အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ထာဝရတည်မြဲတဲ့အရာ

🎯 ထာဝရတည်မြဲတဲ့အရာ
      ••••••••••••••••••••• ✍️ ဇို(တီးတိန်)

တရုတ်လူမျိုးတွေးခေါ်ရှင်ကြီး ကွန်ဖြူးရှပ်ဟာ ကွယ်လွန်ခါနီး ဖြစ်နေပြီ။ သူ့ကို ချစ်ခင်တဲ့ ရပ်နီးရပ်ဝေးက မိတ်ဆွေအသိုင်းအဝိုင်းဟာ သူ့ကုတင်ဘေးမှာ စုဝေးနေကြတယ်။ 


"ငါ့ရဲ့ ပါးစပ်ထဲမှာ ခင်ဗျားတို့ ဘာမြင်ကြလဲ"လို့ ချည့်နဲ့စွာ သူ တိုးတိုးလေး မေးလိုက်တယ်။

တွေးခေါ်ရှင်ကြီးမှာက သွားတွေ အကုန်လုံး မရှိရှာတော့ပြီ။
ဒါကြောင့် သူတို့က - "လျှာပဲ တွေ့တယ်"လို့ ပြန်ဖြေကြတယ်။ 

ခဏကြာတော့ ကွန်ဖြူးရှပ်က - "ခင်ဗျားတို့ရဲ့ပါးစပ်ထဲမှာကော ဘာရှိလဲ"လို့ သူတို့ကို မေးလိုက်တယ်။ 

"ကျွန်တော်တို့ဆီမှာ သွားရော၊ လျှာရော နှစ်ခုစလုံး ရှိပါတယ်ခင်ဗျ"လို့ သူတို့က ပြန်ဖြေကြတယ်။

ဒါနဲ့ ပညာရှိအိုကြီးက သူတို့ကို - "လူတွေ မွေးဖွားတဲ့အချိန်မှာ လျှာတစ်ခုတည်းနဲ့ မွေးဖွားလာကြတယ်။ သွားတွေက နောက်မှ တဖြည်းဖြည်း ပေါက်လာကြတာ။ သွားတွေဟာ လျှာထက် ပိုပြီး မာလည်းမာ၊ ခိုင်လည်း ခိုင်တယ်။ ဒါပေမဲ့ လူဟာ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ သန်မာကြံ့ခိုင်တဲ့ သွားတွေဟာ တဖြည်းဖြည်းနဲ့ ကြွေကျကုန်တယ်။ ပျော့ပျောင်းနူးညံ့တဲ့ လျှာတစ်ခုတည်းပဲ နောက်ဆုံးအထိ ကျန်ခဲ့တယ်"ဆိုပြီး ပြောလိုက်တယ်။

သေခါနီးတွေးခေါ်ရှင်ကြီးက အသက်ရှုဖို့ ခဏရပ်လိုက်တယ်။ 
ပြီးတော့ သူက ဆက်ပြောလိုက်တယ်။
"ဒါဟာ ငါချစ်ရတဲ့မင်းတို့အတွက် ငါ နောက်ဆုံး မှာကြားချင်တဲ့စကားပဲ။ အဲဒါဘာလဲဆိုတော့ သိမ်မွေ့နူးညံ့တဲ့အရာဟာ ရေရှည်တည်တံ့တယ်။
ဒါ့ကြောင့် အမြဲတမ်း နူးညံ့သိမ်မွေ့ပါစေ။ 
လူတိုင်းကို ကြင်နာစွာ၊ ချစ်ခင်စွာ၊ နူးညံ့စွာ ပြောဆိုဆက်ဆံပါ"တဲ့။

[မူရင်း။ J.P.Vaswani ၏ That Which Lasts ကို ပြန်ဆိုသည်။]

No comments:

Post a Comment