အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, November 26, 2020

#ဗာတီကန်နိုင်ငံ၏စစ်သည်တော်(သို့မဟုတ်)ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်တပ်သားများ အကြောင်း တစေ့တစောင်း++++



ဗာတီကန်နိုင်ငံဆိုသည်မှာ ပုပ်ရဟန်းမင်းကြီးစံမြန်းရာ နန်းတော် တည်ရှိသော နိုင်ငံဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည်ထိုနိုင်ငံ၏ နိုင်ငံ ခေါင်းဆောင် ဖြစ်သည်။ ဗာတီကန်နိုင်ငံသည်အီတလီနိုင်ငံရောမမြို့ ထဲတွင် တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် ထိုနိုင်ငံကို အုပ်ချုပ်သော ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာတစ်ဝှမ်းလုံးရှိကက်သလစ်အသင်းသားသန်းပေါင်းတစ်ထောင့်နှစ်ရာငါးဆယ်(၁.၂၅ဘီလျံ)ကိုဦးဆောင်ရသောအသင်းတော်ကြီး၏ဦးသျှောင်ဖြစ်သည်။ ထိုဗာတီကန်နိုင်ငံတော်ကြီးကို အီတလီ အစိုးရကဝိုင်း၀န်းကူညီစောင့်ကြပ်ပေးကြသည်။သို့သော်ပုပ်ရဟန်းမင်းကြီး နှင့် သူ၏ နန်းတော်အတွက် အထူး စောင့်ကြပ်ပေးရသော သက်တောင့်စောင့်တပ်သားများလည်းရှိသည်။ခေတ်အဆက်ဆက်ပြောင်းလဲလာသည်နှင့်အမျှပုပ်ရဟန်းမင်းများ၌နာမည်အမျိုးမျိုးဖြင့်စစ်သူရဲများရှိခဲ့သည်။ထိုစစ်သူရဲများမှာ-

(၁)ပုပ်ရဟန်းမင်းကြီး၏ (ကိုဆီးကာ)သက်တော်စောင့်၊ 
(Corsican Guard)။
ကိုဆီးကာသည်အီတလီနိုင်ငံရှိကျွန်းတစ်ကျွန်း၏အမည်ဖြစ်သည်။ ကိုးဆီးကာတပ်သည်ထိုကျွန်းပေါ်ရှိလူမျိုးများ၏အမည်ဖြစ်သည်။ပုပ်ရဟန်းမင်းကြီးအတွက်ရောမားမြို့၌(၁၆၀၃)မှ(၁၆၆၂)အထိအမှုတော်ထမ်း ခဲ့သည်။

(၂)ပုပ်ရဟန်းမင်းကြီးအတွက်ပြင်သစ်သက်တော်စောင့်။(Papal Zouaves)ထိုတပ်ဖွဲ့ကို ၁၈၇၀ တွင်ဖျက်သိမ်းခဲ့သည်။

(၃)မြင့်မြတ်သောပုပ်ရဟန်းမင်းကြီး၏မြင်းတပ်သား (Noble Guard, the horse guard)။ ထိုတပ်ဖွဲ့ကို ၁၈၀၁ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး  ၁၉၇၀ တွင် ဖျက်သိမ်းခဲ့သည်။

(၄)ပုပ်ရဟန်းမင်းကြီး၏နန်တော်စောင့်တပ်သား (Palatine Guard,the papal militia)။ ထိုတပ်ဖွဲ့ကို ၁၈၅၀တွင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ တွင်ဖျက်သိမ်းခဲ့သည်။

(၅)ပုပ်ရဟန်းမင်းကြီး၏ပြင်သစ်ရဲတပ်ဖွဲ့။(Papal Gendarmeric Corps)။ ထိုတပ်ဖွဲ့သည် ၁၉၇၀ တွင် ဗာတီကန်နိုင်ငံ၏ ရဲတပ်ဖွဲ့အမည်ဖြင့်ပြန်လည်ဖွဲ့ စည်းခဲ့သည်။

