ဘဝမှာ
နေပျော်ဖို့ထက် နေတတ်အောင်
နေဖို့ ကပိုအရေးကြီးပါတယ်....
ပြည့်စုံခြင်း ဆိုတာမရှိတဲ့
လောက လူ့ဘောင်ထဲမှာ
နေမပျော်တဲ့ လူတွေ
စိတ်ချမ်းသာခြင်း မရှိတဲ့သူတွေ
အများကြီးပါပဲ ဒီအထဲမှာ
ကျွန်မလဲ အပါအဝင်ပါပဲ...
လူရယ်လို့ဖြစ်လာရင် အပူဆိုတာ
လူတိုင်းနဲ့မကင်းပါဘူး
မိသားစု ၊စီးပွားရေး၊အိမ်ထောင်ရေး
ငွေကြေးပြဿနာ်၊အချစ်ရေး၊လူမှုရေး၊ကျန်းမာရေး
စတဲ့အရာတွေ အားလုံးထဲက
တစ်ခုမဟုတ် တစ်ခုကတော့
လူတိုင်းကြုံတွေ့နေကြရတာပါ...
အဲ့ဒီလိုကြုံတွေ့လာကြတဲ့အခါ
ကိုယ့်ကိုယ်ကိုသော်လည်းကောင်း
သူတစ်ပါးအပေါ်၎င်းစိတ်တွေက
နေရင်းထိုင်ရင်းကို ဒေါသစိတ်အတ္တစိတ်တွေလွှမ်းမိုးလာပါတယ်....
လောကကြီးကိုပဲ အပြစ်ပုံရတော့မလို
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလို
လူတွေအပေါ်ပဲ အပြစ်ပုံချရတော့မလိုနဲ့
သောကအပူတွေ ဝေနေရတတ်ပါတယ်...
ဒီလိုခံစားလာရပြီးဆိုရင်
တချို့က ကိုယ့်ကိုယ်ကို
မဟုတ်တာတွေ လုပ်ဖို့
မပြောသင့်တာတွေပြောဖို့
မကောင်းတဲ့ စိတ်အတွေးက စေခိုင်းလာတတ်ပါတယ်. ...
ဒီပြဿနာတွေရဲ့ အဓိကငြိမ်းချမ်းမှု့ပေးတာက ဗုဒ္ဓမှတစ်ပါးတခြားမရှိပါဘူး
မြန်မာလူမျိုးပီပီ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဖြစ်တဲ့ တရားတော်သာ
သင်ခံစားရသမျှ အပူဟူသမျှကို
ငြိမ်းချမ်းစေမှာပါ...
တရားတစ်ပုဒ်ကို
နာကြားရတဲ့ စိတ်နဲ့
မနာကြားရသေးတဲ့စိတ်
ကွဲပြားခြင်းကို သင်သိလာပါလိမ့်မယ်...
ဘဝမှာ လူတိုင်းက
နေပျော်ဖို့ကိုသာ ဦးစားပေးရင်း
နေရမယ့်အချိန်တွေက လျော့မှန်းမသိ
လျော့လာတတ်ပါတယ်....
နေတတ်တဲ့သူက ရောင့်ရဲတင်းတိမ် ကျေနပ်နေရပေမဲ့....
မနေတတ်တဲ့သူက သောကအပူနဲ့
လောင်မြိုက် နေရတာပါပဲ...
ဘယ်အရာမှ မမြဲတဲ့ လောကနိယာမ
သဘောကိုသိရင် လောကြီးမှာ
နေတတ်ရင်တော့ ပျော်စရာတွေ အများကြီးပဲရှိပါတယ်...
စိတ်အားမငယ်နဲ့
စိတ်ဓာတ်မကျနဲ့
အားမလျော့လိုက်ပါနဲ့
တစ်လောကလုံးက သင့်နဲ့ဆိုင်တဲ့
ပြဿနာတွေချည်းပဲမဟုတ်ပါဘူး....
လေးစားစွာဖြင့်
မူရင်းရေးသူ //
MayHsu (ရာမညမြေ)
No comments:
Post a Comment