အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၀၊ သောကြာနေ့၊ သာမန်ကာလ ၂၉ ပတ်မြောက်။



ဧဖက်ဆု 4: 1-6
1. ထို့ကြောင့် သင်တို့သည် မိမိတို့ခံယူရရှိသောခေါ် တော်မူခြင်းနှင့်ထိုက်တန်သည့်ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြမည့် အကြောင်း သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သော ငါသည် တိုက်တွန်းနှိုးဆော်လိုက်ပါ၏။
- 2. ထိုသို့ကျင့်ကြံရာတွင် စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သည်းခံခြင်းနှင့် တစ်ဦးကိုတစ်ဦးချစ်ခြင်းမေတ္တာဖြင့် အနစ်နာခံခြင်းစသည်တို့ကို တတ်အားသရွေ့ ပြုမူကျင့်ကြံကြလျက်၊
- 3. သင်တို့အား ချည်နှောင်ထားသော ငြိမ်းချမ်းသာယာခြင်းအားဖြင့် ဝိညာဉ်တော်၌ ပေါင်းစည်းနေခြင်းကို ထိန်းသိမ်းကြရန် စိတ်အားထက်သန်စွာ ကြိုးစားအားထုတ်ကြလော့။
- 4. သင်တို့သည် သင်တို့၏ခေါ်တော်မူခြင်းနှင့်သက်ဆိုင်သည့် တစ်ခုတည်းသောမျှော်လင့်ခြင်းသို့ ခေါ်တော်မူခြင်းခံကြရသည့် နည်းတူ ကိုယ်ခန္ဓာတစ်ခု၊ ဝိညာဉ်တော်တစ်ပါး၊
- 5. သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်း တစ်ပါးတည်းသာ ရှိတော်မူ၏။
- 6. ထို့အတူ ငါတို့အားလုံး ၏အဖဖြစ်သော ဘုရားသခင်တစ်ပါးတည်းသာရှိတော်မူ၏။ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို အုပ်စိုး၍ ၎င်းတို့အားဖြင့် လုပ်ဆောင်ပြီး ၎င်းတို့အလယ်တွင် တည် ရှိတော်မူ၏။ 
**************

ရှင်လုကာ 12: 54-59
(ခေါတ်ကာလကိုပိုင်းခြားသိမြင်ခြင်း)
54. ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။
- 55. တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။
- 56. အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။
57. မှန်ကန်သောအမှုအရာကို အဘယ်ကြောင့် သင်တို့ကိုယ်တိုင် မဆုံးဖြတ်ကြသနည်း။

(တရားတွေ့ဖက်နှင့်ကြေအေးစေခြင်း)
- 58. သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။
- 59. သင့်အား ငါဆိုသည်ကား သင်ပေးဆပ်ရမည့်ငွေကို အကုန်အစင်မပေးမချင်း သင်သည် ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ 
===============

ထောက်ရှုချက်

"ခေါ်တော်မူခြင်းနှင့်ထိုက်တန်သောဘဝ"

" သင်တို့သည် မိမိတို့ခံယူရရှိသောခေါ် တော်မူခြင်းနှင့်ထိုက်တန်သည့်ဘ၀အသက်တာကို လိုက်နာကျင့်ကြံကြမည့်အကြောင်း ငါတိုက်တွန်းနိုးဆော်ပါ၏။"
(ဧဖက်ဆု 4: 1)

🍑- ခေါ်တော်မူခြင်း
၁) ခရစ်ယန်အသက်တာဆိုင်ရာခေါ်တော်မူခြင်း
- ခရစ်ယန်တိုင်းဟာ ခရစ်တော်ကိုပုံအတုယူပြီး ဘဝအသက်တာရှင်သန်ဖို့ ဖိတ်ခေါ်ခံရပါတယ်။
- ခရစ်တော်ဟောပြောသွန်သင်ခဲ့သမျှတို့ကိုလည်းလိုက်ကျင့်ကြမှသာ ခရစ်ယန်ပီသကြမှာဖြစ်ပါတယ်။

