(Liturgy of the Word)
ပထမ ကျမ်းစာဖတ်ခြင်း။1st Reading.
မုဆိုးမနှင့် မိဘမဲ့များအား စော်ကားလျှင် ငါ၏အမျက်
တော်သည် သင်တို့အပေါ်သို့ရောက်လိမ့်မည်။
(ထွက်မြောက်ရာကျမ်း။ Ex. 22: 21-27)
၂၁။သ္ခင်ဘုရားသည် ဤသို့အမိန့်တော်ရှိသည်။ သင်
သည် သူစိမ်းတို့ကိုမနှောင့်ယှက်၊ မဖိနှိပ်၊ မညှဉ်းဆဲနှင့်။
အကြောင်းမူကား သင်တို့ကိုယ်တိုင် အီဂျစ်ပြည်၌သူစိမ်း
ဖြစ်ခဲ့ကြရ၏။ ၂၂။မုဆိုးမနှင့်မိဘမဲ့တို့ကို မထိခိုက်ကြ
လေနှင့်။ ၂၃။သင်တို့သည် သူတို့အား ထိခိုက်ကြလျှင်
သူတို့သည် ငါထံသို့အော်ဟစ်ကြလိမ့်မည်။ ငါသည်
လည်း သူတို့၏အော်သံကိုနားညောင်းမည်။၂၄။ငါသည်
အမျက်ပြင်းစွာထွက်၍ သင်တို့ကို ဓါးဖြင့်ကွပ်မျက်မည်။
သင်တို့မယားတို့သည် မုဆိုးမများဖြစ်ကြ၍ သင်တို့၏
သားသမီးတို့သည် မိဘမဲ့များဖြစ်ကြလိမ့်မည်။ ၂၅။သင်
သည် သင်နှင့်အတူနေသော ဆင်းရဲသားငါ့လူမျိုးအား
ငွေချေးငှါးလျှင် သူအားကြွေးရှင်ကဲ့သို့မပြုနှင့်၊ သူထံမှ
အတိုးကိုမတောင်းရ။ ၂၆။သင်သည် သင်၏အိမ်နားနီး
ချင်းထံမှခြုံထည်ကို အပေါင်းခံပစ္စည်းအဖြစ်ယူထားခဲ့
သော် နေမဝင်မီသူ့အား ပြန်ပေးလော့။ ၂၇။သူ၏ကိုယ်
ခန္ဓာကို ဖုံးလွှမ်းရန် ဤခြုံထည်တစ်ခုတည်းသာ ရှိ၍ အိပ်သောအခါအသုံးပြုရန်အခြားခြုံထည်မရှိ။ သူသည် လည်းငါ့ထံသို့အော်ဟစ်လျှင် သူ့ကိုငါနားညောင်းမည်၊
အကြောင်း မူကား ငါသည် ကရုဏာရှင်ဖြစ်တော်မူ၏။
Amen.
************
ဆာလံ-သံပြိုင်။ Responsorial Psalm.
အိုသ္ခင် ကိုယ်တော်သည် ကျွန်ုပ်၏ခွန်အားဖြစ်တော်မူ
၏။ ကိုယ်တော်အား ကျွန်ုပ်ချစ်မြတ်နိုးပါမည်။
(ဆာလံ။ Ps. 18: 2-3a, 3bc-4, 47 and 51ab) (R. 2)
************
ဒုတိယ ကျမ်းစာဖတ်ခြင်း။ 2nd Reading.
