Reflection
Ephesians 4:1-6, Luke 12:54-59
ရှင်လုကာ 12: 54-59
54. ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။
- 55. တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။
- 56. အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။
57. မှန်ကန်သောအမှုအရာကို အဘယ်ကြောင့် သင်တို့ကိုယ်တိုင် မဆုံးဖြတ်ကြသနည်း။
(တရားတွေ့ဖက်နှင့်ကြေအေးစေခြင်း)
- 58. သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။
- 59. သင့်အား ငါဆိုသည်ကား သင်ပေးဆပ်ရမည့်ငွေကို အကုန်အစင်မပေးမချင်း သင်သည် ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
================
ထောက်ရှုချက်
" အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။"
(လုကာ 12:56)
“Change my heart, Lord!”
" ကျွန်ုပ်၏စိတ်နှလုံးကို ပြုပြင်ပြောင်းလဲ
ပေးတော်မူပါဘုရား"
ယနေ့ဧဝံဂေလိကျမ်းတွင် ယေဇူးသခင်သည်သဘာဝတရား၏နိမိတ်လက္ခဏာများကိုဖတ်ရှု နားလည်နိုင်သည်ဟုပြောဆိုသောလူများအား စိတ်ပျက်ခဲ့ပါသည်။
ဤလူများထိုသို့ပြောဆိုနေသော်လည်း သူတို့ရှေ့မှာဖြစ်ပျက်အကြီးမြတ်ဆုံးနိမိတ်လက္ခဏာဖြစ်သည့် ယေဇူးသခင်ကိုမမြင်နိုင်ပဲ မျက်စိကန်းနေခဲ့ကြပါသည်။
- ဘုရားသခင့်၏ရှေ့တော်မှောက်၌အဘယ်အရာမှန်သည်ကိုမိမိတို့ဘာသာအလျင်အမြန်စီရင်ဆုံးဖြတ်ကြရန်နှင့်
- သူတို့၏ခိုင်မာသောနှလုံးသားကိုယုံကြည်သောနှလုံးသို့ပြောင်းလဲခွင့်ပြုရန်ယေဇူးသခင်က လူအုပ်အားစိန်ခေါ်ခဲ့ပါသည်။
- ဒီကနေ့ယေဇူးသခင်က ယနေ့ကျမ်းစာအားဖြင့် ကျွန်ုပ်တို့အား ဘာပြောနေပါ သလဲ။
- ကျွန်ုပ်တို့အသက်ရှင်နေထိုင်သောအခြေအနေများကြားတွင်ဘုရားသခင်တည်ရှိနေသည်ကို သိမြင်ခံစားမပါရဲ့လား။
- ဘုရားသခင်အားယုံကြည်သူအတွက် ကယ်တင်ခြင်းနှင့် မယုံကြည်သူအတွက်ပျက်စီးခြင်းဆိုတဲ့နိမိတ်လက္ခဏာကို ကျွန်ုပ်မြင်ပါရဲ့လား။
- ယနေ့ကျွန်ုပ်တို့၏နှလုံးသားကိုနူးညံ့သိမ်မွေ့စွာပြောင်းလဲခွင့်ပြုရန်မိမိကိုယ်ကိုအဆင်သင့်ပြင်ကြပါစို့။
ထောက်ရှုရန်အတွက်မေးခွန်း
၁) ယနေ့ကျွန်ုပ်၏အသက်တာ၌ဘုရားသခင်ရှေ့မှောက်တွင်ဝမ်းမြောက်ရွှင်လန်းခြင်းရှိရန် ကျွန်ုပ်၏ယုံကြည်ခြင်းမျက်စိကိုမည်သို့အသုံးပြုနိုင်မည်နည်း။
Credit to Bosco Saw
No comments:
Post a Comment