(၆)ဆွစ်ဇလန်သက်တော်စောင့်တပ်သားပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့် တပ်သား( Swiss Guard) ထိုတပ်ဖွဲ့သည်၁၅၀၆ မှ ယနေ့တိုင်ပုပ်ရဟန်းမင်းကြီးထံတော်ပါးတွင်အမှုထမ်းနေသောသက်တော်စောင့် တပ်သားများ ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့ပုပ်ရဟန်းမင်းကြီး နန်းတော်တွင် မြင်တွေ့နေရသော ရှေးခေတ်၀တ်စုံနှင့်တပ်သားများသည် ဆွစ်သက်တော်စောင့်တပ်သားများ ဖြစ်သည်။ သူတို့၏အဓိကလုပ်ငန်းမှာ ပုပ်ရဟန်းမင်းကြီးနှင့် သူ၏နန်းတော် ရင်ပြင်များကိုအထူးစောင့်ကြပ်ပေးရသည်။ထို့ပြင်အီတလီရဲ များနှင့်ပူးပေါင်း၍ဗာတီကန်နိုင်ငံအတွင်းသို့၀င်လာသော ဧည့်သည်များကိုလည်းစောင့်ကြည့် ပေးရသည်။ ပုပ်ရဟန်းမင်းကြီးလစ်လပ်နေချိန်မှာမူ သူတို့သည် ရဟန်းအမတ်များ(ကာဒီနယ်) များကို ပုပ်ရဟန်းမင်းကြီး အကောင်းဆုံး ရွေးချယ် နိုင်ရန် လုံခြုံရေး ပေးရသည်။

ပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့်တပ်ဖွဲ့နှင်စပ်လျှင်း၍သမိုင်း ကြောင်းကို အနည်းငယ်ရှင်းပြရသော် (၁၃)ရာစုနှင့်(၁၄)ရာစုများတွင် ဆွစ်နိုင်ငံသည် အလွန်ဆင်းရဲသောနိုင်ငံဖြစ်သည်။စစ်မက်ရေးရာတွင် လည်းအလွန် ကျွမ်းကျင် ၍ထိုစစ်မှုထမ်းအလုပ်မှတစ်ပါး အခြားအလုပ် မရှိသောကြောင့် နိုင်ငံ အသီးသီးသို့ ကြေးစား စစ်သည်တော်များ အဖြစ် သွားရောက်အမှုထမ်းကြသည်။ သူတို့ နိုင်ငံ တွင်လည်းထိုစစ်သည်များကို အခြားနိုင်ငံများသို့စေလွတ် အမှုထမ်းနိုင်ရန်အတွက် အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ထားကြသည်။ ထိုကြေးစားစစ်သားများကို ခေါ်ယူ အသုံးပြု လိုပါက စာချုပ်နှင့်တကွ ခေါ်ယူ၍ ငွေကြေးအမြောက်အများ ပေးရသည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက်စိစတု(Pope Sixtus IV)သည်လည်း အနာဂါတ်တွင် ပုပ်ရဟန်းမင်းများ အတွက်လိုအပ်လာပါက ကူညီရန် ထိုဆွစ် ကြေးစား အဖွဲများနှင့်ပထမဦးစွာ ၁၄၉၇ခုနှစ်တွင် မဟာမိတ်ဖွဲ့ ခဲ့သည်။ထို့နောက် သူတို့အတွက် စစ်တန်းလျားတစ်ခုကိုလည်း ဗာတီကန်နိုင်ငံရှိ ဘုရားဖူးများ တည်းခိုရာ စိန်ပီလီဂရီအာနို ဘုရားကျောင်းငယ် အနီးတွင် တည်ဆောက်ပေး ခဲ့သည်။ ထိုစစ်တန်းလျားသည်ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ ထိုသဘောတူ စာချုပ် ကို ပုပ်ရဟန်းမင်းကြီးသတ္တမမြောက် အင်နိုးဆင်း(Pope Innocent VII) ကလည်း မီလန်မြို့စား၏ရန်မှ ကာကွယ်ရန်အတွက် ထပ်မံချုပ်ဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက် အလင်ဇန်းဒါး (Pope Alexander IV) လက်ထက်တွင်လည်း ထိုစာချုပ် ကိုထပ်မံချုပ်ဆိုခဲ့ပြန်သည်။ဆွစ်သက်တော်စောင့် တပ်သားများကို တရား၀င်ပုပ်ရဟန်းမင်းကြီး ၏ သက်တော်စောင့်အဖြစ်စတင်အမှုထမ်း သည့်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျူလီယက်(Pope Julius II) လက်ထက် တွင်ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့ကို ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျူလီယက် က ၁၅၀၆ ခုနှစ် ဇန်နဝါရီလ၂၂ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်တွင် တပ်သားဦးရေမှာ ၁၅၀ဦးရှိသည်။ ထိုကြောင့်ယခုအချိန်တွင် သူတို့သည် ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်အဖြစ် နှစ်ပေါင်း ၅၀၀ ကျော် အမှုထမ်းခဲ့ပြီးဖြစ်သည်။ ၂၀၀၆ခုနှစ်တွင်လည်းဂျူဗလီနှစ် ၅၀၀ ပြည့်ပွဲကို ကျင်းပပြီး စီးခဲ့ပြီးဖြစ်သည်။ထိုတပ်ဖွဲ့သို့၀င်ရောက်အမှုထမ်းလိုသောသူများမှာအောက်ပါ အရည် အချင်းနှင့်ပြည့်စုံသူဖြစ်ရမည်။

