ကက်သလစ်ကျမ်းစာတော်မြတ်နှင့်ခရစ်ယာန်ဂိုဏ်းကွဲညီကို (ပရိုတက်စတင့်) များရဲ့ကျမ်းစာတော်မြတ်များအကြား ကွဲပြားခြား နားမှုများရှိပါတယ်။ ကက်သလစ်ကျမ်းစာတော်မြတ်တွင် ဓမ္မဟောင်း ကျမ်းအနည်းငယ်ပိုနေပါတယ်။
အာပိုခရီဖာ(Apocrypha) သို့မဟုတ် ဓမ္မဟောင်းတွဲဖက်ကျမ်း
များ(Deuterocanonical Books) လို့ခေါ်တဲ့ကျမ်း စာတွေဖြစ် ပါတယ်။အာပိုခရီဖာဟူသည် ခရစ်ယာန်သင်းကွဲ ညီအကိုများက ကက်သလစ်ကျမ်းစာတော်မြတ်တွင်သာပါဝင်သော ဓမ္မဟောင်း တွဲဖက်ကျမ်း(၇)စောင်အား ရည်ညွန်းပြော ဆိုကြခြင်း ဖြစ်ပါတယ်။ ထိုကျမ်းစာတို့ကို ပရိုတက်စတင့် ခရစ်ယာန်သင်းကွဲညီကိုများရဲ့ ကျမ်းစာတော်မြတ်များက လက်ခံခြင်း သို့မဟုတ် ထည့်သွင်းခြင်း မရှိပေ။
ထိုကျမ်း (၇) များမှာ
၁။ တိုးဘိဝတ္ထု
၂။ ဂျူးဒစ်ဝတ္ထု
၃။ ပညာပါရမီ ကျမ်း
၄။ နိတိဒေသနာကျမ်း
၅။ ဘာရုဟောတမ်းစာ
၆။ မက္ကာဘေဦးသမိုင်း ပထမတွဲ
၇။ မက္ကာဘေဦးသမိုင်း ဒုတိယတွဲ စသည်တို့ဖြစ်ပါတယ်။
ထို့အပြင် ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် ထည့်သွင်းဖော်ပြ ထားသောအက်စတာဝတ္ထုနှင့်ဒါနီအဲလ်ဟောတမ်းစာ စသည့်ကျမ်းနှစ်စောင်တို့ ၏ဖြည့်စွတ်အခန်းကိုပါထည့်သွင်းရေတွက်ကြပြီး ဓမ္မဟောင်းတွဲဖက်ကျမ်း(၉)စောင်ဟုလည်းခေါ်ဆိုကြသည်။
ကက်သလစ် သာသနာတော်သည် အထက်ပါအငြင်းပွား ဖွယ်ကျမ်းတို့ကို
တွဲဖက်တရာဝင်ကျမ်းများ ( Deuterocanonical Books) ဟုခေါ်ဆိုပြီး ဓမ္မဟောင်းရှိအခြားကျမ်းတို့ကို
ပထမကျမ်းများ(Proto-canonocal Books) ဟုခေါ်ဆိုလေသည်။ ထို့ပြင် ဓမ္မသစ်ရှိအောက်ပါကျမ်းများ
(ဟေဘေဦးသြဝါဒစာ၊ ရှင်ယာ ကုပ်သြဝါဒစာ၊ရှင်ပေတရုသြဝါဒစာဒုတိယစောင်၊ရှင်ယော ဟန်သြဝါဒစာဒုတိယစောင်နှင့်တတိယစောင်၊ ရှင်ဂျူးဒသြဝါဒစာနှင့်ဗျာဒိတ်တော်ကျမ်း)
သည်လည်းတွဲဖက်တရားဝင်ကျမ်းများ(DeuterocanonicaBooks)တွင်ပါဝင်သည်။ သို့သော်ပရိုတက်စတင့်များက ထိုကျမ်းများကို သူတို့၏ဓမ္မသစ်ကျမ်းတွင် ထည့်သွင်းအသုံးပြုကြသည်။
ကက်သလစ်ကျမ်းစာတော်မြတ်နှင့်ပရိုတက်စတင့်ကျမ်းစာတော်မြတ်တို့အကြားကွဲ
လွဲမှုမှာ အောက်ပါအတိုင်းဖြစ်ပေါ်လာ သည်။ ခရစ်တော်မမွေးဖွာမှီ ရာစုနှစ်အတွင်းနေ
