~~~~~~~~~~~~~~~
- တချို့လူတွေရှိတယ်
ငြိမ်ခံနေတုန်းက မမြင်ဘူး
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး ။
- တချို့လူတွေရှိတယ်
ခေါင်းပေါ်တတ်နင်းခံရတာမသိဘူး
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး ။
- တချို့လူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကိုအားမနာဘူး
ဒဲ့ပြောလိုက်မှ ကိုယ်က လူကြမ်းမကြီးဆိုတာမျိုး ။
- တချို့လူတွေရှိတယ်
တသက်လုံးသည်းခံလာတာကိုမစာနာကျဘူး
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး ။
- တချို့လူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး
အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်တတ်ကြတာမျိုး ။
- တချို့လူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကျဘူး
ဟန်ဆောင်တတ်တဲ့လူကိုမှ
အမှန်အကန်ထင်တတ်ကြတာမျိုး ။
- တချို့လူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်နဲ့ တဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး ။
- တချို့လူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး ။
- တချို့လူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တစ်ပါး
လူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး ။
- တချို့လူတွေရှိတယ်
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့
သက်သက်လူဖြစ်လာတာမျိုး ။
- ဒါကြောင့် အကောင်းမြင်စိတ်
အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ
အသက်ရှင်နေတဲ့ တချို့လူတွေအတွက်
စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။
©®-Juu💕💕
#Julia(18.8.2020)
ပြန်လည်မျှဝေသည်
No comments:
Post a Comment