မကြာမီ အာဒ်ဝင်းတူး/စောင့်မျှော်ခြင်းကာလ(Advent Season)နှစ်သစ်ပြန်စတော့မည်။
မြန်မာနိုင်ငံမှာ နွေ မိုး ဆောင်းဆိုပြီး ဥတုသုံးပါးရှိသလို---တစ်ကမ္ဘာလုံးရှိကက်သလစ်သာသနာတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ကို ဥတုငါးပါး သို့မဟုတ် ကာလ (၅)ပိုင်းခွဲခြားထားသည်။
၁။ စောင့်မျှော်ခြင်းကာလ(Advent Season)
၂။ ခရစ္စမတ်ကာလ(Christmas Season)
၃။ သာမန်ကာလရက်တို(Ordinary Time)
၄။ ဝါတွင်းကာလ(Lentern Season)
၅။ ပါးစကားကာလ(Easter Season)
--သာမန်ကာလရက်ရှည်(Ordinary Time)ပြန်
ကြော့သည်။
၁။ စောင့်ကြိုခြင်းကာလ(Advent Season)
သည်သာမန်အားဖြင့်(၄) ပတ်ရှိသည်။ဤကာလတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းက သခင်ခရစ်တော်မက်ဆီးယားကယ်တင်ရှင် လူ့အဖြစ်ယူကာဤလောကသို့ပထမအကြိမ် ကြွလာခြင်းကိုပြန်ပြောင်းသတိရစေလျှက် ထိုအချိန်ကာလကိုကြိုဆိုပြင်ဆင်ချိန်အဖြစ် ခံစားကြခြင်းဖြစ်သည်။ထို့အပြင်သခင်ခရစ်တော် ဒုတိယအကြိမ်ဘုန်းဂုဏ်တော်နှင့်တဖန်ကြွလာ
ခြင်းကို ယုံကြည်စွာစောင့်မျှော်သည့်ကာလလည်းဖြစ်သည်။ ဤအချိန်သမယ၌ယုံကြည်သူများသည် စိတ်နှလုံးကိုပြင်ဆင်ရင်းဆုတောင်းခြင်းဖြင့် သခင်ခရစ်တော်ကိုနှလုံးသားအသစ်နှင့်ကြိုဆို
ရသည့်အချိန်ကာလဖြစ်သည်။
၂။ ခရစ္စမတ်ကာလ(Christmas Season)
သည်သာမန်အားဖြင့်ရက်ပေါင်း(၂၀)ရှိသည်။ သခင်ယေဇူးဘုရားရှင်မွေးဖွါးခြင်းကိုအထူးသတိရ အောက်မေ့ကာပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ မွေးနေ့ကာလကိုကျင်းပခြင်းဖြင့် မိမိတို့၏ နှလုံးသားတိုင်း၌သခင်ယေဇူးကိုမွေးဖွါးခြင်းဖြင့် ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ကျင်းပခြင်းဖြစ်သည်။အထူးသဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းမှ သခင်ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ယခုမျက်မှောက်မှာအမှန်တကယ်တည်ရှိစေကာ
မွေးနေ့ကာလကိုပြုလုပ်ခံစားခြင်းဖြစ်သည်။ သခင်ယေဇူးဘုရား၏မွေးနေ့မင်္ဂလာ ခရစ္စမတ်
ပွဲသည် အသင်းတော်ကြီး၏ အရေးပါသည့်ပွဲနေ့ကြီး တစ်ခုပင်ဖြစ်သည်။
၃။ သာမန်ကာလရက်တို(Ordinary Time)
သည်ရက်သတ္တပတ် (၅/၆)ရှိသည်။ ဤကာလသည် သခင်ယေရှုဘုရားရှင်မွေးဖွါးပြီးညာဏ်ပညာနှင့်
ပြည့်စုံလျက်ကြီးပြင်းလာကာ တရားတော်မြတ် ဟောကြားခြင်း/ကုသခြင်း/အံ့ဖွယ်တန်ခိုးများ
