ဓမ္မဟောင်းကျမ်းစာတွင် အသက်တာသေဆုံးခြင်းမရှိ ထွက်ခွာသွားသော အချိူ့နက်နဲဖွယ်ရာများရှိပါသည်။ အထူးအခွင့်အရေးအနေဖြင့် ဘုရားရှင်က ဧနော့ (ဟေဗြဲသြ၀ါဒစာ၁၁း၅)နှင့် ဧလိယ(ဓမ္မရာဇ၀င်စတုတ္ထစောင်၂း၁၁) တို့ကိုသေခြင်း မှ ကင်းလွတ်စေခဲ့သည်။
မယ်တော်၏လောကအ သက်တာနောက် ဆုံးချိန်နှင့်ပတ် သက်၍ အမျိုးမျိုးသောရှေးဓလေ့ထုံးတမ်းများ၏ ထင်မြင်ယူဆချက်များမှာ ဧဖက် ဆု(သို့မဟုတ်) ဂျေရုဇလင်အနားတစ်ဝုိက်တွင် ပို၍ဖြစ်နိုင်သောအလားအလာကို တွေ့ရှိခဲ့သည်။ အထူးသဖြင့် (၂)ရာစုမှ (၄)ရာစုကြားတွင် အစဉ်အလာခန့်မှန်းချက် အရ ဂျေရုဇလင်တွင် မယ်တော်၏နောက်ဆုံးရက်ကုန်ဆုံးသွားပြီး၊ ထို့နောက် မယ်တော်၏အုတ်ဂူကို ဧဖက်ဆုတွင် နေရာပြောင်းရွှေ့ခြင်းဖြစ်သည်။ ဧဖက်ဆုမြို့ ဓမ္မညီလာခံ(၄၃၁) အစည်းအဝေးကြီးပြီးသောအခါ ဧဖက်ဆုတွင်မယ်တော်နေ ထိုင်ခဲ့ကြောင်းကို အသိအမှတ်ပြုထားသည်။ အကြောင်းမှာ သံယောဟန်သည် ဧဖက်ဆုမြို့တွင်နေပြီး ထိုမြို့၌သင်္ဂြိုလ်ခြင်းခံခဲ့သလို မယ်တော်လည်းခရစ်တော် သေဆုံးပြီး သံယောဟန်နှင့်အတူနေထိုင်ခဲ့သောကြောင့် ထိုမြို့တွင် သင်္ဂြိုလ်ခြင်းဖြစ် နိုင်သည်ဟု ယူဆကြသည်။ ပုပ်ရဟန်းမင်းကြီး ဘေနဒစ်(၁၄)ကလည်း မယ်တော် သည် တပည့်တော်ကြီးသံယောဟန်နှင့် ဧဖက်ဆုတွင်နေထိုင်ပြီး သေဆုံးခဲ့သည့် အကြောင်းကို ရေးသားထားပါသည်။ အချို့သောအသင်းတော် ဖခင်ကြီးများက လည်း မယ်တော်သည် သေဆုံးခြင်းကိုမခံစားခဲ့ရကြောင်း ဆိုထားကြသည်။ (၃)ရာစု နှောင်းပိုင်း (၃၁၅-၄၀၃)တွင် St. Epiphensus ရေးသားထားသော စာတွင် မယ်တော်သည်သေဆုံးပြီး မြေမြုပ်နှံခြင်းကို မသိခဲ့ရသော်လည်း၊ သဘာ၀ အတိုင်း သေဆုံးခဲ့သည့် အကြောင်းကိုမှု ရေးသားထားပါသည်။ အေဒီ(၆၃၆)တွင်ဆီဘဲလာ(Sevella) ရှိ ရဟန္တာအိုင်စီဒိုသည်ပထမဦးဆုံး မယ်တော် သေဆုံးခဲ့သည့့်အကြောင်းသည် မှန်ကန်မှုမရှိကြောင်းချေဖျက်ခဲ့သူ ဖြစ်သည်။ အေဒီ (၉)ရာစုတွင် သီအိုဒိုးရေအဘောက်ကူယာ (Theodore Aboukurra) မှ မယ်တော်သေဆုံးခဲ့သည့့် အကြောင်းပြောကြား ရာတွင် ဘုရားရှင်သည်ဧ၀ကို အာဒံ၏နံရိုးမှဖန်ဆင်းချိန်တွင် အာဒံကိုခဏတာအိပ်ပျော်စေခြင်းနှင့် မယ်တော်၏သေဆုံးခြင်းသည်တူညီကြာင်းပြောဆိုပြီး မယ်တော်သည်အမှန် တကယ် သေဆုံးခဲ့ခြင်းမရှိပါဟုဆိုထားသည်။ ဒါးမားဆန့်မြို့မှရဟန္တာဂျွန် (St. John