အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ဘုရားဖူးများကိုအံ့အားသင့်စေခဲ့သောရဟန်းမင်းကြီး၏တောင်းပန်စကား



ရဟန်းမင်းကြီးသည် တစ်ပတ်လျင်နှစ်ကြိမ် (တနဂ်နွေနေ့နှင့်ဗုဒ္ဓဟူးနေ့) ကမ္ဘာတစ်၀မ်းမှဘုရားဖူးများနှင့်တွေ့ ဆုံလေ့ရှိသည်။ ထိုသို့တွေ့ဆုံရာ၌အစဉ်အလာအရစိန့်ပီတာရင်ပြင်၌တွေ့ဆုံလေ့ရှိပြီး၊ ရာသီဥတုအပေါ်မူတည်၍တစ်ခါ တစ်ရံရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမ၌ပြောင်းရွေ့တွေ့ဆုံလေ့ရှိသည်။ သို့သော်ယခုနှစ်၌မူကိုဗစ် (၁၉) ရောဂါကြောင့် (၆) လကြာမျှဗွီဒီယိုမှတဆင့်ထုတ်လွှင့်နေခဲ့ရာမှ စက်တင်ဘာလမှစ၍စိန့်ပီတာရင်ပြင်၌လည်းမဟုတ်။ ရဟန်းမင်းကြီး ပေါလ် (၆) ၏ခမ်းမ၌လည်းမဟုတ်ဘဲ ဗာတီကန်၀င်းအတွင်းရှိ St. Damasus ဥယျာဉ်၌ ကျန်းမာ ရေး၀န်ကြီး၏ညွှန်ကြား ချက်နှင့်အညီစီစဉ်တွေ့ဆုံနေခဲ့ရာပြီးခဲ့သောတနဂ်နွေနေ့မှစ၍ ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမသို့ပြောင်းလဲကျင်းပခဲ့ သည်။ အဘယ်ကြောင့်ဆို သော်ယခုအချိန်သည်ဥရောပ၌နွေအကုန်မိုးအကူးကာလဖြစ်သည်။ ရဟန်းမင်းကြီးသည်ခါ တိုင်းမိမိသီတင်းသုံးသောကျောင်းတိုက်မှထွက်လာပြီး်စီးတော်ယာဉ်ပေါ်မှဘုရားဖူးများအားလှည့်လည်နှုတ်ဆက်လေ့ ရှိသည်။ သို့သော်ယခုတစ်ကြိမ်၌မူရဟန်းမင်းကြီး၏အစီအစဉ်ပြောင်းလဲသွားသည်။

(အဘယ်သို့ပြောင်းလဲသွားသနည်း)

ရဟန်းမင်းကြီးက ‘ကျွန်ုပ်သင်တို့ထံသို့ဆင်းလာ၍ ခါတိုင်းနှုတ်ဆက်သကဲ့သို့နှုတ်ဆက်လိုပါသည်။ သို့သော်ဥပ ဒေအသစ်ကြောင့်သင်တို့နှင့်ခပ်လှမ်းလှမ်း၌နေခြင်းသည်ပို၍ကောင်းပါသည်။ နေထိုင်မကောင်းသောသူတို့အားဤစင် မြင့်ပေါ်မှကျွန်ုပ်လှိုက်လှဲနွေးထွေးစွာဖြင့်နှုတ်ဆက်ပါသည်။ သတိတရားဖြင့်ခပ်ခွာခွာနေကြပါ။ လိုက်နာသင့်ပါသည်။ အကယ်၍ကျွန်ုပ်အောက်သို့ဆင်းလာလျင် ဘုရားဖူးများစုပြုန်လာကာလူစုလူ‌ဝေးဖြစ်သွားမည်ဖြစ်သည်’ ဟုရှင်းပြရှာ သည်။ ဘုရားဖူးများလည်းရဟန်းမင်းကြီး၏ရှင်းပြချက်ကိုလက်ခံကြသည်။ လူတိုင်းအတွက်လည်းအလွန်လိုက်နာသင့် သောရွေးချယ်မူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ကိုဗစ်ရောဂါပိုးသည်အဘယ်သို့၊ အဘယ်သူ့ဆီမှကူးလာနိုင်ကြောင်း ကိုလည်းမသိနိုင်၍ဖြစ်ကြောင်းဘုရားဖူးများလည်းနားလည်ကြသည်။

