အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, October 23, 2020

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၀၊ စနေ နေ့၊ သာမန်ကာလ ၂၉ ပတ်မြောက်။



ရှင်လုကာ 13: 1-9
(နောင်တမရလျှင်ပျက်စီးမည့်အကြောင်း)




1. ထိုအချိန်တွင် အထံတော်၌ ရှိနေကြသော သူအချို့က ပီလာတုမင်းသည် ဂါလေလေးယနယ်သားအချို့၏ သွေးကို ၎င်းတို့၏ ပူဇော်သကာများနှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။
- 2. ကိုယ်တော်ကလည်း ဤဂါလေလေးယနယ်သားတို့သည် ဤသို့ခံရခြင်းကြောင့် အခြားသော ဂါလီလေးယနယ်သားတို့ထက် ပို၍အပြစ်ကြီးသူများ ဖြစ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။
- 3. ဤကဲ့သို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက်စီး ကြလိမ့်မည်။
- 4. ထို့အတူ စီလွမ်ရဲတိုက်ပြိုကျ၍ သေဆုံးကြသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော အခြားသူများထက် အပြစ်ကြီးသည်ဟု သင်တို့ထင်မှတ်ကြသလော။
- 5. ထိုသို့မဟုတ်ဟု သင်တို့အားငါဆို၏။ သို့သော် သင်တို့သည် နောင်တ မရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက် စီးကြရလိမ့်မည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။
(အသီးမသီးသော သဖန်းပင်ပုံဥပမာ)
6. ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်တော်မူ၏။ လူတစ်ယောက်သည် မိမိ၏ စပျစ်ဥယျာဉ်ထဲတွင် သဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ထို့နောက် သူသည် လာ၍ သဖန်းပင်မှအသီးကို ရှာသော်လည်း မတွေ့ ချေ။
- 7. ထိုအခါ သူက ငါသည်လာ၍ ဤသဖန်းပင်ပေါ်မှ အသီးကိုရှာသည်မှာ သုံးနှစ်ရှိလေပြီ။ သို့ရာတွင် အသီးတစ်လုံးကိုမျှ မတွေ့ရ။ ၎င်းကို ခုတ်ပစ်လော့။ အဘယ်ကြောင့် ၎င်းကို မြေပေါ်တွင် အကျိုးမဲ့နေရာယူစေမည်နည်းဟု စပျစ်ဥယျာဉ်မှူးအား ဆိုလေ၏။
- 8. ထိုသူကလည်း သခင်၊ ယခုနှစ်တွင်လည်း ဤအပင်ကို မည်သို့မျှမပြုပါနှင့်။ အကျွန်ုပ်သည် အပင်ပတ်လည်၌ တူးဆွ၍ မြေဩဇာ ထည့်ပါမည်။
- 9. နောင်နှစ်တွင် အသီးသီးကောင်း သီးပါလိမ့်မည်။ ထိုသို့မသီးလျှင်မူ သခင်သည် ၎င်းကို ခုတ်ပစ်နိုင်ပါသည်ဟူ၍ သူ့အား ပြန်ပြောသည်ဟု မိန့်တော်မူ၏။ 
===================

ထောက်ရှုချက်

💔 နောင်တမရလျှင်ပျက်စီးမည်💔

⭐ "သင်တို့သည် နောင်တ မရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက် စီးကြရလိမ့်မည်။"
(လုကာ 13: 5)

🔥- ဣစရာအဲလ်လူမျိုးတွေက ဂါလီလေအာနယ်သားတွေအသတ်ခံခဲ့ရတဲ့အကြောင်းက သူတို့အပြစ်ကြီးတဲ့အတွက်ခံရတာလို့ယူဆခဲ့ကြပါတယ်။
- ၎င်းယူဆချက်ဟာမှားယွင်းပြီး သူတို့တွေလည်းနောင်တမရကြပါလျှင်ပျက်စီးမယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။