ထိုင်ခဲ့ကြ သော ဂျူးလူမျိုးတို့တွင်အဖွဲ့နှစ်ဖွဲ့ကွဲနေခဲ့သည်။ တစ်ဖွဲ့မှာ ပါလစ္စတင်ပြည်အတွင်းအခြေချနေထိုင်ကြပြီး ဟေဗြေဦးဘာ သာစကားကိုအသုံးပြုကြသည်။ ကျန်တစ်ဖွဲမှာ ဂရိနိုင်ငံမှ မဟာအလက်ဇန္ဒားဘုရင်ကြီ၏ အောင်ပွဲအကျိုးဆက်ကြောင့် ရောမအင်ပါယာအနှံ့ကွဲလွင့်ရောက်ရှိသွားကြသော များပြား လှသည့်ဂျူးလူမျိုးများဖြစ်ကြသည်။ ထိုဂျူးလူမျိုးများသည် ဂရိဘာသာစကားကိုပြောဆိုသုံးနှုန်းကြသည်။ ထိုဂျူးလူမျိုး များဖတ်ရှု့နားလည်နှိင်ရန်အတွက် ဟေဗြေဦးသာစကားဖြင့် ရေးသားထားသောကျမ်းစာ
(Hebrew Version) ကိုဂရိဘာသာကျမ်းစာ(Septuagint Version) သို့ဘာသာပြန်ဆိုအသုံးပြုခဲ့ကြသည်။ ထိုဂရိဘာသာပြန် ကျမ်းစာ (Septuagint Version) တွင်ဟေဗြေဦးကျမ်း (Hebrew Version) ၌မပါဝင်သော ဓမ္မဟောင်းတွဲဖက် ကျမ်းများ(Deuterocanonical Books) များလည်းပါ ဝင်သည်။
ခရစ်တော်သခင်မမွေးဖွားမှီ ရာစုနှစ်အချို့တွင် ပါလစ္စတင်းပြည်ရှိ ဂျူးလူမျိုးများသည် ငှင်းတို့ဖတ်ရှု့သုံးစွဲနေ သည့် ကျမ်းစာတော်မြတ်မှတစ်ချို့ကိုပြန်လည်စီစစ်သုံးသပ် ပြီး မိုးဇက်၏တရားကျမ်းနှင့်မကိုက်ညီခြင်းနှင့် ဘုရားသခင် ၏လှုံ့ဆော်မှုဖြင့် ရေးသားသည်ဟူ၍မသေချာခြင်း စသည့် အကြောင်းတရားတို့ဖြင့်ဖယ်ထုတ်ခဲ့ကြသည်။
ထိုကဲ့သို့စိစစ် ရာတွင် ဖာရီဇေဦးတို့သည် ကိုက်ညီရမည့် အင်္ဂါရပ်(၄) ခုကို ချမှတ်ခဲ့ကြသည်။
ငှင်းတို့မှာ
(၁) Pentateuch ဟုအ မည်တွင်သည့် ဓမ္မဟောင်းကျမ်းမှ ပထမဆုံးကျမ်းငါးစောင် နှင့်ကိုက်ညီမှုရှိရမည်
(၂) ပရောဖက်ဧဇရာမတိုင်မှီရေးသားခဲ့ ခြင်းဖြစ်ရမည်
(၃) ဟေဗြေဦးဘာသာစကားဖြင့်ရေးသားခဲ့ ခြင်းကဖြစ်ရမည်
(၄) ပါလစ္ဓတင်းပြည်အတွင်းရေးသားခဲ့ခြင်း ဖြစ်ရမညဟူ၍ဖြစ်သည်။
သူတို့သည် ထိုတစ်သီးပုဂ္ဂလစံနှုန်းများကိုကျင့်သုံး၍ အာရမိုက်ဘာသာစကားဖြင့်ရေးသားခဲ့ဟန်ရှိသော ဂျဒစ်ဝတ္ထု၊
ဂရိဘာသာစကားဖြင့်ရေးသားခဲ့သောပညာပါရမီကျမ်းနှင့် မက္ကာဘေဦး
ဒုတိယတွဲ၊ အာရမိုက်ဘာသာစကားဖြင့်ပါလစ္စ တင်းပြည်၏ပြင်ပတွင်
ရေးသားခဲ့ဟန်ရှိသော တိုးဘိဝတ္ထု၊ ဒါနီ
အဲလ်ဟောတမ်းစာနှင့်အက်စတာဝတ္ထုတို့မှဖြည့်စွက်အခန်းများ၊ ပါလစ္စတင်းပြည်၏ပြင်ပတွင်ရေးသားခဲ့ဟန်ရှိသောဘာ ရုဟောတမ်းစာနှင့်ပရောဖက်ဧဇရာ၏နောက်ပိုင်ကာလများတွင်ရေးသားခဲ့သော နိတိဒေသနာကျမ်းနှင့်မက္ကာဘေဦးသမိုင်း ပထမတွဲအစရှိသည်တို့ကိုပယ်ဖျက်ခဲ့ကြသည်။
ဂျူးလူမျိုးများသည်ထိုစိစစ်ထားသောကျမ်းစာတော်မြတ်ကိုလက်ခံအသုံးပြု ကြသည်။
ပရိုတက်စတင့်များက အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ကိုက်ညီမှု
မရှိ၍ တွဲဖက်တရားဝင် ကျမ်းများ(Deuterocanonical Books) ကိုပယ် ထုတ်ထားသည့် ဟေဗြေဦးကျမ်း(Jewish Canon) ကို သာလိုက်ကြသည်။
