🔺
အဆုတ်ကို ပြန်လည် သန့်စင်စေနိုင်တဲ့ အစားအစာ ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်
၁. ကြက်သွန်ဖြူ - ကြက်သွန်ဖြူက အစာကြေစနစ်ကိုကောင်းစေပြီး အဆုတ်ကို သန့်စင်ပေးနိုင်လို့ ဆေးလိပ်သောက်တတ်သူများ အမြဲဦးစားပေး စားသုံးသင့်တဲ့ အစားအစာ တစ်ခုပဲဖြစ်ပါတယ်။
၂. ပန်းသီး - ပန်းသီးမှာ Vitamin နှင့် အမျှင်ဓာတ် များစွာ ပါဝင်လို့ အဆုတ်ကို ပြန်လည် သန့်စင်ပေးနိုင်တဲ့ အပြင် အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါများကိုလည်း ကြိုတင် တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။
၃. ဂျင်း - ဂျင်း သည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကပ်ငြိနေတဲ့ ချွဲသလိပ်တွေ ပျော်ဆင်းသွားဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဂျင်းပြုတ်ရည် သောက်သုံးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်က ဆေးလိပ်သောက်တတ်သူဆို တစ်ပတ် တစ်ခါ (သို့) နှစ်ပတ် တစ်ခါလောက် ဂျင်းပြုတ်ရည် ပုံမှန်သောက်သုံးပေးပါ။ ဂျင်းကိုပါးပါးလှီးပြီး ရေနွေးနွေးလေးထဲမှာထည့်ကာ သံပုရာသီးလေးညှစ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
ဒီအစားအစာ (၃) မျိုးဟာ ပျက်စီးနေတဲ့ အဆုတ်ကို ပြန်လည်သန့်စင်နိုင်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်
မူရင်းတင်သူကို
Credit ပေးပါတယ်
#တခုခု ရရင်ကျေနပ်တယ်
No comments:
Post a Comment