သေသူတို့၏အေးချမ်းသာ ယာသောသုခ ကိုစံစားရန်မှာမူ ယေဇူသခင်၏တရားတော်လာ အနှစ်ချုပ်ဖြစ်၍ သွယ်ဝိုက် ၍သာပါပါသည်။
RIP ၏သမိုင်း
ဤဝေါ်ဟာရ၏ မူလအရင်းအမြစ်ကား လာတင်း ဘာသာစကား မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ မူရင်းလာတင်းဘာသာစကားကား ‘Requiescant in Pace’ ဟုဖြစ်ပါသည်။ ဆိုလိုရင်းအဓိပါယ်မှာ Rest in Peace သာဖြစ်ပါသည်။ (၁၈) ရာစုမှစ၍ ကွယ်လွန်သွားသောသူများ အ တွက် ဆုတောင်းပေးသည့် ဆုတောင်းမေတ္တာတိုလေးအဖြစ် သွင်သွင် ကျယ်ကျယ်သုံးနှုန်းစွဲလာခဲ့ကြသည်။ နှုတ်ဖြင့်ရွတ် ဆိုသောအစဉ်အ လာ သည် (၁၈) ရာစုမှသာအသုံးများလာခဲ့သော်လည်း၊ ကွယ်လွန်သွား သူများ ၏အုတ်ဂူများပေါ်တွင် ရေးထိုး ဆုတောင်းပေးသည့်အလေ့အထ ကိုမူ (၅) ရာစုမှစ၍မြင်တွေ့နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများလည်း သုံးနှုန်းခဲ့သည့်အထောက်အထားများလည်းတွေ့ရပါ သည်။
အဘယ်ကြောင့်ဤသို့ဆုတောင်းပေးကြသနည်း။
အဘယ်ကြောင့်ဤသို့ဆုတောင်းပေးကြရသနည်းဟုမူ တပည်တော် ကြီးသံဃာတော်တို့စီရင်ရေးထားသော ယုံကြည်ခြင်းအချုပ် တွင် ယေဇူး သခင်သည်ကောင်းကင်ဘုံမှဆင်းကြွလာ၍ သေသူ၊ ရှင်သူတို့ကိုစီရင် တော်မူမည့်အကြောင်း၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်း ကိုယုံကြည် ပါကြောင်းပါပါသည်။ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်း၌ ဝိညာဉ်သက် သက်ရှင်ပြန်ထမြောက်ခြင်းဟု အချို့သောခရစ်ယာန်များ မှားယွင်းစွာ သွန် သင်ခြင်းမျိုးမဟုတ်။ ယေဇူးသခင်သည် နာမ်နှင့်ဝိညာဉ်နှစ်ပါးဖြစ်ပြန် ရှင်ခဲ့ သည်။ ယေဇူးသခင်သည် မားသာရ်အားမိန့်တော်မူ သည်မှာ ‘ငါသည် ရှင် ပြန်ထမြောက်ခြင်းဖြစ်။ အသက်လည်းဖြစ်။ ငါ့ကိုယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည် (ရှင် ယောဟန် ၁၁း၂၅)’ ရှင်ပေါ လုကလည်း ‘ဘုရားသခင်သည် သခင်ဘုရားကိုရှင်ပြန်ထမြောက်စေခဲ့ပြီး မိမိတန်ခိုးတော်အားဖြင့် ငါတို့ကိုလည်း ရှင်ပြန်ထမြောက်စေတော် မူလိမ့် မည်။ ငါတို့၏ခနွာကိုယ်များသည် ခရစ်တော်၏ခနွာကိုယ်အ စိတ်အပိုင်း များဖြစ်ကြ၏ (ပကော်ရိန်သု ၆း၁၄-၁၅)’ ကျွန်ုပ်တို့တစ်ဦးစီ၏ ရှင်ပြန် ထမြောက်ခြင်းသည်လည်း နာမ်နှင့်ဝိညာဉ်နှစ်ပါးလုံးပါသည်ဟု ကက်သ လစ်သာသနာတော်သည်သွန်သင် ပါသည်။ အဘယ်သို့နည်းဟုမေး လာ လျင် သာသနာတော်ကစီမံသည်မဟုတ်။ ဤအမူကားဘုရားသခင် စီရင် သောအမူဖြစ်သည်။ ထို့ကြောင့် ယုံကြည်ရုံမှတပါးအခြားမရှိပေ။ ထို့ ကြောင့်ကွယ်လွန်သွားသူကို ဖန်ဆင်းခြင်းနေ့၏ရည်ရွယ်ချက်ဖြစ်သော ဘုရားသခင်ကိုသိရန်၊ ချစ်ရန်၊ အ စေခံရန်နှင့်သူနှင့်စံစားခွင့် ရရန်ဆု တောင်းမေတ္တာပို့သခြင်း၊ ဘုရားသခင်ရှေ့တော်၌မထိုက်တန်သူဖြစ်က သနားခွင့်လွှတ်ခြင်းဖြင့်လက်ခံပေးရန် အသနားခံပေးခြင်းဖြစ်သည်။
ကွယ်လွန်သူများအတွက် ဆုတောင်းပေးသော အလွန်လှပ၊ ထိရောက်သော ကက်သလစ်သာသနာ၏ဆုတောင်းမေတ္တာတို
Eternal rest grant unto him/her/them O Lord;
အိုသခင်၊ ထာဝရငြိမ်းချမ်းရာကို သူ (သူတို့) အားပေးသနားတော်မူပါ။
and Let Perpetual Light shine upon him/her/them;
ထာဝရအလင်းတော်သည် သူ့(သူတို့) အပေါ်သို့ထွန်းလင်းပါစေ။
May he/she/they rest in Peace.
သူ (သူတို့) သည်ထာဝရငြိမ်းချမ်းပါစေ။
Amen. အာမင်ပင်ဖြစ်ပါသည်။
မှတ်ချက်။ ။RIP ဟုရေးသားဆုတောင်းဖြစ်တိုင်း သမိုင်းကိုလည်းမမေ့ပါနှင့်။ သမိုင်းမရှိဘဲမည်သည့်အရာမျှဖြစ်တည်မလာခဲ့ပါ။ သမိုင်းမရှိ၊ သမိုင်းမဲ့သောအသင်းအဖွဲ့များသာလျင် ဝင်ကစွပ်ကောင်ဖြစ်ရပါသည်။
Credit Cle Pike
Thursday, November 12, 2020
#အမေး။ ။ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာအယူဝါဒဟာ မတူကွဲပြားတာ ကျွန်တော်သိပါတယ်။ ဒါပမေဲ့ ကျွန်တော် သိထားသလောက် ဗုဒ္ဓဘာသာတွေရဲ့ အသုံးအနှုန်းဟာ ခရစ်ယာန်တွေမှာလည်း အသုံးပြုနေကြတာတွေ့ ရပါတယ်။ ဥပမာ - ဘုန်းကြီး၊ ရဟန်း၊ ရဟန္တာ၊ ကိုရင်၊ ဦးပဉ္ဇင်း၊ သီလရှင်၊ ဒကာ၊ ဒကာမ၊ ကုသိုလ်၊ အကုသိုလ်၊ လောဘ၊ ဒေါသ၊ မောဟ၊ ဒုက္ခ၊ အနတ္တ၊ သစ္စာတရား၊ စသည်ဖြင့် အများကြီး ရှိနေပြီး #ဗုဒ္ဓဘာသာရဲ့ပါဋိစာပေတွေကိုခရစ်ယာန်မှာအသုံးပြုနေတာဘာကြောင့်လဲ ရှင်းလင်း ဖြေကြားစေချင်ပါတယ်ခင်ဗျာ။ 🤔
#အဖြေ။ ။ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဟာအယူဝါများဟာ မတူ ကြပဲ ကွဲပြားနေကြပါတယ်။ ဗုဒ္ဓဘာသာအထဲမှာကိုကလည်း မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ အယူဝါဒများဟာ တူညီသောအချက် များရှိသလို ကွဲပြားခြားနားနေတဲ့ မတူညီသော အချက်များဟာ ဒုနဲ့ဒေးဆိုသလို များပြားစွာ တွေ့ ရပါတယ်။ ချုံးပြီး ကြည့်လိုက်မယ်ဆိုရင် ခရစ်ယာန်နိုင်ငံ တော်တော်များများမှာ ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်းကို သိပ်ပြီး မသိကြဘဲ မဟာယန ဗုဒ္ဓဘာသာအကြောင်းကိုသာ သိကြပြီး အတူတူလို့ပဲလို့ ထင်နေကြတာ များပါတယ်။ ဒီလိုပါပဲ #ဗုဒ္ဓဘာသာနိုင်ငံတွေများမှာလဲခရစ်ယာန်တွေအားလုံးဟာအတူတူပဲခြားနားမူမရှိဘူးလို့ထင်မြင်ယူဆနေကြသူ တွေများပါတယ်။
တကယ်တော့ #ခရစ်ယာန်ဘာသာ မှာလည်း #ဗုဒ္ဓဘာသာလိုပဲယေဘုယအားဖြင့်ဂိုဏ်းနှစ်ဂိုဏ်းကွဲ ပြီး တူညီမူများ ရှိကြသလို ကွဲပြားခြားနားမူများမှာလည်း ဒုနဲ့ဒေး အများကြီး ရှိနေပါတယ်။ လူတိုင်းနားလည်နိုင်ဖို့ ရိုးရိုးလေးရှင်းပြ၊ နှိုင်းယှဉ်ရမယ်ဆိုရင် ဘုရင်ဂျီဘာသာလို့ ရှေးမြန်မာတို့ ခေါ်လေ့ရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဟာ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အယူဝါဒမှာ လုံးဝမတူဘဲ ခြားနားနေပေမယ့် ရိုးရာယဉ်ကျေးမူ၊ အလေ့အထများမှာ တူညီနေတဲ့အပိုင်း များစွာတွေ့ ရှိရပါတယ်။
ကက်သလစ် ခရစ်ယာန် သာသနာတော်ဟာတစ်လုံးတစ်ဝတည်းအဖြစ် တည်ရှိလျက် ခရစ်တော်ဘုရားရှင်ရဲ့ ကိုးစား သာသနာပိုင် ပုပ်ရဟန်း မင်းကြီးအရှင်သူတော်မြတ်ရဲ့ ဦးဆောင်အုပ်ချုပ်မူအောက်မှာ ကွဲပြားခြားနားခြင်း မရှိဘဲ တစ်လုံးတစ်ဝတည်းတည်ရှိ နေပါတယ်။ ကက်သလစ်ဘာသာဝင် လူဦးရေဟာလည်း အခြားညီအစ်ကို ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းဂဏများ အားလုံး ပေါင်းထက်ဦးရေ ပို၍ များပါတယ်။
မြန်မာနိုင်ငံမှာ ရှိကြတဲ့ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများကတော့ နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ မက်သဒစ် အသင်းတော်၊ အေဂျီအသင်းတော်၊ စနေအသင်းတော်၊ ကယ်တင်ခြင်းတပ်အသင်းတော်၊ ပရက်စမီတေးရီယာန်း အသင်းတော်၊ ညီးအစ်ကိုများ အသင်းတော် နှင့် များစွာသော ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲများ စသည်ဖြင့် ရှိကြပါတယ်။ ဒါကြောင့်ကက်သလစ်ခရစ်ယာန် သာသနာတော်ကြီး နှင့်မတူပါဘူး။
ဗုဒ္ဓဘာသာဝင်တွေ ဖော်ပြမေးလာတဲ့ ဗုဒ္ဓဘာသာ ပါဋိဝေါဟာရ အသုံးအနှုန်းများကို ကက်သလစ်ခရစ်ယာန် သာသနာ တော်ကြီးကပဲ အသုံးပြုပါတယ်။ ပရိုတက်စတန် ခရစ်ယာန်ဂိုဏ်းကွဲ အသင်းတော်များက အသုံးမပြု ကြပါဘူး။ အဲဒါကြောင့် ဘာဖြစ်လို့ ခရစ်ယာန်ဘာသာက အသုံးပြု နေတာလဲလို့ မေးတဲ့ မေးခွန်းအစား #ဘာကြောင့်ဘုရင်ဂျီဘာသာလို့ခေါ်တဲ့ကက်သလစ်ခရစ်ယာန်အမိသာသနာတော်ကြီးကအသုံးပြုနေကြတာလဲ ဆိုတဲ့ မေးခွန်းကိုသာ မေးရမှာဖြစ်ပါတယ်။ ကက်သလစ်အနေနဲ့ လည်းဖြေကြားသွားမှာပါ။
