အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ရှင်​သြ ဂုတ်စတင်း



-- ၃၈၇- ခုနှစ် အလွန်ပူပြင်းသော နေ့တနေ့မှာ ပါမောက္ခ သြရေလီအူးစ် သြဂုတ်စတင်း ( Professor Aurelius Augustine ) သည် ဥယျာဉ်ထဲထိုင်လျက် မှိုင်းနေသည်။ သူသည် မိမိဘဝကို မည်သို့ဆက်သွားရမည်ကို မသိ မည်သို့ပြောင်းလဲရမည်ကိုလည်း စဉ်းစားမရ၍ ဖြစ်နေသည်။ 




ရုတ်တရက် အခြားဥယျာဉ် တစ်ခုမှ *ယူ၍ ဖတ်ပါ ယူ၍ ဖတ်ပါ* ဟူသော ကလေးများ အော်သံကြားသဖြင့် ဥယျာဉ်အတွင်းရှိ စားပွဲပေါ်မှ စာလိပ်တစ်ခု ဖြေ၍ ဖတ်ကြည့်ပါတယ်။ သူဖတ်မိသော ကျမ်းစာပိုဒ်မှာ သံပေါလု ရောမမြို့သားတို့အား ရေးသောစာမှ * ယခုအခါ အိပ်ပျော်ရာမှ နိုးရသော အချိန်ရောက်ခဲ့ပြီ* ( ရောမသြဝါဒစာ ၁၃: ၁၂ ) ဖြစ်သည်။ ဤစကားလုံးများသည် သူ့စိတ်ကို အလွန်ထိခိုက်သဖြင့် သူသည် ဆရာတော်ကြီးထံသွား၍ ဆေးကြောခြင်း ခံလိုကြောင်းလျှောက်ထားပါတယ်။ သမ္မာကျမ်းစာမှ စကားတစ်လုံးသည် လူတစ်ဦးကိုပြောင်းလဲစေနိုင်ပါတယ်။


Credit to
Michael Ling

No comments:

Post a Comment