အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ဖျား နှာစေး ချောင်းဆိုးရင် အိမ်မှာဘဲနေပါ (ဆယ်ရက်ခန့်)



ဖျားရင် ပါရာစီတမော ၅၀၀မီလီဂရမ် သုံးကြိမ်သောက်ပါ

နှာစေးရင် Cetrizine 10mg နှာစေးပျောက်ဆေး တစ်နေ့ တစ်ကြိမ်သောက်ပါ


ချောင်းဆိုးရင် Over the counter ဝယ်သောက်လို့ရတဲ့ Zedex syrup/Bronchest/Tussolid/Atussin စသော ချောင်းဆိုးပျောက်ဆေးများ သုံးကြိမ်ခန့် သောက်ပါ

မိသားစုနဲ့ ဝေးဝေးနေပါ
နှာခေါင်းစည်းတပ်ပါ
လက်မကြာခဏဆေးပါ
ကိုဗစ်ရောဂါဆိုရင်တောင် ပျောက်သွားမှာပါ(85%)

သုံးရက်လောက်နဲ့ မသက်သာရင်/ ကြပ်လာ မောလာရင်/အခံရောဂါရှိရင် (ဥပမာ အဆုပ်ပွ ဆီးချို နှလုံးရောဂါများ) ဆေးရုံကြီးသို့ သွားရောက်ပြသပါ

ကာကွယ်မှုများပြုလုပ်မှုအားနည်းသောဆေးခန်းများသို့သွားခြင်းသည် အခြားလူနာများရော ဆေးခန်းဝန်ထမ်းများရော ကူးစက်နိုင်သဖြင့် သင်လည်း ထိုသူများထံမှ ရောဂါကူးလာနိုင်သဖြင့် ကာကွယ်မှုပြည့်စုံသော ဆေးရုံကြီးသို့သာ သွားရောက်ကြပါရန်

အမှန်အတိုင်း ရောဂါရာဇဝင် ပေးကြပါရန်

ပြည်ပပြန်များ ရောဂါဖြစ်ပွားမြို့နယ်များမှပြန်လာသူများ နှင့် ၎င်းတို့နှင့် ထိတွေ့ဘူးသူများ ဖျားချောင်းဆိုးမော ပါက ဆေးရုံကြီးသို့ ချက်ချင်းသွားရောက်ကြပါရန် နှင့် ခရီးသွား ထိတွေ့ ရာဇဝင် အတိအကျ ချက်ချင်းပြောပြကြပါရန်

အိမ်မှာနေခြင်းသည် တစ်မျိုးသားလုံးကို ကာကွယ်ခြင်းဖြစ်ပါသည်
ဖျားရင်လဲ အိမ်မှာဘဲနေပါ သို့မဟုတ် Fever Clinic သို့မဟုတ် ဆေးရုံကြီးသို့သွားပြပါ

Credit ပညာရှင်များ
 credit thant zaw lwin

No comments:

Post a Comment