🎯 ဝိရောဓိ
••••••• ✍️ ဇို(တီးတိန်)
နေသာတဲ့နေ့တစ်နေ့မှာ လူတစ်ယောက်ဟာ ရွာသစ်တစ်ခုဆီကို အလည်အပတ် ရောက်လာခဲ့တယ်။
အဲဒီရွာက လူတစ်ယောက်ထံမှာ သူ ပိုက်ဆံ ချေးယူလိုက်တယ်။
အဲဒီလူက ပြောတယ်။
‘ခင်ဗျားကို ကျွန်တော် လုံးလုံး မသိပါဘဲနဲ့ ခင်ဗျားက ငါ့ဆီမှာ ပိုက်ဆံလာချေးတယ်။ ထူးဆန်းပါ့’
ဧည့်သည်ကလည်း ပြန်ဖြေတယ်။
‘ခင်ဗျား ကျွန်တော့်ကို အဲဒီလိုပြောတာလည်း ထူးဆန်းတယ်ဗျာ။ ကိုယ့်မြို့ကိုယ့်ရွာကို စွန့်ပြီး ခင်ဗျားတို့ဆီ ငါ အရောက်လာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ တစ်ရွာတည်းသားတွေကလည်း ငါ့အကြောင်း အူမချေးခါးမကျန် သိနေကြလေတော့ ပိုက်ဆံမချေးချင်ကြဘူးဗျ။ ခုလည်း ဒီမှာက ခင်ဗျားတို့ဟာ ငါ့ကို မသိလို့ဆိုပြီး ပိုက်ဆံချေးပေးဖို့ ငြင်းဆန်ကြတယ်။ အခု ငါ ဘယ်ကို သွားရမှာတုံး’ တဲ့။
(မူရင်း။ Joji Valli ၏ Dilemma ကို ပြန်ဆိုသည်။)
No comments:
Post a Comment