အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

ကိုးကွယ်မှုဘာသာတရားများ၏တူညီသောအချက်တစ်ချို့။

၁၉၈၄ နှင့် ၁၉၈၆ ခုနှစ်များက အမေရိကန်နိုင်ငံ၊ ကော်လော် ရာဒိုပြည်နယ်၊ စနိုးမာ့စ်မြို့၊စိန်ဘက်နက် ဒစ် ကက်သလစ်ရသေ့
ကျောင်းတော်မှာ ကမ္ဘာ့ဘာသာကြီးများအချင်း ချင်း နှီးနှောဖလှယ်ခြင်း အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပါသည်။
ထိုအစီအစဉ် ကြီးကို ဗုဒ္ဓ ဘာသာ၊ တိဗက်ဗုဒ္ဓ ဘာ သာ၊ ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ အစ္စလာမ်ဘာ သာ၊ ရုရှားဩသော်ဒေါ့စ်၊ ပရောတက်စတန်ခရစ် ယာန်အသင်းများ (Protestant)နှင့် ကက်သ လစ် ခရစ်ယာန်ဘာသာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
     ထိုအစီအစဉ်အတွင်း ကိုယ်စားလှယ်တော်ကြီးများအားလုံးတို့သည် မိမိတို့ဘာသာအတိုင်း ဆိတ် ငြိမ်စွာဆုတောင်းရင်း မိမိတို့ ယုံကြည်ရာဘာသာများ၏ သင်ကြားချက်များကို ဝေမျှပို့ချခဲ့ကြ ပါ သည်။အထူးသဖြင့် ကမ္ဘာ့လူသားထုကြီးတစ်ခုလုံးကို အကျိုးပြုမည့် တူညီသော ဘာသာတရား ယုံ ကြည်ရာများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။

သူတို့တင်ပြခဲ့ကြသည့် တူညီချက်များမှာ..ကမ္ဘာ့ဘာသာကြီးများအားလုံးက “#အမြင့်ဆုံးပုဂ္ဂိုလ်တော်မြတ် (သို့) #အမြင့်ဆုံးသောအဖြစ်တော် (Ultimate Reality) ကို လက်ခံကြပါသည်။ ထိုအဖြစ်တော်ကို #ဗြဟ္မာ (Brahman)၊ #အလ္လာဟ် (Allah)၊ #ဘုရား (God)၊ လုံးဝဥသုံပြည့်စုံခြင်း (Absolute)၊ #နိဗ္ဗာန် (Nirvana) စသည်ဖြင့်ခေါ် ဝေါ်ကြပါသည်။ ။

ထိုအဆုံးအစွန်အမြင့်မြတ်ဆုံးသောအဖြစ်တော်ကိုလူ့စကားလုံးများနှင့်ပြည့်စုံစွာအဓိပ္ပါယ်ဖွင့်ဆို ဖော်ပြနိုင်စွမ်းမရှိပါဟု အားလုံးက လက်ခံကြပါသည်။
 အဆုံးအစွန်မြင့်မြတ်သန့် ရှင်းတော်မူသောထိုအဖြစ်တော်သည်သာ လူ သားတို့မျှော်လင့်တောင့် တသည့် ပြည့်စုံခြင်းနှင့် တစ်နေ့မှာ ရယူနိုင်စွမ်းသောအရာဖြစ်ပါသည်။ (the ground of infinite potentiality and actualization)

 #ဘာသာတရားများကိုယုံကြည်သက်ဝင်ခြင်း (သဒ္ဓါ၊ faith) သည် ထိုအမြင့်ဆုံးအဖြစ်တော်ထံတော်သို့ ရောက်ရှိနိုင်ရန် လမ်းသာ ဖြစ်၏။
The potential for human wholeness ဟုခေါ်သည့် တစ်နေ့မှာ လူ သားတို့ ရနိုင်စွမ်းသည့် ပြည့်စုံခြင်း၊တစ်နည်း အားဖြင့် 
#အသိဉာဏ်ပွင့်လင်းခြင်း (Enlightenment)၊ 

#ကယ်တင်ခြင်း (Salvation)၊ 

#အဆင်းအသွင်ပြောင်းခြင်း (Tranformation)၊ 

#သန့်ရှင်းမြင့်မြတ်ခြင်း (Blessednes)၊ 

#နိဗ္ဗာန် (Nirvana) အစရှိသည်တို့သည် လူတစ်ဦးစီတိုင်းမှာ ရှိနေပါသည်။ 

#အမြင့်မြတ်ဆုံးအဖြစ်တော်ကိုဘာသာရေးအကျင့်သီလများဖြင့်သာမကဘဲသဘာဝတရားအားဖြင့်(through nature )၊ #အနုပညာများ (art) အား ဖြင့်၊ #လူသားတစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံခြင်းအားဖြင့်၊ တစ်ပါးသူများအားကူညီပေးခြင်း၊ အစေခံမှု ပြုခြင်းအားဖြင့်လည်း ခံစားနိုင်ပါသည်။

