အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ကျေးဇူးတော်သက်သေ (Testimony of GRACE)

🎯 ကျေးဇူးတော်သက်သေ
(Testimony of GRACE)

👉 ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ မာသာထရေဇားကို ရဟန္တာတင်မြောက်တာဆိုတော့ ယခုနှစ်မှာ ၄ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ မနက်ဖြန် စက်တင်ဘာလ ၅ ရက်နေ့ဆိုရင် သူ့ရဲ့ပွဲနေ့ဖြစ်ပါတယ်။ 


👉 မာသာထရေဇားရဲ့ ကြားဝင်ဖြန်ဖြေပေးမှုကြောင့် ဘုရားရဲ့ကျေးဇူးတော်တွေ အကြိမ်ကြိမ် ကျွန်တော် ခံစားခဲ့ရဖူးပါတယ်။ 

👉 ကျွန်တော့်ရဲ့ "မာသာထရေဇားရဲ့ ဘဝနှင့်အတွေးအမြင်"စာအုပ်ကို စပြီး ရေးသားဖို့ စိတ်ကူးရစဉ်ကတည်းက မာသာထရေဇားဆီ ကျွန်တော်  ကြိတ်ပြီး ဆုတောင်းတစ်ခု ပြုခဲ့ပါတယ်။ 

👉 နောက် အဲဒီစာအုပ်ကို ဆရာဂျိုးဇက်ကုန်းဇမှုန်းက ထုတ်ဝေပေးပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်လာတဲ့အတွက် စာအုပ်ဖြန့်ချိမှု အဆင်မပြေခဲ့ပါဘူး။ 
ဘုရားကျောင်းတွေ ပြန်ဖွင့်တော့မှပဲ စာအုပ်တွေ ရောင်းရမယ်ထင်ပါရဲ့။ 

👉 ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကနေ့မှာ ကျွန်တော် အခါခါမက်ခဲ့တဲ့ အိပ်မက်တစ်ခု အကောင်အထည်ဖော်ခွင့် ရခဲ့ပါတယ်။ ဒါဟာ တခြားအရာတွေကြောင့် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မာသာထရေဇားကြောင့်ပါပဲ။ 
သူ့ဆီ ကျွန်တော် တောင်းခဲ့တဲ့ဆု ပြည့်ခဲ့ပါပြီ။

❤️ မာသာထရဇေား၏ ချစ်ခြင်း၌
- ဇို(တီးတိန်)

No comments:

Post a Comment