Damascene) (အေဒီ၇၀၄)သည် အားလုံးအတွက် အသက်ကိုယူ ဆောင်ပေးသော မယ်တော်အား သေခြင်းကမည်ကဲ့သို့ လွှမ်းမိုးနိုင်မည်နည်း ဟူသော မေးခွန်းကိုမေးမြန်းခဲ့ပြီး၊ ကိုယ်တိုင်ပြန်လည်ဖြေရှင်းချက်ပေးထားသည်မှာ မယ်တော်သည် သားတော်၏ဥပဒေကို လိုက်နာပြီး အာဒံ၏ပထမဆုံးသမီးအဖြစ် ဖြူစင်စွာ လက်ခံအသက်ရှင်၍ အသက်ကိုပေးခဲ့သော ဘုရားရှင်၏မိခင်အဖြစ်နှင့် သေခြင်း အားဖြင့် ဘုရားဆီသို့ ပြန်သွား ခဲ့သည်ဟု ဆိုထားသည်။ St. Andrew of Crete ကလည်း ခရစ်တော်သည်သေဆုံးခြင်းကိုခံယူခဲ့သောကြောင့် မယ်တော်သည်လည်း သေဆုံးခြင်းကို ခံယူခဲ့သည်။အနောက်ဖက်ပြည်ဖခင်ကြီး St. Gregory of Tours (၅၉၃)က မယ်တော်သည်လည်းသေဆုံးခဲ့သည်ဟု ရေးထားသည်။ ရဟန္တာသောမတ်စ်အာကိုင်းနက်စ်နှင့်ရဟန္တာဘွန်နာဘန်းချား (St. Thomas Aquinas, St. Bonaventure) တို့သည် မယ်တော်၏အပြစ်မဲ့သန္ဓေ ယူခြင်းကို မရှင်းပြနိုင်သောကြောင့် မယ်တော်သည်အပြစ်ရင်း နှင့်မလွတ်ဘဲ၊အပြစ် ရင်း၏အကျိုးဆက်ဖြစ်သော သေခြင်းကိုလည်း ခံစားခဲ့ကြောင်းသွန်သင်ကြသည်။ မယ်တော်၏အပြစ်မဲ့သန္ဓေယူခြင်းကို လက်ခံသော (Blessed Don Scotus) ကလည်း မယ်တော်သည် သေခြင်းနှင့်မလွတ်ကြောင်းသွန်သင်ခဲ့သည်။ သခင် ယေဇုူးသည်လည်း သေဆုံးခဲ့သလို မယ်တော်လည်းသေဆုံးခဲ့ကြောင်း ၀န်ခံခဲ့သည်။ရဟန္တာအဲလ်ဖုန်းဆုလီဂူ အိုရီ (St. Alphosus Liguori) (၁၆၉၆-၁၇၈၇) က လည်း မယ်တော်၏သေဆုံးခဲ့ခြင်းကို သွန်သင်ပြီး သူမ၏သေဆုံးခြင်းသည် ချိုမြိန် သောသေဆုံးခြင်းဖြစ်ခဲ့သည်ဟု ရေးသားထားသည်။ ၁၇ရာစုတွင် မယ်တော်၏သေဆုံးခြင်းနှင့်ပတ်သတ်၍ပြန်လည်စိတ်၀င် စားလာကြသည်။ အီတလီလူမျိုးဓမ္မပညာရှင်တစ်ဦးဖြစ်သောဘာဘေရီနီ (Italian Theologian Beverini)ကလည်း မယ်တော်သည် သေဆုံးခြင်းမရှိကြောင်း တင်ပြခဲ့သည်။ န၀မမြောက်ပုပ်ရဟန်း မင်းကြီးပီဦးက မယ်တော်သခင်မ၏ အပြစ်မဲ့သန္ဓယူကြောင်းကို ယုံကြည်ရာအချက်ဖြင့် ၁၈၅၂ ဒီဇင်ဘာ ၈ရက်နေ့အဖြစ် တရား၀င်ကြေငြာပြီးနောက် မယ်တော်၏သေခြင်းနှင့်ပတ်သက်ပြီး ပိုမိုလေ့ လာခဲ့ကြသည်။ ဂျီနိုအာမြို့မှ ဒေါမနစ်အာနယ်ဒီ (Dominic Arnaldi of Genoa) ကမယ်တော်သခင်မသည် အပြစ်ရင်းမရှိပါက သေခြင်းမှကင်းလွတ် မည်ဖြစ်ကြောင်းကို ရေးသားခဲ့ပါသည်။ ၂၀ရာစု၌ ရိုချီးနီနှင့်ဂေါ်လု (Roschini and Gallus) တို့က