ပထမကျမ်း။
ဧဖကျဆုသွဝါဒစာ။ ၄:၇-၁၆။
၇။ သို့ သော် ငါတို့ အသီး သီး သည် ခရစ်တော် ခွဲဝေပေးသနား တော်မူ သည့် အ တိုင်း ကျေးဇူး တော်ကိုခံယူကြရ ၏။
၈။ ထို့ကြောင့် ကျမ်းစာတော်မြတ် ၌ ဆိုထား သည် ကား ကိုယ်တော် သည် မြင့်သောအရပ် သို့ တက်ကြွ သော အခါ များ စွာသော သုံ့ပန်း တို့ ကို ခေါ် ဆောင် သွားပြီး လျှင် လူတို့အား ဆုလက်ဆောင် များ ကိုပေး တော်မူ ၏ ဟူ ၍ ဖြစ်သတည်း။
၉။ ကိုယ်တော် သည် တက်ကြွ သော အခါ ဟုဆိုရာ တွင် ကိုယ်တော် သည် ကမ္ဘာမြေကြီး ၏ အောက်နိမ့်ရာအရပ် သို့ လည်း ဆင်းသွား တော်မူ ခဲ့ သည် ကို ဆိုလို ခြင်း မဟုတ် လော။
၁၀။ အောက် သို့ ဆင်းကြွသောအရှင် သည် ခပ်သိမ်းသောအရာ တို့ ကို ပြည့်စုံစေ ခြင်း ငှာ ကောင်းကင် အထက်ကို ကျော်လွန် ၍ တက်ကြွသောအရှင်လည်း ဖြစ် တော်မူ ၏။
၁၁။ ကိုယ်တော် ၏ ဆုလက်ဆောင် များ သည် ကား အချို့ကို တမန်တော် များ အဖြစ် ၊ အချို့ကို ပရောဖက် များ အဖြစ် ၊ အချို့ကို ဧဝံဂေလိတရားတော်ဟောပြော သော သူ များ အဖြစ် ၊ အချို့ကို သိုးထိန်းအရာ ၌ လုပ်ဆောင်သူ များ အဖြစ် ၊ အချို့ကို သင်ကြားသူဆရာ များ အဖြစ် ခန့်ထား တော်မူ ခြင်း ပင်ဖြစ် ၏။
၁၂။ ဤ သို့ ပြုလုပ် ခြင်း မှာ ကိုယ်တော် သည် သူတော်သူမြတ်တို့အား ခရစ်တော် ၏ ခန္ဓာတော်တည်း ဟူသော အသင်းတော်ကိုတည်ထောင် သည့် အမှုတော် ၌ အတူတကွလုပ်ဆောင်နိုင် ရန် ပြင်ဆင်ပေး ခြင်း ဖြစ် ၏။
၁၃။ ဤ သို့ ပြင်ဆင်ပေးရာ တွင် ငါတို့ အားလုံး သည် ယုံကြည် ခြင်း ၌ လည်းကောင်း ၊ ဘုရားသခင် ၏ သားတော် အကြောင်း ကို သိရှိ ခြင်း ၌ လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ ၍ ခရစ်တော် ၏ ပြည့်ဝသောပမာဏ အ တိုင်း ရင့်ကျက်သူ များ ဖြစ်လာ သည် အထိ ပြင်ဆင်ပေး ခြင်း ဖြစ် ၏။
၁၄။ ဤ သို့ ဖြင့် ငါတို့ သည် လူတို့ ၏ ကောက်ကျစ်စဉ်းလဲ ခြင်း နှင့် ပါးနပ်စွာလှည့်ဖြား ခြင်း တို့ကြောင့် အယူဝါဒလမ်းကြောင်း ပြောင်း သော အခါ တိုင်း ဖရိုဖရဲလွင့်ပါသွားတတ်သော ကလေး သူငယ် များ ဖြစ်ကြတော့မည် မဟုတ် ပေ။
၁၅။ ထိုမျှမက ငါတို့ သည် ချစ် ခြင်း မေတ္တာ ၌ အမှန်တရားကို ဟောပြောကြ လျက် ငါတို့ ၏ ဦးခေါင်းဖြစ်သော ခရစ်တော် ၌ အရာရာ တွင် ကြီးပွားတိုးတက်ကြရမည်ဖြစ် ၏။
၁၆။ ထိုသခင်အား ဖြင့် ကိုယ်ခန္ဓာ တစ်ခု လုံး သည် ပေါင်းစည်းထား ၍ ကိုယ်အင်္ဂါရှိသမျှတို့ သည် ၎င်းတို့ တစ်ခု စီလုပ်ဆောင်ရမည့် လုပ်ငန်း အ တိုင်း အသီး သီးလုပ်ဆောင်ကြ လျက် ကိုယ်ခန္ဓာအားအထောက်အကူပြုကြ ၏။ သို့ ဖြစ် ၍ ကိုယ်ခန္ဓာ သည် ချစ် ခြင်း မေတ္တာ ၌ တည်ဆောက်ပြီးစီး သည် အထိ ကြီးထွားလာလေ ၏။
ဤသည်ကား ဘုရားသခင်၏နုတ်ကပါဌ်တော်ပေတည်း။
ဆာလံ။ ။ ၁၂၂:၁-၅။
၁။ ထာဝရ ဘုရားသခင် ၏ အိမ်တော် သို့ သွားကြစို့ဟူ ၍ ငါ့ကိုသူတို့ပြောကြားကြ သော အခါ ငါ သည် ရွှင်လန်း ဝမ်းမြောက် ပါ ၏။
