#အဆင်မပြေတာတွေ သိပ်မဖော်နဲ့။
ကြိတ်ပျော်နေသူတွေ ရှိတတ်တယ်။
#အဆင်ပြေတာတွေလည်း သိပ်မကြွားနဲ့။မအိပ်မစားနိုင်သူတွေလည်း ရှိတတ်တယ်။
#လောကကြီးကိုလည်း အရွဲ့မတိုက်နဲ့။
ဖဲ့ပလိုက်မယ်ဆိုသူတွေလည်း အများကြီးရှိတယ်။
#သူများသနားအောင်လည်း ပြောမနေနဲ့။သနားပေးတဲ့သူထက် အမှားပေးတဲ့သူက ပိုများလိမ့်မယ်။
#ဘယ်သူ့ဘယ်သူကိုမှလည်း တအားမယုံနဲ့။ယုံရသူတွေကပဲ အကုန်ချပြတာတွေ လုပ်ကြလိမ့်မယ်။
#သေချာပါတယ် လောကသားတွေက
မောဟအားတွေ များနေကြတော့
ပြောသမျှစကားတွေကအစ
သောကပွားစရာပဲလေ။
#အမှားတစ်ခုအတွက် အားပြုပေးဖို့ထက် ဝိုင်းထုကြမယ်ဆိုတဲ့ သူတွေက ခပ်များများရယ်။
#ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် မယုံရတဲ့ အနေအထားမှာ သူများတွေကို ယုံရမလားဆိုပြီး အကုန်ချမပြမိစေနဲ့ပေါ့။ အားလုံးက အုံကြွပီး ဖိကြမယ်ဆိုတာချည်းပဲလေ။
#ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်လောကနဲ့ကိုယ်ဆိုတော့ ကိုယ့်သောကလည်း ကိုယ်ပဲ ဖြေရမှာပေါ့။အဖြေရဖို့အတွက်တော့ အများရှေ့မှာ ဖြေချပြလို့မရဘူး။အသေချမယ်ဆိုတဲ့သူတွေက အများသား မဟုတ်လား။
ခရစ်ဒစ် _ မူရင်းရေးသားသူ။
No comments:
Post a Comment