မယ်တော်သခင်မသည် သေခြင်းမခံစားရကြောင်း ရေးသားခဲ့သည်။ ဒုတိယမြောက်ပုပ်ဂျွန်ပေါလ်က အပြစ်ရင်းမှမယ်တော်လွတ်မြောက် ကြောင်း အသင်းတော်ကကြေငြာခြင်းသည် ဘုရား၏အခွင့်ထူးကို ရရှိခံစားခြင်း ကို ဆိုလိုပါသည်။ မယ်တော်သည် မသေနိုင်ဟုမဆိုလိုပါ။မိခင်မယ်တော်သည် အမှန်တကယ်သေဆုံးခဲ့သည်ဆိုရာတွင် အခြေခံအကြောင်းရင်းနှစ်ခုရှိသည်။ ပထမ အကြောင်းရင်းမှာ ခရစ်တော်နှင့်တူညီစေခြင်းဖြစ်သည်။ မယ်တော်သည် သား တော်ထက် ပို၍မြင့်မြတ်သည် မဟုတ်ပါ။ သားတော်အသေခံသကဲ့သို့ မယ်တော် သည်လည်း သေခံခဲ့ခြင်းဖြစ်သည်။ဒုတိယအကြောင်းရင်းမှာ မယ်တော်သည်သေ ခြင်းကို ကိုယ်တိုင်လိုလိုလားလား လက်ခံခြင်းဖြစ်သည်။ ရှင်ယောဟန် ၅း၂၀-၂၁တွင် "အကြောင်းမူကား ခမည်းတော်သည် သားတော်ကို ချစ်တော်မူသောကြောင့် မိမိကိုယ်တော်တိုင် ပြုတော်မူသမျှကို သား တော်အားပြတော်မူ၏။ ထို့အတူ သင်တို့အံ့သြခြင်းရှိကြစေရန် ခမည်းတော်သည် ဤထက်မက ကြီးကျယ်သောအမူအရာတို့ကိုပင် သားတော်အားပြတော်မူလိမ့် မည်။ အကြောင်းမူကား ခမည်းတော်သည် သေသောသူတို့ကို ထမြောက်စေ၍ အသက်ပေးတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေတော်မူ၏။" ဓမ္မပညာရှင်အများပိုင်း သဘောတူခဲ့ကြသောအချက်မှာ မယ်တော်၏ သေခြင်းသည် အပြစ်ရင်း၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့်မဟုတ်ပါ။ ဖျားနာပြီး သေဆုံးခြင်းမျိုးလည်းမဟုတ်ပါ။အသက်အရွယ်ကြီးပြီး သေဆုံးခြင်း လည်းမရှိခဲ့ပါ။ ဤအချက်များသည် အပြစ်ရင်း၏နောက်ဆက်တွဲရလဒ်များ သာဖြစ်သည်။ မယ်တော်သည် အပြစ်မဲ့သန္ဓေယူခြင်းခံရသူ ဖြစ်ပါသည်။ သူမ၏သေခြင်းသည် ကိုယ်တိုင်လိုလိုလားလား သေခြင်းကိုလက်ခံခဲ့ခြင်းကြောင့် သာဖြစ်သည်။ နိဂုံးကမွတ်အဆုံးသတ်ရသော် မယ်တော်သည်လောကအသက်တာ၌ သေဆုံးခဲ့လျှင်လည်း သူမသည်သေခြင်း၏သြဇာအာဏာစက်အောက်တွင် မရှိပါ။ အကယ်၍ မယ်တော်သည် သေဆုံးခဲ့ခြင်းမှန်လျှင် သူမ၏ခန္ဓာကိုယ်သည် ပျက်စီးခြင်းမခံရမှီ မိုးကောင်းကင်သို့ ဝိညာဉ်နှင့်ခန္ဓာကိုယ်ပါ ပင့်ဆောင်ခြင်း ခံ ရသည်။
စိန်ဂျိုဇက် ကက်သလစ် ရဟန်ဖြစ်သက္ကသိုလ်မှထုတ်သော ဓမ္မသုတအမွေစာအုပ်မှပြန်လည်ဝေ
မျှခြင်း။
မှတ်ချက် ။ ။ The mystery of Mary, The close of Mary,s earthly ife စာအုပ်ကိုကိုးကားထားသည်။
credit to Luke Tushan
No comments:
Post a Comment