#အရှေ့တိုင်းနိုင်ငံများအတွက်အထူးသဖြင့်ဗုဒ္ဓဘာသာများတွေအတွက်ပါဋိဘာသာစကားရှိပြီး၊ #အနောက်တိုင်းနိုင်ငံများအတွက်အထူးသဖြင့်ခရစ်ယာန်ဘာသာအတွက်လက်တင်ဘာသာစကား ရှိပါတယ်။
ဒီဘာသာစကား နှစ်မျိုးစလုံးများဟာ Dead Language ( ဘာသာစကားအသေ၊ အတိုးအလျော့ မရှိ၊ တိကျပြီး ဘာသာရေး ဝေါဟာရများ ကြွယ်ဝစွာ၊ နက်နက်ရိုင်းရိုင်းရှိတဲ့ ဘာသာစကားရပ်များ) လို့ ခေါ်ကြပါတယ်။ နောက်ပြီး ပါဋိလူမျိုးဆိုတာ မရှိသလို၊ လက်တင်လူမျိုးဆိုတာလည်း မရှိပါဘူး။ ပါဋိဘာသာစကား၊ လက်တင်းဘာသာစကားသာ ဖြစ်ကြပါတယ်။ ဝါကျဖွဲ့ စည်း တည်ဆောက်ပုံ၊ ဥပဒေ အသွားအလာ နိယာမများ၊ မူများတို့ဟာလည်း အတော့်ကို တူလှပါတယ်။ ဒါကြောင့် ပါဋိဘာသာတတ်ကျွမ်းတဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာ တော်တော်များဟာ လက်တင်ဘာသာစကားကို လေ့လာ ဆည်းပူးလိုက်တဲ့အခါမှာ အတော့်ကိုလွယ်ကူစွာနဲ့ လေ့လာသင်ယူ နိုင်ကြောင်းတွေ့ရှိ ရပါတယ်။
#ပါဋိဘာသာစကားဟာဗုဒ္ဓဘာသာ သာသနာတော်ကြီးရဲ့ ဘာသာစကားဖြစ်သလို၊ #လက်တင်ဘာသာစကားဟာလည်းကက်သလစ်ခရစ်ယာန် သာသနာတော်ကြီးရဲ့ ဘာသာစကားဖြစ်ပါတယ်။
ဒါကြောင့် ကက်သလစ်ဘာသာရဲ့ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး အဆက်ဆက် ဝတ်ပြုကိုးကွယ်ခြင်းများမှအစ၊ စာချွန်တော်များအဆုံး၊ လက်တင်ဘာသာစကားများဖြင့်သာ ရေးသား ထုတ်ပြန်တော်မူကြပါတယ်။ အရှေ့ တိုင်းနိုင်ငံများဖြစ်တဲ့ မြန်မာ၊ ယိုးဒယား၊ ကန်ဗောဒီးယား၊ အင်ဒိုနီးရှား၊ အိန္ဒိယ စသည့်ဖြင့် အရှေ့ တိုင်းနိုင်ငံများမှာ အသုံးပြုနေတဲ့ ဘာသာရေး ဝေါဟာရအသုံးအနှန်းဟာ ပါဋိဘာသာမှ ဆင်းသက်တဲ့ ဝေါဟာရများဖြစ်နေကြောင်း လေ့လာသိရှိရပါတယ်။ ထိုအတူ အနောက်နိုင်ငံများမှာ ရှိနေကြတဲ့ တိုင်းနိုင်ငံများ၊ လူမျိုးများရဲ့ ဘာသာရေး ဝေါဟာရ အသုံးအနူန်းများဟာ လက်တင် ဘာသာစကားမှ ဆင်းတက်လာတဲ့ ဝေါဟာရများဖြစ်ကြောင်း လေ့လာရပါတယ်။ ပါဋိဘာသာစကားနဲ့ လက်တင်ဘာသာစကားများဟာ ဘာသာရေး သာသနာပြုများ ဥပေက္ခာပြုလို့ မရတဲ့ ဘာသာစကားများဖြစ်ပါတယ်။
အနောက်နိုင်ငံများ ဖက်ကို သာသနာပြုနေကြတဲ့ ဗုဒ္ဓဘာသာ သာသနာပြု ဆရာတော် သံဃာတော်များအနေနဲ့ ခရစ်ယာန် သာသနာတော်ရဲ့ လက်တင်းဘာသာစကား ဘာသာရေးဝေါဟာရများကို အသုံးမပြုကြပါက အနှစ်ပါပါ ထိထိရောက်ရောက် သာသနာပြုဖို့ ခက်ခဲနေကြသလို အရှေ့ တိုင်းနိုင်ငံများမှာ သာသနာပြုနေကြတဲ့ ခရစ်ယာန် ဘာသာ-သာသနာများအနေနဲ့လည်း ပါဋိဘာသာစကားလုံး ဝေါဟာရကို အသုံးမပြုပါက အနှစ်ပါပါ ထိထိရောက်ရောက် သာသနာမပြုနိုင်ပါဘူး။
သေချာပြန်ကြည့်ကြမယ်ဆိုရင်လည်း မြန်မာနိုင်ငံတော်မှ အနောက် နိုင်ငံများသို့ သာသနာပြု ကြွသွား တော်မူကြတဲ့ဗုဒ္ဓဘာသာ သာသနာပြု ဆရာတော်သံဃာတော်များအနေ ဖြင့်လည်း ကက်သလစ်ခရစ်ယာန် ဝေါဟာရများကိုလည်း အသုံးပြု နေကြပါတယ်။
ကမ္ဘာအေး ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အဖွဲမှ ဘာသာပြန်ဆိုတဲ့အင်္ဂလိပ်ဘာသာပြန် ဗုဒ္ဓဘာသာစာပေများကို လေ့လာလိုက်ပါက လက်တင်ဘာသာမှ အခြေခံတဲ့ ဘာသာရေးစကားလုံးဝေါဟာရများကို သုံးနှုန်းထားတာတွေ့ ရပါတယ်။ အနောက်တိုင်းနိုင်ငံမှာရှိတဲ့ ကက်သလစ် ဘုန်းတော်ကြီး ရဟန်း နှင့် ကက်သလစ်ရသေ့တွေကို Priest, Monk လို့ ခေါ်တယ်။ အရှေ့တိုင်းက ဗုဒ္ဓဘာသာ ရဟန်သံဃာတော်များကိုလည်း Monk, Priest လို့ ဘာသာပြန် သုံးနှုန်းထားတာ ကမ္ဘာအေး ကမ္ဘာ့သာသနာပြုအဖွဲ့ များရဲ့ ဘာသာပြန် စာပေများလေ့လာရင် အဲဒီစကားလုံးတွေကို တွေ့ နိုင်ပါတယ်။ သီလရှင်ကို Nun, ကိုရင်ရဟန်းလောင်းတွေကို Novice, ရဟန်းသိက္ခာ
ခံယူခြင်းကို Ordination, ဒကာ၊ ဒကာမကို Sponsor, Benefactor, ကမ္မဠာန်းကို Religious Meditation, ကုသိုလ် ကို Virtue Action, Merit, အကုသိုလ် ကို Evil, Misdeed, Demerit, လောဘ ကို Greed, Avarice, ဒေါသ ကို Anger, မောဟ ကို Ignorance, ဒုက္ခ ကို Pain, Suffering, Trouble၊ အနတ္တကို Vanity, သစ္စာကို Truth, Oath, Vow, Loyalty, Fidelity, စသည်ဖြင့် ကက်သလစ်ခရစ်ယာန်ရဲ့ လက်တင်ဘာသာစကားမှ အခြေခံပြီး ထွက်ပေါ်လာတဲ့ ဘာသာရေး ဝေါဟာရ စကားများကို အသုံးပြုကာ ဘာသာပြန်ဆိုခြင်း၊ သုံးနှုန်းဟောကြားခြင်း၊ တရားပေးခြင်း၊ အသုံးအနှုန်းများ ပြုလုပ်ကြတာကို ဝမ်းမြောက်ဖွယ်ကောင်းစွာတွေ့ရှိ ရပါတယ်။
ကက်သလစ်အနေနဲ့ လည်း အရှေ့တိုင်း နိုင်ငံများမှာ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးအသုံးအနှန်းများကို ကက်သလစ်ခရစ်ယာန် ဘာသာအနေနဲ့ အသုံးပြုကြသလို၊ အနောက်နိုင်ငံများမှာ သာသနာပြု ကြွရောက်တော်မူ ကြတဲ့ ဗုဒ္ဓဘာသာ သာသနာပြုများ အနေနဲ့လည်း ကက်သလစ် သာသနာတော်ရဲ့ ဘာသာရေးအသုံးအနှုန်းဝေါဟာရများကို အသုံးပြုပြီး သာသနာပြုနေကြကြောင်း ဗဟုသုတအဖြစ် တင်ပြဖြေကြား လိုက်ရပါတယ်။
#ဘုရားတရားအားထုတ်မူနက်ရှိုင်းလာလေလေအစွဲတရားများနဲ့ကင်းစင်လာလေလေ ပါပဲ။ ဘုရားတရားအားထုတ်မူ အားကောင်းလေလေ ရိုသေထိုက်သူကို ရိုသေ လေးစား ထိုက်သူကို ရိုသေလေးစား လာလေလေ၊ ကြည်ညိုထိုက်သူကို ကြည်ညိုလာ လေလေ။ ပူဇော်ထိုက်သူကိုလည်း ပူဇော်လာပါတော့တယ်။
မတူမတန်တဲ့ မာရ်နတ်ရဲ့ အဆိပ်အတောက်များနဲ့ ကင်းစင်လာလေလေပါပဲ။
🙏#မေတ္တာအားကောင်းသောသူများဖြစ်နိုင်ကြပါစေ။🙏
#Reference
: မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ Fr. Dominic (ဒေါမိနစ် ဂြိုလ်တု) ၏ ဘာသာရေးအမေးအဖြေမှ ပြန်လည်ကောက်နုတ်တင်ပြပေးလိုက်ပါသည်။
Photo Credit: Dominican Koyin
ဘုရား၏နှုတ်ကပါတ် တရားတော်အား အာဂုံဆောင်ခြင်း
#
မည်သူမဆို အရှင် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်း၀င်လျှင် အကောင်းဆုံး အစပြုခြင်းမှာ သမ္မာကျမ်းစာ ဘုရားနှုတ် ကပါတ်တော်ကို ဖတ်ရှုရန် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း၌ ဘုရားအား ပုဂ္ဂိုလ် (လူသား) တစ်ဦး အနေဖြင့် ကျွန်ုပ်တို့တွေ့ရပြီး ကျွန်ုပ်တို့အတွက်သူ၏ နည်းလမ်းများနှင့် စီမံကိန်းများကို ကျွန်တော်တို့ သိရှိလာကြသည်။ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်နေထိုင် ရမည်ကိုလည်း သမ္မာကျမ်းစာ တော်က သင်ကြားပေး၏။ သို့သော်လည်း ခရစ်ယာန် ဘ၀အသက်တာကိုနေထိုင်ရန် ကျွန်ုပ်တို့ လိုအပ်သော အရာတိုင်းကိုတော့ဖြင့် သမ္မာကျမ်းစာက မပေးပါချေ။ သမ္မာကျမ်းစာကို အာဏာ အပြည့်အဝဖြင့် အနက်ဖွင့် ပေးသော အသင်းတော်၏ လမ်းညွှန်ချက်ကိုတော့ ကျွန်ုပ်တို့ သိထားဖို့ လိုအပ် ပါသေး၏။
သမ္မာကျမ်းစာက ကျွန်ုပ်တို့အား မည်သို့သော အကျိုး ကျေးဇူးများကို ပြုလုပ်ပေးသနည်း ဆိုတာကို စဉ်းစား ကြည့်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား တည် ဆောက် ခိုင်ခံ့စေပြီး ခရစ်တော်၌ အမွေစား၊ အမွေခံ ခွင့်ကိုပေးပါသည်။ (တမန် ၂၀း၃၂)
ကျွန်ုပ်တို့အား သင်ကြားပြသရန် ရည်ရွယ်သည်။ ထို့ကြောင့် ကျမ်းစာကပေးသော အားပေးမှုဖြင့် ကျွန်ုပ်တို့သည် မျှော်လင့်ခြင်း ရရှိနိုင်ပါသည်။ (ရော ၁၁း၄) သမ္မာကျမ်းစာတော် မှန်သမျှကို သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော် အားဖြင့်ရေးသားပြုစုထား သဖြင့် ထိုကျမ်းစာတော်သည် သမ္မာ ကျမ်းစာတော်ကို သွန်သင်ခြင်း၊ ဆုံးမ သြဝါဒပေးခြင်း အပြစ်ကိုဖော်ပြ ခြင်း၊ အမှားများကိုပြုပြင်ခြင်း ၊လျောက်ပတ်စွာ အသက်ရှင်နေထိုင်တတ်ရန် လမ်းညွှန်ခြင်းတို့ အတွက် အသုံး၀င်လေသည်။ သို့ဖြစ်၍ ထာ၀ရဘုရား၏ အမှုတော် ဆောင်သည် ကောင်းမြတ်သည့် အမှု အမျိုးမျိုး တို့ကို ဆောင်ရွက်ရန် လိုအပ်သည့် ပြင်ဆင်မှု ရှိပြီးလျှင် အရည်အချင်းများနှင့် ပြည့်၀ စုံလင်၍ လာပေအံ့။ သမ္မာကျမ်းစာသည် ကျွန်ုပ်ခြေရှေ့က မီးခွက်ဖြစ်၍၊ ကျွန်ုပ်သွားရာ လမ်း၏ အလင်းဖြစ်ပါ၏။ (ဆာလံ ၁၁၉း ၁၀၅)