သည်လုပ်ရပ်ကို AD (၉၀)တွင်ပြုလုပ် ခဲ့သော ဂျမ်နီရာ မျက်နာစုံညီအစည်းအဝေ
(Synod of Jamnia) တွင် ဖာရီဇေဦးများကပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုအစည်း
အဝေးတွင် သမ္မာသစ်ကျမ်းကိုပါ တစ်ပါးတည်း ဖယ်ထုတ်ရန်ဆုံးဖြတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော ဖာရီဇေဦးတွေက ခရစ်တော်သခင်ကို ကယ်တင်ရှင်အဖြင့် လက်မခံခဲ့ကြပေ။
ကနေဦး ခရစ်ယာန်များကမူ ဟေဗြေဦးဘာသာ ဖြင့်ရေးသား ထားသောကျမ်း
(Hebrew Version) မှဂရိ ဘာသာသို့ပြန်ဆိုထားသောကျမ်းစာ(Septuagint Version) ကိုအသုံးပြုခဲ့ကြသည်။ သမ္မာသစ်ကျမ်းပြု ပုဂ္ဂိုလ်များသည်လည်း ဓမ္မဟောင်းကျမ်းစာကို
ကိုးကားရာ တွင် ဂရိဘာသာပြန်ကျမ်းစား (Septuagint Version) ထဲမှကိုးကားခဲ့ကြသည်။ တမန်တော်များဖြစ်ကြသော ရှင်ပေတရု၊ ရှင်ပေါလု နှင့်ရှင်ယောဟန်တို့့သည်လည်း
သူတို့၏ သြဝါဒစာများတွင် အချို့သောကျမ်းပုဒ်များမှာ ဓမ္မဟောင်း တွဲဖက်ကျမ်းစာထဲမှဖြစ်ကြောင်းသိသာထင်ရှားသည်။
အောက်ပါနှိုင်းရှင်ချက်များကိုလေ့လာကြည့်နိုင်ပါသည်။
ဟေဗြေဦးကျမ်း ၁၁:၃၅ ကို ဒု-မက္ကာဘေဦး ၆:၁၈-၇:၄၂
ရှင်ယာကုပ်သြဝါဒ ၁:၁၉ ကို နိတိဒေသနာကျမ်း ၅:၁၁
ပ-ရှင်ပေတရုသြဝါဒ ၁:၆-၇ ကို ပညာပါရမီကျမ်း ၃:၅-၆
ရောမသြဝါဒစာ ၁:၁၈-၃၂ ကို ပညာပါရိမီကျမ်း ၁၃:၁-၉
တစ်ချို့က ဓမ္မဟောင်းတွဲဖက်ကျမ်းစာတော်မြတ် သည် မူရင်းဟေဗြေဦးကျမ်းစာတော်မြတ်ထဲတွင်မတွေ့ရှိ ကြောင်း ပြောဆိုငြင်းခုန်ကြသည်။
သို့သော် (၁၉၄၉) ခုနှစ် တွင် ကွမ္မ်ရံလှိုဏ်ဂူ ( Qumran) များမှပြန်လည်တွေ့ရှိ သောDead Sea Scrolls ပုရပိုက်များထဲတွင် ဓမ္မဟောင်းတွဲဖက်ကျမ်းစာ၏ အပိုင်းအစအ
တော်များများကို ဟေဗြေဦးဓမ္မဟောင်းကျမ်းစာနှင့်တူတွေ့ရှိခဲ့ကြသည်။
အကယ်၍ ကနေဦးသာသနာတော်နှင့်တမန်တော်ကြီး များ၊ သူတို့၏အရိုက်အရာဆက်ခံကြသူများကိုကျွန်ပ်တို့ လက်ခံလျှင်သူတို့၏ဟောပြောသွန်သင်မှုများနှင့်ရေးသား ချက်များကိုပါလက်ခံရပေမည်။ အကြောင်းမှာ သူတို့သည် မည်သည့်ကျမ်းက သန့်ရှင်သောဝိညာဉ်တော်၏ လှုံဆော်မှု ဖြင့်ရေးသားခဲ့သည် မည်သည့်ကျမ်းကမခံရသည် ဟူ၍ ခွဲ ခြားပေးခဲ့သည်။
ကျွန်ပ်တို့သိထားရမည့်အချက်တစ်ချက်က အေဒီ ၃၉၃၊ ၃၉၇၊ ၄၁၉ ခုနှစ်ဝန်းကျင်မှသာ
လျှင် ကျွန်ပ်တို့ ယခုလက်ရှိအသုံးပြုနေသော သမ္မာကျမ်းစာတော်မြတ် ( ဓမ္မဟောင်းကျမ်း၊ ဓမ္မဟောင်းတွဲဖက်ကျမ်း၊ ဓမ္မသစ်ကျမ်း) ကို ဘုရားသခင်၏ လှုံဆော်မှုဖြင့်ရေးသားခဲ့ကြောင်း
