အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေသူတွေ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူတွေ သိထားသင့်တဲ့ ခေါင်းဆောင်မှုတွေဖြစ်ပါတယ်။ 🤗
1️⃣ Transformational Leadership
ရလာဒ်ကောင်းတွေလိုချင်ရင် မိတ်ဆွေအနေနဲ့ အဖွဲ့ဝင်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးပြီး သူတို့ကိုလုပ်ပိုင်ခွင့်တွေ ပေးရမယ်။ ဒီလိုဆိုရင် အဖွဲ့ဝင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဘောင်အပြင်ကျော်ပြီး ပိုမိုဖန်တီးနိုင်လာပါလိမ့်မယ် ။
2️⃣ Transactional Leadership
အလုပ်ကြိုးစားသူတိုင်းကို ဆုချီးမြှင့်တတ်တဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် မိတ်ဆွေရဲ့ အဖွဲ့ဝင်တွေမှာ စိတ်ဓာတ်တက်ကြွလာစေသလို အလုပ်ကိုလဲ ပိုမိုပြီးမြောက်လာနိုင်စေပါတယ်။
3️⃣ Servant Leadership
အရင်ဆုံး အဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးတယ် ပြီးမှဦးဆောင်တဲ့ ခေါင်းဆောင်မှုပါ။ ဒါဟာ အဖွဲ့ဝင်တွေရဲ့ယုံကြည်မှုကို တိုးလာစေပြီး စွမ်းဆောင်ရည်ကောင်းတွေနဲ့ လုပ်ငန်းကို လည်ပတ်စေနိုင်ပါတယ်။
4️⃣ Democratic Leadership
အများစုကြားဖူးနေကြတဲ့ ပူးပေါင်းပါဝင် တတ်တဲ့ခေါင်းဆောင်မှုပဲဖြစ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ ပူပေါင်းပါဝင်ခြင်းဟာ အဖွဲ့ဝင်တွေရဲ့ ကြိုးစားချင်စိတ်ကို တွန်းအားဖြစ်စေပြီး ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
5️⃣ Laissez-Faire Leadership
လုပ်ငန်းကိစ္စအတွက် လိုအပ်တဲ့ အရင်းမြစ်တွေကိုထောက်ပံ့ပေးထားပြီး အဖွဲ့ဝင်တွေကိုကိုယ်ပိုင် လုပ်ပိုင်ခွင့်ပေးထားတဲ့ ခေါင်းဆောင်မှုဖြစ်ပါတယ်။ အဖွဲ့ဝင်တွေကိုယ်တိုင် စီမံရတာဖြစ်လို့ လုပ်ငန်းအပေါ် သစ္စာရှိလာစေပြီး တာဝန်ယူနိုင်စွမ်းကိုလဲ တိုးလာစေပါတယ်။
မိတ်ဆွေရော ဘယ်အချက်တွေနဲ့ ဦးဆောင်နေလဲဆိုတာ Comment မှာရေးပေးခဲ့ပါဦး 👇👇
ချစ်ခြင်းအားဖြင့်
Always Live with Passion
Pyay Khaing
Asia's Top Life & Business Coach
#EmpoweringLivesEveryDay
No comments:
Post a Comment