🎯 အကျင့်
••••••••• ✍️ ဇို(တီးတိန်)
လက္ခဏာဆရာက သူ့လက်ကို သေချာ စစ်ဆေးပေးပြီး ပြောလိုက်တယ်။
‘၁၅ နှစ်လောက် ခင်ဗျား တောင်းစားရလိမ့်မယ်လို့ ပြတယ်ဗျ’
အင်မတန်စပ်စုတဲ့ အဲဒီလူက ပြန်မေးတယ်။
‘အဲဒါပြီးရင် ငါ ချမ်းသာမှာလား’
လက္ခဏာဆရာကလည်း ပြန်ဖြေတယ်။
‘မပူပါနဲ့ဗျာ။ ပြီးရင်တော့ အဲဒါက အကျင့်ဖြစ်သွားလိမ့်မယ်’တဲ့။
(မူရင်း။ Joji Valli ၏ Habit ကိုပြန်ဆိုသည်။)
No comments:
Post a Comment