*****************
တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိတယ်သူတို့ဟာ
အတူတူနေကြတယ်..အတူတူ အလုပ်လုပ်ကြတယ်။
တစ်ယောက်က အားရင် စာဖတ်ရင်းနဲ့ အချိန်ကိုကုန်စေတယ်။
တစ်ယောက်က အားတဲ့အချိန်တွေကို အပျော်ပါးနဲ့ အချိန်
ကုန်စေတယ်။အပျော်ပါးလိုက်စားတဲ့သူငယ်ချင်းကမေးတယ်
"မင်းကြည့်လိုက်ရင် စာပဲဖတ်နေတာ အဲ့စာအုပ်တွေက
မင်းအတွတ် ဘာအကျိုးရှိလို့လဲကွာ အလကားပါ
စိတ်ကူးယဉ်မဆန်ချင်စမ်းပါနဲ့"လို့ ပြောလာတယ်။
"မင်းအတွတ် အကျိုးမရှိပေမဲ့ ငါ့အတွတ်တော့
အဖော်ပဲကွ" လို့ ပြန်ဖြေတက်တယ်။
ဒီလိုနဲ့ အချိန်တွေကြာ အလုပ်တွေပြောင်း နဲ့
ဘ၀ကိုအပျော်ပါးနဲ့ ဖြတ်သန်းသူ တစ်ယောက် နဲ့
စာအုပ်တွေနဲ့အဖော်ကောင်းနေတဲ့တစ်ယောက်ဟာ
တစ်အိမ်တည်းမှာ အတူနေကြတယ်။
နောက်လည်းပြောပြန်ပါတယ်...
"မင်းကြည့်ရတာ ဘ၀မှာ နေရတာ အားမရလိုက်တာကွာ
ငါ့လို လန်းလန်းလေးနေစမ်းပါ အဲ့ စာအုပ်တွေက
မင်းအတွတ်ဘာတွေများ အသုံး၀င်လို့လဲလို့
နားမလည်စွာစောင့်ကြွားကြွားလေးပြောလာတယ်။
"အေး တစ်နေ့တော့ ငါ့အတွက် ငါဖတ်ထားတဲ့ စာတွေက အသုံး၀င်လာလိမ့်မယ်လို့ ငါကတော့ယုံကြည်တယ်ကွာ"
လို့ပဲ ခပ်အေးအေးပြန်ဖြေတယ်။ဒီလိုပဲ ဆန့်ကျင်ဘက်
သူငယ်ချင်းနှစ်ယောက်ဟာ အတူတူနေကြပါတယ်။
တနေ့မှာ ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ဖို့ အတူတူ
အလုပ်လျှောက်ကြတယ် ဘ၀အာမခံချက်ရမဲ့
အလုပ်မို့ အားတက်သေရာ ရှိကြတယ်။
အားတက်သရောရှိကြပေမဲ့ အောင်မြင်မှု
ခြင်းကတော့ ကွာခြားခဲ့ပါတယ်။
အားလပ်တဲ့ အချိန်တွေက စာဖတ်ခြင်းနဲ့
ကုန်စေတဲ့ တစ်ယောက်က ကုမ္ပဏီရဲ့မေးခွန်း
ပဟေဠိပေါင်းများစွာကို ဖြေဆိုနိုင်ခဲ့လို့ အလုပ်ရခဲ့တယ်။
အားတဲ့အချိန်မှာ အပျော်ပါးနဲ့အချိန်ကုန်စေပြီး
စာအုပ်တစ်အုပ်ကိုတန်ဖိုးထား ဖတ်ရှု့ရမှန်းမသိတဲ့
တစ်ယောက်ကတော့ မေးခွန်းတိုင်းက သူအတွက်
ထုထည်တစ်ခုလို ဖြေရှင်းနိုင်ရန် အခက်အခဲတွေဖြစ်နေခဲ့တယ်။
ဖြေဆိုပြီး အပြန်လမ်းမှာတော့ အပျော်ပါးလိုက်စားတဲ့
သူငယ်ချင်းက တူတူနေတာချင်းတူတူ ဘွဲ့ရတာချင်းတူတူ
သူကဘာလို့ အလုပ်ရခဲ့တာလဲ ဆိုတာ သိချင်၍
" သူငယ်ချင်း.မင်း သူမေးတဲ့ မေးခွန်းတွေကို ဘယ္လိုသိတာလဲ"
"ငါဖတ်တဲ့ စာအုပ်တွေက သိတာလို့ "ဖြေလေတယ်။
" မင်းစာအုပ်ထဲက အဖြေတွေပါလို့လား"
"အဖြေတွေပါလို့တော့မဟုတ်ဘူး သူငယ်ချင်း
စာအုပ်တွေ ဖတ်ခြင်းအားဖြင့် ငါတွေးခေါ်တတ်လာတယ်
လက်တွေ့မှာ ဘယ္လိုအသုံးခ်ရမယ်ဆိုတာ သိလာတယ်
် အဲ့စာအုပ်တွေက ရတဲ့အသိပညာတွေက အခု
ငါ့ဘ၀အတွတ် ပန်းတိုင်တစ်ခုဖြစ်ခဲ့တယ်
မင်းမမြင်နိုင်တဲ့ အရာတွေကို စာဖတ်ခြင်းနဲ့
ငါမြင်နိုင်ခဲ့တယ်သူငယ်ချင်းလို့ဖြေခဲ့တယ်။"
အဲ့ချိန်မှာ အတိတ္က အချိန်တွေကို ကောင်းစွာ
အသုံးမခံဘဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့သော
သူ့့ကိုယ်သူနောင်တကြီးစွာရခဲ့လေတယ်။
" ငါလည်း တစ်ချိန်က မင်းလိုစာတွေဖတ်ခဲ့မယ်ဆိုရင်
ငါခုလို နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး" လို့
့နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပြောတယ်။
"မင်း အချိန်မှီပါသေးတယ် မင်းရဲ့ အားလပ်တဲ့
အချိန်တွေကို စာဖတ်ခြင်းနဲ့ပဲ ကုန်ဆုံးလိုက်ပါတော့
သူငယ်ချင်းလို့ တိုက်တွန်းခဲ့တယ်။
တကယ်တော့ စာဖတ်နေတာဟာ ခုလက်ရှိအတွက်
သိပ်ပြီး အဖိုးတန်မှန်းမသိရပေမဲ့ နောင်လာမဲ့
နေ့ရက်တွေတိုင်းက သင့်အတွတ် လှပတဲ့
ပန်းဥယျာဉ်ကြီးအဖြစ်နဲ့ စောင့်ကြိုလျှက်ပါ..
Crd#မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
စာပေချစ်သူများအားအစဉ်လေးစားခင်မင်
လျှက်ပါ။
No comments:
Post a Comment