❤️ ခွင့်လွှတ်ပြီး မေ့ပစ်လိုက်
••••••••••••••••••••••• ✍️ ဇို(တီးတိန်)
အမေရိကန်ကြက်ခြေနေအသင်းကို တည်ထောင်တဲ့ ကလာရာဘာတန်(Clara Barton)ဟာ အတိတ်က သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင်းနဲ့ သူငယ်ချင်းက ရင်နာစရာအဖြစ်အပျက်တစ်ခုကို သတိပေးပြောဆိုလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်များစွာက ကလာရာကို ထိခိုက်နာကျင်စေခဲ့တဲ့ ရက်စက်တဲ့အပြုအမူတစ်ခု။
ဒါပေမဲ့ မစ္စဘာတန်က ပြန်ပြောချင်ပုံ မရဘူး။
‘ရှင် အဲဒါကို မမှတ်မိတော့ဘူးလား’လို့ သူငယ်ချင်းက တအံ့တသြနဲ့ မေးလိုက်တယ်။
‘ဟင့်အင်း’
အဖြေက ထွက်လာတယ်။
‘အဲဒါလေး မေ့ပစ်လိုက်တာကိုတော့ ကျွန်မ ကောင်းကောင်းကြီး မှတ်မိပါတယ်ရှင့်’တဲ့။
[မုရင်း။ J.P.Vaswani ၏ Forgive and Forget ကို ပြန်ဆိုသည်။]
No comments:
Post a Comment