အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, November 26, 2020

#အဘယ်ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ဒူးတစ်ဖက်ထောက်၍ ဦးညွှတ်ကြသနည်း?

ဆော်လမွန်မင်းကြီးသည် အစ္စရာအဲလ်တိုင်းပြည်တွင် ဂုဏ်သရေအကျော်စောဆုံးနှင့် ဘုန်းတန်ခိုးအကြီးဆုံးမင်းတစ်ပါးဖြစ်သည်။ သူ၏ငယ်သားများသာမက တိုင်းတစ်ပါးမှ လာရောက်သူများပင် သူ၏ရှေ့မှောက်ရောက်ပါက ဒူးထောက်အရိုအသေပေးကြလေသည်။ ရှေးယခင်က ထိုပုံစံမျိုးသည်  ရိုသေလေးစားခြင်းနှင့် နာခံခြင်းကို ဖော်ဆောင်သောပုံစံဖြစ်သည်။
 သို့သော် ရာဇဝင်ချုပ်ဒုတိယစောင်၌ လွန်စွာကြီးမြတ်လှပါသည်ဆိုသော ဆော်လမွန်မင်းကြီးပင်လျှင် မိမိတည်ဆောက်ထားသောဗိမာန်တော်ထဲသို့ဝင်ရောက်၍ ဘုရားသခင်၏ယဇ်ပလ္လင်ရှေ့တော်သို့ရောက်သောအခါ ဒူးထောက်ဦးညွှတ်လေသည်။ (၆း ၁၂-၁၃  ရှု)  သူသည် ဘုရင်တကာတို့၏ဘုရင်၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသော၊ စကြဝဠာတစ်ခုလုံးကို အုပ်စိုးတော်မူသောအရှင်သခင်၏မျက်မှောက်တော်၌ ရောက်ရှိနေကြောင်းကို သိရှိသောကြောင့်ဖြစ်သည်။
 မျက်မှောက်ခေတ်ယဉ်ကျေးမှုတွင် "ဒူးထောက်ရသည်"ဟူသောအယူအဆကို ကျွနု်ပ်တို့သရော်လိုကြသည်။ အများစုက ထိုအပြုအမူမျိုးကို အလယ်ခေတ်ယဉ်ကျေးမှု၏အကြွင်းအကျန်အဖြစ် ရှုမြင်ကြသည်။ ယခုခေတ်၌ "သိက္ခာကျစရာ"ဟု ခံယူသည့် သဘောပင်။ သို့သော် ကက်သလစ်ခရစ်ယာန်တို့ကမူ ဘုရားသခင်သည် မပြောင်းလဲဘဲ ဘုရားသခင်ပင်ဖြစ်တော်မူကြောင်းနှင့် "ကောင်းကင်၊ မြေကြီးနှင့် မြေကြီးအောက်၌ ရှိကြသော သတ္တဝါအပေါင်းတို့သည် ယေဇူး၏နာမတော်၌ ရိုသေပျပ်ဝပ်ကြလျက် ယေဇူးခရစ်တော်သည် အရှင်သခင်ဖြစ်တော်မူသည်ဟု နှုတ်ရှိသမျှတို့က ဝန်ခံကြသဖြင့်..." (ဖိလိပိ ၂း၁၀-၁၁) ဟူသောကျမ်းချက် ကို သိမှတ်ဝန်ခံကြလေသည်။ ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ကိုယ်တော်၏မျက်မှောက်တော်၌ ဒူးထောက်ရသည်ကို အခွင့်ထူးအဖြစ် ခံယူကြလေသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်ရှင်သည် ကျွနု်ပ်တို့၏ရိုသေလေးစားခြင်းနှင့် နာခံခြင်းကို အထူးခံထိုက်သူဖြစ်တော်မူသောကြောင့် ပင်ဖြစ်သည်။
       ယေဇူးသခင်သည် ကိုယ်တော်မြတ်စက္ကရမင်မင်္ဂလာတူး၌ အသားတော်နှင့် အသွေးတော်အဖြစ်လည်းကောင်း၊ ဝိညာဉ်တော်နှင့် ဘုရားအဖြစ်တော်အဖြစ်လည်းကောင်း တည်ရှိနေတော်မူလေသည်။ ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် ဘုရားကျောင်းအတွင်း၌ ကိုယ်တော်မြတ်စက္ကရမင်တူးကို ထည့်သွင်းပူဇော်ထားသည့် ဗိမာန်တော်ရှေ့သို့ရောက်သောအခါ ညာဘက်ဒူးထောက်၍ ဦးညွှတ်အရိုအသေပေးကြခြင်း ဖြစ်လေသည်။ (မျိုးကြဲသူ) (Ref: The New Catholic Answer Bible)

Crd to Sower CBCM မျိုးကြဲသူဝိညာဉ်ရေးစာစောင်

No comments:

Post a Comment