ဘုရား၏နှုတ် ကပါတ်တရားတော်ကို ဖတ်ရှုခြင်းသည် ခရစ်ယာန်တို့၏ အသက်တာအတွက် အခြေခံ အုတ် မြစ် တစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ မဖတ်ရှုပါက ကျွန်ုပ်တို့၏ ယခု အသက်တာနှင့် ထာ၀ရ ကယ်တင်ခြင်းနှင့် ဆိုင်ရာ အရေးကြီးသော အရာများစွာတို့ကို လွဲပေလိမ့်မည်။
အသင်းတော်၊ သာသနာတော်က သမ္မာကျမ်း စာတော်ကို မကြာခဏ ဖတ်ရှု့ခြင်းအားဖြင့် ခရစ်တော် ၏ surpassing knowledgeကို လေ့လာ ဆည်းပူးရန် ခရစ်ယာန်များ အားလုံးကို တိုက်တွန်း အားပေးပါ၏။ (DV.no25) သမ္မာကျမ်းစာက ဘာသာ၀င် ယုံကြည် သူတို့အား ဝိညာဉ် အာဟာရ ခွန်အားနှင့် အသက်ပေး ကြောင်းကို သိရှိစေပါသည်။နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ဘုရားသခင်အား ယုံကြည်မှု နက်ရှိုင်း၊ ခိုင်မာစေပြီး ကျွန်ုပ်တို့၏ ဘ၀ အသက်တာ၌ သူ၏ တည်ရှိမှုနှင့် လုပ်ဆောင်ချက် တို့ကို သတိထား သိရှိစေပါသည်။
(၂)နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရာ၌ လုပ်ဆောင်ရမည့် အချက်များ
သမ္မာကျမ်းစာကို နေ့စဉ် မပြတ် မှန်မှန် ဖတ်ရှု ခြင်းသည် ကျွန်ုပ်တို့ အများစုအတွက် ခက်ခဲသဖြင့် စိန် ခေါ်မှု ပင်ဖြစ်ပါသည်။ လူတော်တော် များများသည် သမ္မာကျမ်းစာကို စတင် ဖတ်ရှု့ပြီးနောက် အချိန် အတန်ကြာတွင် စိတ်ပျက်ပြီး ဆက် မဖတ်တော့ပဲ အရှုံး ပေးတတ် ကြပါသည်။ အချို့သော ပုဂ္ဂိုလ်များ အတွက် ပြဿနာမှာ တစ်စုံတစ်ခုကို ဖတ်ရှုရာတွင် ဇွဲ လုံ့လ ရှိရှိ ဖြင့် ဖတ်နိုင်သော စွမ်းရည် မရှိခြင်းပင်ဖြစ်သည်။ သို့ သော်လည်း တော်တော် များများ၏ပြဿနာမှာ သမ္မာ ကျမ်းစာကို တည်တည် တန့်တန့် ပုံမှန် နည်းလမ်းဖြင့် မည်သို့ ဖတ်ရှု့ရမည်ဟူသော လမ်းညွှန်မှု မရှိခြင်းပင် ဖြစ်သည်။
အောက်ပါ လက်တွေ့ ချဉ်းကပ်မှု အကြံပေးချက်များသည် သင့်အားနေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုခြင်း၌ အကျင့် စွဲမြဲစေရန် အထောက်အကူဖြစ်ပါ လိမ့်မည်။
(၁) နေ့စဉ် ပုံမှန် အချိန် သီးသန့် သတ်မှတ်ထားပါ။ (Set aside a regular time each day) သမ္မာကျမ်းစာ ဖတ်ရှု့ရန် အတွက် နေ့စဉ် သီးသန့် ပုံမှန် အချိန် သတ်မှတ်ထားရမည်။ အချိန် မည်မျှ ဖတ်ရှုရ မည်ကိုလည်း ရည်ရွယ် သတ်မှတ်ရမည်။ အချိန် သတ်မှတ်ချက်သည် သင့်အတွက် အစဉ်ပြေမှု ရှိရမည်။ ငါးမိနစ်မှ ဆယ်မိနစ် သို့မဟုတ် ၁၅ မှ ၂၀နှင့်ဖြစ်နိုင် ပါသည်။ နာရီ၀က်လောက်လည်း ဖြစ်နိုင်ပါသည်။ သမ္မာကျမ်း စာဖတ်ရှု့မည့် အချိန်ကို မိမိ၏နေ့စဉ် အချိန် ဇယားထဲတွင် ထည့်သွင်းထားရမည်။
(၂) နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှု့ရန် သင့်ကို သင် အပ်နှံ ကတိပြုပါ။ သင် စိတ်အား တက်ကြွ၍ ဖတ်လိုသည့် စိတ်ရှိသည့် အခါမှာရော စိတ်မပါသော အချိန်၌ပါ ဖတ်ပါ။ မပျက်မကွက် ဖတ်ရှု့ပါ။ သင်၏ ဇွဲရှိမှု၊ သစ္စာရှိမှုက များစွာ အကျိုးဖြစ်ထွန်းစေလိမ့်မည်။
(၃) ၀တ်ပြု ကိုးကွယ် ဆုတောင်းမေတ္တာပြုသကဲ့သို့ ဖတ်ပါ။ တစ်ခုခု ရရှိရန် ရည်ရွယ်ချက်နှင့် မဖတ်ပါနှင့်။ ဘုရားနှင့် ပိုမို နီးကပ်စေရန်အတွက် ဖတ်ပါ။ ဘုရားက သင့်ကို တရားပေး၊ စကားပြောနေခြင်းဖြစ်သည်။ ပစ်မှတ်သည် သတင်း အချက်အလက်များ စု ဆောင်းရန် မဟုတ်ပဲ ဘုရား၏နှုတ်ကပါတ်တော်ကို ကမ္မဋ္ဌာန်းရှု၊ ဆင်ခြင် စဉ်းစားပြီး သင်၏ ဘ၀အသက်တာ၌ လက်တွေ့ လိုက်ကျင့်ရန်ဖြစ်သည်။
(၄) စနစ်တကျ ဖတ်ရှုပါ။ (Read Systematically) စီမံကိန်း သို့မဟုတ် အစီအစဉ် တစ်ခုကို ကိုးကား လိုက်နာရန် ဖတ်ရှုလျှင် အမြဲတမ်း အထောက်အကူဖြစ်ပါသည်။ သမ္မာ ကျမ်းစာဖတ်ရှုခြင်း အစီအစဉ် ကောင်းတစ်ခုသည် လက်တွေ့ အသုံးကျသော အချိန်ဇယားကို ပေးတတ်ပါသည်။ ၎င်းသည် သတ်မှတ်ထား သော အချိန်၌ သတ်မှတ်ထားသော အခန်းသို့ အတိုင်းအတာတစ်ခုကို အာရုံပြု ရန်လေ့ကျင့်ပေးပြီး ကျမ်းစာကိုရှေ့တိုး ဆက်လက် ဖတ်ရှုနေသည့်အတွက် တိုးတက်လျှက် ရှိနေသည် ဟူသော ခဲထားချက်နှင့် ခွန်အားကို ပေးပါသည်။ သမ္မာကျမ်းစာကို ရွေးချယ် ဖတ်ရှုသည့် အခါ အန္တရာယ် ထိခိုက်တတ်သည်။ နှုတ်ကပါတ်တော်အား out of context အဆက်အစပ် မရှိ၊ ကျိုးကြောင်း ဆက်စပ်မှု မရှိ၊ အဓိပ်ပါယ်ကောက်ခြင်း တို့မှ ကာကွယ် ပေးသည်။
(၅) ယုံကြည်ခြင်းနှင့်နှိမ့်ချခြင်း တို့ဖြင့် ဖတ်ပါ။ သမ္မာကျမ်းစာအားဖြင့် ဘုရားသခင်သည် မိမိ ကိုယ်ကို မိမိဖော်ပြပြီး သင့်ကို စကားပြောလိမ့်မည် ဟူသော တောင့်တမှု ရှိပါ။ ဘုရား၏နှုတ်ကပါတ် တရားတော် (ကျမ်းစာ) ကို သိပြီးဖြစ်သည်ဟု တင်ကူး မမှတ်ယူပါ နှင့်။
(၆) သမ္မာကျမ်းစာ တစ်အုပ်လုံးကို ဖတ်ပါ။ Read the entire Bible ကျမ်းစာသည် တစ်အုပ်လုံး အနေနှင့် ပေထက် အက္ခရာတင်ထားသော ဘုရား၏ နှုတ်ကပါတ်တော်ဖြစ်သည်။ ဘုရား၏ တရားတော် အ နေဖြင့် မိမိနှစ်သက်ရာ ကွက်ကြား၊ ကျိုကြား မဟုတ်ပဲ အားလုံးကို ခြုံငုံ၍ ဖတ်သင့်ပါသည်။ ကျွန်ုပ်တို့နှ်သက်သော ကျမ်းပိုဒ်နှင့် စာအုပ်ကိုသာရွေးချယ်ပြီး အ ခြား အပိုင်းတို့ကို လျစ်လျူရှု ချန်ထားရန် စိတ်ဆန္ဒ ရှိကြသည်။ ကျွန်ုပ်တို့အား အာမခံချက်ပေးသော ဘုရား၏ ကတိများကိုသာ ဖတ်ရှု့ပြီး၊ ခရစ်ယာန် ဘ၀အသက်တာနှင့် ထိုက်တန်စွာနေထိုင်ရန် လိုအပ်သည့် ခက်ခဲ သော တရားတော်၊ ပညတ်ချက်၊ တောင်းဆိုချက်များကိုမူ လျစ်လျူရှုရန် လွယ်ကူလှပါသည်။
ကက်သလစ် ခရစ်ယာန် ဘာသာ၀င်များ အ နေဖြင့် ဓမ္မဟောင်း Deuterocanonical ကက်သလစ် ကျမ်း၀င် စာအုပ်များ အပါအ၀င် ကျမ်း ၇၃စောင် စလုံးကို ဖတ်ရှု့ သင့်ပါသည်။ ၎င်း စာအုပ်တို့ကို ဂရိ စကား ပြော ဂျူးတို့က ဟေဘရူး ဘာသာစကားနှင့် မဟုတ်ဘဲ ဂရိ ဘာသာစကားနှင့် ရေးသားထား ခဲ့သည်။ ၎င်း ကျမ်းစာတို့သည်လည်း ဘုရားသခင်၏ နှိုးဆော်တော်မူချက်နှင့် ရေးသား ထားရန် ကျမ်းစာမြောက်သည်ဟု အသင်းတော်က သတ်မှတ် သင်ကြားပါသည်။ ကက်သလစ် ခရစ်ယာန် မဟုတ်သော အသင်းတော်များက မူကျမ်းစာတို့ကို Apocryphal ကျမ်းပယ်များဟုခေါ်ကာ ၎င်းတို့၏ ကျမ်းစာအုပ်တွင် အထူး အစီအစဉ်နှင့် ပုံနှိပ်ခြင်း မဟုတ်ပါက ထည့်သွင်းခြင်း မရှိချေ။
RVA ထုတ်လွှင့်ချက်မှ
Wednesday, November 11, 2020
နို၀င်ဘာလ ၁၀ ရက် Leo the Great (461) လေအို
နို၀င်ဘာလ ၁၀ ရက်
Leo the Great (461)
လေအို
တည်ငြိမ်သောလက်
လေအိုသည် (၅) ရာစု အစောပိုင်းကာလတွင် ရောမမြို့ တပ်စ်ကန် (Tuscan family)မိသားစုမှ မွေးဖွားလာသူ ဖြစ်သည်။ အေဒီ ၄၄၀ ခုနှစ်တွင် သူသည် ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးခံပြီး ထိုအချိန်တွင် ရောမအင်ပါယာသည် ပျက်စီးယိုယွင်းနေသည်။
လူရမ်းကားများနှင့် လူရိုင်းများသည် ရောမမြို့ကို လုယက်တိုက်ခိုက်ရန်နှင့် ပျက်စီးရန် စိတ်စွဲတေမှတ်ထားကြသည်။ ထိုအချိန်တွင် ခရစ်ယာန်သာသနာထဲသို့ လွဲမှားသော အယူဝါဒများ ထိုးဖောက်၀င်ရောက်လာသည်။ အသင်းတော်သည် ဒုက္ခတွင်းနက်ထဲ ကျရောက်နေချိန်ဖြစ်၍ လေအို၏ ခိုင်မာပြတ်သားသော ချုပ်ကိုင်ထိန်းသိမ်းမှုနှင့် အခြေအနေကို နားလည်သိမြင်တတ်မှုတို့သည် လိုအပ်နေသည်။
