အကောင်းတွေပဲ ပိုင်ဆိုင်ချင်တာ လူ့သ
ဘာဝ....
အဆိုးတွေလည်း ဒွန်တွဲပါလာတတ်တာ
ကေလာကနိယာမ...။
ဖြစ်ချင်တာတွေချည်း လုပ်လိုက်ချင်တာ
လူ့သဘာဝ..
ဖြစ်သင့်တာတွေကို ဦးစားပေးရတာက
လောကနိယာမ....။
မပြောင်းလဲဘဲ တည်မြဲနေစေချင်တာ
လူ့သဘာဝ...
ပြောင်းလဲဖောက်ပြန်မှုတွေနဲ့ပြည့်နက်
နေတာက လောကနိယာမ....။
ပျော်စရာကိစ္စတွေနဲ့ပဲ ကြုံဆုံချင်တာ လူ့
သဘာဝ...
ကြေကွဲဝမ်းနည်းမှုတွေကိုလည်း အလှည့်ပေးရတာက လောကနိယာမ...။
အောင်မြင်မှုတွေကိုပဲ အမြဲသိမ်းပိုက်
ထားချင်တာ လူ့သဘာဝ...
ကျရှုံးမှုတွေနဲ့လည်း ကြုံရနိုင်တာက လောကနိယာမ....။
#အကောင်းတွေကိုဝမ်းသာအားရကြို
ဆိုသလို အဆိုးတွေကိုလည်း မျက်နှာ
မပျက်တမ်း လက်ခံနိုင်ဖို့ကြိုးစားကြ
ရမယ်။
#ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ထိပ်တိုက်
တွေ့ကြပြီဆိုရင် ဖြစ်သင့်တာကိုပဲ လုပ်
ရဲတဲ့သတ္တိကိုမွေးမြူရမယ်။ဘာဖြစ်လို့
လဲဆိုတော့ ဖြစ်ချင်ပါတယ်ဆိုတဲ့ကိစ္စ
အတော်များများဟာ မဖြစ်သင့်တာတွေ
ဖြစ်နေတတ်လို့ပါ။
#ဒီလောကကြီးမှာ မပြောင်းလဲတာဆို
လို့ ပြောင်းလဲခြင်းတစ်မျိုးပဲရှိတာပါ။
ဒါကြောင့် အပြောင်းအလဲအတွက်
စိတ်သောကရောက် ပူပန်နေမယ့်အစား
ကိုယ့်ကိုယ်ကို လိုက်လျောညီထွေဖြစ်
အောင် ပြုပြင်ပေးဖို့ပဲလိုအပ်တာပါ။
#အရယ်ပြီးရင် အငိုလာတာ လောကဓံ
တရားပါ။အမြဲတမ်းလည်းပြုံးပျော်နေရ
မှာမဟုတ်သလို၊အမြဲတမ်းလည်း ပူ
ပင်သောကရောက်နေရမှာမဟုတ်ပါ
ဘူး။
#ယူတတ်မယ်ဆိုရင် သင်ခန်းစာဆိုတာ
အရှုံးထဲကလည်း ရနိုင်ပါတယ်။အောင်
မြင်တုန်းကလက်မထောင်နေပြီး၊ကျရှုံး
တဲ့အခါကျမှ လက်ညှိူးထိုးအပြစ်ပုံချ
နေဖို့မလိုပါဘူး။အရှုံးကို အရှုံးအဖြစ်လက်
ခံနိုင်မှသာ အောင်မြင်မှု အတွက်ပြင်ဆင်
သင့်တာတွေကို မြင်လာမှာပါ။
ဒီနေ့ရဲ့ကျရှုံးမှုကို မနက်ဖြန်ရဲ့အောင်
မြင်မှုအသွင်ကိုပြောင်းနိုင်ဖို့က ကိုယ်တိုင်ရဲ့ အားထုတ်မှုအပေါ်မှာပဲမူတည်တာပါ။
Credit ;
No comments:
Post a Comment