ပန်းချီပညာသည်လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်ဆိုသည့်ရှေ့လူ ကြီးတို့၏ပညာရှိအဆိုအမိန့်နှင့်တူပါသည်။ သူတစ်ပါးရေးဆွဲထားသောပုံကို ဟိုဒီလိုဖြစ်သည်ဟုသုံးသပ်ရန်လွယ်ပါသည်။ ဆေးသားဘယ်သို့ဘယ်ညာဟု ပါးစပ်ဖျားမှမပင်မပမ်း၊ အားမစိုက်ဘဲပြောတတ်ဆိုတတ်ကြပါသည်။ ထို သို့ပြောသောသူကိုခဲတံ (သို့) စုပ်တံတစ်ချောင်းပေး၍မျဉ်းဖြောင့်ဖြောင့် တစ်ကြောင်းကိုသာဆွဲခိုင်းကြည့်ပါ။ ပန်းချီတစ်ချပ်ဖြစ်လာရန်အဘယ်မျှခက် ခဲကြောင်းကိုယ်တွေ့သိလာပေမည်။
ယခုမြင်တွေ့ရသောဘုရားပုံတော်များသည်ကျွန်တော်တို့မြင်နေကြနှစ်ရောင်၊ သုံးရောင်ဖြင့်သာချယ်သထားခြင်းမဟုတ်ဘဲ၊ ဆေးသားစုံ၊ ဆေးသားလှလှ၊ အံ့ကျအောင်ချယ်သထားသည်ကိုတွေ့ရပေမည်။ တော်ရုံဝါသနာနှင့်ရမည်မ ဟုတ်ပေ။ အောက်ပါပုံများကိုလည်းဆယ်ကျော်သက်၊ လူလတ်ပိုင်းတစ်ဦးဦး ကရေးဆွဲခဲ့ခြင်းမဟုတ်။ သက်တော် ၈၀ ကျော်နေပြီဖြစ်သောအီတလိနိုင်ငံမှ ဆပ်ဖြေခြင်းသီလရှင်တစ်ပါး၏အနုစိပ်လက်ရာများဖြစ်ပါသည်။
အဆိုပါသီလရှင်သည်အမေရိကန်သူဖြစ်ပြီး၊ တစ်ချိန်၌အဆိုတော်တစ်ဦး အဖြစ်ရပ်တည်ခဲ့ရာမှအောင်မြင်မူထက်၊ အနှစ်သာရကိုဖွေရှာရင်း ဆပ်ဖြေခြင်းသီလရှင်ဘ၀ကိုလိုလိုလားလား၊ ရက်ရက်ရောရောဘ၀ကိုဆက် ကပ်လျှောက်လှမ်းခဲ့သူဖြစ်ပါသည်။ ကျိုင်းတုံသာသနာပိုင်ဆရာတော်ဘုရားမှ သီလရှင်၏လက်ရာများအတွက်ဂုဏ်ပြုစကားကိုဆိုရင်းစကားလက်ဆုံကြခဲ့ပါ သည်။
Credit
Cle Pike
No comments:
Post a Comment