(၁)ဆွစ်ဇလန်နိုင်ငံသားဖြစ်ရမည်။
(၂)ကက်သလစ်ဘာသာ၀င်တစ်ယောက်ဖြစ်ရမည်။
(၃)လက်မထပ်ရသေးသောယောက်ျားလေးဖြစ်ရမည်။
(၄)အသက်၁၉နှင့်၃၀ကြားရှိသူဖြစ်ရမည်။
(၅)ဆွစ်ဇလန်နိုင်ငံတွင်စစ်ရေးနှင့်ပတ်သက်သောအခြေခံသင်တန်းအောင် မြင်ထားသူဖြစ်ပြီး၊ နာမည်ကောင်းဖြင့်လက်မှတ်ရထားသူဖြစ်ရမည်။
(၆)အရပ်အမြင့်ပေ ၅ပေ၉လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
(၇)အထက်တန်းကျောင်းများမှဘွဲ့တစ်ခုခုသို့မဟုတ်ဒီပလိုမာဘွဲ့ လက်မှတ် တစ်ခုခု ကိုကိုင်ဆောင်ထားသူဖြစ်ရမည်။
(၈)လိုအပ်လာပါကပုပ်ရဟန်းမင်းကြီးအတွက်အချိန်မရွေးအသက်ကို ပေးဝံ့သူဖြစ် ရမည်။
 မေလ ၆ ရက်နေ့သည်ထိုတပ်သားများအားလုံး ကတိသစ္စာကျိန် ဆိုရသော နေ့ဖြစ်သည်။ သူတို့အားလုံးနီးပါးသည် ဂျာမန်ဘာသာစကားကို ပြောဆိုကြသည်။ သူတို့ရွတ်ဆိုရသော စာသားများမှာ "ကျွန်ုပ်တို့သည် ပုပ်ရဟန်းမင်းကြီး (နာမည်)၊ သူ့ကို ဆက်ခံမည့်ပုပ်ရဟန်းမင်းကြီးများကို သစ္စာရှိစွာ၊ ဖြောင့်မတ်စွာ၊ နှင့် ရိုသေ လေးမြတ်စွာဖြင့်လိုအပ်လာပါက အသက်ကိုပင်စတေးပြီး အစွမ်းရှိသမျှ ကာကွယ် စောင့်ရှောက်ပါမည် ဟုကျိန်ဆိုဂတိပြုပါသည်။ ပုပ်ရဟန်းကြီး လစ်လပ်နေသော အချိန် တွင်လည်း ရဟန်းအမတ်များကိုကာကွယ် စောင့်ရှောက်ပါမည်။ ကျွန်ုပ်ကို ဦးဆောင်နေသော ဗိုလ်ကြီးများနှင့်တကွဝိညာဉ်ရေးလမ်းညွန်ပေးသော ပုဂ္ဂိုလ်များ၏စကားများကိုလည်းသစ္စာ သိစွာနာခံပါမည်ဟုဂတိပြုပါသည်။ အပေါ်က ဆိုခဲ့သောသစ္စာအတိုင်း တည်စေရန်ဘုရားသခင်နှင့် ကျွန်ုပ်ကို မှိုင်းမသော ရဟန္တာများကူညီကြပါ"ဟုရွတ်ဆိုကြရသည်။ သူတို့၏ရာထူးအဆင့်ဆင့်များမှာ-
(၁)ဗိုလ်မှူးကြီး (Colonel)။တစ်ဦးတည်းသာရှိသည်။
(၂)ဒုတိယဗိုလ်မှူးကြီး(Lieutenant Colonel) နှစ်ဦးရှိသည်။ဒုတတိယ ဗိုလ်မှူးကြီးနှင့် တပ်သားများကို ဝိညာဉ်ရေးဆိုင်ရာညွှန်ကြားပေးသောပုဂ္ဂိုလ်။
(၃)ဗိုလ်မှူး (Major)။
(၄)ဗိုလ်ကြီး(Captain)။
