အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

"ကိုယ့်စိတ်ကို ဘယ်သူ့ကြောင့်မှအထိခိုက်မခံပါနဲ့'

'
 ♦♦♦♦♦♦♦♦♦♦♦♦

#မစ္စတာလင်ကွန်းရဲ့စိတ်ထားကိုအတုယူစေလို

လင်ကွန်းဟာ သမ္မတ အဖြစ် ရွေးချယ်ခံရပြီး သမ္မတ အဖြစ် ပထမဦးဆုံး ကျမ်းသစ္စာ ကျိန်ဆိုမဲ့ စင်မြင့်ပေါ်ကို တက်လာတယ်။ 


စင်မြင့် ပတ်ပတ်လည်မှာ အရာရှိအရာခံတွေ ဝန်ကြီးတွေ လူကြီးလူကောင်းတွေ အကုန်နေရာယူပြီး 
သမ္မတ အသစ်ကို စောင့်မျှော်နေတဲ့ အချိန်ဖြစ်တယ်။

လင်ကွန်း စင်မြင့်ထက်မှာ နေရာယူပြီးတာနဲ့ 
ရှေ့ဆုံးတန်းက ချမ်းသာတဲ့ အရာရှိကြီး တစ်ယောက်ကထပြီး 

လင်ကွန်းခင်ဗျား....".... ခင်ဗျားရဲ့ ဖခင်ဟာ ကျနော့်တို့ မိသားစုအတွက် ဖိနပ်ချုပ်ခဲ့တာ မှတ်မိပါသလား ခင်ဗျား ..." လို့ အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။ 

ဒါကိုကြားတဲ့ အရာရှိကြီးတွေ အကုန်လုံးက 
ဝိုင်းရယ်ကြတာပေါ့။ 

အမှန်သူက လင်ကွန်းကို သက်သပ် အရှက်ခွဲလိုက်တာ။ 
နှိမ်လိုက်တာ။

ကျန်တဲ့ လင်ကွန်းကို မနာလို ဖြစ်နေတဲ့ 
အရာရှိတွေအကုန်လုံးကလည်း သမ္မတသစ်ကို 
နှိမ်လိုက်နိုင်ပြီလို့ ဝမ်းမြောက်နေကြတာပေါ့။ 

ဒါပေမဲ့ လင်ကွန်း ပြန်ဖြေတဲ့ စကားကြောင့် သူတို့တွေ 
အကုန်အံ့အား သင့်ခဲ့ရတယ်။ 

#လင်ကွန်းက ...." 

ဟာ... ကျွန်တော် ကောင်းကောင်း မှတ်မိတာပေါ့...။ 

ကျွန်တော့်  ဖခင်က ခင်ဗျားတို့ မိသားစုသာမက ဒီပွဲ 
လာတက်တဲ့ လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့။ 

အဲဒီလို ချုပ်ပေးလို့ ခင်ဗျားမိဘတွေက ကျွန်တော့် 
ဖခင်ချုပ်ပေးတာ မကြိုက်လို့ ဝေဖန်ပြစ်တင်တဲ့ 
အသံကြားခဲ့ဖူးလား❓

အဲဒီလိုပဲ ကျန်တဲ့ ဘယ်သူမှ ကျွန်တော့် ဖခင် ချုပ်ပေးတဲ့ 
ဖိနပ်ကို မကြိုက်လို့ ဝေဖန် ပြစ်တင်ခဲ့တာ မရှိခဲ့ဘူး။ 

ကျွန်တော့် ဖခင် ချုပ်ပေးတဲ့ ဖိနပ်တွေက 
သိပ်သပ်ရပ်ပြီး အကြာကြီးခံတာ။ 

သူချုပ်ပေးတဲ့ ဖိနပ်တိုင်းကို လူတိုင်းက သိပ်ကြိုက်ကြတယ်။ 

တကယ်တော့ ကျွန်တော့် ဖခင်က ဖိနပ်ချုပ်တဲ့ 
အလုပ်မှာ ပါရမီရှင်ပါပဲ။ 

ကျွန်တော်ကတော့ ကျွန်တော့် ဖခင်အတွက် 
အရမ်း ဂုဏ်ယူတယ်လို့ ပြန်ပြောလိုက်တယ်..." 

လင်ကွန်းကို အရှက်ခွဲကြိုးစားတဲ့ ချမ်းသာတဲ့ အရာရှိကြီးရော သူ့ကို ဝိုင်းလှောင်တဲ့ အရာရှိကြီးတွေ အကုန်လုံး 
ပါးစပ် အဟောင်းသား ဖြစ်သွားတာပေါ့။

အမှန်က ဖိနပ်ချုပ်သမားဆိုပြီး ကဲ့ရဲ့ အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်ပဲ သူက သူ့အဖေအတွက်တောင် 
ဂုဏ်ယူ နေသေးသတဲ့။ 

သတိရဖို့က မင်းကို မင်းကလွဲလို့
ဘယ်သူမှ နာကျင်အောင်လုပ်လို့ မရပါဘူး။ 

ဒါကြောင့် ဒီလိုဝေဖန်ပြစ်တင်မှုတွေ ကြုံတဲ့အခါက 
ကိုယ်က ဘယ်လိုတုန့်ပြန်လဲ ဆိုတာက အရေးကြီးတာပါ။ 

ကိုယ့်အလုပ်သာ အကောင်းတကာ့ 
အကောင်းဆုံးဖြစ်အောင်လုပ်ပါ..။ 

ဝေဖန်မှုတွေ အတွက် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ 
မဆုံးရှုံးပါစေနဲ့။ 
ကိုယ့်စိတ်ဓါတ်တွေ မထိခိုက် မနာကျင်ပါစေနဲ့.....။ 

Credit to original writer. 
Copied from ⓂⓂⓂ.

No comments:

Post a Comment