မြန်မာလူမျိုး အများစုက လက်ဖက်ရည်ကို ကြိုက်နှစ်သက်စွာ သောက်သုံးလေ့ ရှိကြပါတယ်။ တစ်ချို့ဆိုရင် မနက်တိုင်း လက်ဖက်ရည် သောက်သုံးရတာက အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ လက်ဖက်ရည် က လက်ဖက်ရွက်ကနေ တစ်ဆင့်ထုတ်လုပ်ထားတာမို့ လက်ဖက်ရွက်ပေါ်မူတည်ပြီး အရသာ ပြောင်းလဲပါတယ်။
လက်ဖက်ရည်ကို အခြား အစားအစာများနဲ့လည်း တွဲဖက်စားသုံးလေ့ ရှိကြသလို တခါတလေလည်း အပျင်းပြေ သောက်သုံးလေ့ ရှိကြပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းက ကျန်းမာရေးနဲ့ ပတ်သက်မှု ရှိခြင်းကိုလည်း ဗဟုသုတ ရရှိစေဖို့ တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။
လက်ဖက်ရည်က စိတ်ကို လန်းဆန်းစေပါတယ်။ လက်ဖက်ရည်သောက်ခြင်းက အိပ်ငိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ လက်ဘက်ရည်က ဝမ်းလွယ်စေတာကြောင့် ဝမ်းချုပ်တဲ့သူတွေ သောက်ပေးနိုင်ပါတယ်။ သို့သော် လက်ဖက်ရည်က လေထိုးစေတတ်တာမို့ လက်ဖက်ရည်သောက်မယ်ဆို မုန့်တစ်ခုခုနဲ့ တွဲစားပေးခြင်းက ပိုပြီး သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များအနေနဲ့ လေထိုးရင် အရမ်းခံရခက်တာမို့ ကိုယ်ဝန်ဆောင်မိခင်များ လက်ဖက်ရည်သောက်တဲ့အခါ နို့များများ ထည့်သောက်ဖို့ အကြံပေးချင်ပါတယ်။
အချို့က လက်ဖက်ရည်နဲ့ သံပုရာသီးကို တွဲဖက်ပြီး လီမွန်တီး အနေနဲ့လည်း သောက်တတ်ကြပါတယ်။ လီမွန်တီးသောက်တဲ့သူတဲ့ သူများကတော့ လဘက်ရည်မှာဖြစ်စေတဲ့အအီဓာတ်ကို လျှော့ချထားတာကြောင့် ခေါင်းမူးခေါင်းနောက်ဖြစ်တာတွေကို သက်သာစေပါတယ်။
အစာအိမ်ရောဂါအခံရှိတဲ့သူများ၊ ရာသီလာရင်ကိုက်ခဲတတ်တဲ့သူများအနေနဲ့ ဗိုက်အောင့်နေချိန်နှင့် ကိုက်ခဲနေချိန်တွေမှာ လက်ဖက်ရည် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လက်ဖက်ရည်ကြမ်း သောက်မယ်ဆိုလျှင်လည်း လက်ဖက်ခြောက် အများကြီး မထည့်ဘဲ ပုံမှန် သောက်သုံးခြင်းက ပိုပြီး သင့်တော်ပါတယ်။ အစားအသောက်တိုင်းက တန်ဆေး လွန်ဘေးမို့ လက်ဖက်ရည်ကို နေ့စဉ် အများကြီး မသောက်သုံးဖို့ ထပ်မံ အကြံပြုချင်ပါတယ်။
သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
သတင်းအရင်းအမြစ် - Google
---
လက်ဖက်ရည် အရမ်းကြိုက်တတ်လား🥰
https://web.facebook.com/7887HealthcareCallCenter/photos/a.1040692072628407/3685691091461812/
=================================
လက်ဖက်ရည် အရမ်းကြိုက်တတ်လား🥰