ဘုရားသ္ခင်ကို ကိုးကွယ်ရန်နှင့် ကိုယ်တော်၏သားတော်
ကိုစောင့်မျှော်ရန် သင်တို့သည် ရုပ်တုဆင်းတု ကိုးကွယ်
ခြင်းကို စွန့်ပစ်ခဲ့ကြပြီ။
(ပ၊ သက်ဆာလောနိက။ 1Th. 1: 5c-10)
၅ဂ။ငါတို့သည် သင်တို့အလယ်၌ သင်တို့၏အကျိုးအ
တွက် မည်ကဲ့သို့ပြုမူကျင့်ကြံခဲ့ကြသည်ကို သင်တို့သိ
ကြ၏။ ၆။သင်တို့သည်လည်း ငါတို့နှင့်သ္ခင်ဘုရားကို အတုယူခဲ့ကြသောသူများဖြစ်ကြ၏။ အကြောင်းမူကား
သင်တို့၌ဆင်းရဲ ဒုက္ခများစွာရှိသော်လည်း သင်တို့သည် နှုတ်တော်ထွက်စကားကို ဝိညာဉ်တော်မြတ်ကလှုံ့ဆော်
ပေးတော်မူသော ဝမ်းမြောက်စိတ်ဖြင့်ခံယူခဲ့ကြ၏။
၇။ဤသို့ဖြင့် သင်တို့သည် မာစီဒိုးနိယပြည်နှင့် အာခါ
ယာပြည်တို့၌ရှိသော ယုံကြည်သူအပေါင်းတို့အတွက်
စံနမူနာဖြစ်ခဲ့ကြ၏။ ၈။အကြောင်းမူကား ဘုရားသ္ခင်၏
နှုတ်တော်ထွက်စကားသည် သင်တို့ထံမှနေ၍ မာစီဒိုးနိ
ယပြည်နှင့်အာခါယာပြည်တို့တွင် ပဲ့တင်ထပ်သွားသည်
သာမက ဘုရားသ္ခင်ကို သင်တို့ယုံကြည်သည့်သတင်း
သည် အရပ်ရပ်သို့ပျံ့နှံ့ သွားသဖြင့် ငါတို့ပြောစရာပင်
မလိုအပ်တော့ပေ။ ၉။အကြောင်းမူကား ငါတို့သည်
သင်တို့အလယ်၌ရှိခဲ့ကြစဉ် ငါတို့အား သင်တို့မည်ကဲ့
သို့လက်ခံကြိုဆိုခဲ့ကြသည်ကိုလည်းကောင်း၊ သင်တို့
သည် ရုပ်တုများကိုစွန့်ပြီး အသက်ရှင်၍ စစ်မှန်သော
ဘုရားသ္ခင်ကို အစေခံရန်နှင့်၊ ၁၀။ကောင်းကင်ဘုံ၌ရှိ
သော ကိုယ်တော်၏သားတော်ကြွလာတော်မူမည်ကို
စောင့်မျှော်ရန် ကိုယ်တော့်ထံပါးသို့ ပြောင်းလဲလာကြ
သည်ကိုလည်းကောင်း သူတို့ကိုယ်တိုင် ငါတို့အား ပြော
ကြားကြ၏။ ထိုသားတော်သည်ကား သေသူတို့အစုမှ ဘုရားသ္ခင်ထမြောက်စေတော်မူသော ယေဇူးပင်ဖြစ်
သတည်း။ ထိုသ္ခင်သည် ကျရောက်လတ္တံ့သောအမျက်
တော်မှ ငါတို့ကို ကယ်တင်တော်မူခဲ့၏။ Amen.
************
ကြွေးကြော်သံ။ Acclamation.
အာလေလူယား။ အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏
စကားကိုစောင့်ရှောက်လိမ့်မည်။ ငါ၏ခမည်းတော်
သည်လည်း ထိုသူကိုချစ်လိမ့်မည်။ ထိုသူဆီသို့လည်း
ငါတို့လာကြ၍ သူ၌ငါတို့တည်နေရာကိုပြုကြမည်။
အာလေလူယား။ (ရှင်ယောဟန်။ Jn. 14: 23)
************
ဧဝံဂေလိ ကျမ်းစာဖတ်ခြင်း။ Holy Gospel.
သင်၏အရှင်ဘုရားသ္ခင်ကို ချစ်လော့။ သင်နှင့်နီးစပ်
သောသူကို သင့်ကိုယ်ကဲ့သို့ချစ်လော့။
(ရှင်မာတေးဦး။ Mt. 22: 34-40)
၃၄။ယေဇူးသည် ဇာဒူခေးဦးတို့မချေပနိုင်အောင် ဤသို့
ဖြေကြားတော်မူသည်ကို ဖာရီဇေးဦးတို့ကြားလျှင် အထံ
တော်သို့စုဝေးလာကြ၏။ ၃၅။၎င်းတို့အထဲမှ ကျမ်းတတ်
ဆရာတစ်ဦးသည် ကိုယ်တော့်ကို စမ်းသပ်လိုသဖြင့်၊
၃၆။ဆရာသ္ခင်၊ ပညတ်တရားကျမ်း၌ အဘယ်ပညတ်
သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု ကိုယ်တော်အား
မေးလျှောက်လေ၏။ ၃၇။ကိုယ်တော်ကလည်း သင်၏
အရှင်ထာဝရဘုရားသ္ခင်ကို သင်၏နှလုံးအကြွင်းမဲ့၊
စိတ်အားရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ ၃၈။ဤ
သည်ကား အကြီးမြတ်ဆုံးနှင့် ပထမပညတ်ဖြစ်၏။ ၃၉။
ဒုတိယပညတ်သည်ကား ပထမပညတ်နည်းတူဖြစ်၍
သင်နှင့်နီးစပ်သောသူကို သင့်ကိုယ်သင်ချစ်သကဲ့သို့
ချစ်လော့ဟုလာ၏။ ၄၀။ပညတ်တရားကျမ်းနှင့်ပရော
ဖက်ကျမ်းရှိသမျှတို့သည် ဤပညတ်နှစ်ပါးအပေါ် တွင်
အခြေခံသည်ဟု သူ့အားမိန့်တော်မူ၏။ Amen.
Thanks in Christ n Gbu all. Amen.
No comments:
Post a Comment