လေအိုသည် ခရစ်တော်၏ အဖြစ်တော်နှင့်ပတ်သက်သော ရှည်လျားကြာညောင်းသည့် အငြင်းအခုံဖြစ်ရပ်များကို ဖြေရှင်းရန် အထောက်အကူ ဖြစ်စေသည့် စကားအသုံးအနှုန်းကို ရှာတွေ့ခဲ့သည်။ အေဒီ ၄၅ ခုနှစ်တွင် ကျင်းပသော ချာလ်စီတုန်ကောင်စီ (Council of Chalcedon)သို့ တင်သွင်းသော သူ၏ စာလွှာ၌ အဖြစ်နှစ်ပါးရှိသော ပုဂ္ဂိုလ်တစ်ပါး (One person with two natures) အကြောင်းကို ရှင်းပြထားသည်။ ခရစ်တော်၌ ရှိသော လူအဖြစ်နှင့် ဘုရားအဖြစ်တော်သည် ရှုပ်ထွေးခြင်းမရှိဘဲ ပေါင်းစည်းသည်ဟု တင်ပြခဲ့သည်။ လေအို၏ အမြင်သဘောထားသည် အများက လက်ခံသော ယုံကြည်ရာအချက် ဖြစ်လာသည်။
သည်းထိတ်ရင်ဖိုဖြစ်သော အချိန်ကာလတစ်ခုဖြစ်သည့် ညှိနှိုင်းအဖြေရှာရာ သမိုင်းကြောင်းသည် လေအို၏ ပင်ကိုအစွမ်းအစကို ပေါ်လွင်စေခဲ့သည်။ ဟန်လူမျိုး အာတီလာ (Attila the Hun) ခေါင်းဆောင်သော စစ်တပ်သည် အေဒီ ၄၅၂ ခုနှစ်တွင် ရောမကို ကျူးကျော်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသည်။ လေအိုသည် ရောမလွှတ်တော် အမတ်နှစ်ဦးနှင့်အတူ မည်သည့် အကာအကွယ်လက်နက် တစ်စုံတစ်ခုမျှ မပါဘဲ ညှာတာ စာနာမှုကင်းမဲ့သော စစ်သူကြီးနှင့် သွားရောက် တွေ့ဆုံခဲ့ကြပြီး သူ့အား တပ်ပြန်ခေါက်ရန် နားချနိုင်ခဲ့သည်။ နိုင်ငံတော်တစ်ဝှမ်းရှိ ယဉ်ကျေးဖွံ့ဖြိုးပြီး တိုးတက်ကောင်းစားနေသော မြို့ကြီးပြကြီးများကို မီးရှို့ဖျက်စီး၍ လုယူတိုက်ခိုက်ကြသည့် အင်အားကြီးလှသော စစ်တပ်ကြီးသည် အယ်လ်(Alps) တောင်တန်းများကို ဖြတ်၍ ဟန်ဂေရီသို့ တပ်ဆုတ်သွားကြသည်။
လေအိုသည် လူထုအစိုးရ ပြုတ်ကျသော အချိန်၌ မပျက်မစီး ကျန်ရှိနေသေးသော ဘုရားကျောင်းတစ်ဆောင်ကို ချန်ထားရစ်ခဲ့၍ အေဒီ ၄၆၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ အမှန်မှာ အသင်းတော်သည် အလယ်ခေတ်တွင် တည်ငြိမ်အေးချမ်း၍ သြဇာအာဏာ အရှိဆုံးသော နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်လာသည်။
တောင်ကတုံး (နှင်းပွင့်)
နို၀င်ဘာလ ၁၁ ရက် Martin of Tours (310 – 97) တူရင်မြို့မှ မာတင်
နို၀င်ဘာလ ၁၁ ရက်
Martin of Tours (310 – 97)
တူရင်မြို့မှ မာတင်
ရှေ့ပြေးသော အစေခံခြင်း
(၄) ရာစုအစောပိုင်း၌ နတ်ဘုရားကိုးကွယ်သူ၊ ရောမအရာရှိတစ်ဦးသား မာတင်သည် ဟန်ဂေရီနိုင်ငံတွင် မွေးဖွားခဲ့သည်။ အသက်တစ်ဆယ့်ငါးနှစ်အရွယ်တွင် မာတင်သည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်တပ်တွင်း၌ သွတ်သွင်းခံရကာ ရောမမြင်းတပ်တွင် အမှုထမ်းသည်။ မာတင်သည် ခရစ်ယာန်တစ်ဦး ဖြစ်လာလိုသော စိတ်ဆန္ဒရှိနေ၍ သူ၏ စစ်မှုထမ်းခြင်းတာ၀န်၌ မတင်းမတိမ်ဖြစ်မှု၊ မပျော်ရွှင်မှုများ တိုးလာခဲ့သည်။ စစ်မှုထမ်းဘ၀ကို စိတ်မသန့်၍ ငြင်းပယ် ကန့်ကွက်သူတစ်ဦးအဖြစ် သူသည် စစ်ကို ဆန့်ကျင်သောအခါ စစ်ဗိုလ်အရာရှိများသည် သူ့အား အကျဉ်းချထားကြသည်။
အေဒီ ၃၅၇ ခုနှစ်တွင် သူသည် ထောင်မှ လုံး၀လွတ်မြောက်၍ အာမြောင်( Amiens)၌ သူတောင်းစားတစ်ဦးအား ကူညီခဲ့ရာ သူသည် ကရုဏာသက်သော တွေ့ကြုံခံစားမှုတစ်မျိုးကို ခံစားခဲ့ရသည်။ သူသည် သူ၏ ၀တ်ရုံကို တစ်ပိုင်းဖြတ်၍ အ၀တ် ဗလာလုနီးပါးဖြစ်နေသော လူတစ်ဦးကို ခြုံပေးလိုက်သည်။ နောက်တွင် ခရစ်တော်သည် မာတင်၏ အိပ်မက်တွင် ပေါ်လာ၍ သူတောင်းစားအား သူပေးခဲ့သော ၀တ်ရုံအပိုင်းအစကို ၀တ်ဆင်ထားသည်။ မကြာမီမှာပင် မာတင်သည် ဆေးကြောခြင်းဗတ္တိဇံကို ခံယူ၍ ဘုရားတရား ကြည်ညိုသော ခရစ်ယာန်တစ်ဦး ဖြစ်လာသည်။
စိန့်ဟီလာရီ (ဇန်နဝါရီလ ၁၃)သည် အေဒီ ၃၆၀ တွင် ပြည်နှင်ဒဏ်ခံရမှ ပွက်တီအက်(Poitiers) သို့ ပြန်လာခဲ့သည်။ မာတင်သည် ဟီလာရီ၏ တပည့်တစ်ဦး ဖြစ်လာပြီး ဟီလာရီ၏ တပည့်များနှင့်အတူ လီဂွယ်ရှိ၊ ဂေါလ်ဒေသ၌ (Gaul at Liguge) ပထမဆုံးသော ရသေ့ကျောင်းကို ဆောက်လုပ်ခဲ့သည်။ အေဒီ ၃၇၂ ခုနှစ်တွင် တူရင်(Tours)မြို့၏ ဆရာတော် မဖြစ်ခင်အချိန်ထိ ထိုရသေ့ကျောင်း၌ တစ်ဦးပုဂ္ဂလ တရားအားထုတ်သော ရသေ့တစ်ပါးအဖြစ် နေထိုင်ခဲ့သည်။ သူ၏ အလှောင်ပိတ်အခန်း၌ ဆက်လက်နေထိုင်၍ ဆရာတော်သစ်သည် ဆက်ကပ်ပူဇော်ထားသော ပြင်းပြသည့် စိတ်ဆန္ဒနှင့် ခက်ခဲသော တာ၀န်၀တ္တရားများကို လုပ်ကိုင်ခဲ့သည်။ သူသည် မပြီးဆုံးနိုင်သော ယုံကြည်ခြင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းကိုင်တွယ်ရာ၌ အဓိက အခန်းကဏ္ဍတွင် ပါ၀င်ခဲ့သည်။
မာတင်အား ရှေ့ပြေးအမှုတော်ဆောင်ဖြစ်စေသော တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ကျေးလက်ဒေသများသို့ ဧဝံဂေလိတရားတော် ဟောကြားခြင်းပင် ဖြစ်သည်။ ခရစ်ယာန်အများစုမှာ မြို့နေလူတန်းစားများ ဖြစ်သည်။ ဗာဟီရဝါဒီဖြစ်သော ထာ၀ရဘုရားကို မကိုးကွယ်သောသူ ဟု အဓိပ္ပာယ်ရသော ပေဂန် (Pagan)ဟူသော စကားလုံးသည် ပါဂန်နီ(Pagani)မှ ဆင်းသက်လာ၍ မြို့နေလူတန်းစားများဟု အဓိပ္ပာယ်ရသည်။ မာတင်သည် သူတို့၏ နတ်ဘုရားပူဇော်ရာ ပလ္လင်များနှင့် သန့်ရှင်းသော သစ်ပင်များကို ဖြိုချပျက်စီး၍ လူအုပ်ကြီးကြား တိုး၀င်၍ သူတို့အား ခရစ်တော်ကို လက်ခံယုံကြည်လာရန် အယုံသွင်းနိုင်ခဲ့သည်။
မာတင်သည် အေဒီ ၃၉၇ ခုနှစ်တွင် ပြင်သစ်ပြည်၊ ကန်ဒက် (Candes, France)၌ ကွယ်လွန်ခဲ့ပြီး သူ့အား တူရင် (Tours)မြို့တွင် မြေမြှပ်သင်္ဂြုံလ်ခဲ့ကြသည်။
တောင်ကတုံး (နှင်းပွင့်)
ဘဝမှာ
ဘဝမှာ
နေပျော်ဖို့ထက် နေတတ်အောင်
နေဖို့ ကပိုအရေးကြီးပါတယ်....
ပြည့်စုံခြင်း ဆိုတာမရှိတဲ့
လောက လူ့ဘောင်ထဲမှာ
နေမပျော်တဲ့ လူတွေ
စိတ်ချမ်းသာခြင်း မရှိတဲ့သူတွေ
အများကြီးပါပဲ ဒီအထဲမှာ
ကျွန်မလဲ အပါအဝင်ပါပဲ...
လူရယ်လို့ဖြစ်လာရင် အပူဆိုတာ
လူတိုင်းနဲ့မကင်းပါဘူး
မိသားစု ၊စီးပွားရေး၊အိမ်ထောင်ရေး
ငွေကြေးပြဿနာ်၊အချစ်ရေး၊လူမှုရေး၊ကျန်းမာရေး
စတဲ့အရာတွေ အားလုံးထဲက
တစ်ခုမဟုတ် တစ်ခုကတော့
လူတိုင်းကြုံတွေ့နေကြရတာပါ...
အဲ့ဒီလိုကြုံတွေ့လာကြတဲ့အခါ
ကိုယ့်ကိုယ်ကိုသော်လည်းကောင်း
သူတစ်ပါးအပေါ်၎င်းစိတ်တွေက
နေရင်းထိုင်ရင်းကို ဒေါသစိတ်အတ္တစိတ်တွေလွှမ်းမိုးလာပါတယ်....
လောကကြီးကိုပဲ အပြစ်ပုံရတော့မလို
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလို
လူတွေအပေါ်ပဲ အပြစ်ပုံချရတော့မလိုနဲ့
သောကအပူတွေ ဝေနေရတတ်ပါတယ်...
ဒီလိုခံစားလာရပြီးဆိုရင်
တချို့က ကိုယ့်ကိုယ်ကို
မဟုတ်တာတွေ လုပ်ဖို့
မပြောသင့်တာတွေပြောဖို့
မကောင်းတဲ့ စိတ်အတွေးက စေခိုင်းလာတတ်ပါတယ်. ...
ဒီပြဿနာတွေရဲ့ အဓိကငြိမ်းချမ်းမှု့ပေးတာက ဗုဒ္ဓမှတစ်ပါးတခြားမရှိပါဘူး
မြန်မာလူမျိုးပီပီ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့ တရားတော်သာ
သင်ခံစားရသမျှ အပူဟူသမျှကို
ငြိမ်းချမ်းစေမှာပါ...
တရားတစ်ပုဒ်ကို
နာကြားရတဲ့ စိတ်နဲ့
မနာကြားရသေးတဲ့စိတ်
ကွဲပြားခြင်းကို သင်သိလာပါလိမ့်မယ်...
ဘဝမှာ လူတိုင်းက
နေပျော်ဖို့ကိုသာ ဦးစားပေးရင်း
နေရမယ့်အချိန်တွေက လျော့မှန်းမသိ
လျော့လာတတ်ပါတယ်....
နေတတ်တဲ့သူက ရောင့်ရဲတင်းတိမ် ကျေနပ်နေရပေမဲ့....
မနေတတ်တဲ့သူက သောကအပူနဲ့
လောင်မြိုက် နေရတာပါပဲ...
ဘယ်အရာမှ မမြဲတဲ့ လောကနိယာမ
သဘောကိုသိရင် လောကြီးမှာ
နေတတ်ရင်တော့ ပျော်စရာတွေ အများကြီးပဲရှိပါတယ်...
စိတ်အားမငယ်နဲ့
စိတ်ဓာတ်မကျနဲ့
အားမလျော့လိုက်ပါနဲ့
တစ်လောကလုံးက သင့်နဲ့ဆိုင်တဲ့
ပြဿနာတွေချည်းပဲမဟုတ်ပါဘူး....