ကက်သ လစ်သာသနုာတော်က အတည်ပြုကြေညာခဲ့သည်။
သိုသော် မာတင်လူသာသည် ၁၅၃၄ ခုနှစ်တွင် ဓမ္မဟောင်းတွဲဖက် ကျမ်းများကို ပထမဆုံးငြင်းပယ်ခဲ့သူဖြစ်သည်။ တစ်ချိန်က သူသည် ဓမ္မသစ်ကျမ်းမှ ဟေဗြေ
ဦးသြဝါဒစာ ၊ရှင်ယာကုပ် သြဝါဒစာ၊ ရှင်ဂျူဒသြဝါဒစာနှင့်ဗျာဒိတ်တော်ကျမ်းစာ
တို့ကို လည်းဖယ်ထုတ်ခဲ့ဖူးသည်။ နောင်အခါတွင် ပရိုတက်စတင့် များက ထိုကျမ်း
စာများကို သူတို့၏ကျမ်းစာတော်မြတ်အတွင်း ပြန်လည်ထည့်တွင်းခဲ့ကြသည်။
ကက်သလစ်ကျမ်းစာတော်မြတ်တွင် ဓမ္မဟောင်းကျမ်း(၄၆) စောင်၊ ဓမ္မသစ်ကျမ်း(၂၇)စောင် စုစုပေါင်း(၇၃)စောင်ရှိသည်။ ပရိုတက်စတင့် ကျမ်းစာ
တော်မြတ်တွင် ဓမ္မဟောင်း(၃၉)စောင် ဓမ္မသစ် (၂၇) စောင် စုစုပေါင်း (၆၆) စောင်သာရှိသည်။
ကက်သလစ်သာသနာတော်သည် ပထမရာစုနှစ်များကပင် ဓမ္မဟောင်းတွဲဖက်ကျမ်းများကိုကျမ်းစာတော်မြတ်တွင်ပါဝင်သော ကျမ်းများဟုလက်ခံခဲ့သည်။ အေဒီ (၃၉၃) ခုနှစ်၌ ဟိပိုမြို့တွင်ကျင်းပသော သာသနာ့ အစည်းအဝေးကြီး (Council of Hippo) ကကျမ်းစာတော်မြတ်တွင်ပါဝင်ရမည့် ကျမ်းများကို ပထမဆုံးအကြိမ်အတိအကျသတ်မှတ်ပေးခဲ့သည်။
အေဒီ (၁၅၄၆) ခုနှစ်တွင် ကျင်းပခဲ့သော ထရင့်မြို့ သာသနာအစည်းအဝေကြီး ( Council of Trent) ကလည်း အထက်ကအတည်ပြု သတ်မှတ်ခဲ့သော ကျမ်းစာ
များအားလုံး ကို ထပ်မံအတည်ပြု သတ်မှတ်ပေးခဲ့သည်။ ကျမ်းစာတော်မြတ်တွင်ပါဝင်သော ကျမ်းစားများသည် ယုံကြည်သူအပေါင်းတို့အား ကယ်တင် ခြင်းသို့လမ်း
ညွန်ပို့ဆောင်ပေး၍ ဗျာဒိတ်တော်ကိုဖော်ပြသော အရေးအသား များဖြစ်ကြသောကြောင့် သာသနာတော်က ဤကဲ့သို့ သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။
"ကျမ်းစာတော်မြတ်အစ သာသနာတော်က" ဟူသောဆောင်ပုဒ် သည် မှန်ပေ၏။ အဘယ်ကြောင့်ဆိုသော ကျမ်းပြုစုသူများက သမ္မသစ်ကျမ်းကိုမရေးသားမှီကပင် သာသနာတော်သည် ဧဝံဂေလိသတင်းကောင်းကို ဟော ပြောသက်သေခံခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်သောအခါမှသာ ဓမ္မဟောင်းကျမ်းစာနှင်ဓမ္မသစ်ကျမ်းစာ
ကို ကျမ်းစာတော်မြတ်ဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
Source။ ။ Paul Tan Chee Ing, S.J Straight to Catholics: Why I believe in What I believe, ( Kuala Lumpur 1984) Pp 95-96.
မှတ်ချက်။ ။ဓမ္မသုတအမွေ စာအုပ်မှဝေမျှသည်။
#Crd Luke Tushan
No comments:
Post a Comment