အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

++ ကြား၀င်ဖြန်ဖြေပေးသောသခင်မ ++


*******************************   
 "အကျွန်ုပ်သခင်၏မယ်တော်သည် ကျွန်ုပ်ဆီသို့လာသော ကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း" (လုကား ၁း၄၃)။’  ဤစကားလုံးကို လူနှစ်ဦးကြား၊ အဖွဲ့အ စည်း ကြား ကူညီမှုများတွင် အချင်းချင်းဖလှယ်မှုများပြုလုပ်ရန်  နှင့်တစ်ဦးနှင့်တစ်ဦး ပြန်လည်ကျေးအေးသင့်မြတ်ရန်  အတွက် အသုံးပြုခြင်း ဖြစ်သည်။

 ထို့အပြင် မယ်တော်သခင်မကိုကြား၀င်ဖြန်ဖြေသူ ဆိုသည့် ဘွဲ့နာမဖြင့် ခေါ်ဆိုရသည့်အကြောင်းမှာ-
၁။ မယ်တော်သခင်မသည် ဘုရား၏မယ်တော်အဖြစ်၊ ကျေးဇူးတော်နှင့် ပြည့်စုံသောသခင်မအဖြစ်ထိုက်တန်၍ ဘုရားနှင့် လူသားများကြားတွင် အဓိက ကျသောနေရာ၌ လုပ်ဆောင်ပေးသောကြောင့်ဖြစ်သည်။ 

၂။  မယ်တော်သခင်သည် လောက၌အသက်ရှင်စဉ် ခရစ်တော်ဘုရားရှင် နှင့်အတူ၊ ခရစ်တော်ဘုရားရှင်၏လက်အောက်၌၊ ဘုရားနှင့်လူကြား ပြန်လည်ကျေ အေးသင့်မြတ်ဖို့ရန် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်။

၃။ ဘုရားသခင်သည် မိမိ၏သားသမီးတို့အပေါ်၌ သွန်းလောင်းသော ဆု ကျေးဇူးများကို မယ်တော်သခင်မအားဖြင့် လက်ဆင့်ကမ်းဖြန့်ဝေပေးသော ကြောင့်ဖြစ်သည်။ 

 ကျွန်ုပ်တို့မိသားစုအိမ်တွင် အဖေဆီတစ်ခုခုတောင်းလိုပါက အမေဆီသို့ အရင်ချဉ်းကပ်တောင်းလျှောက်ကြသည်။  ရမည်ဟုလည်း စိတ်ချယုံကြည်မှုရှိသည်။ အမေသည် ကျွန်ုပ်တို့ဘ၀အတွက် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်ုပ်တို့ ငယ်စဉ်ဘ၀မှစ၍ လူလားမြောက်သည့်အရွယ်အထိအမေ၏ပဲ့ပြင်ထိန်း ကျောင်း အုပ်ချုပ်မှု၊ အမေ၏မေတ္တာအရိပ်အောက်တွင်နေထိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့့ ဒုက္ခအခက်အခဲရောက်ချိန်တွင် ဦင်္းစွာပထမအမေဆီချဉ်းကပ်ကြသည်။ အမေ၏ ရင်ခွင်၌ခိုလှုံအားယူကြသည်။ အမေသည်လည်း ကျွန်ုပ်တို့ကိုအမြဲ လက်ကမ်းကြိုဆို အားပေးကူညီလေ့ရှိသည်။  

