အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Wednesday, November 4, 2020

❤️ကွယ်လွန်သူအားလုံးကို သတိရအောက်မေ့သောနေ့ (All Souls' Day)❤️



📆‌နိုဝင်ဘာလ၊ ၂ ရက်နေ့

🔰ယနေ့ပွဲတော်ရဲ့ ဘာသာရေးအခြေခံ သွန်သင်ချက်မှာ လူတစ်ယောက် သေဆုံးသွားပြီဆိုရင် အပြစ်က‌လေးများမှ အပြည့်အ၀ မလွတ်သေးဘဲ မသန့်ရှင်းသော (သို့) အတိတ်က အမှားများကို အပြည့်အဝ မဖြေဖျောက်နိုင်‌သေးတဲ့ ဝိညာဉ်သတ္တဝါများသည် ဘုရားရဲ့ ရွှေမျက်နှာတော် ဖူးမြင်ခွင့်ကို ပိတ်ပင်တားဆီးခံရပြီး မြေကြီးပေါ်မှာရှိတဲ့ ယုံကြည်သူများက ဆုတောင်းခြင်း၊ အလှူပေးခြင်းနှင့် အထူးသဖြင့် မစ္ဆားပူဇော်ခြင်းအားဖြင့် သူတို့ကို ငရဲငယ်မှ လွတ်မြောက်အောင် ကူညီပေးလို့ရတယ်ဆိုတာ  ပြဌာန်းထားပါတယ်။


🔰ကွယ်လွန်သူအားလုံးကို သတိရအောက်မေ့သောနေ့ကို အစောပိုင်းကာလတွေမှာ ခရစ်ယာန်ယုံကြည်သူတွေ ကွယ်လွန်ပြီးတဲ့‌နောက်မှာ သူတို့ရဲ့ နာမည်တွေကို မှတ်တမ်းတစ်ခုမှာ ရေးမှတ်ခြင်းခံရတယ်။ နောက်ပိုင်း၊ ၆ ရာစုတွင် "ဘင်နီဒစ်တင်း ဘုန်းကြီးကျောင်းတိုက်"မှာ သေဆုံးသွားသော အသင်းသားများကို သတိရအောက့်မေ့တဲ့ နေ့ရက်ကို "ဝိုက်စန်တိုက် (Whitsuntide)"မှာ ကျင်းပဖို့ထုံးစံရှိခဲ့ပါတယ်။ 

🔰"စပိန်နိုင်ငံ"မှာ‌တော့ ၆၆၆ ခုနှစ် "စိန့်အီစ်စီဒေါ" အုပ်ချုပ်တဲ့ အချိန်မှာ "စက်ဆာဂျဲစီ (Sexagesima)" မတိုင်မီ (သို့မဟုတ်) "ပင်တီးကော့စ်တ် (Penticot)" ပွဲနေ့မတိုင်မှီ သေလွန်သောသူများကို အောက့်မေ့တဲ့နေ့ ရှိခဲ့ပါတယ်။ "ဂျာမနီနိုင်ငံ"မှာ‌တော့ ၉၈၀ ခုနှစ်မှာ အောက်တိုဘာ ၁ ရက်နေ့တွင် သေလွန်သူများအတွက် ဆုတောင်းခြင်းအခမ်းအနားကို "ကောရ်ဗီး ကျောင်းထိုင်ဘုန်းတော်ကြီး ဝီဒူးကန်  (Widukind)" ရဲ့ သက်သေထွက်ဆိုချက်အရ ကျင်းပခြင်းရှိနေခဲ့ပြီး အသင်းတော်ကလည်း ထိုသို့ကျင်းပခြင်းကို လက်ခံခဲ့ပါတယ်။
 
🔰"ကလန်နီ (Cluny)" မှ "စိန့် အိုဒီလို (Odilo)" က ကွယ်လွန်ပြီးသော ယုံကြည်သူများ၏ အောက်မေ့ခြင်းနေ့ရက် အထိမ်းအမှတ်ပွဲကို သူရဲ့ အသင်းတော်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများတွင် နှစ်စဉ်ကျင်းပရန် အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီကနေစပြီး အခြား"ဘဲနဒစ်တင်းအသင်းများ"နှင့် "ကတ္တူးစီးယန်း"များအကြား ပျံ့နှံ့သွားခဲ့ပါတယ်။

🔰အသင်းတော်၏ သာသနာများထဲမှ "လီဂျီး ဆရာတော် နော့ဂါ(Notger)"သည် ၎င်းကို ပထမဆုံး လက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ "စိန့် ပရိုတာဒီးယားစ် (Protadius)" ၏ ဓမ္မအာဇာနည်မှတ်တမ်းမှာ တွေ့ရှိခဲ့ရပါတယ်။ "ဆရာတော် အိုထရီကူးစ် (Otricus)"က  ၁၁၂၀-၂၅ ခုနှစ်၊ "မီလန်"မှာ စတင်ခဲ့ပြီး၊ "စပိန်"၊ "ပေါ်တူဂီ"နှင့် "လက်တင်အမေရိက"မှာရှိတဲ့ ရဟန်းတော်တွေဟာ ၎င်းနေ့မှာ ‌မစ္ဆားတရားတော်မြတ်ကို သုံးကြိမ်ပူဇော်ကြပါတယ်။ 

🔰ပုပ်ရဟန်းမင်းကြီး "လီယို (XIII)"ကို ကမ္ဘာတစ်ခုလုံးအတွက် အလားတူခွင့်ပြုချက် တောင်းခံခဲ့ပေမဲ့ ၁၈၈၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တနင်္ဂနွေနေ့မှာသာ "Requiem" လို့ခေါ်တဲ့ ကွယ်လွန်သူတွေအတွက် ဆုတောင်းမေတ္တာကို သာ ရွတ်ဆိုကြဖို့ အမိန့်ပေးခဲ့ပါတယ်။

🔰"ဂရိထုံးတမ်း"အရဆိုရင် ကွယ်လွန်သူများအား အောက်မေ့သတိရသည့် ပွဲနေ့ကို (Sexagesima) တနင်္ဂနွေနေ့ (သို့မဟုတ်) "ပင်တီးကော့စ််ပွဲနေ့"မှာ ကျင်းပကြပါတယ်။ "အာမေးနီးယန်း"များကတော့ "အီစတာပွဲ"အပြီးမှာ ကွယ်လွန်သူများအား အောက်မေ့သတိရသည့်ပွဲကို ကျင်းပကြပါတယ်။

#  #  #  #  #  #  #  #  #  #  #  #  #  #  #  #  #

                                         ကြယ်စင်လေး (SJA)
                                         Ref: CNA

No comments:

Post a Comment