🎯 အတုအယောင်
••••••••••••• ✍️ ဇို(တီးတိန်)
တစ်ခါက မိန်းမလှလေးတစ်ယောက်ဟာ
ပန်းချီဆရာကြီးပီကာဆိုဆီ ရောက်လာပြီး ပြောလိုက်ပါတယ်။
‘ဟိုတစ်နေ့ကပဲ သူငယ်ချင်းတစ်ယောက်အိမ်မှာ ရှင့်ရဲ့ကိုယ်တိုင်ရေးပုံတူကို မြင်တွေ့လိုက်တယ်။
သိပ်လှတာပဲရှင့်။
ကျွန်မကို သိပ် လွှမ်းမိုးသွားတော့
ဒါနဲ့ အဲဒီပုံတူကို ဖက်ပြီး နမ်းလိုက်မိတယ်’
ပီကာဆိုက မေးလိုက်တယ်။
‘တကယ်လားဗျ။
ဒါနဲ့ ပုံတူက ခင်ဗျားကို ဘာပြန်လုပ်လိုက်သလဲ။
ပုံတူက ခင်ဗျားကို ပြန်နမ်းခဲ့သေးသလား’
အမျိုးသမီးက ပြန်ဖြေတယ်။
‘ရှင် ရူးနေလား။
ပုံတူက ကျွန်မကို ပြန်မနမ်းခဲ့ပါဘူးရှင့်’
ပီကာဆိုကလည်း ပြန်ပြောတယ်။
‘ဒါဆိုရင်တော့ အဲဒါ ငါမဟုတ်ဘူး’တဲ့။
[မူရင်း။ Joji Valli ၏ Artificiality ကို ပြန်ဆိုသည်။]
No comments:
Post a Comment