အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

အရူး

အရူး
------
တစ်ခါတုန်းက မြို့တစ်မြို့မှာအရူးဆေးရုံ တစ်ရုံ ရှိတယ်။

အဲ့ဒီဆေးရုံက အရူးတွေဟာ သောင်းကျန်းလွန်းလို့
ဆရာဝန်တွေမနိုင်တော့တဲ့အခါတစ်ခုစဉ်းစားမိကြသတဲ့...
အရူးအချင်းချင်းကို ထိန်းခိုင်းရင် အဆင်ပြေနိုင်တယ် ဆိုပြီးတော့ပေါ့ ……အဲ့ဒါနဲ့နောက်တစ်နေ့ကျတော့အရူး အားလုံးကို ခေါ်ပြီး ပြောတယ်တဲ့..


ကဲ မင်းတို့ထဲက ခေါင်းဆောင် သုံးယောက် ရွေးမယ် ..
ငါမေးတာကို မှန်အောင် ဖြေနိုင်ရင်ခေါင်းဆောင် ခန့်မယ်

ကဲ စပြီဆိုပြီး မေးတော့တာပေါ့

မာလကာသီး တစ်လုံးကို ပြပြီး ဒါဘာသီးလဲမေးတော့ ပထမ တစ်ယောက်မှ မဖြေနိုင်ဘူးတဲ့.
ခဏနေမှ နောက်နားက အရူး ပွင့်ဦးဆိုတဲ့ တစ်ယောက်က ထဖြေတယ် ..

မာလကာသီးပါ...

အဲ့ဒါနဲ့သူ့ကို ခေါင်းဆောင် ခန့်လိုက်တယ်
တစ်ယောက် ရပြီပေါ့.

ကဲ နောက်တစ်ယောက်ဆိုပြီး သရက်သီးကို ပြတယ် ဘာသီးလဲပေါ့
အရူး ထွန်းအောင် ထဖြေတယ် သရက်သီး..
နှစ်ယောက်မြောက် ခေါင်းဆောင် ရပြန်ရော.

ကဲ ဒီတစ်ခါ နောက်ဆုံး တစ်ယောက်ကိုတော့
အသီးပြစရာ လောလောဆယ် မရှိလို့ ပါးစပ်ကပဲ သေချာပြောပြမယ် နားထောင်

"သူ့အလုံးက လူ့ခေါင်းလောက် ရှိတယ် ဆူးတွေ အများကြီးနဲ့ မွန်ပြည်နယ်   ကရင်ပြည်နယ်ဘက်က အများဆုံး ထွက်တယ်..

 ကြိုက်တဲ့ သူတွေ အတွက်ကတော့ သူ့အနံ့က မွှေးတယ်မကြိုက်တဲ့သူတွေအတွက်ကတော့သူ့အနံ့က ခေါင်းကိုက်လောက်အောင် နံသတဲ့..
 အဲ့ဒါ ဘာသီးလဲ" လို့မေးသတဲ့ 

နောက်ဆုံး မေးခွန်းလဲကျရောအချိန်အတော် ကြာတဲ့အထိ ဖြေနိုင်တဲ့သူ ပေါ်မလာဘူးတဲ့.

ဒါပေမယ့်ဒီစာကို ခုဖတ်နေတဲ့ သူကတော့ ဒီအဖြေကို သိလို့ စိတ်ထဲကတောင် ဖြေပြီးနေလောက်ပြီ.

ဟုတ်ကဲ့ ဂုဏ်ယူပါတယ်နော်…
ခင်ဗျားကို တတိယမြောက် ခေါင်းဆောင်အဖြစ် ခန့်လိုက်ပါပြီ..😝😂😂😂
ဘ၀အမောများ ပြေပျောက်နိုင်ကြပါစေ။

ပြန်လည်ဝေမျှသည်။
#PhooMyatChal
12.10.2020


#Credit#ဦးမာန်

No comments:

Post a Comment