 မိခင်တစ်ဦးသည် မိမိ၏သားငယ်တစ်ဦးကို သိတတ်သောအရွယ်မှစပြီး အမြဲဆုံးမသွန်သင်ခဲ့သည်မှာ - "သား - ကြံခိုင်ရမယ်၊ ကိုယ်အားနည်းချက်သိ တဲ့အထိကြံ့ခိုင်ရမယ်၊ သား - မားမားမတ်မတ်ရပ်တည်ရမယ်နော်။ စိတ်ပျက်ချိန် ဒူးမထောက်မိစေနဲ့။သား-အောင်မြင်ချိန်မှာလည်း စိတ်ကြီး မ၀င်စေနဲ့၊ လက်ခုတ် သံကို မှန်မှန်ခံယူတတ်ပါ။ နောက်ပြီးသား - တကယ်မြင့် မြတ်သူဟာ ဖြောင့်မတ်ရိုး သားတယ်။ သား - တကယ်ဥာဏ်ပညာရှိသူဟာ အရာရာကိုနားလည်လက်ခံနိုင် တယ်။ သား - တကယ်သန်မာကြံ့ခိုင်သူဟာ ယဉ်ကျေးသိမ့်မွေ့တယ်" ဟု သင် ကြားပေးလေ့ရှိသည်။ နောက်ဆုံးတွင် ဘုရားသခင်ထံ၌ မိမိ၏သားအတွက်ဆု တောင်းပေးခဲ့သည်။ "အို.ဘုရားသခင် ကျွန်မသားလေးကို လုံလောက်တဲ့ဥာဏ် ပေးပါ။ ရာထူး၊ ဂုဏ်ထူးတွေ့နဲ့ တည်ကြည်ခန့်ညားသူဖြစ်စေပါ။ ၀င့်ဝါတတ်သူ မဖြစ်ပါစေနဲ့။ အနာဂတ်ကို ပိုင်ဆိုင်ချိန်မှာ အတိတ်က ိုမမေ့ပါစေနဲ့ ဘုရား" ဟု ဆုပန်ပေးခဲ့သည်။ ၎င်းမိခင်သည် အာဗြဟံလင်ကွန်း၏ မိခင်ပင်ဖြစ်သည်။
 လောကမိခင်တစ်ဦးသည် မိမိ၏သားသမီးအတွက် ဤကဲ့သို့ စိတ်ပူ ပန်ပြီး ဂရုစိုက်ချစ်သည်ဆိုလျင် လူသားအားလုံး၏မိခင်၊ ဘုရား၏မယ်တော် မာရိယားသည် ကျွန်ုပ်တို့လူသားအားလုံးအတွက် ဘုရားသခင်ထံ အဘယ်မျှလောက် ဆုပန်တောင်းလျှောက်၊ အသနားခံ၊ မေတ္တာထားမည်ဆိုသည်ကို ယုံကြည်သင့်ပေသည်။ ရဟန္တတာများကလည်း "ခရစ်တော်ဘုရားရှင်သည် မိမိ၏အသင်းတော်နှင့်၊ လူသားအားလုံးကို၊ မိခင်မယ်တော်မာရိယား၏ လက် တော်ထဲ၌ လုံးလုံးလျားလျား၊ ယုံကြည်စွာဖြင့် အပ်နှံပါသည်" ဟု မိန့်ဆိုခဲ့သည်။ ထို့ကြောင့် မယ်တော်သည် ကျွန်ုပ်တို့၏အမေဖြစ်သည်။ မယ်တော်ထံ ယုံကြည် အားကိုးစွာဖြင့် တောင်းလျှေက်လျှင် ဆုကျေးဇူးများရရှိမည်မှာ သေချာပါသည်။ 
 မယ်တော်သခင်မသည် ကျေးဇူးတော်၏ လုပ်ဆောင်မှုအခြေအနေ       ၌ ကျွန်ုပ်တို့၏အမေဖြစ်ပါသည်။ ခမည်းတော် ဘုရား၏အလိုတော်ကို သစ္စာရှိစွာဆောင်ရွက်ခြင်း၊ သားတော်ဘုရား၏ ကယ် တင်ခြင်းလုပ်ငန်း၌ ပါ၀င်ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏ စေခိုင်းရာကို လိုက်လျှောက်အသက်ရှင်ခြင်းဖြင့် အပျိုကညာစင်မယ်တော် မာရီယားသည် အသင်းတော်၏ ယုံကြည်ခြင်းနှင့် ဂရုဏာချစ်ခြင်း၌ စံပြအတု ယူရမည့် ပုဂ္ဂိုလ်  တစ်ဦးဖြစ်ပါသည်။ 
 မယ်တော်သခင်မ၏ အခန်းကဏ္ဍသည် အသင်းတော်နှင့်လူသား တစ်ရပ်လုံးသို့ ဆက်နွယ်နေပါသည်။ မယ်တော်သခင်မသည် ဝိညာဉ်များအား သဘာ၀ထက်သာလွန်မြင့်မြတ်သောအသက်ကို ပြန်လည်ပေးသွင်းရန် ကယ် တင်ရှင်၏လုပ်ငန်း၌ ထက်သန်သောယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း မေတ္တာအားဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သခင်မသည် ကျေးဇူး တော်၏လုပ်ဆောင်မှုအခြေအနေ၌ ကျွန်ုပ်တို့အတွက် မိခင်တစ်ဦးဖြစ်ပါသည်။ ထိ့ုအပြင် မယ်တော်သခင်မသည် သိကြားမင်းအမိန့်တော်ပြန်သည့်နေ့မှစ၍ လက်ဝါးကပ်တိုင်ခြေတော်ရင်းအထိ မငြီးးမငြူဘဲ ကူညီ ထောက်မခဲ့ပြီး ရွေးကောက်တင်မြောက်ခံရသော သူတို့၏ ထာ၀ရပြည့်စုံခြင်း သို့ ရောက်သည့်တိုင် အောင် ဆက်လက်လုပ်ဆောင်နေပါသည်။ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသည့်တိုင်အောင် သူမသည် ကယ်တင်ခြင်းနှင့်ဆိုင်သော လုပ်ဆောင်ပေးမှုကို စွန့်ပယ်မထားဘဲ၊ ထာ၀ရကယ်တင်ခြင်းလက်ဆောင်ကို သူမ၏အဓိက ကြား၀င်တောင်း လျှောက်ပေးခြင်းဖြင့် ကျွန်ုပ်တို့ထံသို့ ဆက်လက်ယူဆောင်ပေးခဲ့ပါသည်။ ထို့ ကြောင့် အသင်းတော်သည် မယ်တော်သခင်မအားရှေ့နေရှေ့ရပ်ပြုသူ ၊ ကူညီမှိုင်းမသူ ၊ ကျေးဇူးရှင်  နှင့် ကြား၀င်ဖြန်ဖြေသူ  စသောဘွဲ့နာမအမျိုးမျိုးနှင့် ဂုဏ်ပြုခေါ် ဆိုခြင်းဖြစ်သည်။ 
 "ထိုအခါ ကောင်းကင်ယံ၌ ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ပေါ်ထွန်းလေ၏။ အမျိုးသမီးတစ်ဦးသည် နေကို ၀တ်ဆင်ထားပြီး လကို ခြေဖြင့်နင်းလျှက်၊ ဦးခေါင်းပေါ်တွင်လည်း ကြယ်တစ်ဆယ့်နှစ်လုံးပါ သည့် သရဖူကို ဆောင်းထားလေ၏။" (ဗျာဒိတ် ၁၂း၁)

crd to Luke Tushan

No comments:

Post a Comment