မြန်မာလူမျိုး အများစုက လက်ဖက်ရည်ကို ကြိုက်နှစ်သက်စွာ သောက်သုံးလေ့ ရှိကြပါတယ်။ တစ်ချို့ဆိုရင် မနက်တိုင်း လက်ဖက်ရည် သောက်သုံးရတာက အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ လက်ဖက်ရည် က လက်ဖက်ရွက်ကနေ တစ်ဆင့်ထုတ်လုပ်ထားတာမို့ လက်ဖက်ရွက်ပေါ်မူတည်ပြီး အရသာ ပြောင်းလဲပါတယ်။ လက်ဖက်ရည်ကို အခြား အစားအစာများနဲ့လည်း တွဲဖက်စားသုံးလေ့ ရှိကြသလို တခါတလေလည်း အပျင်းပြေ သောက်သုံးလေ့ ရှိကြပါတယ်။ လက်ဖက်ရည် သောက်သုံးခြင်းက ကျန်းမာရေးနဲ့ ပတ်သက်မှု ရှိခြင်းကိုလည်း ဗဟုသုတ ရရှိစေဖို့ တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။
လက်ဖက်ရည်က စိတ်ကို လန်းဆန်းစေပါတယ်။ လက်ဖက်ရည်သောက်ခြင်းက အိပ်ငိုက်ခြင်းကိုလည်း သက်သာစေပါတယ်။ လက်ဘက်ရည်က ဝမ်းလွယ်စေတာကြောင့် ဝမ်းချုပ်တဲ့သူတွေ သောက်ပေးနိုင်ပါတယ်။ သို့သော် လက်ဖက်ရည်က လေထိုးစေတတ်တာမို့ လက်ဖက်ရည်သောက်မယ်ဆို မုန့်တစ်ခုခုနဲ့ တွဲစားပေးခြင်းက ပိုပြီး သင့်တော်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်များအနေနဲ့ လေထိုးရင် အရမ်းခံရခက်တာမို့ ကိုယ်ဝန်ဆောင်မိခင်များ လက်ဖက်ရည်သောက်တဲ့အခါ နို့များများ ထည့်သောက်ဖို့ အကြံပေးချင်ပါတယ်။
အချို့က လက်ဖက်ရည်နဲ့ သံပုရာသီးကို တွဲဖက်ပြီး လီမွန်တီး အနေနဲ့လည်း သောက်တတ်ကြပါတယ်။ လီမွန်တီးသောက်တဲ့သူတဲ့ သူများကတော့ လဘက်ရည်မှာဖြစ်စေတဲ့အအီဓာတ်ကို လျှော့ချထားတာကြောင့် ခေါင်းမူးခေါင်းနောက်ဖြစ်တာတွေကို သက်သာစေပါတယ်။
အစာအိမ်ရောဂါအခံရှိတဲ့သူများ၊ ရာသီလာရင်ကိုက်ခဲတတ်တဲ့သူများအနေနဲ့ ဗိုက်အောင့်နေချိန်နှင့် ကိုက်ခဲနေချိန်တွေမှာ လက်ဖက်ရည် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လက်ဖက်ရည်ကြမ်း သောက်မယ်ဆိုလျှင်လည်း လက်ဖက်ခြောက် အများကြီး မထည့်ဘဲ ပုံမှန် သောက်သုံးခြင်းက ပိုပြီး သင့်တော်ပါတယ်။ အစားအသောက်တိုင်းက တန်ဆေး လွန်ဘေးမို့ လက်ဖက်ရည်ကို နေ့စဉ် အများကြီး မသောက်သုံးဖို့ ထပ်မံ အကြံပြုချင်ပါတယ်။
သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
သတင်းအရင်းအမြစ် - Google
---
လက်ဖက်ရည် အရမ်းကြိုက်တတ်လား🥰
https://web.facebook.com/7887HealthcareCallCenter/photos/a.1040692072628407/3685691091461812/
=========================
7887 ကျန်းမာရေး Call Center /
Credit
#တခုခု ရရင်ကျေနပ်တယ်
No comments:
Post a Comment