ဥရောပကို ကယ်တင်တဲ့ ကက်သလစ် ခရစ်ယာန်များရဲ့
ရေကြောင်းတိုက်ပွဲဟာ
အောက်တိုဘာ ၇ ရက် ၂၀၁၆ ခုနှစ်မှာ
နှစ်ပါင်း ၄၄၅ လေးရာ လေးဆယ့်ငါးနှစ် ပြည့်ပါပြီ။
ကက်သလစ် ခရစ်ယာန်များ ဥရောပတိုက်ကို အပြီး သိမ်းပိုက်မည့် မွတ်စလင် စစ်တပ်၏ ရန်မှ လွယ်လွယ်ကူကူ ကာကွယ်ခုခံခဲ့တယ်လို့ ပြောရင် မှားပါတယ်။
နောက်ခံ သမိုင်းအခြေအနေ
၁၆ ရာစု ဥရောပ ခရစ်ယာန်များဟာ အလွန် အင်အားချိနဲ့ပြီး ဖရိုဖရဲ ဖြစ်ချိန်ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဥရောပတိုက်ဆိုတာ အချင်းချင်း စစ်တိုက်ကြတဲ့ နိုင်ငံတွေ စုစည်းထားတဲ့ ဘုရင့်နိုင်ငံတော်ငယ်လေးများ ဖြစ်ပါတယ်။ ဒီလို ဥရောပ ခရစ်ယာန် နိုင်ငံများ အင်အားချိနဲ့နေချိန်မှာပဲ ပရိုတက်စတင့် ခရစ်ယာန် ဂိုဏ်းကွဲများ ပေါ်ပေါက်လာပြီး ခရစ်ယာန် နိုင်ငံတော်များရဲ့ အင်အားဟာ အလွန်အမင်း ပိုမို ဖရိုဖရဲ ဖြစ်ချိန်လည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ တုရကီ မွတ်စလင်များရဲ့ အော်တိုမန် အင်ပါယာကြီးဟာ တစတစ အင်အားကြီးမား အားကောင်းနေပြီး သူတို့ အင်ပါယာ စတင်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာအတွင်း ရေကြောင်းတိုက်ပွဲ တစ်ပွဲတောင် မရှုံးဖူးသေးတဲ့ အင်အားကြီး ရေကြောင်း ကုန်းကြောင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ မွတ်စလင် အင်ပါယာရဲ့ တပ်များဟာ အင်အား အလွန်ကြီးလာတဲ့ အတွက် အရှေ့ရောမအင်ပါယာလို့ ခေါ်ခဲ့တဲ့ ဘိုင်ဇင်တိုင်း အင်ပါယာတစ်ခုလုံး အပြင် New Rome အသစ်သော ရောမမြို့လို့ ခေါ်တဲ့ ခရစ်ယာန် မြို့တော် ကွန်စတန်တီနိုပယ်ကြီးကို သိမ်းပိုက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒီလို အချိန်မှာ မွတ်စလင်တပ်ကြီးဟာ ပုပ်ရဟန်းမင်းကြီးရှိတဲ့ ရောမမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်မယ်။ ပြီးရင်တော့ ဥရောပတစ်တိုက်လုံးက ခရစ်ယာန်နိုင်ငံတိုင်းကို ခြေဖျက်ဝါးမြို့ဖို့ ရှိခဲ့ပါတယ်။ နောက်တော့ မွတ်စလင်တပ်ဟာ ကမ္ဘာသစ်ဖြစ်တဲ့ အမေရိကားတိုက်ကိုလည်း စစ်ချီမှာပေါ့။