 သူတို့ကိုင်ဆောင်သောလက်နက်မှာ ရှေးခေတ်က ၇ ပေရှည်သောလှံ ဖြစ်သည်။ သူတို့သည် ခြေလျင်တပ်သားများဖြစ်ကြသည်။သူတို့၏ တပ်သား ယူနီဖောင်း အရောင်များမှာ အပြာ၊ အနီ နှင့် လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင်တို့ ဖြစ်သည်။လည်ပင်းကော်လံနှင့် လက်အိတ်တို့မှာ အဖြူရောင် ဖြစ်သည်။ သို့သော်ညဘက်တာ၀န် ထမ်းဆောင်ချိန် နှင့်သင်တန်းအချိန် ကာလ တွင် သူတို့၏၀တ်စုံမှာ အားလုံး အပြာရောင်ဖြစ်သည်။ထို၀တ်စုံကို (Exerzier Uniform) အက်ဆာဇီး ယူနီဖောင်း ဟုခေါ်သည်။သူတို့ဆောင်းသောဦးထုပ်မှာ  သံပုရာခြမ်း အမဲရောင် ခမောက်ဖြစ်သည်။ ထိုခမောက် ပုံစံသည်ဘက်စကွီး (Basque) လူမျိုးစုများဆောင်းသော ခမောက် ပုံစံဖြစ်သည်။သူတို့၏လက်စွဲ ဆောင်ပုဒ်မှာ ပြင်းထန်ခြင်းနှင့်သစ္စာရှိခြင်း (Motto: Acriter et Fiderliter" Fiercely and Faithfully) ဟူ၍ဖြစ်သည်။
 သူတို့ကိုကာကွယ်စောက်ရှောက်ရန် ရွေးချယ်ထားသောရဟန္တာများမှာ တိုအာမြို့မှ စိန်မာတင်း၊ စိန်စဗယ်စတီးယန်း နှင့်ဖလူးမြို့မှစိန်နီကောလား  (Patron Saint: Martin of Tours, Saint Sebastian, Saint Nicholas of Flue) တို့ဖြစ်သည်။ယခု ၂၀၁၅ ခုနှစ်တွင်သူတို့၏တပ်သားဦးရေမှာ ၁၂၀ ဖြစ်သည်။ ကမ္ဘာပေါ် တွင်အငယ်ဆုံးနိုင်ငံတစ်နိုင်ငံ၏ တပ်သားများဖြစ် ပြီးသက်တန်း အရှည်ဆုံးတပ်ဖွဲ့ ဖြစ်သည်။
ကျမ်းကိုးစာရင်း
http://www.vatican.va/roman_curia/swiss_guard/swissguard/storia_en.htm
http://en.wikipedia.org/wiki/Swiss_Guard
http://www.guardiansvizzera.va/content/guardiansvizzera/guardian/uniformi.html
http://www.cruxnow.com/church/2015/05/06/swiss-guard-oath-takes-on-new-meaning-amid-terrorist-threats/
မှတ်ချက်။       ။ဓမ္မသုတအမွေ စာမှပြန်ဝေမျှသည်။

Crd to Luck Tushan

No comments:

Post a Comment