လေးစားစွာဖြင့်
မူရင်းရေးသူ //
MayHsu (ရာမညမြေ)
စာဖတ်ပါ ညီမလေး
ယနေ့ခေတ် လူငယ်များကို စာများများ
ဖတ်စေချင်ပါတယ်
စာဖတ်များတော့ ဗဟုသုတကြွယ်လာမယ်
အတွေးအခေါ် အယူ အဆ လေးတွေ
မြင့်လာမယ်
အဆိုး နဲ့ အကောင်း ခွဲခြားသိမြင်လာမယ်
စိတ်ဓာတ်ခွင့်အားတွေ ဖြစ်လာမယ်
စာပေ၏ အကျိုးကျေးဇူး ဟာ အလွန်အင်မတန်မှ
များပြားလှပေသည်
ဤဆောင်းပါးလေးသည် အမျိုးသမီးလေးများ စာများများ ဖတ်ကြရန် အတွက် အဓိက ရည်ညွှန်းထားပါကြောင်း့့့
သင်ခန်းစာ ပေးသည့်စာများ
အထွေးထွေး ဗဟုသုတစာများ
လေးနက်သည့် ဟာသ စာစုလေးများ စသည်ဖြင့်ပေါ့့့့
စာရေးသူတို့ နိုင်ငံတွင် တောသူတောင်သား အခြေခံ လက်လုပ်လက်စား အခြေအနေများက အတော်များသည်
တစ်ချို့ သေစာရှင်စာ ဖတ်တတ်ရုံမျှ
သို့သော် အားမငယ်ပါနှင့်
ဖတ်နိုင်သလောက် ဖတ်ပါ အရေးကြုံလာသည့်အခါ
သိထားတာလေးဖြင့်လည်း ဝေဖန် ပိုင်းခြား နိုင်တာပေါ့
လက်တွေ့ကျကျ ဆိုရရင်ဖြင့်
စာဖတ်တဲ့မိန်းခလေးက စာမဖတ်သည့်မိန်းခလေးထက်
ခေါင်းတစ်လုံးသာနေလေ့ရှိတတ်ပါတယ်
အပြောအဆို အပြု အမူ အနေအထိုင် အစစအရာရာမှာ
သင့်တင့်မျှတလာလေ့ရှိတယ်
ရင့်ကျက် တည်ငြိမ်တတ်လာမည်
မိမိကိုယ်ကို တန်ဖိုးထားတတ်လာမည်
သွားသင့် မသွားသင့် ယုံသင့် မယုံသင့်
ပြောသင့် မပြောသင့်
ချင့်ချိန်တတ်လာမည်
မိမိ၏ မိန်းခလေးတန်ဖိုးကို ထိန်းသိမ်းတတ်လာမည်
အိနြေ္ဒရှိရှိလေးလှတတ်လာမည်
စီးပွားရေးအတွေးအခေါ်
ဥာဏ်စလေးများ ပွင့်လာမည်
လူမှုရေး အပြောအဆို ဘယ်လိုအခြေအနေနှင့်
ကြုံကြုံ ဆက်ဆံပေါင်းသင်း တတ်လာမည်
မှန်ကန်တဲ့ နည်းလမ်းကို ရဲတင်းစွာ ရွေးချယ်တတ်လာမည်
တစ်ချို့ အရှက်သိက္ခာ နှင့် ဆိုင်သော အခြေအနေတွေဖြင့် ကြုံလာပါက ဖြတ်ထိုးဥာဏ် ရှိလာမည်
မိမိကအရိုင်းပန်းလေးဖြစ်လင့်ကစား
ယဉ်ကျေးစွာ ဝတ်တတ် စားတတ် နေတတ် ထိုင်တတ်လာမည်
မိမိ၏အနေအထိုင်အပြောအဆိုက မိမိကိုယ်ကို တန်ဖိုးချနေတာလား
တန်ဖိုးတတ်စေတာလား သုံးသပ်လာနိုင်မည်
မိမိ၏ တန်ဖိုးကို မိမိကိုယ်တိုင်မြှင့်တင်မှ မြင့်မည် မဟုတ်လား
ဝိသမ လောဘ သားတွေ အလိုတစ်ခုခု အတွက် သိမ်းသွင်း သွေးဆောင် ခြင်းတွေ
စဉ်းစားချင့်ချိန်လာနိုင်မည်
စသည်ဖြင့် စာပေများများ ဖတ်ထားခြင်းကြောင့်
ရရှိနိုင်မည့် အကြိုးကျေးဇူးများ မကုန်ခမ်းနိုင်ချေ
ဒါကြောင့် စပြီးသိသည် ဆိုလည်း ယခု အချိန်က သင့်အတွက် အစောဆုံး အချိန်ဖြစ်၏
အချိန်များကို တန်ဖိုးရှိစွာကုန်စေချင်သည်
အချိန်ရရင် ရသလို ``စာဖတ်ပါ ညီမလေး့့´´
ဝေဆောင်းဦး (တောင်သာ)
ကျေးဇူးတင်တယ်
ကိုယ်အဆင်မပြေတဲ့အချိန် ဝမ်းနည်းရတဲ့အချိန်တွေတိုင်း ကိုယ့်ဘေးနားမှာ စိတ်ရင်းနဲ့ ရှိနေပေးတဲ့သူတွေကို ကိုယ်တကယ်ကျေးဇူးတင်တယ်
ကိုယ်ဖြစ်နေတဲ့ ပြဿနာအားလုံးကို ကိုယ်တိုင်ဝင်ပြီး ဖြေရှင်းပေးတာမျိုးမဟုတ်ရင်တောင် ကိုယ်ရင်ဖွင့်တာ နားထောင်ပြီး အကြံဉာဏ်တွေ ပေးရုံနဲ့ ကိုယ့်အပူတွေ တကယ်သက်သာရပါတယ်
အဆင်မပြေဘူး.. ငါ စိတ်ညစ်နေတယ် ဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် ငါရှိတယ်နော် ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် ကိုယ့်ကို တကယ် နွေးထွေးစေတယ် အားတက်စေတယ်
အဲ့လိုအမြဲရှိနေပေးတဲ့ သူတွေကို ကိုယ်တကယ် ချစ်တယ် တန်ဖိုးလည်းထားတယ် သူက သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်ပါ ကိုယ် တကယ်ကျေးဇူးတင်ပါတယ်
နောက်လည်း အမြဲတမ်း ဘေးနားမှာ ရှိနေပေးစေချင်ပါတယ် ချစ်ရတဲ့ ကိုယ့်ရဲ့ Vitaminလေးတွေရေ..💗
#ThiThi
#အရှေ့အနောက်အသင်းတော်ကြီးနှစ်ခြမ်းကွဲခြင်း ( East-West Schim )
၁၀၅၄ ခုနှစ်မှာ အရှေ့အနောက် အသင်းတော်ကြီးနှစ်ခြမ်းကွဲသွားတော့ ပုပ်ရဟန်းမင်းကြီးနဲ့ တစ် စည်းတစ်လုံးတည်းရှိတဲ့ #အနောက်ဘက်ခြမ်းကိုရောမကက်သလစ်အသင်းတော်( Roman Catholic Church ) #ဟုတရားဝင်ခေါ်ဆိုပြီးပုပ်ရဟန်းမင်းကြီးကိုမနာခံလိုသောသူအရှေ့ပိုင်းဒေသအသင်းတော်တွေကို ( Eastern Churchs) သြသဒေါ့အသင်းတော် ( Orthodox Church ) ဟုခေါ်ပါတယ်။
အရှေ့အနောက်အသင်းတော်တွေဟာ ခေါင်းဆောင်မှုအပေါ် အငြင်းပွားခဲ့ကြပြီး ကွဲပြားသွားပေမယ့် တစ်ခုသိထားစေချင်တာက အရှေ့နဲ့ အနောက်အသင်းတော်တွေဟာ တမန်တော်ကြီးများ တည် ထောင်ခဲ့တဲ့အသင်းတော်တွေပါပဲ။ ဒါကြောင့်မို့ တရားဝင် အသင်းတော်ကြီးများအဖြစ် တစ်ဖက်နှင့်တစ်ဖက် အသိအမှတ် ပြု ဆက်ဆံကြပါတယ်။ (၁၆)ရာစုမှာအသင်းတော်အတွင်း ပြုပြင်ပြောင်းလဲရေး( Reformation ) တွေဖြစ်လာတော့ပုပ်ရဟန်း မင်းကြီးနဲ့ သူ့ကို နာမခံကြ ဆန့်ကျင်သူတွေပေါ်လာပါတော့တယ်။ သူတို့တွေကိုကြတော့ ပရိုတက်စတန် ( Protestants ) တွေလို့ခေါ်ခဲ့ပါတယ်။ Catholic- Protestants ဆိုတဲ့အသုံးအနှုန်းတွေ ပေါ်ပေါက် ခေတ်စားလာပါတော့တယ်။ ဒါပေမယ့် ခုချိန်မှာ Protestant လို့ခေါ်ဝေါ်သုံးစွဲမည့်အစား အသင်းတော်ကညီအစ်ကိုအသင်းတွေများလို့ခေါ်ဖို့ရန်အားပေးပါတယ်။
၁၀၅၄ မှာ ရှေ့ဘက်က အသင်းတော်ကို သြသဒေါ့အသင်းတော် (Orthodox Church ) လို့ခေါ်ပြီးပုပ်ရဟန်းမင်း ကြီးနဲ့ တစ်လုံးတစ်ဝထဲရှိတဲ့ အနောက်ဘက်က အသင်းတော်ကို ရိုမင်ကက်သလစ်အသင်းတော်လို့ခေါ်ကြပါတယ်။
(Schism) ဆိုတာ ခရစ်ယာန်အသင်းတော်ယုံကြည်ချက်များကို လက်ခံသော်လည်း ပုပ်ရဟန်းမင်းကြီးကို မနာခံတဲ့ဝါဒ ဖြစ်ပါတယ်။ ကက်သလစ်တွေနဲ့ သြသဒေါ့တွေဟာ ယုံကြည်ရာအချက်အားလုံးတူညီကြပါတယ်။ ဒါပေမဲ့ သြသဒေါ့အသင်းတော်ဟာ ပုပ်ရဟန်းမင်းကြီးကိုသူ့တို့ရဲ့ ဘာသာရေးခေါင်းဆောင်အဖြစ်အသိမှတ်မပြုကြဘဲ Patriarch (Father) လို့ခေါ်တဲ့ တမန်တော်ကြီးအဆက်အနွယ်ကိုဘဲ ခေါင်းဆောင်အဖြစ် အသိ အမှတ်ပြုကြပါတယ်။
၁၂၇၄ ခုနှစ်မှာ ဒီ အကွဲ အပြဲတွေ ပြန်စေ့စပ်ဖို့ (Second Council of Lyon) နဲ့ ၁၄၃၉ ခုနှစ်မှာ (Council of Florence) တွေမှာ ကြိုးစားခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ပါ။
#Crd! Michael Ling
(ကက်သလစ်သာသနာတော်နှင့် ခရစ်ယာန်ဂိုဏ်းဂဏဋီကာ)
ခရစ်ယာန်
ခရစ်တော် ပေါ်ထွန်းကာလ အေဒီ (၃၅) သို့မဟုတ် အေဒီ(၄၀) ခုနှစ်ခန့်ကတည်းက ခရစ်တော် နောက်လိုက်တွေကို ခရစ်ယာန်လို့ အန္တိအုတ်မြို့မှာ စခေါ်ခဲ့ကြပါတယ် (တမန် ၁၁း၂၆)။ ခရစ်ယာန် ဆိုတာကတော့ နာဇရက်မြို့သား ယေဇူးကို ခရစ်တော်( မေရှိယ သို့မဟုတ် ဆီဖြင့် လိမ်းကျံခံရသူ) အဖြစ်၊ တစ်နည်းအားဖြင့် ကယ်တင်ရှင်ဘုရားအဖြစ် ယုံကြည်သူ လို့ဆိုလိုပါတယ်။
ခရစ်တော်ဆိုတာ ဂရိဘာသာ စကား Christos (ဆီဖြင့် လိမ်းကျံခံရသူ) ဆိုတဲ့ ဝေါဟာရကနေ လာတာပါ။ ခရစ်တော် (Christos ) ဆိုတဲ့ ဝေါဟာရအဓိပ္ပာယ်က ဟီးဘရူး ဘာသာစကား မေရှိယ (Mashiah )
ဆိုတဲ့ ဝေါဟာရနဲ့ အဓိပ္ပာယ် အတူတူပါပဲ။ ဂျူးတွေ စောင့်မျှော်နေတဲ့ လွတ်မြောက်စေမယ့်သူ (သို့) ကယ်တင်ရှင်ကို ဆီဖြင့်ဘိသိတ်ခံရသူလို့လည်း ရည်ညွှန်းထားပါတယ်။ ဒါကြောင့် ခရစ်တော် ဆိုတဲ့ ဆီဖြင့်လိမ်းကျံ ဘိသိတ်ခံရသူကို ကယ်တင်ရှင်အဖြစ် နှင့်လည်း နားလည်ရပါတယ်။ ဓမ္မဟောင်း ကျမ်းစာတော်မြတ်ထဲမှာ ယဇ်ပရောဟိတ် (ရဟန်း)၊ ရှင်ဘုရင် နှင့် ပရောဖက်တွေသာ ဆီဖြင့် လိမ်းကျံ ဘိသိတ်ခံရသူတွေ ဖြစ်ကြပါတယ်။ ယေဇူးဟာ ရဟန်းဂုဏ်အင်၊ ပရောဖက်ဂုဏ်အင်၊ ရှင်ဘုရင် ဂုဏ်အင် သုံးမျိုးလုံးနဲ့ ပြည့်စုံတဲ့ ဆီဖြင့်လိမ်းကျံဘိသိတ် ခံရသူ၊ ကယ်တင်မယ့်အရှင် (Saviour ) သို့မဟုတ် လွတ်မြောက်စေမယ့် ပုဂ္ဂိုလ်တော်မြတ် (Deliverer ) ဖြစ်ပါတယ်။ ဒါကြောင့် ယေဇူးဟာ ခရစ်တော် ဖြစ်တယ်၊ ဆီဖြင့်လိမ်းကျံဘိသိတ်ခံရသူ ဖြစ်တယ်၊ ကယ်တင်ရှင်ဘုရား ဖြစ်တယ်။ ဆိုတော့ ခရစ်ယာန်ဆိုတာ ယေဇူးကို ခရစ်တော်အဖြစ် ယုံကြည်သူ၊ ယေဇူးကို ကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်သူ၊ ထို့ထက်မက ယေဇူးကို ဘုရားအဖြစ် ကိုးကွယ်ဆည်းကပ်သူလို့ ဆိုလိုပါတယ်။
