အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Wednesday, November 4, 2020

နို၀င်ဘာလ (၃) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် စိန့်မာတင်းဒီပေါရက်(စ်) (St. Martin de Pores)


ယနေ့သည်စိန်မာတင်းဒီပေါရက်(စ်)၏ပွဲနေ့ကိုအမိကက်သ
လစ်သာသနာကအမှတ်ရကျင်းပါသည်။ သူ့အားပီရူးနိုင်ငံ၊ လီမာမြို့၌ (၁၅၇၉) ခုနှစ်တွင်မွေးဖွားသန့်စင်ခဲ့ပါသည်။ ဖခင်ဖြစ်သူမှာစ ပိန်လူ မျိုးဖြစ်ပြီး၊ မိခင်ဖြစ်သူမှာ ပါနားမားအနွယ်၀င်အာဖ ရိကန်အမျိုးသ မီးဖြစ် သည်။ 


သူသည်ငယ်ရွယ်စဉ်ကဆေးပညာကိုသင်ကြားခဲ့ပြီး၊ ဆေးဝါးကု သပေးခဲ့သည်။ ၄င်းနောက်ဒိုမေနီကင်အသင်းသို့၀င်ရောက်ခဲ့ပြီး၊ လူနာ များကိုပြုစု ကုသပေးသောအမူတော်ကိုထမ်း ဆောင်ခဲ့သည်။ (၁၆၀၃) ခုနှစ်တွင်ဒိုမေနီကင်အသင်းသား များခံယူရသောသစ္စာသုံးပါးကိုခံယူခဲ့ပါ သည်။ သူသည်လူတို့၏ရောဂါဝေဒနာ၊ ဖျားနာခြင်းကိုသာကု သပေးခြင်း မဟုတ်ဘဲ၊ တိရစ္ဆာန်တို့ကို လည်းကု သပေးခဲ့ပါသည်။
သူသည်ဆုတောင်းခြင်း၊ ဆပ်ဖြေခြင်း၊ ဝိညာဉ်ရေးရာ အမူ များ၌ အလွန်ထူးခြားသောကျေးဇူးကိုခံစားရရှိသူဖြစ်သည်။ သူသည် (၁၆၃၉) ခုနှစ် တွင်ပျံ့လွန်တော်မူခဲ့ပါသည်။ သူသည်အမေရိကန်လူမဲများ အားမှိုင်း မသောရဟန္တာအဖြစ်ဂုဏ်ပြုခြင်းကိုခံရပြီး၊ ရဟန်း မင်းကြီးဂျွန် (၂၃) က (၁၉၆၂) နှစ်တွင်ရဟန္တာတင်မြောက်ခဲ့ပါသည်။
စိန့်မာတင်း၏အသက်တာသည်အလွန်စံပြုထိုက်ပါသည်။ သူလျှောက်လှမ်းခဲ့သောအသက်တာသည် ကျွန်ုပ်တို့အား လည်းကယ် တင်ခြင်းနှင့်သန့်ရှင်းခြင်းသို့ရောက်ရှိစေနိုင်သောအလွန်ရိုးရှင်းလွယ်ကူ သည့်လမ်းသွယ် ဖြစ်ပါသည်။ ထိုလမ်းသည်ခရစ်တော်သခင် ကျွန်ုပ်တို့ အားပြညွှန်သောလမ်းသွယ်ဖြစ်ပါသည်။ ထိုလမ်းသွယ်မှာကျွန်ုပ် တို့သည် ဘုရားသခင်အားစိတ်အားရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှနှင့်ဦးစွာချစ်၍၊ ကျွန်ုပ် တို့နှင့်နီးစပ်သူများအားချစ်ခြင်းဖြစ် ပါသည်။
ခရစ်တော်သခင်သည်သူအပါအ၀င် (စိန်မာတင်း) ကျွန်ုပ်တို့လူ သားများအတွက်ကားတိုင်ပေါ်တွင်သံ မှိုနှင့်နက်ခြင်းကိုခံကာဒု က္ခခံထမ်း ခဲ့သည့်အကြောင်းကိုအစဉ်မျက်မှောက်ပြုတိုင်း၊ ခရစ်တော်သခင် အား ဖော်မပြနိုင် သောသနားကရုဏာစိတ်များတဖွားဖွားပေါ်ပေါက် လာရပါ သည်။ ခ ရစ်တော်သခင်၏ခါးသည်းပြင်းထန်လှသောကား တိုင်ပေါ် မှဝေဒနာကိုတွေး မိလေတိုင်းမခံစားနိုင်၍မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရ ပါသည်။ သူသည် ကိုယ်တော်မြတ်စက္က ရာမင်းတူကိုအလွန်ကြည်ညို အားကိုးသည်။ တစ်ခါတစ် ရံကိုယ်မြတ်ဖူးမျှော်ခြင်းကိုနာရီပေါင်း များ စွာပြုလေ့ရှိပြီး၊ ကိုယ် တော်မြတ် စ က္ကမင်းတူကိုလည်းမကြာ ခဏပင့် ယူရန်ဆန္ဒပြင်းပြလေ့ရှိပါသည်။
