အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

Oct/23/သောကြာနေ့ ထောက်ရှုရမည့်ကျမ်းချက်။

ပထမကျမ်း။
ဧဖကျဆု သွဝါဒစာ။ ၄:၁-၆။

၁။ထို့ကြောင့် သင်တို့ သည် မိမိ တို့ ခံယူရရှိသော ခေါ် တော်မူ ခြင်း နှင့် ထိုက်တန် သည့် ဘဝအသက်တာကို လိုက်နာကျင့်ကြံကြမည့် အကြောင်း သခင်ဘုရား အတွက် အကျဉ်းသားဖြစ်သော ငါ သည် တိုက်တွန်းနှိုးဆော်လိုက်ပါ ၏။


၂။ ထို သို့ ကျင့်ကြံရာ တွင် စိတ်နှိမ့်ချ ခြင်း ၊ နူးညံ့သိမ်မွေ့ ခြင်း ၊ စိတ်ရှည် သည်းခံ ခြင်း နှင့် တစ်ဦး ကို တစ်ဦး ချစ် ခြင်း မေတ္တာ ဖြင့် အနစ်နာခံ ခြင်း စ သည် တို့ ကို တတ်အားသရွေ့ပြုမူကျင့်ကြံကြ လျက် ၊

၃။ သင်တို့အား ချည်နှောင် ထား သော ငြိမ်းချမ်းသာယာ ခြင်း အား ဖြင့် ဝိညာဉ်တော် ၌ ပေါင်းစည်းနေ ခြင်း ကို ထိန်းသိမ်း ကြ ရန် စိတ်အားထက်သန်စွာ ကြိုးစားအားထုတ် ကြလော့။

၄။ သင်တို့ သည် သင်တို့ ၏ ခေါ် တော်မူ ခြင်း နှင့် သက်ဆိုင် သည့် တစ်ခု တည်းသောမျှော်လင့် ခြင်း သို့ ခေါ် တော်မူ ခြင်း ခံကြရ သည့် နည်းတူ ကိုယ်ခန္ဓာ တစ်ခု ၊ ဝိညာဉ်တစ်ပါး၊

၅။ သခင်တစ်ပါး၊ ယုံကြည် ခြင်း တစ်ပါး၊ ဆေးကြော ခြင်း တစ်ပါးတည်းသာရှိ တော်မူ ၏။

၆။ ထို့အတူငါတို့ အားလုံး ၏ အဖဖြစ် တော်မူ သော ဘုရားသခင် တစ်ပါးတည်းသာရှိ တော်မူ ၏။ ကိုယ်တော် သည် အရာခပ်သိမ်း တို့ ကို အုပ်စိုး ၍ ၎င်းတို့အား ဖြင့် လုပ်ဆောင်ပြီး ၎င်းတို့အလယ် တွင် တည်ရှိ တော်မူ ၏။

ဤသည်ကားဘုရားသခင်၏နုတ်ကပါဌ်တော်ပေတည်း။ 

ဆာလံ။ ။ ၂၄:၁-၆။

၁။ ထာဝရ ဘုရားသခင် သည် မြေကြီး နှင့် မြေကြီးပေါ်ရှိလူသတ္တဝါ တို့ ကို လည်းကောင်း ၊ လောက နှင့် လောက တွင် ရှိသောအရာ တို့ ကို လည်းကောင်း စိုးပိုင် တော်မူ ၏။

၂။ အကြောင်း မူကား ကိုယ်တော် သည် ကမ္ဘာမြေကြီးကို ပင်လယ် များ ပေါ် တွင် အုတ်မြစ်ချ ၍ မြစ် များ ပေါ် တွင် ၎င်းကို တည်ဆောက် တော်မူ ၏။

၃။ ထာဝရ ဘုရားသခင် ၏ တောင်တော်ပေါ် သို့ မည်သူတက်ရ လိမ့်မည်နည်း။ ကိုယ်တော် ၏ သန့်ရှင်း ရာဌာန တွင် မည်သူနေရ လိမ့်မည်နည်း။