ပြုလုပ်ကာဘုန်းတော်ထင်ရှားခြင်း စသည့် ခရစ်တော်၏အမှုတော်မြတ်အသက်သာကို သတိရအောက်မေ့ကာပြုလုပ်ခံစားခြင်းဖြစ်သည်။
၄။ ဝါတွင်းကာလ(Lentern Season)သည် သာမန်အားဖြင့်ရက်ပေါင်း(၄၀)ရှိသည်။ ဝါကြီးဝင်သည့်ဗုဒ္ဓဟူးနေ့ကြီးမှစတင်သည်။ ဝါတွင်းကာလသည်သခင်ခရစ်တော်၏ သေခြင်းမှပြန်ရှင်ထမြောက်ခြင်း ပါးစကားပွဲတော်မြတ်ကြီးကိုထိုက်တန်စွာကျင်းပ နိုင်ရန်ပြင်ဆင်ကြသည့်အချိန်ကာလဖြစ်သည်။ ယုံကြည်သူများသည်သခင်ခရစ်တော်၏ရှင်ပြန်
ထမြောက်ခြင်းပါစကားပွဲတော်ကြီး၌ ထိုက်တန်စွာပါဝင်နိုင်ရန်ကြိုတင်ပြင်ဆင်သည့် ကာလလည်းဖြစ်သည်။ထို့အပြင်ယုံကြည်သူ ဘာသာတူများသည်မိမိတို့ခံယူခဲ့သည့် ဆေးကြောခြင်းမင်္ဂလာကိုပြန်လည်သတိရစေပြီးချိုးခြံခြင်း/ဆုတောင်းခြင်းအားဖြင့် ပါးစကားပွဲတော်ကြီးကိုထိုက်တန်စွာကျင်းပကြသည့်အခါသမယဖြစ်သည်။
ဒုတိယအရေးကြီးသည့်အချက်မှာ ဤဝါတွင်းကာလသည်သခင်ယေဇူးဆေးကြောခြင်း ခံပြီးနောက်တောကန္တာရ၌ ရက်ပေါင်း (၄၀) နတ်ဆိုး၏စုံစမ်းနောက်ယှက်ခြင်းအား အောင်မြင်ခဲ့ခြင်းကိုသတိရအောက်မေ့ကာ ပြုလုပ်ခံစားကြသည့်ကာလလည်းဖြစ်သည်။
ဝါတွင်းကာလများ၌ ယုံကြည်သူများသည် အစာရှောင်ခြင်း/ဝါရှောင်ခြင်း/ပေးကမ်းစွန့်ကြဲခြင်းဖြင့်ပိုမိုတရားအားထုတ်ကြသည်။ အထူးသဖြင့်ဝါကြီးဝင်သည့် သန့်ရှင်းသော ဗုဒ္ဓဟူးနေ့ကြီးနှင့် သခင်ယေဇူးအသေခံသည့်သန့်ရှင်းသော သောကြာနေ့ကြီးတွင်အထူး သတိပြုကာဝါရှောင်/အသားရှောင်ကြရသည်။ ဝါတွင်းကာလတွင် သာရေးနာရေးကိစ္စမှအပမင်္ဂလာဆောင်ပွဲများနှင့်အခြားဝမ်းမြောက်ဖွယ် ပွဲများပြုလုပ်ကျင်းပခြင်းမရှိပေ။"အာလေလုယာ"
ဧကျုးခြင်းသီချင်းမဆိုပါ။ ဝါတွင်းကာလတစ်လျှောက်လုံး သောကြာနေ့တိုင်းကားတိုင်လှည့်ဆုတောင်းခြင်း(Way of the Cross)ကို ညနေသုံးနာရီတိုင်း၌ပြုလုပ်သည်။ ဤကားတိုင်လှည့်ဆုတောင်းခြင်းသည် သခင်ယေဇူးဂါရဝါရီတောင်ပေါ်သို့ လက်ဝါးကားတိုင်ထမ်းပြီးဒုက္ခခံခြင်း/အသေခံခြင်း ဖြစ်သည့် ကယ်တင်ခြင်းနက်နဲရာကို အောက်မေ့သတိရကာခံစားပြုလုပ်ခြင်းဖြစ်သည်။-သန့်ရှင်းသောရက်သတ္တပတ်(Holy Week)တွင်
ယေရုဇလင်မြို့သို့သခင်ယေဇူးကြွဝင်ခြင်း/သန့်ရှင်းသောကြာသပသေးနေ့ကြီး၌ သခင်ယေဇူးတပည့်တော်များ၏ခြေဆေးခြင်းနှင့်နောက်ဆုံးညစာစားပွဲနှင့် သခင်ယေဇူး သက်တော်စွန့်သည့်သန့်ရှင်းသောသောကြာနေ့ကြီး (Good Friday)များကိုပြုလုပ်ကျင်းပသည်။
၅။ ပါးစကားကာလ(Easter Season)
သည် သခင်ခရစ်တော်သေခြင်းမှပြန်ရှင်ထမြောက်သည့်ပါစကားပွဲတော်နေ့ကြီးမှစတင်ကာ