ခရစ်ယာန်တွေဟာ ခရစ်တော်နောက်လိုက်သူတွေ လို့ဆိုပေမယ့်လည်း ဘာကြောင့် ခရစ်တော်ကို ဘုရားသခင်ရဲ့သားတော် ကယ်တင်ရှင် အဖြစ်လက်ခံယုံကြည်ရတယ်၊ ခရစ်တော်ရဲ့ ဟောကြားချက်တွေက ဘာအဓိပ္ပာယ်ကို ဆောင်တယ်၊ ခရစ်တော်ဟာ ဘယ်လိုသော ပုဂ္ဂိုလ်ဖြစ်တယ် စတဲ့ တွေးခေါ်ယူဆချက်၊ အနက်ဖွင့်ချက်၊ ရှင်းလင်းချက် တွေအပေါ်မှာ မူတည်ပြီး ခရစ်ယာန်တွေအကြား အငြင်းပွားကြကာ စိတ်၀မ်းကွဲရာကနေ ခရစ်ယာန်တွေအကြား ဂိုဏ်းဂဏ အသီးသီး ပေါ်ပေါက် လာခဲ့ပါတယ်။
ယခုဆိုလျှင် မရေမတွက်နိုင်တဲ့ ခရစ်ယာန် ဂိုဏ်းဂဏ မြောက်များစွာ ရှိနေပါပြီ။ တချို့သော ဂိုဏ်းဂဏက ဘယ်ဂိုဏ်းဂဏနဲ့ ဆက်နွယ်မှု ရှိတယ် ဆိုတာကို ကွဲကွဲပြားပြား သိနိုင်ပေမယ့် အချို့ကိုကျတော့ အစ ရှာမရဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကက်သလစ်၊ အင်္ဂလီကန်၊ နှစ်ခြင်း စသည်ဖြင့် ပြောလာရင် ခရစ်ယာန်အကြောင်း အပေါ်ယံလောက်သာ သိထားသူတွေအတွက် အမှန်ပဲရှုပ်ထွေးစေပါတယ်။ ဒီရှုပ်ထွေးမှုကို ရှင်းလင်းအောင် အနည်းငယ် ပြောပြလိုပါတယ်။
ခရစ်ယာန်လို့ပြောရင် အဓိက အဖွဲ့ကြီး (၃)ဖွဲ့ကို နားလည်ရမယ်။ အဲဒီအဖွဲ့ (၃)ဖွဲ့ကို သိရင် ဘယ်ဂိုဏ်းဂဏက ဘယ်မှာ ပါတယ် ဆိုတာကို ပိုပြီး ရှင်းရှင်း လင်းလင်း သိလာပါလိမ့်မယ်။ အဲဒီအဖွဲ့ (၃) ဖွဲ့တွေက ကက်သလစ် (Catholic )၊ အော့သော့ဒေါ့
(Orthodox ) နှင့် ပရိုတက်စတန့် (Protestant ) တို့ပဲဖြစ်ပါတယ်။ တကယ်တော့ (၄) ဖွဲ့ပြောလည်း ရပါတယ်။ ဘာဖြစ်ဆို အင်္ဂလီကန် (Anglican)က ကက်သလစ် လည်းမဟုတ် ပရိုတက်စတန့် လည်းမဟုတ် ဖြစ်နေလို့ပါ။ ကက်သလစ်မဟုတ် ဆိုပေမယ့်လည်း ကက်သလစ်နဲ့ အတော့်ကို နီးစပ်ပါတယ်။ ပရိုတက်စတန့် မဟုတ် ဆိုပေမယ့်လည်း ကက်သလစ်ကနေ ခွဲထွက်ခဲ့တယ်။ စာနောက်မှာ အကျယ်ဆက်ပြောပါမယ်။
ကွဲပြားသော ခရစ်ယာန်အဖွဲ့များ
ကက်သလစ်ခရစ်ယာန် လို့ဆိုရင် ယေဘူယျအားဖြင့် ရောမမြို့မှာရုံးစိုက်တဲ့ ရှင်ပေတရု အရိုက်အရာကို ဆက်ခံသူ ပုပ်ရဟန်းမင်းကြီးရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ရိုမန်ကက်သလစ် (Roman Catholic )ကိုဆိုလို ပါတယ်။ ယေဘူယျလို့ ဆိုရတာဟာ ဒီကက်သလစ်ထဲမှာပဲ ရိုမန်ဝိနည်းအတိုင်းမဟုတ်ဘဲ အရှေ့တိုင်းဝိနည်းကို လိုက်တဲ့ ကက်သလစ် အချို့လည်း ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ကက်သလစ် ခရစ်ယာန်ပေါင်း သန်း (၁၂၀၀) ကျော် ရှိပါတယ်။
အော့သော့ဒေါ့ခရစ်ယာန် ထဲမှာ အရှေ့တိုင်း အော့သော့ဒေါ့ခရစ်ယာန် (Eastern Christians) တွေပါမယ်။ (Church of East)လို့ခေါ်တဲ့ နက်စတိုးရီးယန်း (Nestorians) အော့သော့ဒေါ့ ခရစ်ယာန်တွေပါမယ်။
(Oriental Orthodox ) လို့ခေါ်တဲ့ မိုနိုဖီးဆိုက် (Monophysites) အော့သော့ဒေါ့ ခရစ်ယာန် တွေလည်းပါမယ်။ အော့သော့ဒေါ့ အဖွဲ့ထဲမှာ အရှေ့တိုင်းခရစ်ယာန် (Eastern Christians)လို့ ခေါ်တဲ့ အော့သော့ဒေါ့က အများဆုံးဖြစ်ပါတယ်။ အော့သော့ဒေါ့ ခရစ်ယာန် အတော်များများရှိတဲ့ နိုင်ငံအချို့ကို ဖော်ပြရမယ် ဆိုရင် ရပ်ရှား၊ ယူကရိန်း၊ ဘူဂေးရီးယား၊ ဂရိ၊ ဆိုက်ပရပ်၊ ရိုမေးနီးယား စတာတွေဖြစ်ပါတယ်။ အချို့သော အော့သော့ဒေါ့ ခရစ်ယာန်တွေဟာ ကက်သလစ်ခရစ်ယာန်နဲ့ ပြန်လည် ပေါင်းစည်းခဲ့ကြပြီး ဖြစ်ပါတယ်။ အရေအတွက်အားဖြင့် အော့သော့ဒေါ့ခရစ်ယာန်ပေါင်း သန်း (၂၈၀) ခန့်ရှိပါတယ်။
ပရိုတက်စတန့်ခရစ်ယာန်တွေ ထဲမှာတော့ ထောင်သောင်း များစွာသော ဂိုဏ်းဂဏကွဲ (Denominations)တွေ အပြင် ဂိုဏ်းဂဏနှင့် ဆက်နွယ်မှု မရှိတဲ့ ခရစ်ယာန်အဖွဲ့ (Non-denominations, Independent Denominations) တွေလည်း ပါပါတယ်။
အရေအတွက်အားဖြင့် ပရိုတက်စတန့် ခရစ်ယာန်ပေါင်း သန်း (၅၀၀) ခန့်ရှိပါတယ်။
ကက်သလစ်၊ အော့သော့ဒေါ့ နှင့် ပရိုတက်စတန့် ဆိုတဲ့ နာမည်နာမတွေမှာလည်း အဓိပ္ပာယ် ကိုယ်စီ ရှိနေကြပါတယ်။ ကက်သလစ် (Catholic ) ဆိုတာ အားလုံးနှင့်ဆိုင်သော၊ လူခပ်သိမ်းနှင့် ဆိုင်သော (Universal) လို့အဓိပ္ပာယ် ရပါတယ်။ အော့သော့ဒေါ့
(Orthodox )ဆိုတာ မှန်ကန်သော သွန်သင်ချက် (Right Teaching )လို့အဓိပ္ပာယ် ရပါတယ်။ ပရိုတက်စတန့် (Protestant ) ဆိုတာ ကန့်ကွက်ဆန့်ကျင်သူ၊
အတိအကျပြောရလျှင် ကက်သလစ်ကို ဆန့်ကျင်ခြင်း (Protesting) လို့ အဓိပ္ပာယ် ရပါတယ်။
ကက်သလစ် (Catholic )
ခရစ်တော်နောက်လိုက်တွေကို ခရစ်ယာန်လို့ ခေါ်ကြပြီး ခရစ်ယာန်အယူဝါဒကိုတော့ ခရစ်ယာန် ဘာသာလို့ ခေါ်ကြတယ်။ ခရစ်ယာန်အယူဝါဒကို သက်၀င်ယုံကြည်တဲ့၊ ခရစ်ယာန်ဘာသာကို ကိုးကွယ်တဲ့ လူ့အသိုင်းအဝုိင်း၊ လူ့အဖွဲ့အစည်းကိုလည်း ခရစ်ယာန်ဘာသာ သို့မဟုတ် ခရစ်ယာန်သာသနာ လို့ပဲ သာမာန် အားဖြင့် ခေါ်ကြပါတယ်။ ဒါပေမယ့်လို့ ရှေးဦးခရစ်ယာန်တွေရဲ့ ခေတ်ကာလ တုန်းကတော့ ခရစ်တော် နောက်လိုက် တွေကို ခရစ်ယာန်လို့ ခေါ်ပေမယ့်လို့ ခရစ်ယာန် အသိုက်အ၀န်း ကိုကျတော့ ကက်သလစ် ဘာသာ သို့မဟုတ် ကက်သလစ်သာသနာလို့ ခေါ်ကြပါတယ်။ (ကက်သလစ် အသင်းတော် လို့လည်း ပြန်ဆိုကြပါတယ်)။ ခရစ်တော်နောက်လိုက်တွေကို ခရစ်ယာန်လို့ ခေါ်ကြကြောင်း တမန်တော်၀တ္ထုကျမ်း (၁၁း၂၆) မှာ ရေးထားပါတယ်။
(၁)ရာစု အကုန်လောက်မှာ ခရစ်ယာန်တွေဟာ မိမိတို့အသိုက်အ၀န်းကို ကက်သလစ်ဘာသာ (သို့) ကက်သလစ်သာသနာ လို့ခေါ်နေပြီးဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် အေဒီ(၁၀၇) လောက်မှာ အန္တိအုတ်မြို့က ဆရာတော်အီညားဆီဦးဟာ လက်နက်အစောင့်အကြပ်နဲ့ ရောမသို့ ဆောင်ကြဉ်းခံရပြီး အဲဒီမှာပဲ မိမိအယူဝါဒအတွက် ကွပ်မျက်ခံခဲ့ရ ပါတယ်။ ကွပ်မျက်မခံရမီ ဆရာတော်အီညားဆီဦးက စမီးရ်နာ (ယနေ့ တူရကီနိုင်ငံရှိ အီဇမီး မြို့) မှာရှိတဲ့ ခရစ်ယာန်တွေကို စာရေးခဲ့ပါတယ်။ အဲဒီစာထဲမှာ " ဆရာတော် (ဘိရှော့) ရှိတဲ့နေရာမှာ ကက်သလစ်သာသနာတော် ရှိတယ်" လို့ရေးခဲ့ပါတယ် (ညွှန်း- To the Smyrna 8:2)။ အဲဒီအချိန်ကတည်းက ခရစ်ယာန်တွေဟာ အယူဝါဒချင်းတူတဲ့ မိမိတို့ရဲ့ အသိုက်အ၀န်းကို ကက်သလစ် သာသနာလို့ခေါ်ဝေါ် သုံးစွဲနေကြပြီ ဖြစ်ကြောင်း မှတ်သားရပါတယ်။
အေဒီ (၁၅၅)မှာ အခြားဆရာတော်တစ်ပါးဖြစ်တဲ့ ပေါလိကပ်ဟာ မိမိရဲ့
ယုံကြည်သက်၀င်မှုအတွက် ကွပ်မျက်ခံခဲ့ရတယ်။ ကွပ်မျက်ခံရမည့် ဆဲဆဲမှာ ဘယ်သူတွေအတွက် ဆုတောင်းပေးခဲ့တယ် ဆိုတာကို ပြန်ပြောပြခဲ့သူ မျက်မြင်သက်သေက ဒီလိုရေးခဲ့ပါတယ်။ " ဆရာတော် ပေါလိကပ်သည် မိမိတွေ့ဆုံခဲ့ဖူးသူ အလွှာအသီးသီးမှ နာမည်ရှိသူ၊ မရှိသူ လူသားများအားလုံးအတွက် သတိရဆုတောင်း ပေးခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ ရှိသော ကက်သလစ်သာသနာတစ်ခုလုံးအတွက်လည်း ဆုတောင်း ပေးခဲ့သည်။ " ဆရာတော်ပေါလိကပ်ပျံလွန်တဲ့အချိန် သူရဲ့ ခရစ်ယာန်ဘ၀သက်တမ်းဟာ (၈၆)နှစ်ပြည့်ပြီလို့ သမိုင်းကဆိုပါတယ်။ အဲဒါကြောင့် အေဒီ (၇၀)လောက်မှာ ကတည်းက "ကက်သလစ်" ဆိုတဲ့ ဝေါဟာရနဲ့ လူတွေ ရင်းနှီးနေကြပြီး ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
ကက်သလစ်ဆိုတာကတော့ "အားလုံးနှင့်ဆိုင်သော" (သို့) "လူခပ်သိမ်းနှင့် ဆိုင်သော"လို့ အဓိပ္ပာယ်ရ ပါတယ်။ ရှင်အီညားဆီဦးက "ကက်သလစ်"ဆိုတာကို သုံးနှုန်းတဲ့အခါ "ခရစ်တော်နောက် လိုက်သား အားလုံးနှင့်ဆိုင်သော" ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးနှုန်းခဲ့ပါတယ်။ နေရာအနှံ့မှာရှိတဲ့ ခရစ်တော် နောက်လိုက်များ အားလုံးနှင့်ဆိုင်သော သာသနာကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက ဘာသာ၀င်သူ၊ မ၀င်သူတွေ အားလုံးအတွက် ဖြစ်တဲ့ သာသနာ၊ လူသားအားလုံးနှင့် ဆိုင်တဲ့ ခရစ်တော်ရဲ့ အဆုံးအမ အယူဝါဒ လို့လည်း ရည်ညွှန်းခေါ်ဆိုလိုခဲ့တာ ဖြစ်တဲ့အတွက် ကက်သလစ်သာသနာ (လူခပ်သိမ်းနှင့်ဆိုင်သော သာသနာ)လို့ ရည်ညွှန်း သုံးနှုန်းခဲ့ပါတယ်။
ခရစ်ယာန်သာသနာလို့သာ ယနေ့ခေါ်ဝေါ်ကြတဲ့ ကက်သလစ်သာသနာတော်ကို ခရစ်တော် ကိုယ်တော်တိုင် ရှင်ပေတရုလက်ထဲ အပ်ခဲ့တာဖြစ်ပြီး (ညွှန်း- မာတေး ၁၆း၁၈) ရှင်ပေတရုရဲ့ အရိုက်အရာကို ခေတ်အဆက်ဆက် ပုပ်ရဟန်းမင်းကြီးတွေက ဆက်ခံခဲ့တာဖြစ်ပါတယ်။ ရှင်ပေရုလက်ထဲ မိမိရဲ့ သာသနာတော်ကို အပ်နှင်းတဲ့အခါ မိမိရဲ့ သာသနာတော်ကို ဘယ်ငရဲတံခါးတို့မှ မအောင်နိုင်ရဘူး လို့လည်း ခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူ ခဲ့ပါတယ် (ညွှန်း- မာတေး ၁၆း၁၈)။
