အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

+++ မစ္ဆားတရားကို မည်သို့ပါဝင်ရမည်နည်း +++


+ မစ္ဆား ပူဇော်ခြင်း တွင် ဘာသာဝင်တစ်ဦးအနေဖြင့် မစ္ဆားတရားမစတင်မီ စောစီးစွာ ဘုရားကျောင်းသို့ရောက်ရှိနိုင်အောင်ကြိုးစားပြင်ဆင်ရပါ့မယ်။ စောစီးစွာဘုရားကျောင်း၌ ရောက်ရှိခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ နှလုံးသားတံခါးတွေကို ကိုတော်မြတ်ပူဇော်ခြင်း မစ္ဆား အတွက်ပြင်ဆင်ပေးပါတယ်။




☎ မိမိနှင့်တပါးတည်းပါလာသော ဖုန်းများကို Power off စက်ပိတ်ထားရပါ့မယ်။ ဘုရားကျောင်းမှာ တစ်ဦးတည်းသောသူ ကျွန်ုပ်တို့ စကားပြောရမည့်ပုဂ္ဂိုလ်မှာ ဘုရားရှင်သာလျှင်ဖြစ်သည်ကို အမြဲသတိရ ရပါမယ်။

💑🙏 ဆုတောင်းခြင်းတွေ သီချင်းဆိုတာတွေကို အမြဲအာရုံပြရမယ်။ ဆုတောင်းခြင်းအနှစ်သာရ သီချင်းဆိုချီးမွမ်းရတဲ့အနှစ်သာရကို အမြဲသတိနှင့် ဆုတောင်းသီဆို ဂုဏ်တော်ကိုချီးမွမ်းရပါမယ်။

😳😳 ဘုရားကျောင်းမှာ ဘာကျ မ်းစာတွ ဖတ်သွားတာလဲ ဘာကိုဆိုလိုတာလဲ အနက်အဓိပ္ပယ် ကဘာလဲဆိုတာကိုသေချာစဉ်းစားထောက်ရှုကာ ဘုန်းကြီးကာ ဘာသြဝါဒပေးသွားသလဲ သင်ခန်းစာ ဘာယူရမလဲဆိုတာတွေကိုသေချာနားထောင်ရမယ်။
ဘောတွေပြောသွားသလဲ ဘုရားကျောင်းမှာ ဘာတွေကြေငြာသွားသလဲဆိုတာကို ဂရုတစိုက်နားထောင်းကာ ရင်ထဲမှာ အမှတ်ထားရပါ့မယ်။

😇😇 ကိုယ်တော်မြတ် ကိုယုံကြည်သဒ္ဒါမြတ်နိုး လေးစား ချစ်ခင်စိတ်နဲ့ ထိုက်တန်စွာ ပင့်ယူနိုင်အောင်လုပ်ရမယ်။ ဒါကအရေးကြီးပါတယ် ကိုယ်တော်မြတ်မပင့်ယူမီ နဲ့ ပင့်ယူပြီးနောက် ကျွန်ုပ်တို့ဆုတောင်းကြတာတွေ။

😍😍 ပြီးရင်တော့ ဘုရားကိုကျေးဇူးတင်ရပါမည်။ ဘုန်းတော်ကြီးက နောက်ဆုံးကောင်းကြီးပေးပြီးမှသာလျှင် မစ္ဆားတရားပြီးပါပြီး သွားကြလော့ ဟုဆိုမှသာလျှင် ဘုရားကျောင်းပြီးတာ မစ္ဆားတရားပြီးတာဖြစ်သည့်အတွက်ကြောင့် ဘုန်းတော်ကြီး ရဲ့ကောင်းကြီးကိုခံယူပြီးမှ ဘုရားကျောင်းကနေအပြင်ကိုထွက်ရပါမည်။ တချို့သောသူများမှာ ကိုယ်တော်မြတ်ပင့်ယူပြီးနောက် ဘုန်းတော်ကြီး ရဲ့ကောင်းကြီးမခံယူဘဲ အပြင်ကိုထွက်လေ့ရှိကြတယ်။ မကောင်းဘူး။ မြင်မကောင်းဘူး။ ဘုရားကျောင်းမှာ အပိတ်သီချင်း အပိတ်ဆုတောင်းပြီးမှ ထွက်ခွာကြရမှာဖြစ်ပါတယ်။ ဘုရားကိုအချိန်မပေးချင်ရင် ဘာတွေ ကျွန်ုပ်တို့အချိန်ပေးရမှာလည်း ဘုရားကိုတို့တွေအချိန်မပေးနိုင်ခဲ့ရင် ဘုရားကလည်း မင်းအတွက်ငါအချိန်ပြန်မပေးနိုင်ဘူးလို့ပြောရင် အခက်တွေ့ရသလို အံ့သွားခဲကြိတ်ခြင်းနဲ့ ကြုံရလိမ့်မယ်။ စဉ်းစားစေချင်တယ်။ 

ကျေးဇူးတင်ပါသည်။

💛💙💙💚❤ မေတ္တာစေတနာနဲ့ 

                                   #MichaelLing


No comments:

Post a Comment