(၇)ပတ်ခန့်ရှိသည်။ဤပါးစကားပွဲတော်ကြီးသည်အသင်းတော်၏ပွဲနေ့ရက်များမှအရေးပါဆုံးသောပွဲနေ့ကြီးပင်ဖြစ်သည်။ ဤပွဲနေ့ကြီး၌လောက၏အလင်းဖြစ်သည့်သခင်ခရစ်တော်ကို ကိုယ်စားပြုသည့် ပါးစကားဖယောင်းတိုင်ကြီးကောင်းကြီးပေးထွန်းညှိခြင်း/ဆေးကြောခြင်းမင်္ဂလာရေကို
ကောင်းကြီးပေးပြီးဆေးကြောခြင်းခံယူသည့် ယုံကြည်သူများကိုပက်ဖျန်းခြင် စသည့် အခမ်းအနားများပါဝင်သည်။မစ္ဆားတရားတော်မြတ်ကိုသာမတ်ထက်ပိုမိုခမ်းနားစွာပြုလုပ်သည်။"အာ
လေလုယာ"ဧကျုးခြင်းကိုပြန်လည်သီဆိုသည်။သခင်ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်း
ပါစကား ကာလမှရက်ပေါင်း (၅၀)သည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
(The Pentecost Day) ၌ကုန်ဆုံးသည်။ဤသန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
the Pentecost Sunday ပြီးသည့်နောက် သာမန်ကာလရက်ရှည်(Ordinary Time) ပြန်
လည်စတင်သည်။ဤသာမန်ကာလရက်ရှည်သည်ခရစ္စမတ်ကာလနှင့်ဝါတွင်းကာလနှစ်ခုကြားမှ
သာမန်ကာလရက်တို၏ အဆက်ပင်ဖြစ်သည်။ သာမန်ကာလသည်စုစုပေါင်းရက်သတ္တပတ်
(၃၄)ပတ်ရှိပြီး ဝတ်ပြုကိုးကွယ်ခြင်းကာလများမှအရှည်ဆုံးကာလလည်းဖြစ်သည်။ ဤသာမန်
ကာလသည် သခင်ခရစ်တော်၏ ဧဝံဂေလိဟောကြားခြင်း/ကုသခြင်း စသည့်အမှုတော်မြတ်
များကို သတိရကာလက်တွေ့ကျင့်ဆောင်ခံစားကြသည့်ကာလပင်ဖြစ်သည်။ အထူးသဖြင့်
တနင်္ဂနွေနေ့တိုင်းဟာ သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းပွဲနေ့(ပါးစကားနေ့လေး)အဖြစ်
အောက်မေ့ကျင်းပကာယုံကြည်သူများသည်ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်သည့်အသက်သာသစ်၌ပါဝင်ခံစားကြသည်။ ဓမ္မသီချင်းများကို ကာလအလိုက်ပိုင်းခြားထား
သည့် သီချင်းများ ရွေးချယ်သီဆိုချီးမွမ်းသည်။ တစ်ကမ်ဘာလုံးရှိကက်သလစ်သာသနာတော်၏
ဝတ်ပြုကိုးကွယ်ခြင်းနှစ်သည် နိုဝင်ဘာလကုန်အာဒ်ဝင်းတူးကာလ(Advent Season)မှ
စတင်ကာ နောက်တစ်နှစ် နိုဝင်ဘာလ၏ (၃၄)ကြိမ်မြောက်သာမန်တနင်္ဂနွေအပတ်ကုန်အထိ
တစ်နှစ်ဟုသတ်မှတ်သည်။ နိုဝင်ဘာလ၌ဆုံးပြီး နိုဝင်ဘာလကုန် စောင့်မျှော်ခြင်းကာလ
Advent Season ပထမအပတ်တွင် အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းနှစ်သစ်ပင်ဖြစ်သည်။အလွယ်ဆုံးပြောရရင်ဒီဇင်ဘာလဆန်းသည်ဝတ်ပြုခြင်းနှစ်သစ်ပြန်စခြင်းဖြစ်သည်။
Crd to Fr. John Htoi
No comments:
Post a Comment