၄။ အပြစ် ကင်းစင်သောလက် များ နှင့် စင်ကြယ်သောနှလုံးသားရှိသူ၊ မှားယွင်း သည့် အရာ များ ကို မိမိ ၏ ဝိညာဉ် ဖြင့် မဆည်းကပ်သူ နှင့် ကောက်ကျစ်စဉ်းလဲစွာကျိန်ဆို ခြင်း မပြုသူပင် ဖြစ် ၏။

၅။ ထိုသူ သည် ထာဝရ ဘုရားသခင် ထံတော်မှ ကောင်းချီးမင်္ဂလာ နှင့် ကယ်တင် တော်မူ သော ဘုရားသခင် အထံတော်မှ အပြစ် ကင်းစင်ကြောင်းအာမခံချက် တို့ ကို ရရှိ လိမ့်မည်။

၆။ ထို သို့ သောလူမျိုး သည် ဘုရားသခင် ကိုရှာဖွေ သော သူ ၊ ယာကုပ် ၏ ဘုရားသခင် မျက်နှာတော်ကို ရှာဖွေ သော သူ ပင်ဖြစ် ၏။

ဧဝံဂေလိကျမ်း။
ရှင်လုကာ။ ၁၂:၅၄-၅၉။

၅၄။ ထို့နောက် ကိုယ်တော် သည် လူအစုအဝေး တို့ ကို လည်း မိန့် တော်မူ သည် ကား အနောက်အရပ်မှ မိုးတိမ်တက်လာ သည် ကို သင်တို့မြင်ကြ သော အခါ မိုးရွာ လိမ့်မည်ဟု သင်တို့ချက်ချင်းပြောတတ်ကြ ၏။ ထို အ တိုင်း လည်းဖြစ် ၏။

၅၅။ တောင်လေတိုက်ခတ်လာ သည် ကို သင်တို့မြင်ကြ သော အခါ နေအလွန်ပူ လိမ့်မည်ဟုသင်တို့ပြောတတ်ကြ ၏။ ထို အ တိုင်း လည်းဖြစ်လေ ၏။

၅၆။ အသင် သူတော်ကောင်း ယောင်ဆောင်သူတို့၊ သင်တို့ သည် ကောင်းကင် နှင့် ကမ္ဘာမြေကြီး ၏ အသွင်အပြင်ကို သိမြင်ပြောဆိုနိုင်ကြပါ လျက် ယခုခေတ်ကာလကို အဘယ်ကြောင့် ပိုင်းခြား ၍ မသိနိုင်ကြသနည်း။

၅၇။မှန်ကန်သောအမှုအရာကို အဘယ်ကြောင့် သင် တို့ ကို ယ်တိုင်မဆုံးဖြတ်ကြသနည်း။

၅၈။ သင် သည် သင် ၏ တရားပြိုင်ဘက် နှင့် အတူတရားသူကြီးထံ သို့ သွားနေစဉ်သူ နှင့် ကြေအေးမှုရအောင် လမ်း တွင် ကြိုးပမ်းအားထုတ်လော့။ ထို သို့ မပြု လျှင် သူ သည် သင့်ကိုတရားသူကြီးထံ သို့ ဆွဲ ၍ ခေါ် သွားသ ဖြင့် တရားသူကြီး သည် လည်း သင့်ကိုမင်းမှုထမ်း ၏ လက် သို့ အပ် လိမ့်မည်။ မင်းမှုထမ်း သည် လည်း သင့်ကို ထောင်ထဲ ၌ ချထား လိမ့်မည်။

၅၉။ သင့်အား ငါဆို သည် ကား သင်ပေးဆပ်ရမည့် ငွေကို အကုန်အစင်မပေးမချင်း သင် သည် ထောင်ထဲမှထွက်ရ လိမ့်မည် မဟုတ် ဟု မိန့် တော်မူ ၏။

ဤသည်ကားခရစ္စတူးသခင်၏မွန်မြတ်သောဧဝံဂေလိ တရားတော်ပေတည်း။
အို..ခရစ်တော်သခင်ကိုယ်တော်ရှင်အားချီးမွမ်းထောမနာရှိပါစေ။ အာမင်။

Credit to Josephine Mai

No comments:

Post a Comment