အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ကိုယ်မှာပိုက်ဆံမရှိတဲ့အချိန် တစ်ယောက်ထဲနေပါ



ကိုယ့်မှာ မရှိတဲ့အချိန် ကွမ်းယာဆိုင်မှာ ဆေးလိပ်တို လေးကိုမီးညှိရတာတောင် မျက်နှာငယ်ရတယ်။

ကိုယ့်မှာ ပိုက်ဆံမရှိတဲ့အချိန် လိုင်းကားစီးရင် ကိုယ် အတွက်ပိုက်ဆံ သူထည့်ပေးလို့မင်း မတ်တပ်ရပ်ပြီးသူ့ ကို ထိုင်ခုံရရင်ပေးထိုင်ရမယ်။


ကိုယ့်မှာ ပိုက်ဆံမရှိရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တခြားသူတွေ ငါရှင်းလိုက်မယ် သူရှင်းလိုက်မယ် ပြောနေချိန် မျက်နှာငယ်လေးနဲ့ မင်းကြည့်နေရလိမ့်မယ်။

ကိုယ့်မှာ မရှိတဲ့အချိန် ဆွေမျိုးသားချင်းတွေဆီကို သွားမိရင် မင်းဖိနပ်ကစုပ်နေပြီ မင်းဆံပင်ကရှည်နေပြီ ပြောလိမ်မယ်။ မင်းသူတို့အိမ်က ဖိနပ်စင်ကဖိနပ်တွေကိုကြည့်ပြီး အားငယ်လာလိမ့်မယ်။

ကိုယ့်မှာ မရှိတဲ့အချိန် မင်းကိုစားပါဦး လို့ပြောတဲ့ လူတွေရဲ့ အသံကို ဝတ်ကျေတန်းကျေ အသံလောက်ပဲ
မင်း ကြားရလိမ့်မယ်။

ကိုယ့်မှာ မရှိတဲ့အချိန် မင်းကို တစ်ခုပေးတစ်ခု ကျွေးပြီး ပညာသားပါတဲ့ လူတွေက မင်းကိုပညာသား ပါပါ တစ်ခုခု ပြန်ခိုင်းလိမ့်မယ်။ 

ကိုယ့်မှာ မရှိတဲ့အချိန် မရှိအတူ ရှိအတူ လို့ပြောတဲ့ လူတွေပဲမင်းမရှိပေမဲ့ သူကရှိနေတဲ့ အနေအထား နဲ့ မင်းအနားမှာ အတူရှိနေလိမ့်မယ်။မင်းကို ဆက်ဆံတဲ့ ပုံစံတော့ တူတော့မှာ မဟုတ်ဘူး။

ကိုယ့်မှာ မရှိတဲ့အချိန် မင်းကို ဘယ်သူမှကြိုဆိုနေ ကြမှာမဟုတ်ဘူး။အဲ့လူတွေကိုလဲ အပြစ်တင်မရဘူး။
မင်းလဲ အပြစ်မရှိဘူး။လောကဓံ သက်သက်ပဲ။

ကိုယ့်မှာ မရှိရင် တစ်ယောက်ထဲနေချင်းဟာ 
မျက်နှာ မငယ်ရတော့ပါဘူး။မျက်နှာငယ် ပြီးစားရတာ ထက် အငတ်ခံလိုက်တာက ပိုပြီး အဆင်ပြေပါတယ်။

ကိုယ့်ကို မကြိုဆိုမယ့်ဘယ်နေရာမှမသွားနဲ့။
ကိုယ့်အတွက် ဝန်လေးစေမယ် ထင်ရင်ရှောင်။
အတတ်နိုင်ဆုံး တစ်ယောက်ထဲနေ။ အကောင်းဆုံး ကြိုးစား။ ပိုက်ဆံ  ရအောင်ရှာ။

ကိုယ့်မှာ ရှိလာပြီဆို ကိုယ့်လို ခံစားဖူးတဲ့လူတွေကို ကိုယ်ချင်းစာပေး။

#ကိုယ့်မှာပိုက်ဆံမရှိတဲ့အချိန်_တစ်ယောက်ထဲနေပါ
#Credit

No comments:

Post a Comment