ခရစ်တော်သခင်၏သွန်သင်ညွှန်ကြားချက်ကိုလုံး၀ဥသုန်ပွေ့ပိုက် လက်ခံသည့်အနေဖြင့်မိမိ၏လုပ်ဖော် ဆောင်ဖက်ညီအစ်ကိုများ အားနှိမ့် ချခြင်း၊ မမှိတ်မ သုန်သောယုံကြည်ခြင်းဖြင့်ချစ်ခင်လေးစားလေ့ရှိပါသည်။ သူသည် လူ သားများအားဘုရားသခင်၏သားသမီးများ အဖြစ်မြင်တွေ့ လက်ခံသော ကာချစ်လေ့ရှိသည်။ မိမိကိုယ်မိမိချစ်သည်ထက် ပင်မိမိနှင့် နီးစပ်သူများ အား ချစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသောအခြားသူများ သည်မိမိထက် ပို၍ ကျင့်ကြံအားထုတ် နိုင်သောကြောင်ပို၍သန့်ရှင်းမြ င့်မြတ်ကြသည်ဟုတွေး လျှက်မလေးမစားမပြုမိစေရန်နှိမ့်ချ စွာဖြင့်ပြော ဆိုဆက်ဆံလေ့ ရှိသည်။
သူအမှတ်မထင်ကျူးလွန်ခဲ့သောကြီးကြီးသေးသေး၊ ပေါ့ပေါ့ေ လးလေးအမှားများအတွက်တောင်းပန်၍ ၀န်မလေးပေ။ မိမိသည်သူ တစ် ပါး ထိခိုက်မည်ကိုစိုးရိမ်၍အပြောအဆို၊ အပြုအမူများကိုသတိ ထားသော် လည်း၊ သူတစ် ပါး၏ထိခိုက်စော်ကားမူများကိုမူမည်မျှပင် ထိခိုက်နစ်နာ စေ ကာ မူမေ့မေ့ပျောက်ပျောက်ဥပေက္ခာပြုတတ်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် သူ၏အမှားသည်ကြီးလေးသောအပြစ် ဒဏ်ကိုခံ သင့်သည်ဟုလက်ခံရှင် သန်နေသူဖြစ်သည်။
ထို့ အတူအပြစ်ရှိသော သူများအား လည်းနောင်တ တ ရား ရစေရန်နည်းမျိုးစုံဖြင့်စည်းရုံး သိမ်း သွင်းလေ့ရှိပါသည်။ သူသည် ဖျားနာ သူများအားပြုစုရာတွင်လည်း ၀တ်ကျေတန်းကျေသာပြုခြင်းမဟုတ်။ အစား အစာများ၊ အ၀တ် အ စားများ၊ ဆေး ဝါးများကိုလည်းစီမံပေးလေ့ ရှိသည်။ သူ သည်ကျပန်းအ လုပ်သမားများ၊ လူမဲများ၊ သွေးနှောများ (ကပြား) အားကူ ညီ ပေးလေ့ရှိ ပါသည်။ အဘယ်ကြောင့်ဆိုသော်၄င်း တို့သည်ကျွန်များ ကဲ့ သို့ဆက် ဆံခံကြရပါသည်။ ထို့ကြောင့်တတ်စွမ်း သလောက်ကူညီ ကယ် တင်ပေးလေ့ရှိသည်။ သူ၏လုပ်ရပ်များသည်သူ အား ‘ကရုရှင်မာတင်း’ ဟူသောဂုဏ် ပုဒ်ကိုထိုက်တန်စွာရရှိ လိုက်ခြင်းဖြစ်ပါသည်။
မာတင်းသည်သူ၏အပြောအဆို၊ ကောင်းသောပုံသက်သေ ၊ ကောင်းမြတ်ခြင်းစသောအသက်တာဖြင့် အလွန်အစွမ်းကြီး မားတင်း သည့်လူသားများအားဘုရားသခင်ထံသို့ခေါ်ဆောင်ပေးနိုင်ခဲ့သည်။ ဤမျှ သန့်ရှင်း၍မွန် မြတ်သောအရာများကိုလူတိုင်းလက်ခံ သဘောပေါက်ကြ သည်မဟုတ်။ ထိုလုပ်ရပ်ကိုလည်းလက်မခံသည့်အပြင်၊ ဤ လုပ်ရပ်မျိုး မရှိသည့် အလားအသက်ရှင်နေထိုင်ကြသူများလည်းရှိသည်။ ဤသို့ သောသူများ အ တွက်မာတင်း၏အသက် တာ၊ ကျင့်ဆောက်တည်ပုံ သည် သင်ယူမှတ် သား စွာဖြစ်နေပေမည်။ ဤသို့သင်ယူမှတ် သားခြင်း ဖြင့် ၄င်းတို့၏ ဝိညာဉ်ရေး အသက်တာအတွက်ခွန်အားဖြစ်စေမည်။ ဝိညာဉ်ရေးအ သက်တာခွန် အားပြည့်ဝြခင်းဖြင့်ခရစ်တော်နောက်သို့ လိုက်လျှောက်နိုင်ပြီး၊ ကျွန်ုပ်တို့ အားပျော်ရွှင်ခြင်းနှင့်ကောင်းကြီးခံ စားနေ ရသောအသက်တာကိုပေးစွမ်းသောနား ထောင်ခြင်းကို တိုးပွား လာစေ ပါသည်။
#Crd ! Cle Pike

No comments:

Post a Comment