( ၁ )… မြစ်ကြီးလည်း မခမ်းစေနဲ့။
( ၂ )…သစ်ပင်ကြီးလည်း မလဲစေနဲ့။
( ၃ ) …ထုံးအိုးကြီးလည်း မကွဲစေနဲ့။
ကြားတော့ ကြားဖူးကြပါလိမ့်မယ် သို့သော် တွင်တွင်ကျယ်ကျယ်
သိလိုသူများအတွက် ဖြေပေးလိုက်ပါတယ်…။
( ၁ )… မြစ်ကြီးလည်း မခမ်းစေနဲ့။
မြစ်ကြီးလည်း မခမ်းစေနဲ့ဆိုတာ ကြည်လင်အေးမြပြီး
တသွင်သွင် စီးဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ မေတ္တာတရားများ
လူတွေမှာမခမ်းခြောက်ပါစေနဲ့လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
လူသားအချင်းချင်း ဆွေမျိုးမိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီ
နေထိုင်ကြမယ် အားလုံးသော သတ္တဝါအပေါ်မှာလည်း
မေတ္တာစမ်းရေများ မခမ်းခြောက်အောင်
အမြဲ ပွားများပြီး နေထိုင်ကြရပါမယ် မြစ်အတွင်းမှာ
စီးဆင်းနေတဲ့ စမ်းရေဟာ ကြည်လင်အေးမြတဲ့
သဘောရှိသလို သတ္တဝါ အားလုံးအပေါ်မှာ ပွားများနေတဲ့
မေတ္တာဆိုတာလည်း ကြည်လင်အေးမြလှပါတယ်။
မေတ္တာပွားများသူရဲ့သဏ္ဍာန်မှာ မေတ္တာဓါတ်တွေ ဝင်ရောက်
ဝင်ရောက်လာပြီးဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့နှလုံးသာဟာလည်း
တစ်ချိန်မှာဖြစ်နေတဲ့ နှလုံးသားနဲ့မတူပဲ ကြည်လင်လာပါတယ်။
မြတ်စွာဘုရားရှင်က 'စိတ္တေပသန္နေ လောဟိတံ ပသီဒတိ 'လို့
မိန့်ခြွေတော်မူခဲ့ပါတယ် စိတ်ကြည်လင်လာပြီးဆိုရင်
ရုပ်လည်း ကြည်လင်လာတယ် အထူးသဖြင့် မေတ္တာအမြဲပွားများ
နေတဲ့ မျက်နာ အသွင်အပြင်ဟာ သာမာန်ပုဂ္ဂိုလ်တွေနဲ့
မတူတော့ပါဘူး။သတိထားကြည့်ရင် ကွာခြားနေကြောင်း
မြင်တွေ့ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ မေတ္တာဆိုတဲ့
အကြည်ဓါတ်လေးက သူရဲ့သန္တာန်မှာကိန်းဝပ်နေလို့ပါပဲ။
( ၂ ) …သစ်ပင်ကြီးလည်း မလဲစေနဲ့။
သစ်ပင်ကြီးဆိုတာ ဘုရား တရား သံဃာလို့ ခေါ်ဆိုအပ်တဲ့
ရတနာသုံးပါးကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။
ပကတိ သစ်ပင်ကြီးသည် အကိုင်အခတ် ဝေဝေဆာဆာလည်း
ရှိတယ်။ ပင်စည်ကလည်း ပြန့်ပွား အရိပ်အာဝါသလည်း
ကောင်းနေမယ်ဆိုရင် အဲ့ဒီသစ်ပင်ကြီးရဲ့အရိပ်မှာ သတ္တဝါ
အပေါင်းခိုနားလို့ ရနိူင်ပါတယ်။ ထို့ သစ်ပင်ရဲ့အရိပ်အောက်သို့
ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ ကိုယ်စိတ်နှစ်ပါးအေးချမ်းမူ့ကို