💥- ကိုရိုနာ ကပ်ဘေးအစပြုခဲ့တဲ့အခါမှာ ကက်သလစ်ဌာနချုပ်ဗာတီကန်ရှိရာ အီတလီနိုင်ငံမှာ ရောဂါ လွန်စွာဆိုးရွားခဲ့ပါတယ်။ ဘုန်းတော်ကြီးများ သီလရှင်များပါသေးဆုံးခဲ့ရပါတယ်။
- ဒါကိုတွေ့တဲ့ ကျွန်နော်တို့နိုင်ငံမှာရှိတဲ့ ညီအစ်ကိုအသင်းကွဲခရစ်ယန်တစ်ချို့က ကက်သလစ်တွေကဆိုးလို့ ရောဂါကပ်ဘေးကိုခံစားရတာပါလို့ ရေးတာတွေခဲ့ရတယ်။

- ဒီလိုနဲ့ပဲ မြန်မာနိုင်ငံထဲမှာ ခရစ်ယာန် အသင်းတော်တစ်ပါးရဲ့တရားဟောဆရာ ဆရာဒေးဗစ်လားကူးစပ်ခံခဲ့ရတယ်၊ အင်းစိန် မြို့နယ်က ခရစ်ယန်များ လည်းကူးစက်ခံခဲ့ရတယ်။
- ဒီအချိန်ကျတော့ အခြားဘာသာတွေက ခရစ်ယန်တွေဆိုးလို့ ရောဂါကူးစက်ခံရတာဆိုပြီး ပြောကြပြန်ပါတယ်။

- အခုကိုဗစ် ဒုတိယလှိုင်းကျလာတဲ့အခါ ဘယ်ဘာသမှမျက်နာသာမပေးတော့ပဲ ဘာသာပေါင်းစုံ ကယုံကြည်သူတွေခံစားနေကြရပါပြီး။

- ဒုက္ခ အန္တရာယ်တွေကြုံတွေရတာက ခံစားရတဲ့လူတွေဆိုးလို့ဖြစ်တာလို့အပြစ်တင်၍မရပါဘူး။
- သမ္မာကျမ်းစာထဲက ဒုက္ခ တွေခံခဲ့ရတဲ့ရောဘမှာ သူကိုယ်တိုင်ဘာအပြစ်မှမကျူးလွန်ခဲ့ပါဘူး။ စာတန်ကြောင့်သာခံရတာဖြစ်ပါတယ်။

- လောကမှာ လူကောင်းတွေ ငယ်ငယ်နဲ့သေတတ်ကြပြီးလူဆိုတွေအသက်ရှည်နေကြတာအများကြီးပါပဲ။
- မိမိအသက်ရှည်နေတိုင်း ဂုဏ်ယူစရာမဟုတ်ပါဘူး။ မိမိရဲ့အမှားတွေပြုပြင်နိုင်ဖို့ဘုရားသခင်ကအချိန်ပေးထားတာဖြစ်ပါတယ်။

- ကျွန်ုပ်တို့တွေလည်း မိမိတို့မှားနေတာတွေကိုမပြုပြင်ကြပဲ၊ သူတပါးမှားတာပဲအပြစ်တင်ဝေဖန်နေကြရင်၊ မိမိကိုယ်ကိုယ်ကို သူတော်ကောင်းလို့ယူဆပြီး မာဏထောင်လွားနေကြရင် မျက်စီးခြင်းသို့ရောက်ကြမယ်ဆိုတာကို ယေဇူးသခင်က သတိပေးနေတာဖြစ်ပါတယ်။

ထောက်ရှုရန်မေခွန်း
၁) ဒုက္ခရောက် သူတွေကိုကြည့်ပြီး သူတို့အပြစ်ကြောင့်ခံရတာပါလို့အပြစ်တင်စွပ်စွဲမိပါသလား။
၂) ဒုက္ခ အခက်အခဲတွေတွေ့ကြုံခံစားရတိုင်း မိမိဘာအပြစ်လုပ်လို့ခံရတာလဲလို့ မေးခွန်းထုတ်ဖူးလား။

🌻 တောင်းဆု
အိုမေတ္တာတော်ရှင်အဖဘုရားတပည်တော်သည် တပါးသူကို စာနာသနားတတ်သောမျက်စိနှင့်ကြည့်မြင်တတ်ပြီး မိမိအမှားပြုမိပါက မိမိအမှားကိုသိမြင်ပြီး နောင်တရကာပြုပြင်နိုင်ရန် ကျေးဇူးတော် ပေးသနားပါဘုရား။

Credit to
Bosco Saw

No comments:

Post a Comment