📆နိုဝင်ဘာလ၊ ၂ ရက်နေ့
🔰ယနေ့ပွဲတော်ရဲ့ ဘာသာရေးအခြေခံ သွန်သင်ချက်မှာ လူတစ်ယောက် သေဆုံးသွားပြီဆိုရင် အပြစ်ကလေးများမှ အပြည့်အ၀ မလွတ်သေးဘဲ မသန့်ရှင်းသော (သို့) အတိတ်က အမှားများကို အပြည့်အဝ မဖြေဖျောက်နိုင်သေးတဲ့ ဝိညာဉ်သတ္တဝါများသည် ဘုရားရဲ့ ရွှေမျက်နှာတော် ဖူးမြင်ခွင့်ကို ပိတ်ပင်တားဆီးခံရပြီး မြေကြီးပေါ်မှာရှိတဲ့ ယုံကြည်သူများက ဆုတောင်းခြင်း၊ အလှူပေးခြင်းနှင့် အထူးသဖြင့် မစ္ဆားပူဇော်ခြင်းအားဖြင့် သူတို့ကို ငရဲငယ်မှ လွတ်မြောက်အောင် ကူညီပေးလို့ရတယ်ဆိုတာ ပြဌာန်းထားပါတယ်။
🔰ကွယ်လွန်သူအားလုံးကို သတိရအောက်မေ့သောနေ့ကို အစောပိုင်းကာလတွေမှာ ခရစ်ယာန်ယုံကြည်သူတွေ ကွယ်လွန်ပြီးတဲ့နောက်မှာ သူတို့ရဲ့ နာမည်တွေကို မှတ်တမ်းတစ်ခုမှာ ရေးမှတ်ခြင်းခံရတယ်။ နောက်ပိုင်း၊ ၆ ရာစုတွင် "ဘင်နီဒစ်တင်း ဘုန်းကြီးကျောင်းတိုက်"မှာ သေဆုံးသွားသော အသင်းသားများကို သတိရအောက့်မေ့တဲ့ နေ့ရက်ကို "ဝိုက်စန်တိုက် (Whitsuntide)"မှာ ကျင်းပဖို့ထုံးစံရှိခဲ့ပါတယ်။
🔰"စပိန်နိုင်ငံ"မှာတော့ ၆၆၆ ခုနှစ် "စိန့်အီစ်စီဒေါ" အုပ်ချုပ်တဲ့ အချိန်မှာ "စက်ဆာဂျဲစီ (Sexagesima)" မတိုင်မီ (သို့မဟုတ်) "ပင်တီးကော့စ်တ် (Penticot)" ပွဲနေ့မတိုင်မှီ သေလွန်သောသူများကို အောက့်မေ့တဲ့နေ့ ရှိခဲ့ပါတယ်။ "ဂျာမနီနိုင်ငံ"မှာတော့ ၉၈၀ ခုနှစ်မှာ အောက်တိုဘာ ၁ ရက်နေ့တွင် သေလွန်သူများအတွက် ဆုတောင်းခြင်းအခမ်းအနားကို "ကောရ်ဗီး ကျောင်းထိုင်ဘုန်းတော်ကြီး ဝီဒူးကန် (Widukind)" ရဲ့ သက်သေထွက်ဆိုချက်အရ ကျင်းပခြင်းရှိနေခဲ့ပြီး အသင်းတော်ကလည်း ထိုသို့ကျင်းပခြင်းကို လက်ခံခဲ့ပါတယ်။
🔰"ကလန်နီ (Cluny)" မှ "စိန့် အိုဒီလို (Odilo)" က ကွယ်လွန်ပြီးသော ယုံကြည်သူများ၏ အောက်မေ့ခြင်းနေ့ရက် အထိမ်းအမှတ်ပွဲကို သူရဲ့ အသင်းတော်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများတွင် နှစ်စဉ်ကျင်းပရန် အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီကနေစပြီး အခြား"ဘဲနဒစ်တင်းအသင်းများ"နှင့် "ကတ္တူးစီးယန်း"များအကြား ပျံ့နှံ့သွားခဲ့ပါတယ်။
🔰အသင်းတော်၏ သာသနာများထဲမှ "လီဂျီး ဆရာတော် နော့ဂါ(Notger)"သည် ၎င်းကို ပထမဆုံး လက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ "စိန့် ပရိုတာဒီးယားစ် (Protadius)" ၏ ဓမ္မအာဇာနည်မှတ်တမ်းမှာ တွေ့ရှိခဲ့ရပါတယ်။ "ဆရာတော် အိုထရီကူးစ် (Otricus)"က ၁၁၂၀-၂၅ ခုနှစ်၊ "မီလန်"မှာ စတင်ခဲ့ပြီး၊ "စပိန်"၊ "ပေါ်တူဂီ"နှင့် "လက်တင်အမေရိက"မှာရှိတဲ့ ရဟန်းတော်တွေဟာ ၎င်းနေ့မှာ မစ္ဆားတရားတော်မြတ်ကို သုံးကြိမ်ပူဇော်ကြပါတယ်။
🔰ပုပ်ရဟန်းမင်းကြီး "လီယို (XIII)"ကို ကမ္ဘာတစ်ခုလုံးအတွက် အလားတူခွင့်ပြုချက် တောင်းခံခဲ့ပေမဲ့ ၁၈၈၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တနင်္ဂနွေနေ့မှာသာ "Requiem" လို့ခေါ်တဲ့ ကွယ်လွန်သူတွေအတွက် ဆုတောင်းမေတ္တာကို သာ ရွတ်ဆိုကြဖို့ အမိန့်ပေးခဲ့ပါတယ်။
🔰"ဂရိထုံးတမ်း"အရဆိုရင် ကွယ်လွန်သူများအား အောက်မေ့သတိရသည့် ပွဲနေ့ကို (Sexagesima) တနင်္ဂနွေနေ့ (သို့မဟုတ်) "ပင်တီးကော့စ််ပွဲနေ့"မှာ ကျင်းပကြပါတယ်။ "အာမေးနီးယန်း"များကတော့ "အီစတာပွဲ"အပြီးမှာ ကွယ်လွန်သူများအား အောက်မေ့သတိရသည့်ပွဲကို ကျင်းပကြပါတယ်။
# # # # # # # # # # # # # # # # #
ကြယ်စင်လေး (SJA)
Ref: CNA
No comments:
Post a Comment