ဒီလို သေရေးရှင်ရေး အခြေအနေမှာ ပုပ်ရဟန်းမင်းကြီး ပိုင်းရက် ၅ (Pope Pius V)က မြေထဲပင်လယ်နိုင်ငံများမှ ကက်သလစ် ခရစ်ယာန်နိုင်ငံ ပြည့်ရှင်များကို တစ်စုတစ်စည်းတည်း ပူးပေါင်းပြီး အော်တိုမန် မွန်စလင်တပ်ကြီးရဲ့ ထိုးစစ်ကို ရပ်တန့်ဖို့ စည်းရုံးလှုပ်ဆော်ခဲ့ပါတယ်။ Holy League သန့်ရှင်းသော တပ်မဟာကြီး တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အခြေအနေ အစမှာတော့ ဆိုက်ပရပ်စ် ကျွန်းနားက Venice ဗင်းနစ် နိုင်ငံတော်ရဲ့ ရေတပ်မြို့ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မွတ်စလင်များဟာ အဲဒီမြို့နဲ့ အနီးနား ခရစ်ယာန် ရွာများကို သိမ်းပိုက်ပြီး တစ်မြို့လုံး ဒေသတခုလုံး မြေနဲ့ တသားတည်း ဖြစ်အောင် ဖျက်ဆီးခဲ့ပါတယ်။ Venetian ခေါင်းဆောင်ကိုလည်း ဖမ်းဆီး အရှင်လတ်လတ် အရေခွံခွာ နှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါနဲ့ သန့်ရှင်းသော တပ်မဟာကြီးက ဆိုင်းပရပ်ကို မသွားပဲ ဂရိ Belgrade ဘဲဂရိတ်အနီးအနားက Patras ပေါထရာ့စ် ရေလက်ကြားရှိ မွတ်စလင် ရေတပ်ကြီးကို တိုက်ခိုက်ဖို့ ဦးတည် ထွက်ခွာလာပါတယ်။
Holy League ခရစ်ယာန်များရဲ့ တပ်မဟာကြီးက ဥရောပ ခရစ်ယာန် နိုင်ငံပေါင်းစုံ စုစည်းထားတယ်ဆိုပေမယ့် အော်တိုမန် တပ်များထက် အင်အား မကြီးပါဘူး။ အော်တိုမန် မွတ်စလင် ရေတပ်ဟာ သင်္ဘောအင်အား၊ လူအင်အားပိုများပြီး ရေကြောင်းတိုက်ပွဲ အတွေ့အကြုံရှိ၊ ရေကြောင်းတိုက်ပွဲဆိုင်ရာ လေ့ကျင့်မှု အားကောင်းတဲ့ တပ်လည်း ဖြစ်ပါတယ်။
ပြီးတော့ ခရစ်ယာန် ရေတပ်ရဲ့ အရှုံးရဲ့ နောက်က နောက်ဆက်တွဲ ဆိုးကျိုးကလည်း ကြီးမားလှပါတယ်။ ခရစ်ယာန်ရေတပ်မတော်ကြီး ဆုံးရှုံးရင် အော်တိုမန် မွတ်စလင်တပ်များဟာ ဥရောပရဲ့ ဗဟိုချက်မ ဖြစ်တဲ့ ရောမမြို့ကို ချီလာမှာပါ။
စိပ်ပုတီးစိပ်ခြင်း၏ ရလဒ် တိုက်ပွဲ အခြေအနေ
ဒီလို ခက်ခဲလှတဲ့ အခြေအနေမျိုးမှာ ရောမမြို့တော်က ပုပ်ရဟန်းမင်းကြီးလည်း စစ်ထွက်သူများရဲ့ အိမ်သားတွေ လုပ်သလို လုပ်နိုင်တာ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ ဆုတောင်းခြင်းပါ။ တိုက်ပွဲ ဖြစ်တဲ့ ၁၅၇၁ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ပိုင်းရက် ၅ ဟာ ရောမမြို့ Santa Maria Maggiore Basilica မှာ ခရစ်ယာန် ထောင်ပေါင်းများစွာနဲ့ စိပ်ပုတီး စိပ်ပြီး မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့ အထိ ဒူးထောက် စိပ်ပုတီးစိပ် ဆုတောင်းနေခဲ့ပါတယ်။
ရေတပ်ရဲ့ ဦးစီးနာမည်က Don Juan de Austria သြစတီးယားမှ Juan ဖြစ်ပြီး ဖခင်ဟာ Holy Roman Empire လို့ ခေါ်တဲ့ ဂျာမနီက သြစတီးယား အင်ပါယာ ပြည့်ရှင်သား ဖြစ်သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၅ နှစ်သာ ရှိပါသေးတယ်။ ရေကြောင်း ခရီးမထွက်ခင် ဂွာဒါလုပေ အမိမယ်တော် ရုပ်ပုံကားချပ်ကို ရေတပ်ဦးစီးရဲ့ ဘုရားခန်းထဲမှာ ထည့်သွင်းပြီး အမိမယ်တော်ရဲ့ ကူညီစောင့်ရှောက်ခြင်းကို တောင်းခံခဲ့ပါတယ်။
