အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

"စီးပွားရေးမှာ အသက်ငယ်တယ်မရှိ"



ငါအသက်ငယ်သေးလို့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ပတ်ဝန်းကျင်ကပြောလာရင်လည်းနားမယောင်ပဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကအယူအဆတွေထဲမှာ အသက်ငယ်သေးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘူး မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသင့် တယ်လို့ထင်ကြပါတယ်။ အသက်ငယ်သေးရင်အစွမ်းအစမရှိသေးဘူးလို့အထင်အမြင်သေးတတ်ကြပါတယ်။ 


ဒါပေမယ့် အသက်ဘယ်လောက်ငယ်ငယ်စီးပွားရေးစလုပ်လို့ရနေပါပြီ။ ကိုယ်ပိုင်လုပ်ငန်းကိုပြောတာပါ။ အောက်မှာရေးထားတဲ့အချက်တွေကတော့ အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အကျိုးရှိစေမယ့် လိုက်နာစရာအချက်လေးတွေပဲဖြစ်ပါတယ်။

(၁) လေ့လာသင်ယူပါ။

အတွေ့အကြုံမရှိသေးလို့ဆိုပြီးလက်လျော့ရင်တော့ အတွေ့အကြုံဘယ်တော့မှရလာမှာမဟုတ်ပါဘူး။ ငယ်ရွယ်တဲ့အချိန်မှာပိုပြီးလေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ အမှားတွေတော့ရှိမှာပါပဲ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ အတွက်အမှားထဲကနေသင်ယူနိုင်ပြီး အမှားပြင်နိုင်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်။ အတွေးအမြင်သစ်တွေ အကြံဥာဏ်အသစ်တွေပိုများတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

(၂) ပိုက်ဆံစုပါ။

ဝင်ငွေမရှိသေးတဲ့အချိန်မှာဘယ်လိုစီးပွားရေးလုပ်မလဲ။ မုန့်ဖိုးတော့ပုံမှန်ရနေမှာပါ။ ပိုက်ဆံစုတဲ့အကျင့်ကို ငယ်ရွယ်တဲ့အချိန်ကနေစသင့်ပါတယ်။ ကိုယ့်တနေ့တာအသုံးစရိတ်ထဲကနေလိုတာပဲသုံးပြီး ပိုတာကိုစုထား ရမယ်။ တစ်နှစ်လောက်စုပြီးရင်ကိုတော်တော်လေးစုမိလာမှာပါ။ များလာတဲ့အခါကိုယ့်အတွက်လုပ်ငန်းလုပ်ဖို့ အရင်းအနှီးဖြစ်လာတာပေါ့။ အောင်မြင်ဖြစ်ထွန်းချင်တဲ့လူငယ်တစ်ယောက်ဟာ သူများပျော်ပါးနေချိန်မှာ ကုန်းရုန်းအလုပ်လုပ်နေတတ်ပါတယ်။ သူများသုံးဖြုန်းနေတဲ့အချိန်မှာ ကိုယ်ကအကျိုးရှိရှိသုံးစွဲနေတဲ့အခါ အောင်မြင်မှုလမ်းစနဲ့ပိုမိုနီးစပ်လာမှာပါ။

(၃) စီးပွားရေးစိန်ခေါ်မှုများနဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့အဆင်သင့်ရှိပါ

စီးပွားရေးလုပ်တယ်ဆိုတာအသက်နဲ့မဆိုင်ပေမယ့် လူနဲ့တော့အလွန်ဆိုင်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ သင့်မှာစီးပွားရေးလုပ်လိုတဲ့စိတ်ပြင်းပြင်းပြပြရှိပြီး၊ ဦးဆောင်နိုင်စွမ်းရှိရပါ မယ်။ အစပိုင်းမှာအားကြိုးမာန်တက်လုပ်ပြီး အခက်အခဲလေးတွေတွေ့လာတာနဲ့လက်လျော့လိုက်တာမျိုးမလုပ် မိပါစေနဲ့။ အခက်အခဲကတော့ကြုံတွေ့ရမှာပါပဲ ဘယ်လိုဖြေရှင်းမယ်ရင်ဆိုင်မယ်ဆိုတာကိုအဆင်သင့်ပြင်ဆင် ထားရပါမယ်။

(၄) အစီအစဉ် plan ချဆွဲထားရပါမယ်

Plan ချတယ်ဆိုတာအကျင့်ကောင်းတစ်ခုပါ။ လုပ်ငန်းလုပ်ပြီဆိုရင် အစီအစဉ်တွေစဆွဲရတော့မှာပေါ့။ ဘာကုန်ပစ္စည်းကိုအရောင်းအဝယ်လုပ်မယ် Client တွေကဘယ်သူတွေဆိုတာသိအောင်လုပ်ရမယ်၊ ဘယ်အသက်အရွယ်ကိုဦးတည်မယ်ဆိုတာလဲသိထားရပါမယ်။

(၅) ကျရှုံးဖို့အတွက်ပြင်ဆင်ထားပါ

အပွင့်လင်းဆုံးပြောရရင် ကိုယ်ပိုင်စီးပွားရေးစလုပ်ပြီဆိုတာနဲ့အောင်မြင်တာအရမ်းရှားပါတယ်။ ဒါပေမယ့်လုံးဝကြီး ရှုံနိမ့်သွားတာမျိုးလို့မသတ်မှတ်ပါနဲ့။ အထက်မှာပြောခဲ့သလိုပဲအမှားတွေလုပ်မိတဲ့အခါအဲ့ဒီ့အမှားထဲကနေ ပြန်လည်သင်ယူရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့လုပ်ငန်းကသိပ်ပြီးအမြတ်ရမှာမဟုတ်ပါဘူး။ အဲ့ဒီ့အရာတွေကိုသေချာမှတ်သားပြီး နောက်ထပ်ပိုကောင်းတဲ့ plan တွေဆွဲဖို့ကြိုးစားရပါမယ်။

(၆) ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ကအရမ်းအရေးကြီးပါတယ်။ သူများတွေကကိုယ့်ကိုဘယ်လောက်ပဲလျော့တွက် နေကြပါစေ နားမယောင်မိပဲစိတ်ဓါတ်မကျသွားပါစေနဲ့။ကိုယ့်ကိုကိုယ်တောင်ယုံကြည်မှုမရှိဘူးဆိုရင် အခြားသူတွေဆို ကိုယ့်ကို ဘယ်လိုတောင်မြင်ကြမလဲ။ ယုံကြည်မှုမရှိပဲလုပ်ရင် ဘယ်အလုပ်မှအဆင်ပြေပြေ အောင်မြင်မှာမဟုတ်ပါဘူး။ သူတပါးဆီကပညာကိုယူပါ ဝေဖန်မှုကိုဆန်းစစ်ပါ ရှုံ့ချမှုကိုလျစ်လျူရှုပါ။

#Credit_Org_Writer

No comments:

Post a Comment