အေဒီ ( ၃၂၅) ခုနှစ်မှာ သာသနာ့ဖခင်ကြီးတွေ နိုင်ဆီးယာ ဆိုတဲ့ မြို့မှာ ဓမ္မညီလာခံ တစ်ခုကို ကျင်းပခဲ့ပြီး ယနေ့ ခရစ်ယာန်တွေ အားလုံး လက်ခံထားကြတဲ့ ယုံကြည်ရာအချက်တွေ (The Creed) ကို သတ်မှတ် ပြဋ္ဌာန်းကြတဲ့အခါ "ကက်သလစ်သာသနာတော်" ဆိုပြီး ထည့်သွင်းရေးသား ခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ ကက်သလစ်ဘာသာထဲမှာ ဘာဂိုဏ်းဂဏအကွဲမှ မရှိသေးပါဘူး။ (၁၅)ရာစု နောက်ပိုင်းမှသာလျှင် ခွဲထွက် ဂိုဏ်းဂဏတွေက ပင်မကက်သလစ် သာသနာတော် ကိုလည်း ဂိုဏ်းတစ်ခုအဖြစ် တန်ပြန်သတ်မှတ် ခေါ်ဝေါ်လိုတာကြောင့် ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ရောမကို ရှေ့မှာတပ်ပြီး "ရိုမန်ကက်သလစ်"လို့ သုံးနှုန်းလာရာမှ ကက်သလစ်ကို ရိုမန်ကက်သလစ်အဖြစ် သုံးနှုန်း လာခဲ့ကြပါတယ်။
ယခု ခေါ်ဝေါ်နေကြတဲ့ "ခရစ်ယာန်သာသနာ" ဆိုတာက "ကက်သလစ်သာသနာ"ပါပဲ။ ခရစ်တော် နောက်လိုက်တွေကို ခရစ်ယာန်လို့ခေါ်တယ်။ ခရစ်တော်ရဲ့ သာသနာကိုတော့ ကက်သလစ်သာသနာ လို့ ခေါ်ပါတယ်။ ရှေးဦး ခရစ်ယာန်တွေကတည်းက ဒီလိုပဲ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် (၁၅)ရာစုအလွန် ဂိုဏ်းဂဏတွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ ခရစ်ယာန်သာသနာလို့ အသုံးများလာပြီး ကက်သလစ် ကိုလည်း ခရစ်ယာန်သာသနာအောက်ရှိ ဂိုဏ်းတစ်ခုအနေဖြင့် လွဲမှား ယူဆစေလာခဲ့ကြပါတယ်။
အော့သော့ဒေါ့ (Orthodox ) နှင့် ကက်သလစ်
ခရစ်ယာန်အတွင်း မဟာအက်ကွဲကြီးလို့ခေါ်တဲ့ (Great Schism ) ကတော့ (၁၀၅၄ )ခုနှစ်မှာ စခဲ့ပါတယ်။ ဒီမဟာအက်ကွဲကြီး မဖြစ်ပေါ်မီ ဓမ္မတွေးခေါ်မှုဆိုင်ရာ ရပ်တည်ချက်ကွဲပြားမှု တွေအပေါ် အခြေခံပြီး ခရစ်ယာန်တွေ အကြား တင်းမာမှုတွေ ရှိခဲ့ပါတယ်။ တကယ်တော့ ဓမ္မတွေးခေါ်မှုဆိုင်ရာ အနက်ဖွင့်မှု ကွဲလွဲချက်ထက် ဘာသာစကား အခက်ခဲကြောင့် နားလည်မှု လွဲခဲ့ကြတာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာ လာတင်း ဘာသာနဲ့ရေးသား ပြောဆိုကြပြီး အရှေ့တိုင်းမှာတော့ ဂရိဘာသာ စကားနဲ့ ရေးသား ပြောဆိုကြပါတယ်။ ဓမ္မတွေးခေါ်မှုဆိုင်ရာ ရပ်တည်ချက်တွေကို အနက်ဖွင့်ရာမှာ သုံးနှုန်းတဲ့ အသုံးနှုန်းတွေအပေါ် (ဘာသာစကား ကွဲပြားမှုကြောင့်) နားလည်မှု လွဲကြပြီး (၁၀၅၄)ခုနှစ်မှာ အရှေ့တိုင်း အော့သော့ဒေါ့ ခရစ်ယာန် (Eastern Orthodox )ဆိုပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ဦးဆောင်မှု အပြင်ဘက်မှာ သီးခြားခွဲနေခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် အော့သော့ဒေါ့ကတော့ ခွဲထွက်တာမျိုးမဟုတ်ဘဲ ဘာသာစကားအသုံးနှုန်း နားလည်လွဲရာမှ ကက်သလစ်နဲ့ အနေဝေးပြီး စိမ်းသွားတဲ့ သဘောမျိုးပါ။ အဲဒီ အချိန်ကစပြီး ကက်သလစ် ခရစ်ယာန် နှင့် အော့သော့ဒေါ့ ခရစ်ယာန်တို့ ရာစုများစွာ တဖြည်းဖြည်း ဆက်ဆံရေး ကျဲလာခဲ့ကြပါတယ်။ ဒီလို ဆက်ဆံရေးကျဲလာတယ် ဆိုတာကလည်း ဘာသာရေး တွေးခေါ်မှုဆိုင်ရာ နားလည်မှု ကွဲလွဲ စေတဲ့ ဘာသာစကား၊ ပထဝီအနေထား၊ နိုင်ငံရေးအခြေအနေနှင့် ယဉ်ကျေးမှုတွေ ကွဲပြားနေတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယခုအချိန်မှာ ကက်သလစ်နဲ့ အော့သော့ဒေါ့ ခရစ်ယာန် အဖွဲ့နှစ်ခုအကြား ကြီးမားတဲ့ နားလည်မှုတွေ ပြန်လည် ရရှိပြီး ဖြစ်ပါတယ်။
ကက်သလစ်တစ်ဦးအနေနှင့် အော့သော့ဒေါ့ မစ္ဆား၀တ်ပြုခြင်းမှာ ပါ၀င်ပြီး ကိုယ်တော်မြတ်ပင် ပင့်ယူနိုင်သည်အထိ ပြန်လည်ပေါင်းစည်းနေကြပါပြီ။ ထို့အတူ ကက်သလစ်မစ္ဆား ၀တ်ပြုကိုးကွယ်ခြင်းတွင် လည်း အော့သော့ဒေါ့များ ပါ၀င်နိုင်ပြီး ကိုယ်တော်မြတ်ပင် ပင့်ယူ နိုင်ကြပါတယ်။ နှစ်ဖက်စလုံးမှာ စက္ကရာမင်တူး (၇)ပါးလုံး ရှိကြပြီး ၀တ်ပြုကျင်းပပုံနှင့် ဝိနည်းများ ကွဲပြား သော်လည်း နားလည်ယုံကြည်မှုနှင့် အနှစ်သာရမှာ အတူတူပဲဖြစ်ပါတယ်။ အော့သော့ဒေါ့က ကက်သလစ် ပုပ်ရဟန်းမင်းရဲ့ ဦးဆောင်မှု အရိုက်အရာကို အသိအမှတ် မပြုသေးတာကလွဲလို့ ယုံကြည်ချက်အရာ၊ သွန်သင်ချက်အရာ၊ ဓမ္မတွေးခေါ်မှုအရာတွေမှာ တစ်ဖက်နှင့် တစ်ဖက် လက်မခံနိုင်လောက်အောင် ကွဲပြားတာတွေ မရှိပါဘူး။ သွန်သင်ရှင်းလင်းချက် ကွဲပြားမှု ရှိခဲ့တာတွေကလည်း ဘာသာစကား အသုံးနှုန်း ကြောင့်သာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံးရဲ့ သွန်သင်ချက်တွေကတော့ အသုံးအနှုန်းသာ ကွဲလွဲနေပြီး အဓိပ္ပာယ်တွေ ကတော့ အတူတူသာ ဖြစ်ကြောင်း ရှင်းလင်း သဘောတူစာ ထုတ်ပြန်ခဲ့ကြပြီးဖြစ်ပါတယ်။
ပရိုတက်စတန့် (Protestant ) နှင့် ကက်သလစ်
ပရိုတက်စတန့် တွေထဲမှာတော့ ဆိုခဲ့ပြီးတဲ့အတိုင်း ထောင်သောင်း များစွာသော ဂိုဏ်းဂဏများ ပါ၀င်ပါတယ်။ ပရိုတက်စတန့်ဆိုတဲ့ ဂိုဏ်းဂဏကိုအစပျိုးပေးခဲ့တာတော့ ဂျာမန်လူမျိုး မာတင်လူသာ (Martin Luther the Monk)လို့ခေါ်တဲ့ ကက်သလစ်ဘုန်းကြီးလူထွက် ဖြစ်ပါတယ်။ အစပျိုးချိန်က (၁၅၁၇) ခုနှစ် ဖြစ်ပါတယ်။ ယုံကြည်ခြင်း တစ်ခုတည်းကြောင့်သာလျှင် ကယ်တင်ခြင်းရတယ်လို့ မာတင်လူသာက ကြွေးကြော်ခဲ့ပါတယ်။ သူ့ရဲ့သွန်သင်ချက်နှင့် ဘာသာရေး အာဏာပိုင်အချို့တို့ရဲ့ အာဏာအလွဲသုံးစားမှုကို သူရှုပ်ချစိန်ခေါ်ခဲ့တာ တွေကြောင့် ဘာသာရေး အာဏာပိုင်တွေနဲ့ သဘောထား တင်းမာမှုရှိခဲ့ပြီး ဓမ္မတွေးခေါ်မှုဆိုင်ရာ မိမိ ရပ်တည်ချက်ကိုလည်း မစွန့်လွတ်နိုင်တာကြောင့် မာတင်လူသာဟာ ဘုန်းကြီးထွက်ပြီး ကက်သလစ်သီလရှင် ထွက်တစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ မာတင်လူသာ ကိုယ်တိုင်က လူသရန်ခရစ်ယာန်ဂိုဏ်း (Lutheran) ကို တည်ထောင်ရန် မရည်ရွယ်ခဲ့သော်လည်း သူ့ကို အစွဲပြုပြီး သူ့နောက်လိုက်သားတွေကို လူသရန်တွေလို့ ခေါ်စမှတ်ပြုရာမှ (သူ့နောက်လိုက်တွေကလည်း သူတို့ကိုယ်ကိုသူတို့ လူသရန်ဟု သမုတ်ကြရာမှ) လူသရန်ခရစ်ယာန်ဂိုဏ်း ဖြစ်ပေါ်လာခဲ့ပါတယ်။
လူသရန်ပြီးတဲ့နောက် အဲဒီ (၁၆) ရာစုထဲမှာပဲ ကယ်လ်ဗင်နစ် (Calvinists )၊ အာနာဘတ်ပတစ် (Anabaptists )၊ ယူနီတားရီယန်း (Un itarians ) စတာတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ၁၇၊ ၁၈ ရာစုတွေထဲမှာဆိုရင် နှစ်ခြင်းအသင်းတော် လို့ခေါ်တဲ့ ဘတ်ပတစ် (Baptist )၊ မက်သဒစ်(Methodist)အပြင် များစွားသော အခြားခရစ်ယာန်ဂိုဏ်းတွေ ပေါ်ပေါက်ခဲ့ပြီး၊ ၁၉၊ ၂၀ ရာစုတွေဖက်မှာဆိုရင် စနေဥပုသ်နေ့အသင်းတော် လို့ခေါ်တဲ့ (Seventh-Day Adventists )၊ ယေဟောဝါ သက်သေခံ (Jehovah’s Witnesses )၊ မော်မွန် (Mormons) စတာတွေနှင့် များစွာသော အခြားခရစ်ယာန်ဂိုဏ်းတွေ တစ်ခုပြီးတစ်ခု ထပ်ထပ်ပြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ပရိုတက်စတန့် ဂိုဏ်းကြီးတွေနဲ့ ဆက်နွယ်ပြီးသော်လည်းကောင်း၊ ဆက်နွယ်မှု မရှိဘဲ သီးသန့် တည်ထောင်ခြင်းဖြင့် သော်လည်ကောင်း ပရိုတက်စတန့် ဂိုဏ်းတွေ ဆင့်ကဲဆင့်ကဲ ခွဲထွက် ပေါ်ပေါက် သို့မဟုတ် သီးသန့်တည်ထောင် လာခဲ့ကြရာမှာ ယခုဆိုလျှင် ပရိုတက်စတန့် ခရစ်ယာန်ဂိုဏ်းတွေ ထောင်သောင်းမကသော အရေအတွက်နှင့်ပင် ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာပင်လျှင် များစွာသော ပရိုတက်စတန့်ဂိုဏ်းဂဏကွဲတွေ ရှိနေကြပါတယ်။
ကက်သလစ်ခရစ်ယာန်နှင့် ပရိုတက်စတန့်ခရစ်ယာန်များရဲ့ ကျမ်းစာအနက်ဖွင့်ချက်များ၊ ဓမ္မဆိုင်ရာ တွေးခေါ်မှုများ၊ ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်များ၊ ၀တ်ပြုခြင်းဆိုင်ရာ ဝိနည်းများနှင့် စက္ကရာမင်တူး ဆိုင်ရာ ယုံကြည်ရာအချက်များမှာ သိသိသာသာ ကွဲလွဲမှုများ ရှိနေပါတယ်။ အချို့သော ပရိုတက်စတန့် ခရစ်ယာန်များဟာ ကက်သလစ်ခရစ်ယာန်ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ကြပြီး ယေဇူးခရစ်တော်ရဲ့ မယ်တော် မာရိယာကို သဒ္ဓါကြည်ညိုမှု၊ ဘုရားဆင်းတုတော်နှင့် ပုံတော်များကို အသုံးပြုမှုမှစ၍ ဘုန်းတော်ကြီး၊ ဆရာတော်ကြီးများရဲ့ အဆောင်အယောင်နှင့် ပုပ်ရဟန်းမင်းရဲ့ အရိုက်အရာ...အခွင့်အာဏာအဆုံး စတာတွေနဲ့ စပ်လျဉ်းပြီး အစဉ်တစိုက် ဝေဖန်ရုံမက ပုတ်ခတ်လျက်ပင် ရှိကြပေမယ့် ယခုအခါ