ရေကြောင်းတိုက်ပွဲ စတော့ လေကြောင်း လားရာဟာ အော်တိုမန် မွတ်စလင်များအတွက် အားသာချက် အနေနဲ့ ရှိပါတယ်။ ဒါပေမယ့် ရေတပ်ဦးစီး Don Juan က ယုံကြည်မှု အပြည့်ရှိနေပါတယ်။ တိုက်ပွဲစတာနဲ့ လေကြောင်းဟာ ပြောင်းလဲသွားပြီး ခရစ်ယာန်ရေတပ်မဟာအတွက် အားသာချက် ဖြစ်လာပါတယ်။ ရေကြောင်းတိုက်ပွဲဟာ ခက်ခဲကြမ်းတမ်းလှပြီး ခရစ်ယာန်များအတွက် အစောပိုင်း အကျအဆုံး များပါတယ်။ တိုက်ပွဲရဲ့ အလှည့်အပြောင်းဟာ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ခရစ်ယာန်များဟာ နောက်ဆုံး ကိုယ့်ထက် လူအင်အား သဘောင်္အင်အား ရေကြောင်းအတွေ့အကြုံ သာလွန်တဲ့ မွတ်စလင်တပ်ကို အောင်နိုင်လိုက်ပါတယ်။ တိုက်ပွဲ အသေအပြောက် စာရင်းအရ ၄ နာရီ ရေကြောင်းတိုက်ပွဲကြောင့် လူပေါင်း ၄ သောင်း ကျဆုံးခဲ့ပါတယ်။ တမိနစ်ကို လူ ၁၆၆ ယောက် သေဆုံးတဲ့ နှုန်းပါ။
ဒီရေကြောင်းတိုက်ပွဲဟာ နှစ်ပေါင်း ၁၉၀၀ တိုင်အောင် အသေအပျောက်အများဆုံး ရေကြောင်းတိုက်ပွဲကြီးလည်း ဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ် မတိုင်ခင် အထိ အသေအပြောက်အများဆုံးပေါ့။ ဘီစီ ၃၁ ခုနှစ် မှာ ဖြစ်ခဲ့တဲ့ Actium ရောမရေကြောင်းတိုက်ပွဲအပြီး နှစ်ပေါင်း ၁၉၀၀ အကြား အကြီးမားဆုံး ရေကြောင်းတိုက်ပွဲလည်း ဖြစ်ပါတယ်။
ဒီ လီပန်းတို Lepanto ရေကြောင်းတိုက်ပွဲရဲ့ အောင်မြင်မှုဟာ ကြီးကျယ်ခန်းနားလွန်းတဲ့ အတွက် ဥရောပတိုက်ကို ကယ်တင်တဲ့ စစ်ပွဲ Battle that Saved Europe ဆိုပြီး ခေါ်ဝေါ်သမုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၁၇၁၆ ခုနှစ်မှာ Nives ဒေသမှာပဲ ခရစ်ယာန် ရေတပ်မဟာကြီးဟာ မွတ်စလင် အော်တိုမန်များနဲ့ ဖြစ်တဲ့ ဒုတိယ ရေကြောင်းတိုက်ပွဲ အောင်နိုင်မှုကို ရရှိခဲ့ပြန်ပါတယ်။ ဒီရေကြောင်းတိုက်ပွဲကြီးဟာ မွတ်စလင် ရေတပ်တိုက်ပွဲ သမိုင်းမှာ အဆိုးရွားဆုံး အရှုံးအဖြစ် သမိုင်းတွင် ကျန်ရစ်နေပါတယ်။
သမိုင်းပညာရှင်များကတော့ ဒီတိုက်ပွဲဟာ မွတ်စလင် အော်တိုမန်များရဲ့ ဥရောပတိုက်သိမ်း ထိုးစစ်ကို အပြီးတိုင် အဆုံးသတ်စေတဲ့ ပြတ်သားတဲ့ စစ်ပွဲလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ဥရောပ အနောက်ခြမ်း ခရစ်ယာန်များဟာ မွတ်စလင်များရဲ့ လက်အောက်က လွတ်မြောက်ခဲ့တာပါ။ ဒီတိုက်ပွဲမှာ ခရစ်ယာန်များ ကျဆုံးခဲ့ရင် ဥရောပမှာ ခရစ်ယာန်ဘာသာဆိုတာလည်း မရှိတော့ပါဘူး။
