အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

အောက်တိုဘာလ (၂၃) ရက် ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် ကာပီစထရားနိုမှစိန်ဂျွန် (St. John of Capestrano)


မွေး - (၁၃၈၆)၊ ပျံလွန် - (၁၄၅၆)၊
ယနေ့ပွဲနေ့ရှင်သည်အီတလီနိုင်ငံ၊ ကာပီစထရားနိုမြို့မှ စိန်ဂျွန်ဖြစ် ပါသည်။ သူ့အား (၁၃၈၆) ခုနှစ်တွင်မွေး ဖွားသန့်စင်ခဲ့သည်။ သူသည် အလွန်ထူးခြားသောဘ၀ကိုပိုင်ဆိုင်ခဲ့သူဖြစ်သည်။ ရဟန်းဖြစ်မလာခင်၌ သူ သည်ရှေ့နေ နှင့်တရားသူကြီးအဖြစ်အသက်မွေး၀မ်းကျောင်းခဲ့ သူဖြစ် သည်။ အသက် (၃၀) အရွယ်သို့ရောက်မှသာဖရန်စစ္စကင်အ သင်းသို့၀င်ရောက်ကာ၊ တစ်ချိန်၌ရဟန္တာဖြစ်လာမည့်စီအယ် နာမြို့မှဖာသာရ် ဘောနာဗင်ချာ၏ပုံသွင်းပြင်ဆင်မူကိုခံယူ ခဲ့သည်။ ရဟန်းဖြစ်လာပြီး နောက်ပိုင်းအီတလီတနံတလျှားကိုစုန်ဆန်သွားလာ၍တရားဒေသနာတော်ကိုမမောနိုင်မ ပမ်းနိုင်ဟောကြားခဲ့သည်။ 


သူ၏သာသနာပြု လိုသော ဇွဲနဘဲကိုထောက်၍ရဟန်းမင်းကြီးအပါးပါးကသူ့အားပြင်သစ်၊ ဂျာမဏီ၊ သြစတီယာ၊ ပိုလန်နိုင်ငံများသို့လည်းစေလွှတ်၍ဟောကြားစေခဲ့သည်။ ဝိနည်းတော်ပေါ့လျှော့လာခြင်း၊ ပြန် လည်မွှမ်းမံရန်လိုအပ် လာခြင်း ကြောင့်လည်းသူ၏အသင်းအတွင်း၌၊ အသင်း၏ဥပဒေစည်းကမ်းများ၊ ကျင့်စဉ်များတို့ကိုလိုတိုးပိုလျှော့ပြန်လည်ပြင်ဆင်ခဲ့သည်။ ဟန်ဂေရီနိုင် ငံအား၀င်ရောက်စွပ်ဖက်ကျူးကျော်ရန်ကြိုးစားနေသောတူရ ကီအား လည်းပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ သူသည်သာသနာပြု လုပ်င န်းများကိုဇွဲနဘဲကြီးမားစွာမနားမနေ လုပ် ဆောင်သောကြောင့် အား အင်ပြတ်လပ်ကာ (၁၄၅၆) ခု၊ ခရိုအေးရှားနိုင်ငံတွင်ပျံ လွန်တော်မူသွား ခဲ့သည်။ သူ့အား ရဟန္တာအဖြစ် (၁၆၉၀) မှသာတင်မြောက်နိုင်ခဲ့သည်။

Credit
Cle Pike

No comments:

Post a Comment