ခံစားရသလိုပါပဲ။ရတနာသုံးပါးဆိုတဲ့ အရိပ်ဟာလည်း
ဝင်ရောက်ခိုနားတဲ့ သတ္တဝါတိုင်းကို ကိုယ်စိတ်နှစ်ပါး
အေးချမ်းမူ အေးမြမူကို အပြည့်အဝပေးနိူင်ပါတယ်။ဝင်ရောက်
ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါးရဲ့အရိပ်ကြောင့် ကိုယ်စိတ်
နှစ်ပါး ငြိမ်းချမ်းသွားတာ ချည်းပါပဲ။ဒါကြောင့် ရှေးလူကြီးသူမ
များက မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို
မခုတ်လဲမိပါစေနဲ့လို့။ပြောဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ထို့အတူပါပဲ မိမိတို့ နားခိုရာ အားထားရာ ကိုယ်ကွယ်ရာဖြစ်တဲ့
ရတနာသုံးပါးရဲ့အရိပ်ကိုလည်း မပြစ်ပါယ်ရဘူး မမေ့ရဘူး။
ဘာကြောင့်လဲဆိုတော့ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူ့က
ထူးကဲစွာဖြင့် ကြီးမားလွန်းနေလို့ပါပဲ သစ်ပင်ကြီးရဲ့အရိပ်ဟာ
အေးမြသလို ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးရဲ့
အရိပ်ဟာလည်း ယခုပစ္စုပ္ပန် ဘဝမှာသာမက တမလွန်ဘဝ
အတွက်ပါ ငြိမ်းချမ်းမူကို ပေးပါတယ်။ ဒါကြောင့်
ရတနာသုံးပါးလို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့။
အမြဲသတိရပြီး ကိုယ်ကွယ်ဆည်းကပ်ရမယ်လို့
ဆိုလိုခဲ့ခြင်းပင် ဖြစ်ပါတယ်။
( ၃ ) …ထုံးအိုးကြီးလည်း မကွဲစေနဲ့။
ထုံးအိုးကြီးဆိုတာ ရှေးက မိဘ ဘိုးဘွားတွေရဲ့အစဉ်အလာ
လုပ်ထုံး လုပ်နည်းတွေကို ပြောတာပါ။
မိဘဘိုးဘွားတွေရဲ့ယဉ်ကျေးမူ အစဉ်အလာကောင်းများ
မိဘဘိုးဘွားတွေ ပြု့ခဲ့တဲ့ ဘာသာရေး သာသနာရေး
အစဉ်အလာ ကောင်းမြတ်တဲ့ထုံးတမ်းအစဉ်အလာတွေနဲ့
ပြောဆိုဆုံးမခဲ့တဲ့ အကျင့်စာရိတ္တအားလုံးကို မဖျက်စီးရဘူး။
မမေ့ဖျောက်ရဘူး။ အစဉ်အလာကို ထိန်းသိမ်းပြီး ဆက်လက်
ဆောင်ရွက်ရမယ် ဒါကို ထုံးအိုးကြီး မကွဲစေနဲ့ဟု ပြောဆိုခဲ့ခြင်း
ဖြစ်ပါတယ်။
ရှေ့ကဆုံးမခဲ့တဲ့ စကားကြီး သုံးခွန်းရဲ့အဓိပ္ပါယ်ကို နားလည်
နိူင်ကြပါစေ။ နားလည်သည့် အားလျော့စွာဖြင့်
မိမိကိုယ်တိုင်းလည်း ကျင့်သုံးနိူင်ပါစေ။ ကျင့်သုံးနိူင်သည့်
အလျောက် ဘာသာ သာသနာကို ထိန်းသိမ်း
စောင့်ရှောက်နိုင်ကြပါလို့ ဆန္ဒပြု့ရင် အေးချမ်းကြပါစေ…။
#Crd
No comments:
Post a Comment