၂) မိမိလက်ရှိရယူထားသောဘဝနှင့်ဆိုင်သောခေါ်တော်မူခြင်း
- ခေါ်တော်မူခြင်း ဆိုတဲ့စကားကိုကြားရင် ပုံမှန်အားဖြင့် ရဟန်းသီလရှင်ဘဝကို ဖိတ်ခေါ်ခံရတာကိုပဲဆိုလိုခြင်းလို့ပဲနားလည်တတ်ပါတယ်။ အမှန်တော့ အဲ့ဒါထက်ပိုပါတယ်။
- လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ယခု သင်လက်ရှိရယူထားတဲ့ဘဝဟာ လည်းဘုရားရှင်ကသင်ကိုခေါ်ထားတဲ့ဘဝအသက်တာဖြစ်ပါတယ်။

🌻 - လူတိုင်းက မိမိလက်ရှိရယူထားတဲ့ဘဝကို ထိုက်တန်စွာရှင်သန်ရပါ့မယ်။
🔹 ဘုန်းတော်ကြီးက ဘုန်းကြီးတစ်ပါးနဲ့ထိုက်တန်တဲ့ဘဝ
🔹 သီလရှင် ကသီလရှင်တစ်ပါနဲ့ ထိုက်တန်တဲ့ဘဝ
🔹 ကျောင်းဆရာက ကျောင်းဆရာနဲ့ထိုက်တန်တဲ့ဘဝ
🔹 ကျောင်းသားက ကျောင်းသားနဲ့ထိုက်တန်တဲ့ဘဝ
🔹 သမ္မတက သမ္မတနဲ့ထိုက်တန်တဲ့ဘဝ
🔹 စစ်ဗိုလ်ချုပ်ကလည်း စစ်ဗိုလ်ချုပ်နဲ့ထိုက်တန်တဲ့ဘဝ
🔹 ဆရာဝန်က ဆရာဝန်နဲ့ထိုက်တန်တဲ့ဘဝ
🔹 တောင်သူလယ်သမားက မိမိနဲ့ထိုက်တန်တဲ့ဘဝ
🔹 စျေးသည်က စျေးသည်နဲ့ထိုက်တန်တဲ့ဘဝ
🔹 ခင်ပွန်းသည်က ခင်ပွန်းနဲ့ထိုက်တန်တဲ့ဘဝ
🔹 ဇနီးသည်သ ဇနီးနဲ့ထိုက်တန်တဲ့ဘဝ
🔹 မိမိက မိဘနဲ့ထိုက်တန်တဲ့ဘဝ
🔹 သားသမီးကလည်း သားသမီးနဲ့ထိုက်တန်တဲ့ဘဝ
- ဖြစ်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်။

💗 ထိုသို့ကျင့်ကြံရာတွင်
- စိတ်နှိမ့်ချခြင်း၊
- နူးညံ့သိမ်မွေ့ခြင်း၊
- စိတ်ရှည်သည်းခံခြင်းနှင့် 
- တစ်ဦးကိုတစ်ဦးချစ်ခြင်းမေတ္တာဖြင့် အနစ်နာခံခြင်းစသည်တို့ကို တတ်အားသရွေ့ ပြုမူကျင့်ကြံကြလော့။ (ဧဖက်ဩဝါဒစာ 4: 2)

ထောက်ရှုရန်မေးခွန်း
၁) ကျွန်ုပ်သည်မိမိနှင့်ဆိုင်သောခေါ်တော်မူခြင်းအသက်တာကို ကောင်းစွာ၊ တာဝန်ကျေစွာ ရှင်သန်ပါ၏လော။
၂) ကျွန်ုပ်သည်ခရစ်တော်ကို ပုံတုယူလျက်လိုက်ကျင့်ရသော ခရစ်ယန်အသက်တာကို ကောင်းစွာရှင်သန်ပါ၏လော။

တောင်းဆု
အိုမေတ္တာတော်ရှင်အဖဘုရား တပည့်တော်သည် မိမိအားကိုယ်တော်ပေးသနားထားသည့် မိမိဘနှင့်ဆိုင်ရာ ခေါ်တော်မူခြင်းအသက်တာကို ကောင်းစွာရှင်သန်နိုင်ရန် ကျေးဇူးခွန်အားပေးသနားပါဘုရား။

Credit to Bosco Saw

No comments:

Post a Comment