အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

❤️စိန့် အန်‌ထော်နီ ကလာရက်❤️


📆ပွဲနေ့- အောက်တိုဘာလ၊ (၂၄)ရက်



🔰စိန့် အန်‌ထော်နီ ကလာရက်ကို (၁၈၀၇) ခုနှစ်၊ စပိန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး၊ ဖခင်ရဲ့ ခြေရာကို လိုက်ပြီး ကုန်သွယ်ရေးသမားတစ်ဦးက‌နေ ရက်ကန်းသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အန်‌ထော်နီ ကလာရက်က သူ့အားလပ်ချိန်‌တွေမှာ  လက်တင်ဘာသာကို လေ့လာခဲ့ပြီး၊ အသက် (၂၂) နှစ်အရွယ်မှာ ရဟန်းဖြစ်သင်ကျောင်းကို စတင်ဝင်ရောက်ခဲ့ပြီး ( ၁၈၃၅)မှာ ရဟန်းသိက္ခာခံယူခဲ့ပါတယ်။ 

🔰အန်‌ထော်နီ ကလာရက်ဟာ (၁၀)နှစ်တာ  သာသနာအတွက် ပေးဆပ်အလုပ်လုပ်ခဲ့ပြီးတဲ့နောက်၊(၁၈၄၉)ခုနှစ်မှာ ကလာရက်ရှန်းလို့ခေါ်တဲ့ ရဟန်းသူတော်စင် အသင်းဂိုဏ်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။  

🔰များမကြာမီမှာ အန်‌ထော်နီ ကလာရက်ဟာ ကျူးဘားနိုင်ငံ (Cuba)၊ စန်တီယာဂို(Santiago) ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ပါတယ်။ ဆရာတော် အန်‌ထော်နီ ကလာရက်ရဲ့ ဆရာတော်သက်တမ်းမကြာခင်မှာပဲ ဘုန်းတော်ကြီးများ၊  ဓမ္မဆရာများနှင့် လူဝတ်ကြောင်များကိုအောင်မြင်စွာ ပြုပြင်ပြောင်းလဲ‌။ 

🔰စပိန်နိုင်ငံရဲ့မိဘုရားကြီးဖြစ်တဲ့ အစ္စဘယ်လ်( Isabella II ) ရဲ့ ဝိညာဉ်ရေးပိုင်းဆိုင်ရာ လမ်းညွှန်အကြံပေးတဲ့ ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဖို့နှင့် သူတည်ထောင်ခဲ့တဲ့ အသင်းဂိုဏ်းကို ကြီးကြပ်ဖို့နှင့် ဝိညာဉ်ရေးရာ လမ်းညျွန်မှု စာအုပ်တွေကို ထုတ်ဝေဖို့ စပိန်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။

🔰၁၈၆၈ ခုနှစ်တွင်စပိန်တော်လှန်ရေးကြောင့်ဂိုဏ်းချုပ်ဘုန်းတော်ကြီး အန်‌ထော်နီ ကလာရက်  နှင့် မိဖုရား အစ္စဘယ်လာ (Isabella) တို့နှစ်ပါးစလုံး ပြည်နှင်ခံဒဏ်ခံခဲ့ကြပါတယ်။ ပထမ ဗာတီကန်  ပြီးတဲ့နောက်၊ ဂိုဏ်းချုပ်ဆရာတော်ကြီးအန်‌ထော်နီ ကလာရက်ဟာ ပြင်သစ်နိုင်ငံရှိ ချီးစ်တဲရ်ရှန် (Cistercian) ဘုန်းကြီးကျောင်းမှာ နေထိုင်ရင်း (၁၈၇၀) မှာ ကွယ်လွန်သွားခဲ့ပါတယ်။

🔰ဆရာတော်ကြီး အန်‌ထော်နီ ကလာရက်ကွယ်လွန်ပြီးတော့ နှစ်ပေါင်း (၈၀) အကြာမှာ ရဟန္တာတင်မြောက်ခဲ့ပါတယ်။ သူတည်ထောင်တဲ့ ရဟန်းသူတော်စင်ဂိုဏ်းဟာ အခုချိန်မှာ ယုံကြည်သူတွေကို ဝိညာဉ်ရေးရာ လမ်းညွှန်မှု စာပေများ၊ နေ့စဉ်ထောက်ရှုချက်များကို ထိထိရောက်ရောက် ဖြန့်ချီရင်း သာသနာပြုနေကြသော ကလာရက်ရှန်း အသင်းဂိုဏ်းအဖြစ်ထင်ရှားလျက်ရှိနေပါတယ်။ 

🔰ရဟန်းသူတော်စင် ကလာရက်ရှန်းဘုန်းတော်ကြီးများရဲ့ ပွဲလဲ ဖြစ်တာကြောင့် ဒီသူတော်စင် ဂိုဏ်းမှာ ရှိနေကြတဲ့ ဘုန်းတော်ကြီးများ အားလုံးအတွက် အထူးသတိတရ ဆုတောင်းပေးကြရအောင်။ 

#  #  #  #  #  #  #  #  #  #  #  #  #  #  #  #  #

             ကြယ်စင်လေး (SJA)
                         Ref: CNA

No comments:

Post a Comment