ပုပ်ရဟန်းမင်းကြီးများနဲ့ စိပ်ပုတီးနေ့အား သတ်မှတ်ခေါ်ဝေါ်ပုံ
ရဟန်းမင်းကြီး ပိုင်းရက်စ် ၅ ဟာ စစ်ပွဲအောင်နိုင်တဲ့ သတင်းကြားချင်း ဥရောပတစ်တိုက်လုံးက ကက်သလစ် ခရစ်ယာန်များနဲ့ အလွန်ပျော်ရွှင်ခဲ့ကာ Our Lady of Victory Feast Day အောင်နိုင်ခြင်း အမိမယ်တော်ပွဲနေ့ကို သတ်မှတ်ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာ ရဟန်းမင်းကြီး ဂရေဂိုရီ ၁၃ က Our Lady of Most Holy Rosary သန့်ရှင်းဆုံး စိပ်ပုတီး အမိမယ်တော်ဆိုပြီး အမည်ပြောင်းပေးခဲ့ပါတယ်။ ၁၇၆၁ ခုနှစ် ရေကြောင်းစစ်ပွဲကြီး မွတ်စလင်များအပေါ် ဒုတိယအကြိမ် အနိုင်ရပြီးတဲ့ အခါမှာတော့ ပုပ်ရဟန်းမင်းကြီး ကလေးမန်း ၁၁ က စိပ်ပုတီးကို အသင်းတော်တစ်ခုလုံးရဲ့ ပွဲနေ့ အဖြစ် ကြေညာသတ်မှတ်ပါတယ်။ ရဟန်းမင်းကြီး လီယို ၁၃ ကတော့
Queen of the Most Holy Rosary, pray for us.
သန့်ရှင်း အမွန်မြတ်ဆုံး စိပ်ပုတီး ဘုရင်မ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းတော်မူပါ။ လို့ ဆုတောင်းသတ်မှတ်ပါတယ်။
စိပ်ပုတီးလ စိပ်ပုတီးပွဲနေ့ဟာ အမိမယ်တော်ရဲ့ ကြားဝင်ဆုတောင်းခြင်းကြောင့် ရရှိတဲ့ မရေတွက်နိုင်တဲ့ ကျေးဇူးတော်များကို အသိအမှတ်ပြု ကျေးဇူးဆပ်တင်ခြင်းလည်း ဖြစ်ပါတယ်။
လီပန်းတို တိုက်ပွဲအပြီး အမိမယ်တော်ကို Help of Christians ခရစ်ယာန်များအား ကူညီမစသူ အဖြစ် ဆုတောင်းကြပါတယ်။
ခေတ်သစ်အချိန်အခါမှာတော့ ပုပ်ရဟန်းမင်းကြီးတိုင်းဟာ စိပ်ပုတီးစိပ်ဖို့ တိုက်တွန်းပါတယ်။ စိပ်ပုတီးစိပ်ခြင်းဆိုတာဟာ ထောက်ရှုသုံးသပ်ခြင်းနဲ့ ဆုတောင်းခြင်း၊ နှုတ်အား စိပ်အားဖြင့် ဆုတောင်းခြင်းဖြစ်ပြီး ဆုတောင်းခြင်းကြောင့် ကက်သလစ်အသင်းတော်နဲ့ ကက်သလစ် ခရစ်ယာန်များဟာ ကျေးဇူးမင်္ဂလာ အဖြာဖြာကို ရရှိပါတယ်။
စိပ်ပုတီးစိပ်ခြင်းဆိုတာဟာ သမ္မာကျမ်းစာ Bible အရ ဖြစ်တည်လာတဲ့ ဆုတောင်းမေတ္တာ ဖြစ်ပါတယ်။ စိပ်ပုတီးစိပ်ခြင်းဆိုတာဟာ ကျမ်းစာထဲက
သခင်ယေဇူးနဲ့ သားတော်ရဲ့ ကယ်တင်ခြင်း ဘဝသက်တာအတွက် အမြဲ အတူရှိတဲ့ အမိမယ်တော်တို့အကြား နက်နဲရာ အချက်များကို ထောက်ရှုဆုတောင်းခြင်း ဖြစ်လို့ အင်မတန်မှ တန်ဖိုးရှိတဲ့ ဆုတောင်းခြင်း ဖြစ်ပါတယ်။
ဒီတော့ အရာအားလုံး ခက်ခဲတဲ့ အခါ စိပ်ပုတီးစိပ်ပါ။
သာသာပြန် စုစည်းတင်ဆက်မှု
#crd to
Lawrence JM Mung Song
No comments:
Post a Comment