ထိုအမြင့်ဆုံးအဖြစ်တော်မှဝေးကွာနေရသ၍ လူအဖြစ်အခြေအနေသည် 
#မသိမှု (အညာဏ၊ ignorance)၊ #အမြင်မကြည်လင်မှောက်မှားခြင်း (illusion)၊#အားနည်မှု(weakness) နှင့် #ဒုက္ခ (suffering) သာဖြစ်နေပါတော့သည်။
ယုံကြည်သူများ၏အ သက်တာမှာ နည်းလမ်း မှန်ကန်သော တရားအား ထုတ်မှုများ လိုအပ်ပါ သည်။ ထိုတိကျမှန်ကန်သော တရား အားထုတ်ကျင့်ဆောက်တည်မှုများမှာ... - 
#ချစ်ခြင်းမေတ္တာဘာဝနာပွားများခြင်း (practice of compassion)၊ - 

#တစ်ပါးသူများအားပေးကမ်းထောက်ပံ့ခြင်းနှင့်အစေခံမှုပြုခြင်း (service to others) - 

#ပါရမီဆည်းပူးခြင်းနှင့်ကိုယ်ကျင့်တရားဆောက်တည်ခြင်း (practicing moral precepts and virtues) - 

#တရားဓမ္မဆီးဖြန်းခြင်းနှင့်ကမ္မဌာန်းထိုင်ခြင်း (meditation)၊ - 

#အစားအစာရွေးချယ်စားသောက်ခြင်း (attention to diet)၊ - 

#ဥပုသ်စောင့်ခြင်းအစာရှောင်ခြင်းခြိုးခြံခြင်း (fasting and abstinence)၊ - 

#မြူးဇစ်ဓမ္မသီချင်းသီဆိုခြင်းနှင့်ဘာသာသင်္ကေတများအသုံးပြုခြင်း (the use of music and chanting and sacred symbols)
#အာရုံပြုခြင်းများသတိပဌာန်းပြုခြင်းနှင့် (awareness mindfulness) - 

#ပစ္စုပ္ပန်အချိန်မှာသာနေထိုင်ခြင်း(living in the present moment), - 

#ဘုရားဖူးခရီးသွားခြင်း (pilgrimage)၊ - 

#ကျမ်းဂန်များကိုသင်ယူမှတ်သားခြင်း၊ - အနန္တောအနန္တဂိုဏ်းဝင် မိဘနှင့်ဆရာသမားများကို ရိုသေလေးစားခြင်း၊ - သန့်ရှင်းသောစကားလုံးများ ရွတ် ဆိုခြင်း (ဥပမာ - ဂါထာ၊ မန္တယားများ)၊ - တစ်ဦးတည်းဖြစ်စေ၊ အများနှင့်ဖြစ်စေ ကိုယ်စိတ်နှလုံးဆိတ်ငြိမ်စွာ နေခြင်းကို တန်ဖိုးထားခြင်း၊ သာသနာ့အသင်းအဖွဲ့များ၊ကျေး ဇူးသိတတ်ခြင်းနှင့် နှိမ့်ချခြင်းများသည် တရားဘာဝနာဆောက်တည်နေသူများအတွက် မရှိမဖြစ်လိုအပ်ခြင်း၊ - ဘုရားရှိခိုးဆုတောင်းမေတ္တာပြုခြင်းသည် အမြင့်မြတ်ဆုံးသော အဖြစ်တော်နှင့်ပေါင်းစပ်ခြင်းဖြစ်၏။
အထက်ပါအချက်များကိုကြည့်ခြင်းဖြင့် ကိုးကွယ်မှုဘာသာ တရားများတွင် တူညီသော အချက်အ
လက်များနှင့် ယုံကြည်ရာများရှိနေတယ်ဆိုတာ အံ့သြစရာကောင်းလောက်အောင်မှတ်သားရပါသည် 

အရေးကြီးတာကဘာသာတိုင်းမှ ယုံကြည်သူများသည် တစ်ပါးသူများကို နားလည်ဖို့လိုအပ်ပါသည် 

လူတိုင်းလူတိုင်း မိမိဘာ သာနှင့် ယုံကြည်ရာများကို ဂုဏ်ယူ ကြတာချည်းပင်ဖြစ်၏။ မိမိအတွက် တန်ဖိုးအနဂ္ဂထိုက်သည့် ရတနာ များဖြစ်ပါသည်။
မိမိအတွက်အခြားဘာ သာတစ်ခုဟာ ဘယ် လောက်ပင် ထူးဆန်းနေပါစေ၊ ထိုဘာသာကို ကြည်ညိုသူတို့ အတွက်မှာတော့ တန်ဖိုးမဖြတ်နိုင်သည့် ကြည်ညိုရာများ ဖြစ်ပါသည်။
ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဘာသာနှင့် တစ် ဘာသာ အပြန်အလှန်လေးစားဖို့လိုအပ်ပါသည်၊၊ 

Crd
ဆရာတော်မကု (ဒဿန )

No comments:

Post a Comment