၂။ အိုဂျေရုဆလင်၊ ငါတို့ ၏ ခြေ များ သည် သင် ၏ တံခါး များ အ တွင်း ၌ ရပ် လျက် ရှိနေကြပါ ၏။
၃။ ဂျေရုဆလင်မြို့ သည် စုစည်းကျစ်လစ်စွာ တည်ဆောက် ထား သော မြို့ဖြစ် ၏။
၄။ ထိုအရပ် သို့ ထာဝရ ဘုရားသခင် ၏ လူမျိုးစု များ ဖြစ် သည့် လူမျိုးစုတို့တက်ရောက်ကြ ၏။ အစ္စရာအဲလ်လူမျိုးတို့အား ချမှတ်ပေးထား သည့် ဥပဒေ နှင့် အညီ သူတို့ သည် ထိုအရပ် တွင် ထာဝရ ဘုရားသခင် ၏ နာမတော်ကို ချီးမွမ်း ထောမနာပြုကြပါ ၏။
၅။ ဤနေရာ သည် ကား ဒါဝိဒ်မျိုးဆက် ၏ ရာဇပလ္လင် များ ဖြစ်ကြ သည့် တရား စီရင် ရာပလ္လင် များ ရှိကြ ၏။
ဧဝံဂေလိကျမ်း။
ရှင်လုကာ။ ၁၂၂:၁-၉။
၁။ ထိုအချိန် တွင် အထံတော် ၌ ရှိနေကြ သော သူ အချို့က ပီလာတုမင်း သည် ဂါလေလေးယနယ်သားအချို့ ၏ သွေးကို ၎င်းတို့ ၏ ပူဇော်သကာ များ နှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော် အားလျှောက်ထားကြ ၏။
၂။ ကိုယ်တော် က လည်း ဤဂါလေလေးယနယ်သားတို့ သည် ဤ သို့ ခံရ ခြင်း ကြောင့် အခြားသော ဂါလေလေးယနယ်သားတို့ထက် ပို ၍ အပြစ် ကြီးသူ များ ဖြစ်ကြ သည် ဟု သင်တို့ထင်မှတ်ကြသလော။
၃။ ဤကဲ့ သို့ မဟုတ် ဟု သင်တို့အား ငါဆို ၏။ သို့ သော် သင်တို့ သည် နောင်တမရကြ လျှင် သင်တို့ အားလုံး သည် လည်း ထိုနည်းတူပျက်စီးကြ လိမ့်မည်။
၄။ ထို့အတူ စီလွမ်ရဲတိုက်ပြိုကျ ၍ သေဆုံးကြ သော သူ တစ်ဆယ့်ရှစ်ယောက်တို့ သည် ဂျေရုဆလင်မြို့ တွင် နေထိုင် ကြသော အခြားသူ များ ထက် အပြစ် ကြီး သည် ဟု သင်တို့ထင်မှတ်ကြသလော။
၅။ ထို သို့ မဟုတ် ဟု သင်တို့အား ငါဆို ၏။ သို့ သော် သင်တို့ သည် နောင်တမရကြ လျှင် သင်တို့ အားလုံး သည် လည်းထိုနည်းတူ ပျက်စီးကြရ လိမ့်မည်ဟု သူတို့အား ပြန်ဖြေ တော်မူ ၏။
၆။ ကိုယ်တော် သည် ဤပုံဥပမာ ကိုလည်း သူတို့အား မိန့် တော်မူ ၏။ လူ တစ်ယောက် သည် မိမိ ၏ စပျစ်ဥယျာဉ်ထဲ တွင် သဖန်းပင်တစ်ပင်ကိုစိုက်ပျိုးထား ၏။ ထို့နောက် သူ သည် လာ ၍ သဖန်းပင်မှ အသီး ကိုရှာ သော်လည်း မတွေ့ချေ။
၇။ ထိုအခါ သူက ငါ သည် လာ ၍ ဤသဖန်းပင်ပေါ်မှ အသီး ကိုရှာ သည် မှာ သုံးနှစ်ရှိလေပြီ။ သို့ ရာ တွင် အသီး တစ်လုံးကိုမျှ မတွေ့ရ။ ၎င်းကိုခုတ်ပစ်လော့။ အဘယ်ကြောင့် ၎င်းကိုမြေပေါ် တွင် အကျိုး မဲ့နေရာယူစေမည်နည်းဟု စပျစ်ဥယျာဉ်မှူးအားဆိုလေ ၏။
၈။ ထိုသူ က လည်း သခင်၊ ယခုနှစ် တွင် လည်း ဤ အပင် ကိုမည် သို့ မျှမပြုပါ နှင့်။ အကြှနျုပျ သည် အပင် ပတ်လည် ၌ တူးဆွ ၍ မြေဩဇာထည့်ပါမည်။
၉။ နောင်နှစ် တွင် အသီး သီးကောင်းသီးပါ လိမ့်မည်။ ထို သို့ မသီး လျှင် မူ သခင် သည် ၎င်းကိုခုတ်ပစ်နိုင်ပါ သည် ဟူ ၍ သူ့အား ပြန်ပြော သည် ဟု မိန့် တော်မူ ၏။
ဤသည်ကား ခရစ္စတူးသခင်၏မွန်မြတ်သော ဧဝံဂေလိ တရားတော်ပေတည်း။
အို..ခရစ်တော်သခင်ကိုယ်တော်ရှင်အားချီးမွမ်းထောမနာရှိပါစေ။ အာမင်။
No comments:
Post a Comment