ပရိုတက်စတန့်အသိုင်းအဝိုင်း အချို့မှာပင် ဗာတီကန်ကဲ့သို့သော ဦးစီးစနစ်ဖြင့် သွားလိုသော ဌာနချုပ်များကို သော်လည်းကောင်း၊ ရုပ်တုမပါသော ကားတိုင်တော်ကိုလည်းကောင်း၊ ရှေ့တည့်တည့် မျက်နှာမမူသော ယေဇူးခရစ်တော်၏ ပုံတော်ကို သော်လည်းကောင်း၊ ကက်သလစ်ဘုန်းတော်ကြီးများ အချိန်အခါလိုက် ၀တ်ဆင်ရသည့် သင်္ကန်းဖြူ၊ လည်ဆွဲ၊ ကော်လာဖြူ စတဲ့ ဆင်ယင်မှုများအပြင် မစ္ဆား၀တ်ပြုရာတွင် အသုံးပြုသည့် ကိုယ်တော်မြတ်မုန့်တော်၊ ကားတိုင်တော် စတာတွေကိုလည်း မသိမသာ အတုယူ အသုံးပြုလာနေတာကို တွေ့ရပါတယ်။ သို့ပေမယ့်လည်း ကက်သလစ်နှင့် ပရိုတက်စတန့်တွေကို အလွယ်တကူ ခွဲခြားနိုင်သေး တာကတော့ ကက်သလစ်မှာ ပုပ်ရဟန်းမင်းကြီးဆိုတာ ရှိတယ်။ ကက်သလစ်မှာ အိမ်ထောင်မပြုရတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေဆိုတာ ရှိတယ်။ ကက်သလစ်နေအိမ်တွေမှာ ဘုရားစင်တွေရှိတယ်၊ ဘုရား ဆင်းတုတော်၊ ပုံတော်တွေထားတယ်။ မင်္ဂလာရေ (သန့်ရှင်းတဲ့ရေ၊ မေတ္တာရေ)လို့ခေါ်တဲ့ ပရိတ်ရေတွေဆောင်တယ်။ ကက်သလစ်တွေက ပုတီးလည်းစိပ်ကြတယ်။ ဒါတွေအားလုံးကို ပရိုတက်စတန့်တွေမှာတော့ တွေ့ရမှာ မဟုတ်ပါဘူး။ တစ်ဦးဦးက "သင်ကယ်တင်ခြင်းရပြီလား" လို့ဆိုပြီး ယေရှု(ယေဇူး)အကြောင်း ပြောလာမယ် ဆိုရင်တော့ ဒါဟာ ပရိုတက်စတန့်ခရစ်ယာန်ဆိုတာ သင်တတ်အပ်ပြောနိုင်ပါတယ်။
အင်္ဂလီကန် (Anglican )နှင့် ကက်သလစ်
အင်္ဂလီကန် ခရစ်ယာန်ကို အင်္ဂလန်ဘုရင် ဟင်နရီ(၈)က (၁၅၃၄)ခုနှစ်မှာ အစပျိုးပေးခဲ့ပါတယ်။ အင်္ဂလန်ဘုရင် ဟင်နရီ (၈)ဟာ သားရတနာ မထွန်းကားတာကြောင့် ဘုရင်မကက်သရင်းကို ကွာရှင်းပြီး နောက်အိမ်ထောင်ပြုဖို့ ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းထံ ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘုရားပညတ်တော်ကို လွန်ဆန်ပြီး လင်မယားကွာရှင်းပေးရန် မဖြစ်နိုင်တာကြောင့် ထိုခွင့်ပန်ချက်ကို ပုပ်ရဟန်းမင်းမှ ငြင်းပယ်ခဲ့ပါတယ်။ အချိန်အတော်ကြာ စောင့်ဆိုင်း အသနားခံပေမယ့်လည်း ပုပ်ရဟန်းမင်းထံမှ အခွင့်မရတာကြောင့် ဘုရင်ဟင်နရီ (၈)ဟာ မိမိကိုယ်ကို မိမိရဲ့အင်္ဂလန်နိုင်ငံတွင်းမှာ ရှိတဲ့ ကက်သလစ် ဘာသာ၀င် များအားလုံးရဲ့ သာသနာရေးအာဏာပိုင် အထွတ်အခေါင် အဖြစ် ကြေငြာပြီး အင်္ဂလီကန် ခရစ်ယာန်ကို ကက်သလစ်ကနေ ခွဲထုတ် တည်ထောင်လိုက်ပါတယ်။ အဲဒီနောက်မှာ ဟင်နရီဘုရင်ဟာ အန်ဘိုလင်း (Anne Boleyn) နှင့်လက်ဆက်ခဲ့ပြီး နောက်ထပ် အမျိုးသမီး လေးယောက်နှင့်လည်း အိမ်ထောင်ပြု ခဲ့ပါသေးတယ်။ ကက်သလစ်နှင့် ပုပ်ရဟန်းမင်းအပေါ် သစ္စာရှိကြတဲ့ အင်္ဂလန်နိုင်ငံအတွင်းက ဘုန်းတော်ကြီး များနှင့် ဆရာတော်တွေဟာ ညှဉ်းပမ်းနှိပ်စက် အသတ်ဖြတ်ခံကြရပြီး၊ အချို့မှာ အခြားသော တိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
အင်္ဂလီကန်နှင့် ကက်သလစ်အကြား အက်ကွဲမှု ဖြစ်ခဲ့ရတာကတော့ ဘုရင်ကနေပြီး ပုပ်ရဟန်းမင်းကြီး ရဲ့ အာဏာကို ဖက်ပြိုင်လိုမှုကြောင့်လို့ပဲ ဆိုရပါမယ်။ အခြားသော ပရိုတက်စတန့်များလို ဓမ္မတွေးခေါ်မှုဆိုင်ရာ အနက်ဖွင့်ဆိုချက်နှင့် ယုံကြည်ချက် ကွဲပြားနေလို့မို့ မဟုတ်တာကြောင့် ပုပ်ရဟန်းမင်းရဲ့ ဦးဆောင်မှုအာဏာကို အသိအမှတ်မပြုတာက လွဲရင် အင်္ဂလီကန်နှင့် ကက်သလစ်ဟာ အတော့်ကိုနီးစပ်မှု ရှိကြပါတယ်။ အင်္ဂလီကန် အထဲမှာလည်း (၁၉၇၇) ခုနှစ်ကစပြီး အမျိုးသမီးများကို ဘုန်းတော်ကြီး ဖြစ်ခွင့်ပေးမှု အပေါ် သဘောထား ကွဲလွဲကြပြီး အဖွဲ့လိုက် ခွဲထွက်မှုတွေ ရှိခဲ့ပါတယ်။ မူရင်း အင်္ဂလီကန်ယုံကြည်မှု ထုံးတမ်းကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်တဲ့ ဘာသာ၀င်တွေကတော့ မိမိတို့ကိုယ်ကို အင်္ဂလီကန်ကက်သလစ်လို့ ခံယူလိုက် ပါတယ်။ ယခုအချိန်မှာလည်း ထိုမူရင်းအင်္ဂလီကန် ဘုန်းတော်ကြီး၊ ဆရာတော်ကြီးများနှင့် ဘာသာ၀င် အတော် များများဟာ ပုပ်ရဟန်းမင်းရဲ့ ဦးဆောင်မှုအာဏာကို ပြန်လည် အသိအမှတ်ပြုပြီး ကက်သလစ်နှင့် ပြန်လည် ပေါင်းစည်းကြပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၊ ၄ နှစ်အတွင်းကပင် အမေရိကန်နိုင်ငံမှာရှိတဲ့ အင်္ဂလီကန် ခရစ်ယာန်များဟာ (Parish) လို့ခေါ်တဲ့ သာသနာတိုက်နယ်စုအလိုက် တိုက်နယ်စုပေါင်း ရာနှင့်ချီပြီး ကက်သလစ်နဲ့ ပြန်ပေါင်းစည်းခဲ့ကြပါတယ်။ ဒီလိုပြန်ပေါင်းစည်းလာမှုကို ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၆)မှ ကြိုဆိုခဲ့ပြီး အင်္ဂလီကန်ဘုန်းတော်ကြီးများနှင့် ဆရာတော်ကြီးများကို ကက်သလစ်ဘုန်းတော်ကြီးများနှင့် ဆရာတော်ကြီးများရဲ့ သိက္ခာအဆင့်အတိုင်း ပြန်လည် ခန့်အပ်ပေးခဲ့ပါတယ်။ ပြန်လည်ပေါင်းစည်းလာသူ အိမ်ထောင်သည် အင်္ဂလီကန်ဘုန်းတော်ကြီးများကိုလည်း ကက်သလစ်ဘုန်းတော်ကြီးများအဖြစ် အသိအမှတ် ပြုပြီး မိမိတို့ရဲ့ အိမ်ထောင်နဲ့အတူ ဆက်လက် နေထိုင်ခွင့် ပေးခဲ့ပါတယ်။
၀တ်ပြုကိုးကွယ်ခြင်းများကိုလည်း မိမိတို့ရဲ့ ဓလေ့ထုံးတမ်း အတိုင်း (မိမိတို့ရဲ့ ၀တ်ပြုနည်း ၀တ်ပြုပုံအတိုင်း)ဆက်လက် ၀တ်ပြုစေခဲ့ပါတယ်။
နိဂုံး
အစကိုပြန်ကောက်ပြီး ချုံးရမယ်ဆိုရင်တော့ ယနေ့လူတွေ နှုတ်ကျိုးနေပြီ ဖြစ်တဲ့ "ခရစ်ယာန်သာသနာ" သို့မဟုတ် "ခရစ်ယာန်ဘာသာ"ဟာ အမှန်မှာတော့ "ကက်သလစ်သာသနာ" သို့မဟုတ် "ကက်သလစ် ဘာသာ" ပဲ ဖြစ်ပါတယ်။ ခရစ်တော်နောက်လိုက်တွေကို ခရစ်ယာန်လို့ခေါ်ပြီး ခရစ်တော်ရဲ့သာသနာ ကိုတော့ ကက်သလစ်သာသနာ (လူခပ်သိမ်းနှင့်ဆိုင်သော သာသနာ) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ရိုးရိုးပြောရရင်တော့ ကက်သလစ် ဘာသာ၀င်တွေကို ခရစ်ယာန်လို့ခေါ်ခဲ့ကြပါတယ်။
အော့သော့ဒေါ့ ခရစ်ယာန်တွေဟာ ဘာသာစကား အသုံးအနှုန်းကြောင့် ကက်သလစ်နဲ့ နားလည်မှုလွဲခဲ့ကြပြီး (၁၀၅၄)မှစပြီး အနေစိမ်းခဲ့ကြပေမယ့် ယနေ့ချိန်မှာတော့ အချင်းချင်းနားလည်မှုယူကာ ပြန်လည်စည်းလုံး လာကြပြီဖြစ်တယ်။ အင်္ဂလီကန်ဟာ ဘုရင်တစ်ပါးရဲ့ အာဏာဖက်ပြိုင် လိုမှုကြောင့် (၁၅၃၄)ခုနှစ်မှာ ကက်သလစ်ကနေ ခွဲထွက်ခဲ့တာဖြစ်သော်လည်း ယနေ့အချိန်မှာတော့ ဓမ္မတွေးခေါ်မှု ဆိုင်ရာမှာသာမက အုပ်ချုပ် ဖွဲ့စည်းမှုအတွင်းထိပင်လျှင် အတိုင်းတာတစ်ခုထိ ပြန်လည်ပေါင်းစည်းကြပြီဖြစ်တယ်။ ပရိုတက်စတန့်ခရစ်ယာန်တွေ ကတော့ ကက်သလစ်ဘုန်းကြီးလူထွက် မာတင်လူသာမှ အစပြုပြီး(၁၅)ရာစုနောက်ပိုင်းမှသာ ကက်သလစ်ကနေ ခွဲထွက်ခဲ့ကြတာ ဖြစ်ပြီး ပရိုတက်စတန့် ဂိုဏ်းကြီး တွေမှတဆင့် အယူအဆအမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးနှင့်
ဂိုဏ်းဂဏငယ်ပေါင်းမြောက်များစွာ ဆင့်ကဲ ပေါ်ပေါက်လာခဲ့ပါတယ်။ ယနေ့ ရင်းနှီးနေကြတဲ့ နှစ်ခြင်းအသင်းတော် လို့ခေါ်တဲ့ ဘတ်ပတစ် (Baptist )၊ မက်သဒစ်( Methodist )၊
စနေဥပုသ်နေ့ အသင်းတော်လို့ခေါ်တဲ့ (Seventh-Day Adventists )၊ ယေဟောဝါ သက်သေခံ (Jehovah’s Witnesses )၊ မော်မွန် (Mormons) စတာတွေဟာ ပရိုတက်စတန့်ဂိုဏ်းကွဲတွေ ဖြစ်ကြပါတယ်။
ခရစ်ယာန်တွေအကြား ဂိုဏ်းဂဏကွဲတွေ ရှိနေပြီး ဘာသာခေါင်းစဉ်တစ်ခုရဲ့ တစ်မိုးတည်းအောက် မရှိကြပေမယ့်လို့ အသိအမြင်တိုးတက်ပြီး လူသားဝါဒကို တန်ဖိုးထားတဲ့ ယနေ့ခေတ်မှာတော့ အားလုံးနီးပါးသော ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့ ညီအစ်ကိုမောင်နှမတွေရယ်လို့ အချင်းချင်း လက်ခံထားကြပြီး မေတ္တာကရုဏာလုပ်ငန်းတွေမှာ နိုင်ငံတကာအဆင့် သော်လည်းကောင်း၊ နိုင်ငံအဆင့် သော်လည်းကောင်း၊
ပြည်နယ်မှသည် ရပ်ကွက်အဆင့်သော်လည်းကောင်း ပူးပေါင်း လက်တွဲလျက် မိမိတို့
တတ်နိုင်သလောက် ခရစ်တော်ရဲ့တရားတော်ကို စွမ်းစွမ်းတမံ သက်သေခံနေကြတာကို တွေ့ရတာဟာ အင်မတန် အားရ ကြည်နူးစရာကောင်းလှပါတယ်။
ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါစေသော်။
.
Fr.သက်ထွေးအောင်
Subscribe to:
Posts (Atom)