ANDREA PRODI

၏ခံစား ဘုရားဖူးများအနက်တစ်ဦးဖြစ်သူ၏ခံစားချက်ကား ‘ရဟန်းမင် းကြီးသည် ထိုသို့ရှင်းပြနေရသော်လည်း မလွှဲမ ရှောင်သာ၍သာဘုရား ဖူး များနှင့်ခပ်လှမ်းလှမ်း၌နေနေရရှာသည်။ သူ့အနေဖြင့်ဘုရားဖူးများထံသို့ဆင်းလာရန်အလွန်စိတ် အားထက်သန်နေသည်ကိုသတိထားမိပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားဖူးများနှင့်ရင်းရင်းနှီးနှီးလက်ဆွဲနှုတ်ဆက် ခြင်းသည်သူ့အတွက်အလွန်အရေးကြီးသည်ဟုခံစားနေရကြောင်း၊ Andrea နှင့် Stefania တို့သည်ပြီးခဲ့သောဇွန်လက လက်ထပ်ခဲ့ကြာပြီး၊ ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူရန်အတွက်အီတလီနိုင် ငံထရီးစတေ (Trieste) ခရိုင်မှရောက် ရှိလာခြင်းဖြစ်သည်။ ရဟန်းမင်းကြီ းသည် ဘုရားဖူးများနှင့်တွေ့ဆုံအပြီး၌ သူ၏ ကောင်းကြီးကိုခံယူရန်အထူးလျှောက် လွှာတင်ထားသောဘုရားဖူးများအားအနီးကပ်တွေ့ဆုံ ၍ကောင်းကြီးပေးလေ့ရှိသည်။ သို့သော်ယခုတွေ့ဆုံခြင်းသည် ကျန်းမာ ရေးအကြောင်းကြောင့်နီးနီးကပ်ကပ်မသွားရောက်နိုင်တော့ပေ။ သို့သော်အ ခြားသောဘုရားဖူးများနှင့်အတူရ ဟန်းမင်းကြီး ၏ကောင်းကြီးကိုခံယူရသည့်အတွက်ကျေးဇူးတင်ပျော်ရွှင်ရပါကြောင်းသူ၏ခံစားချက်ကိုဖွင့်ဟခဲ့သည်။ 

STEFANIA PERAINO ၏ခံစားချက် ANDREA PRODI ၏မိန်းမ
မဖြစ်သော

STEFANIA PERAINO

STEFANIA PERAINO ကလည်းယခုကဲ့သို့မျှော်လင့်မထားခဲ့သော် လည်း လက်ရှိကမ္ဘာကြီး၏အဖြစ်အခြေအနေကိုနားလည်ရမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ကောင်းကြီးကိုသီးသန့်မခံ ယူရသော်လည်းဤနေရာသို့ရောက်ရှိလာနိုင်သည့်အတွက်လည်းအတိုင်းထက်အလွန်ဖြစ်နေပြီဖြစ်ကြောင်း၊ အဘယ် ကြောင့်ဆိုသော်ဤနေရာသို့ရောက်လာရန်မှာလွယ်ကူလှသည်မဟုတ်။

(ဘရာဇီးလ်မှခရီးသွားလမ်းညွှန်ညီအစ်မနှစ်ယောက်)

ခရီးသွားလမ်းညွှန်လုပ်သောဘရာဇီးလ်မှညီအစ်မနှစ်ယောက်သည် ဗာတီကန်သို့ဘုရားဖူးများနှစ်ပေါင်းများစွာပို့ ဆောင်ပေးခဲ့ဖူးကြောင်း၊ ယခုတစ်ကြိမ်မှသာဘုရားဖူးများမပါဘဲ ၄င်းတို့သာဤရဟန်းမင်းကြီးနှင့်တွေ့ဆုံသည့်အခမ်းအ နားသို့ပါ၀င်ခဲ့ရကြောင်း (ဆိုလိုသည်မှာဧည့်သည်မပါ) ရင်ဖွင့်လာပါသည်။

SUELY PASSOS

SUELY PASSOS ၏ခံစားချက် ယခုကဲ့သို့အနီးကပ်တွေ့ဆုံရခြင်းသည် အလွန်ထူးခြားသောအတွေ့အကြုံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သည်ရဟန်းမင်းကြီးနှင့်နီးနီးကပ်ကပ်ဖူးခွင့်ရခဲ့သည်။ ခါတိုင်းဆိုလျင်စိန့်ပီတာရင်ပြင်၌သာတွေ့ဆုံရလေ့ရှိသည်။ ယခုအခါစိန့်ပီတာရင်ပြင်လည်း လူခြေတိတ်လျှက်ရှိသည်။ ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမပင်လူမပြည့်လူမပြည့်ဘဲ ကျိုးတိုးကျဲတဲဖြစ်နေသည်ဟုပြောကြားခဲ့သည်။

KIKA PASSOS

KIKA PASSOS ၏ခံစားချက် ယခုတစ်ကြိမ်ရဟန်းမင်းကြီးအားဖူးတွေ့ခွင့်သည် ကျွန်ုပ်တို့အတွက်အလွန်စိတ်လှုပ်ရှားရသည်။ အဘယ်ကြောင့် ဆိုသော်ရဟန်းမင်းကြီးကိုယ်တိုင်က နှိမ့်နှိမ့်ချချဖြင့် ‘ခါတိုင်းကဲ့သို့ဆင်းလာ၍ဘုရားဖူးများအားလှိုက်လှဲစွာမနှုတ်ဆက်နိုင် ၍တောင်းပန်ကြောင်း၊ ဤသို့ကြားရသည့်အတွက်ကျွန်ုပ်တို့အတွက်အလွန်ထူးခြားကြောင်း’ ပြောကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအြဖစ်ရွေးချယ်တင်‌မြောက်ခံရသည့်အချိန်မှစ၍ လူများနှင့်နီးနီးကပ် ကပ်နေရသည်ကိုပျော်မွေ့သူအဖြစ်ပြောမှတ်ပြုကြသည်။ သို့သော်ယခုတစ်ကြိမ်၌မူ ကျန်းမာရေးအကြောင်းတရားကြောင့် ကိုဗစ်ကပ်ဆိုးကြီးကင်းပျောက်နိုင်ရေးအတွက်အတူတကွပါ၀င်လုပ်ဆောင်ပေးကြစို့ဟုလည်းတိုက်တွန်းထားသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2HkXt2M

No comments:

Post a Comment